← Chapters

အခန်း (၂၆၈)

Vol. 18 Ch. 268

အခန်း (၂၆၈)

Vol. 18 Ch. 268

တိတ်ဆိတ်ခြင်းသည် လေထုတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ကျန်းချန်၏ ဓားချက် တစ်ချက်အောက်တွင် အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီးသည် မြေခခဲ့ရလေပြီ။

ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ခြည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

"ငါအမြင်များ မှောက်နေတာလား"

"မူလဘူတနယ်ပယ်အဆင့်ရဲ့ ကျင့်ကြံသူ တစ်ဦးက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်က ကျင့်ကြံသူကို အမှန်တကယ် အနိုင်ယူခဲ့တယ်ဟ.. အံ့သြဖို့ကောင်းလိုက်တာ"

"သူက ဓားဆန္ဒကို ဒီအဆင့်ထိ နားလည်နေမယ်လို့ မထင်ခဲ့မိဘူး.. သူ့ရဲ့ ဓားဆန္ဒက ဒဏ္ဍာရီလာ အဆင့်ကို ရောက်နေပြီ"

ပရိသတ်များက သူတို့ ရှေ့မှ မယုံကြည်နိုင်လောက်သော မြင်ကွင်းကို ကြည့်ရင်း မှင်တက်နေရာကနေ အသိဝင်လာရန် အချိန်အတော်ကြာခဲ့သည်။

ကျန်းချန်သည် အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်နိုင်မည်ဟု အဘယ်ကြောင့် ထိုမျှလောက် ယုံကြည်မှုရှိသည်ကို အဆုံးသတ်တွင် သူတို့ နားလည်သွားကြ၏။

ဓားဆန္ဒ။

ဤသည်မှာ သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပါယ်များထဲမှ တစ်ခု ဖြစ်သည်ါ

ဓားဆန္ဒကို ဖမ်းဆုပ်နိုင်သော ကျင့်ကြံသူသည် အဆင့်တူ၌ မည်သူမှ မယှဥ်သာအောင် ပြိုင်ဘက်ကင်းသည်။

တချို့ဆိုလျှင် အဆင့်ကျော်၍ပင် ရန်သူကို သုတ်သင်နိုင်၏။

ထို့ပြင် ဒဏ္ဍာရီလာ ဒုတိယအဆင့် ဓားဆန္ဒသည် ပထမအဆင့် ဓားဆန္ဒထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည်။

ဆိုရလျှင် ဒုတိယအဆင့်ဓားဆန္ဒသည် နယ်ပယ်အဆင့်ကြား ကွာဟချက်ကို လျစ်လျူရှုပြီး ကိုယ့်ထက် အင်အားကြီးသူကိုပင် သုတ်သင်နိုင်စွမ်း ရှိ၏။

ဒါ.. ဒါ...ဘယ်လိုဖြစ်နိုင်မှာလဲ"

ကျန်းချန်က အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီးကို အေးအေးဆေး သုတ်သင်လိုက်သည်ကို မြင်လျှင် မုန့်ရှင်းယွီ၏ မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

သူသည် ကျန်းချန်ကို ကြောက်လန့်တကြား စိုက်ကြည့်ရင်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။

ဤအနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီးသည် သူတို့ မုန့်မိသားစု၏ အကြီးအကဲ ဖြစ်ပြီး စစ်မှန်သော သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်သည်။

"အကြီးအကဲလော်လို သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်က ကျင့်ကြံသူကို ကျန်းချန်က လွယ်လွယ်ကူကူ သုတ်သင်နိုင်လိုက်တာလား"

"ဒီကောင် ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်ဖို့ကောင်းလာတာလဲ"

မုန့်ရှင်းယွီက ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

သူက မုန့်မိသားစုမှ အကြီးအကဲများကို အကူအညီတောင်းရန်အတွက် အချက်ပြရန် ပြင်နေစဉ်မှာပင် အနီရောင်အလင်းတန်းများ တောက်ပနေသော ဓားရှည်တစ်လက်သည် သူ၏ လည်ပင်းကို ထောက်ထားခဲ့သည်။

ထိုခဏတွင် သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်းပင် တောင့်တင်းသွားခဲ့သည်။

မုန့်ရှင်းယွီက သူ၏ ရှေ့၌ ပေါ်လာသော ကျန်းချန်ကို ကြည့်ကာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"ကျန်းချန်.. ငါက မုန့်မိသားစုရဲ့ အဓိက တပည့်ပဲ.. မင်း ငါ့ကိုသတ်ရင် မုန့်မိသားစုက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

"ဟား ဟား... မုန့်မိသားစုက ကြီးကျယ်လှချည်လား"

"မင်းတို့ မုန့်မိသားစုကို ကြောက်နေရင် ဒီနေ့ ဒီနေရာကိုတောင် လာခဲ့မှာ မဟုတ်ဘူး"

ကျန်းချန်သည် မထီမဲ့မြင်ပြုကာ ရယ်မောလိုက်သည်။

"မင်း မသေချင်ရင် မုန့်ချင်းရွှယ်ကို တွေ့ဖို့ ငါ့ကို ခေါ်သွားပေးပါ"

"ဘယ်လောက်တောင် မောက်မာလိုက်တဲ့ ကောင်လေးလဲ"

"စီရင်စုကိုးခု သိုင်းပြိုင်ပွဲရဲ့ ပထမ နေရာကို ရတာနဲ့ မုန့်မိသားစုကို စော်ကားလို့ရမယ်ထင်နေလား"

"မင်းက ငါတို့မုန့်မိသားစုကို မျက်လုံးထဲတောင် မထည့်ဘူးဆိုတော့ မင်းမှာ အဲဒီလို အရည်အချင်း ရှိလား ငါသိချင်တယ်"

ကျန်းချန်၏ စကားသံဆုံးသည်နှင့် အေးစက်သော အော်ဟစ်သံသည် မုန့်အိမ်တော်ကနေ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တခဏတွင် ချောမောသော လူငယ်တစ်ဦးသည် လူတစ်စု ခြံရံ၍ အားလုံး၏ ရှေသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့၏။

ချောမောသော လူငယ်သည် မုန့်ရှင်းယွီ၏ လည်ပင်းထက်၌ ဓားတင်ထားသော ကျန်းချန်ကို မြင်လျှင် အကြည့်များ တင်းမာသွားခဲ့သည်။

"ကျန်းချန်.. မင်းက ငါတို့ မုန့်အိမ်တော်ကို စော်ကားရဲတယ်"

ကျန်းချန်က လူငယ်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

"မင်းက ဘယ်သူလဲ"

"ငါသည် မုန့်ထျန်းဟန်.. မုန့်မိသားစုရဲ့ သခင်လေးပဲ"

ချောမောသော လူငယ်သည် ပြင်းထန်သော အကြည့်ဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

"မင်းရဲ့ ဓားကို ချပြီး ငါ့ရှေ့မှာ ဒူးထောက်တောင်းပန်လိုက်.. ဒါဆို မင်းသေတဲ့အခါကျရင် တစ်ကိုယ်လုံးကို အကောင်းပကတိအတိုင်း ထားပေးဖို့ ငါစဉ်းစားပေးမယ်"

"မုန့်မိသားစုရဲ့ သခင်လေး မုန့်ထျန်းဟန်တောင် ထွက်လာပြီဟ"

"သူ့နောက်က အကြီးအကဲ နှစ်ဦးက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်က အကြီးအကဲတွေ ဖြစ်ပုံရတယ်"

"ဒီအတိုင်းဆို ကျန်းချန်တော့ ပြဿနာကြီးတက်ပြီ"

မုန့်မိသားစု၏ သခင်လေး မုန့်ထျန်းဟန်က မုန့်မိသားစုမှ အကြီးအကဲ များ နှင့်အတူ ထွက်ပေါ်လာသည်ကို ကြည့်ရင်းပရိသတ်များသည် ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်ကြ၏။

ကျန်းချန်သည် သူ၏ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာ ပါရမီဖြင့် အလားအလာရှိသော အနာဂတ်ကို ပိုင်ဆိုင်နိုင်သည်။

သို့သော် သူက အမျိုးသမီးတစ်ဦး အတွက် သူ၏ ကြီးမားသော အနာဂတ်ကို ဖျက်ဆီးလိုက်သည်။

ဤလူငယ်သည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်လျှင်ပင် ယနေ့တွင် သေဆုံးရန် သေချာသလောက်ပင်။

အခန်း(၂၆၈) ပြီး၏

All Chapters