အခန်း (၂၇၀)
Vol. 18 Ch. 270
ရုတ်တရက် အိုမင်းသော အသံသည် လူတိုင်းကို နောက်တစ်ကြိမ် အံ့အားသင့်စေခဲ့သည်။
သူတို့က အသံလာရာ ဆီသို့ ကြည့်လိုက်ရာ အဂ္ဂိရတ် ဝတ်ရုံကို ဝတ်ဆင်ထားသော ဆံဖြူ အဘိုးအို တစ်ယောက်က ဖြည်းဖြည်းချင်း ကျန်းချန်ဆီသို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
ဤ ဆံဖြူ အဘိုးကြီး၏ ရင်ဘတ်ပေါ်တွင် အဆင့်ခြောက် အဂ္ဂိရတ်သခင် တံဆိပ်တစ်ခုသည် အလွန် တောက်ပစွာ ရှိနေခဲ့သည်။
"ဟင်.. ဒါက အဆင့်ခြောက် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ် မဟုတ်လား"
"ကျန်းချန်က မုန့်အိမ်ကို ဒီလောက်ထိ ပြဿနာရှာရဲတာ အံ့ဩစရာ မရှိတော့ဘူး.. သူ့ရဲ့ နောက်ကွယ်မှာ ဒီလို ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တွေ ရှိနေတာကိုး"
"ပွဲကတော့ လှတော့မယ်ထင်တယ်"
ရုတ်တရက် ယွဲ့ယန်ကျိုးနှင့် ယန်ချင်းရွှယ် ပေါ်လာသည်ကို မြင်လျှင် လူတိုင်းသည် မယုံကြည်နိုင်သော အမူအရာဖြင့် မအံ့ဩဘဲ မနေနိုင်ခဲ့ကြပေ။
ကျန်းချန်က ယွဲ့ယန်ကျိုးနှင့် ယန်ချင်းရွှယ်ကို ဖိတ်ကြားနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။
ဤနှစ်ယောက်ထဲမှ တစ်ယောက်သည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲဖြစ်ပြီး ကျန်တစ်ယောက်သည် မဟာရှားနိုင်ငံတော်တွင် နာမည်ကြီးသော အဆင့်ခြောက် အဂ္ဂိရတ်သခင် တစ်ပါး ဖြစ်သည်။
သူတို့ထဲမှ မည်သူ၏ အထောက်အထားမဆို မုန့်မိသားစုကို မနာလိုဖြစ်စေရန် လုံလောက်၏။
ယခု ထိုနှစ်ယောက်က ကျန်းချန်ကို ကာကွယ်ရန် ပူးပေါင်းထားကြသည်။
မုန့်မိသားစုသည် ကျန်းချန်ကို အရေးယူလိုလျှင်ပင် ထိုနှစ်ယောက်ကို ထည့်တွက်၍ စဥ်းစားရပေတော့မည်။
သူ၏ ရှေ့မှ လူနှစ်ယောက်ကို ကြည့်ရင်း မုန့်ယွမ်ကျီ၏ မျက်လုံးများတွင် လေးနက်သော အကြည့်များ ဖြစ်ပေါ်လာ၏။
လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲ ယွဲ့ယန်ကျိုး ထွက်ပေါ်လာသည်ကပင် သူ့အတွက် အလွန် ခက်ခဲနေပြီ
ဖြစ်သည်။
ယခုတော့ အဆင့်ခြောက် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်ပင် ထွက်ပေါ်လာခဲ့ချေပြီ။
သူက သူ့ အရှေ့မှ လူနှစ်ယောက်ကို အမှန်တကယ် စော်ကားမိလျှင် သူတို့ မုန့်မိသားစုပင် ကိုင်တွယ်နိုင်မည် မဟုတ်ပေ။
"အကြီးအကဲယွဲ့.. ဆရာယန်"
"ကျန်းချန်က မုန့်မိသားစုရဲ့ လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ခဲ့တဲ့အပြင် အခုလေးတင် ငါတို့ မုန့်မိသားစုက လူတွေကို သုတ်သင်ခဲ့တယ်"
"ဒီနေ့ ငါတို့ မုန့်မိသားစုက သူ့ကို သင်ခန်းစာမပေးရင် အနာဂတ်မှာ ငါတို့ မုန့်အိမ်တော်က ဘယ်လိုမျက်နှာနဲ့ ရပ်တည်ရမှာလဲ"
မုန့်ထျန်းဟန်က မုန့်ယွမ်ကျီ၏ ဘေးသို့ တိုက်ရိုက် လျှောက်သွားလိုက်ပြီး ယွဲ့ယန်ကျိုးနှင့် ယန်ချင်းရွှယ်ကို လက်သီးဆုပ်၍ ဂါရဝပြုကာ ပြောလိုက်သည်။
"အကြီးအကဲ နှစ်ယောက်အနေနဲ့ ကျွန်တော်တို့ မုန့်မိသားစုကို မျက်နှာသာ ပေးပြီး ဒီကိစ္စကို ဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်"
"ဟားဟား... မင်းတို့ မုန့်မိသားစုက မဟာရှားနိုင်ငံရဲ့ အကျော်ကြားဆုံး ကိုယ်ခံပညာ မိသားစု ဆိုပြီး အတင့်ရဲလှချည်လား.. ညီလေးကျန်းချန်က ငါတို့လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ တရားဝင်အကြီးအကဲပဲ.. မင်းတို့က ငါတို့ လခြမ်းတံဆိပ်ကုန်သွယ်ရေးခန်းမရဲ့ အကြီးအကဲကို နှိပ်ကွပ်ဖို့အတွက် ငါတို့က မင်းတို့ကို မျက်နှာသာပေးရမတဲ့လား"
ယွဲ့ယန်ကျိုးက အေးစက်စွာ ရယ်မောလိုက်၏။
သူ၏ လွှမ်းမိုးသော အသံသည် လေထဲ၌ တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့သည်။
"ဒီနေ့ မင်းတို့ မုန့်မိသားစုက ကျန်းချန်ရဲ့ ဆံပင် တစ်ချောင်းကို ထိတာနဲ့ ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမရဲ့ ရန်သူပဲ"
ယန်ချင်းရွှယ်သည်လည်း မုန့်ထျန်းဟန်ကို မကျေမချမ်း အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
သူ၏ တစ်ကိုယ်လုံးတွင် အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေ၏။
"ကောင်လေး.. ငါယန်ချင်းရွှယ်ရဲ့ ညီလေးကို မင်းတို့လုပ်ချင်သလို လုပ်ခွင့်ပေးမှာ မဟုတ်ဘူး"
"မင်းတို့ မုန့်မိသားစုကို ငါ မျက်နှာသာ မပေးတော့ရော မင်းတို့ဘာလုပ်နိုင်မှာမို့လဲ"
ယွဲ့ယန်ကျိုးနှင့် ယန်ချင်းရွှယ်၏ တင်စီးသော စကားများသည် မုန့်ထျန်းဟန်၏ အမူအရာကို ချက်ချင်းပင် အကြည့်ရ ဆိုးသွားစေခဲ့သည်။
မုန့်ထျန်းဟန်က စကားပြောရန် ပြင်နေစဉ်မှာပင် မုန့်ယွမ်ကျီက သူ့ကို တိုက်ရိုက် တားဆီးလိုက်သည်။
"ကျန်းချန်.. ယွဲ့ယန်ကျိုးနှင့် ယန်ချင်းရွှယ်ရဲ့ မျက်နှာကို ထောက်ပြီး ငါတို့ မုန့်မိသားစုက ဒီနေ့ မင်းကို လွှတ်ပေးလိုက်မယ်.. ဒါကြောင့် အမြန်ဆုံး ထွက်သွားလိုက်တော့"
မုန့်ယွမ်ကျီသည် ဆန့်ကျင်ဘက်မှ ကျန်းချန်ကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
ယွဲ့ယန်ကျိုးနှင့် ယန်ချင်းရွှယ်သည် ကျန်းချန်ကို ကာကွယ်ရန် သန္နိဋ္ဌာန်ချထားသည်ကို မြင်လျှင် မုန့်ယွမ်ကျီသည် လိုက်လျောရတော့သည်။
ဤနှစ်ယောက်သည် ရိုးရှင်းသောသူများ မဟုတ်ပေ။
ကျန်းချန်အတွက်ဖြင့် သူ့ရှေ့မှ လူနှစ်ယောက်ကို စော်ကားရန်မှာ မုန့်မိသားစုအတွက် ပညာရှိသော ရွေးချယ်မှု မဟုတ်ချေ။
"မင်းတို့ မုန့်မိသားစုက ငါ့ကို ထွက်သွားလို့ ပြောတိုင်း ငါက လိုက်နာရမှာလား"
"ငါ ထွက်သွားမယ်.. ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး"
ထိုစကားကို ပြောရင်း ကျန်းချန်၏ လေသံတွင် ဒေါသသံများ ရောယှက်လာသည်။
သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်းပင် လူသတ်ငွေ့များ ပြည့်နှက်သွားခဲ့သည်။
"မင်းတို့ ငါ့ကို ထွက်သွားစေချင်ရင် ငါ၏ အစေခံ မုန့်ချင်းရွှယ်ကို ငါ့ဆီ လွှဲပေးလိုက်ပါ"
"မဟုတ်ရင်တော့ မင်းတို့ လွှဲပေးဖို့ ဆန္ဒရှိတဲ့အထိ မင်းတို့ မုန့်အိမ်တော်ထဲကို အတင်းအကျပ် ဝင်ရောက်ရလိမ့်မယ်"
အခန်း(၂၇၀) ပြီး၏