← Chapters

အချိန်စက်ဝန်း (ပထမပိုင်း)

Vol. 1 Ch. 43

အချိန်စက်ဝန်း (ပထမပိုင်း)

Vol. 1 Ch. 43

ဟိုတယ်မှာ ညစာစားပြီးတဲ့နောက်မှာတော့ ကျွန်မတို့တွေ မြို့ထဲကို အတူလျှောက်လည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အားလုံးဆိုတာထက် ဒီအကြံကို ပေးခဲ့တဲ့သူက ကျွန်မပါ။

“ခရီးထွက်လာပြီး ဒီလောက်နာမည်ကြီးတဲ့ မြို့ကြီးကို လျှောက်ပတ်မကြည့်ရရင် နှမျောစရာကြီးဖြစ်နေမှာပေါ့။”

ကျွန်မ အထွန့်တက်ခဲ့တယ်။ နက်ဆန်က ခေါင်းကို ခါယမ်းပြီး “ဒါပေမဲ့ ငါတို့က အပျော်ခရီးထွက်လာတာ မဟုတ်ဘူးလေ။”လို့ ငြင်းခဲ့ပေမဲ့ ကျွန်မက သူ့လက်ကို အတင်းဆွဲပြီး ဟိုတယ်အပြင်က လမ်းမပေါ်ကို တက်ပြီးနေပြီ။

ညဦးပိုင်းရောက်မှာ ဂျီနိုအာမြို့ကြီးက ပိုပြီးတော့ အသက်ဝင်လာသလို ခံစားရတယ်။ ဆားဓာတ်ပါတဲ့ လေအေးအေးက ကျွန်မတို့မျက်နှာတွေကို ဖြတ်ပြီး တိုက်ခိုက်နေတာကြောင့် ကျွန်မဆံပင်တွေ တဖြတ်ဖြတ် လှုပ်ခတ်လို့။ ဘာကြောင့်မှန်းမသိ သူ့လက်ကိုဆွဲပြီး နေရာတစ်ခုကို ဦးဆောင်သွားရတာ သိပ်ပျော်ဖို့ ကောင်းတယ်လို့ ခံစားရတယ်။

ကျွန်မ နက်ဆန်ကို ကြည့်လိုက်တော့ သူကလည်း ကျွန်မကို ကြည့်နေတာ မြင်လိုက်ရတယ်။ သူ့မျက်လုံးတွေက အမှောင်ထုအောက်မှာ သိပ်ကို တောက်ပနေပြီး မျက်သူငယ်အိမ်တွေက ပုံမှန်ထက် ကျယ်ပြန့်လာနေတယ်။ သူ့နှုတ်ခမ်းမှာတော့ ရှားပါးပြီး တွေ့ရခဲတဲ့အပြုံး ရှိလို့ပေါ့။ မပြုံးတတ်ပြုံးတတ် ပြုံးနေပြီး ကြည့်ရဆိုးတဲ့အမူအရာလေး။ ဒါပေမဲ့ ချစ်ဖို့တော့ ကောင်းတယ်။

“မော်လီလည်း ထွက်လာတော့လေ။ အခုက ညဖက်ပဲ ဥစ္စာ၊ လူတိုင်းအတူ လျှောက်လည်မှ ပျော်စရာကောင်းမှာပေါ့။”

ကျွန်မက မော်လီကိုပါထွက်လာဖို့ ဖိတ်ခေါ်လိုက်ပေမဲ့ သူက ငြင်းပါတယ်။

“နေပါစေ၊ အပြင်မှ ဒီလောက်လူများတာ။ ကျွန်မကို တစ်ယောက်ယောက်က လူသေမှန်းသတိထားမိသွားရင် ရှင်းရခက်ကုန်လိမ့်မယ်။”

ဒီလိုနဲ့ ကျွန်မ၊ နက်ဆန်နဲ့ ဟိုသောက်မြင်ကပ်စရာ ကောင်မလေး အိုလီရာနာတို့ ညလည်ထွက်ဖို့ ဖြစ်လာပါတော့တယ်။

ဂျီနိုအာဟာ ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့တွေ ကမ်းနားလမ်းဆီကို ဦးတည်ဖြစ်ခဲ့ကြတယ်။ ညခုနစ်နာရီရှိပြီဖြစ်ပြီး ကမ်းနားလမ်းမှာ လူတွေအများကြီး။ အများစုက ကျွန်မတို့လိုပဲ နိုင်ငံရပ်ခြားကနေ အလည်လာကြတဲ့ သူတွေပါ။

ကမ်းနားလမ်းနားနီးလာလေလေ မြို့ရဲ့ခေတ်ဆန်တဲ့ အဆောက်အဦးတွေက နောက်မှာကျန်ခဲ့လေဖြစ်ပြီး လွန်ခဲ့ပြီးတဲ့ခေတ်ရဲ့ဂန္ဝဝင်ဆန်တဲ့ အုတ်တိုက် အဆောက်အဦးဟောင်းတွေက မျက်စိထဲဝင်လာတယ်။ လမ်းတွေကိုယ်တိုင်က အုတ်ချပ်ခင်းလမ်းတွေ ဖြစ်လာပြီး ကျွန်မတို့တွေ အချိန်နောက်ပြန်ခရီးသွားမိသလို ခံစားရပါတယ်။ ဒါပေမဲ့ အဆောက်အဦးတွေမှာ အလှဆင်ထားတဲ့ နီယွန်မီးဆိုင်းတွေနဲ့ လမ်းပေါ်မှာသွားနေတဲ့ ကားတွေကြောင့် ၂၁ရာစုထဲမှာပဲ ရှိနေသေးမှန်း ပြောနိုင်ပါတယ်။

“ဂျီနိုအာမီးပြတိုက်ကြီးကို ဒီကနေတောင် လှမ်းမြင်နေရတာလား။ တကယ်မိုက်တာပဲ။”

ကျွန်မ အဝေးမှာရှိနေတဲ့ ဧရာမမီးပြတိုက်ကြီးကို ကြည့်လိုက်တယ်။ ဒီမီးပြတိုက်ကြီးကလည်း ရှေးခေတ် ပုံစံပဲဖြစ်ပြီးတော့ မြို့ရဲ့အဓိကရေကြောင်းပြ အဆောက်အဦးအဖြစ်ရှိနေတာ ကြာပါပြီ။ မြို့ရဲ့တောင်ကုန်းတစ်ကုန်းပေါ်မှာရှိနေတာဖြစ်ပြီး အဲဒီက မီးအလင်းရောင်နဲ့အတူ ဆိပ်ကမ်းမှာရပ်ထားတဲ့ သင်္ဘောကြီးတွေကို ကျွန်မတို့မြင်နေရတယ်။

သာမန်ငါးဖမ်းစက်လှေတွေကစနေလို့ ဧရာမအပျော်စီး သင်္ဘောကြီးတွေအထိ ဂျီနိုအာဆိပ်ကမ်းမှာ ရပ်ထားပြီး အဲဒီမြင်ကွင်းက တကယ့်ကိုအံ့ဩစရာကောင်းတယ်။ ဆိပ်ကမ်းဘက်ကိုမကြည့်ဘဲ ကုန်းတွင်းပိုင်းကို ကြည့်မယ်ဆိုရင်လည်း တောင်တန်းတွေရှိတဲ့ နေရာဘက်ကို မီးပြတိုက်အလင်းရောင်က ရောက်ပြီး တစ်ချက်တစ်ချက် အလင်းရောင်ဖြတ်သွားတိုင်းမှာ တောင်တန်းနဲ့သစ်တောတွေကို မနက်ခင်းဘက် မြင်နေရသလို လင်းထိန်နေအောင် မြင်ရတာ တွေ့ရတယ်။

အဲဒီလိုကနေ ကျွန်မတို့တွေ လမ်းလျှောက်လာလိုက်တာ ရှေးအတော်ကျပုံပေါ်ပြီး ဂေါ့သစ်ဗိသုကာလက်ရာမျိုးနဲ့ ဆောက်ထားတဲ့ ဘုရားကျောင်းကြီးတစ်ခုရှေ့ ရောက်လာခဲ့ပါတယ်။ ဘုရားကျောင်းရဲ့တံခါးဝမှာ ရေးထားတဲ့ စာသားတချို့ကြောင့် ကျွန်မအံ့ဩမိသွားတယ်။

“အယ်... ဒီဘုရားကျောင်းက အလယ်ခေတ်ကတည်းက ဂျီနိုအာမှာ ရှိနေတာလား။ ပြီးတော့ ဂျီနိုအာရဲ့ရိုမန်ကက်သလစ် ဂိုဏ်းအုပ်ဆရာတော် ရုံးထိုင်တဲ့နေရာဖြစ်ပုံပဲ။”

ကျွန်မ ဘုရားကျောင်းကို သေချာပြန်ကြည့်လိုက်တယ်။ စိန့်လောရန်ဇိုကာသီဒယ်လို့ခေါ်ပြီး စိန့်လောရန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ဆောက်ထားတာ။ ဆယ့်နှစ်ရာစုနဲ့ ဆယ့်လေးရာစုနှစ်တွေကြား အပြီးသတ်တည်ဆောက်ခဲ့ပုံရပြီး မျှော်စင်နှစ်ခုပါတယ်။ ဘယ်ဘက်က မျှော်စင်က နည်းနည်းနိမ့်ပြီး ညာဘက် မျှော်စင်ကတော့ ပိုမြင့်ကာ အချက်ပေးခေါင်းလောင်းကြီး တစ်ခုပါဝင်ပါတယ်။ အတွင်းထဲကို ဝင်ဖို့စိတ်ကူးမရှိခဲ့ပေမဲ့ ပြတင်းပေါက်က ဖြတ်မြင်ရသလောက် မျက်နှာကျက်တွေမှာ ရွှေရောင် သုတ်လမ်းထားတဲ့ ခရစ်ဝင်ရုပ်လုံးရုပ်ကြွပန်းချီတွေ ရှိနေပါတယ်။

“မြို့ထဲကို ထွက်လည်ဖို့ တွေးလိုက်တာ တကယ်မှန်သွားတယ်။ ဒီလိုမှမဟုတ်ရင် တစ်မြို့ပြီးတစ်မြို့ ဟိုတယ်မှာပဲတည်းပြီး အခန်းအောင်းဖြစ်နေတာနဲ့ ဥရောပပတ်ခရီးထွက်တာ ပီသတော့မှာမဟုတ်ဘူး။”

ကျွန်မက ဘုရားကျောင်းထောင့် တစ်နေရာကို အရောက် ခါးကိုထောက် ခေါင်းကိုညိတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးဟုတ်လှပြီထင်နေတဲ့ လေသံနဲ့ ပြောလိုက်မိရော။

“ခဏ... ခဏနားပါရစေဦး...” ကျွန်မ လျှောက်သွားသမျှ နောက်ကနေ ခပ်မြန်မြန်လိုက်လာခဲ့ရတဲ့ နက်ဆန်က မောနေပြီဖြစ်ပြီးတော့ အနီးအနားက ခုံတန်းတစ်တန်းမှာ ဝင်ထိုင်လိုက်တယ်။

ကျွန်မလည်း ဒီတော့မှ ကိုယ်တိုင်ပင်ပန်းနေတာကို သတိထားမိလိုက်ပြီး ခုံမှာအတူဝင်ထိုင်ကာ နားလိုက်ပါတယ်။ ပင်ပန်းနေပုံ မရတဲ့သူဆိုလို့ အိုလီရာနာတစ်ယောက်ပဲရှိတယ်။ သူက အခုထိ မတ်တပ်ရပ်နေပြီး ပတ်ဝန်းကျင်က လှပလွန်းတဲ့ အဆောက်အဦးတွေကို လိုက်ကြည့်လို့နေပါတယ်။ နောက်တော့ သူ့မျက်စိက လမ်းဘေးတစ်နေရာမှာ ရပ်ထားတဲ့ ရေခဲမုန့်ကားဆီ အကြည့်ရောက်သွားပြီး..

“အဲဒါဘာလေးတွေလဲဟင်၊ စားလို့ရတာလား။ သခင်ကိုကို ကျွန်မကိုဝယ်ကျွေးလို့ရမလား။”

ဒီတော့မှ ကျွန်မသတိပြန်ထားမိတာက အိုလီရာနာက မြေအောက်ဂူထဲမှာ နှစ်ရာချီပိတ်မိနေခဲ့တာဖြစ်ပြီး ရေခဲမုန့်လို ဒီဘက်ခေတ်မှတီထွင်ခဲ့တာဖြစ်တဲ့ စားစရာတွေနဲ့ မရင်းနှီးမှန်း သတိထားမိလိုက်တယ်။

“ဟိဟိ... အဲဒါက ရေခဲမုန့်လေ နင်မမြင်ဖူးသေးဘူး မဟုတ်လား။ ဒါပေါ့၊ နင်မွေးတုန်းက ရှိမှမရှိသေးတာပဲ။ ခန္ဓာကိုယ်က ကလေးဖြစ်နေပေမဲ့ နင့််အသက်က အမယ်အိုကြီးထက်တောင် ဆယ်ဆလောက်အိုနေပြီလေ။”

တစ်နေကုန် ဒီကလေးမက နက်ဆန်ကို အပိုင်စီးထားတာ ကျွန်မသတိရသွားတဲ့အတွက် တမင်သက်သက် မှိုချိုး မြှစ်ချိုးပြောလိုက်တာ။ အိုလီရာနာကတော့ ပါးကို ဖောင်းလိုက်ပြီး...

“ရေခဲမုန့်ကို အရင်ကတည်းက မြင်ဖူးတယ်ရှင့်။ မစားဖူးရုံပဲ။ ပြီးတော့ သူတို့ဒီလိုအသင့်လုပ်ပြီး ဗန်းလေးတွေထဲထည့်ထားတာ အရည်ပျော်ကျမသွားဘူးလား။”

“အမ်... နေပါဦး၊ ရေခဲမုန့်ကို အရင်က မြင်ဖူးတယ်။”

ဒီကလေးမက နှစ်လေးငါးရာလောက် ဂူထဲမှာ အပိတ်ခံထားရတာလေ။ ရေခဲမုန့်က မော်ဒန်ခေတ်မှ ပေါ်လာတာမဟုတ်ဘူးလား။ ကျွန်မ တွေးမရဖြစ်နေတုန်း ကျွန်မရဲ့အစ်မကြီးဂိုဂဲလ်လို ဖြစ်နေတဲ့ မော်လီက ထောက်ပြလိုက်တယ်။

“အမှိုက်မက တကယ်ဗဟုသုတမရှိဘူးပဲ။ ရေခဲမုန့်ဆိုတာ မော်ဒန်စားစရာတစ်ခုလို့ ထင်စရာအကြောင်းရှိပေမဲ့ တကယ်က လူ့သမိုင်းတစ်လျှောက်လုံး ရှိနေခဲ့တာပဲ။ အလက်ဇန်းဒါးရဲ့အကြိုက်ဆုံး အချိုတည်းမုန့်တွေထဲကတစ်ခုက ပျားရည်ရေခဲမုန့်လေ။”

“ဟုတ်ပြီဟုတ်ပြီ။ ရှင့်သမိုင်းလက်ချာတွေ နားထောင်နေဖို့ ကျွန်မမှာအချိန်မရှိဘူး။ ပြီးတော့ အိုလီရာနာက မြင်ဖူးတယ်လို့ပဲပြောတာလေ။ မစားဖူးဘူးမဟုတ်လား။ တောသူမလေး စားဖူးတယ်ရှိအောင် ဒီအစ်မကြီးက ဝယ်ကျွေးလိုက်မယ်။ ကဲပြော၊ ဗင်နီလာလား ချောကလက်လား။”

ပထမတော့ ကောင်မလေးက ကျွန်မပြောတဲ့ အရသာတွေနဲ့ မရင်းနှီးတာကြောင့် စိတ်ရှုပ်သလို ဖြစ်သွားပြီး အတော်ကြာမှ အရဲစွန့်ပြီး ပြောလိုက်တယ်။

“ဗင်နီလာ။”

နောက်ငါးမိနစ်လောက်ကြာတော့ ကလေးမလေးရဲ့လက်ထဲမှာ ဗင်နီလာအရသာ ရေခဲမုန့်ထည့်ထားတဲ့ ဝေဖာကတော့လေး ရောက်နေပြီ။

“ဝိုး... အရင်တုန်းက တော်ဝင်မျိုးတွေ စားတာကိုပဲ မြင်ခဲ့ဖူးတဲ့ စားစရာက ကျွန်မလက်ထဲ ရောက်နေရတယ်လို့။”

အိုလီရာနာရဲ့မျက်လုံးတွေက ဘလင်းဘလင်းဖြစ်တဲ့အထိ တောက်ပနေတယ်။ မော်လီကတော့ ကိုယ်တိုင်ရယ်မောလိုက်ရင်း ရှင်းပြပေးတယ်။

“ သူတို့ခေတ်တုန်းက သာမန်သူကောင်းမျိုးတွေတောင် ရေခဲမုန့်စားရဖို့ခက်တယ်။ လုပ်နည်းကလည်း လွယ်မှ မလွယ်တာကိုး။ နှင်းကျတဲ့တောင်တန်းကြီးပေါ်က နှင်းတွေကို စုဆောင်ပြီး မလိုင်၊ ပျားရည်နဲ့ သစ်သီးသစ်ဖုတွေနဲ့နယ်လုပ်ရတာ။ ရေခဲမုန့်ရလာရင်လည်း အရည်ပျော်ကျမသွားအောင် အေးမြတဲ့ မြစ်သဲသောင်သံအောက်မှာ သိမ်းထားရတာမလို့ ထိန်းသိမ်းစရိတ်ကလည်း မနည်းဘူး။”

အင်းပေါ့၊ ဟိုးအရင်က ရေခဲမုန့်လုပ်နည်းရှိရင်တောင် ဒီဘက်ခေတ်လို ဘယ်လွယ်ပါ့မလဲ။ ရေခဲလုပ်စက် မရှိသလို ရေခဲသေတ္တာလည်းမရှိဘူးလေ။ အဲဒီနောက်တော့ ကျွန်မက အရေးမပါတဲ့ ရေခဲမုန့်အကြောင်း မေ့ထားလိုက်ပြီး နက်ဆန်ကို ကြည့်လိုက်တယ်။

သူက ညကောင်းကင်ကြီးကို မော့ကြည့်နေပြီးတော့ တစ်ခုခုကို စဥ်းစားတွေးတောနေသလိုပဲ။

“ညကောင်းကင်ကြီးကို ကြည့်နေတာဆိုတော့ ရှင့်ကို ကောင်းချီးပေးခဲ့တဲ့ ညနတ်ဘုရားမကို ရှိခိုးနေတာများလား။”

ကျွန်မက နောက်လိုက်ပေမဲ့ သူက ဘာမှပြန်မပြောခဲ့ဘူး။ အဲဒီအစား နှုတ်ခမ်းပေါ်မှာ ပြုံးသယောင် အမူအရာလေးသာ ပေါ်လာတယ်။

ဒင်... ဒင်... ဒင်...

တစ်ချိန်တည်းမှာပဲ ဘုရားကျောင်းက ခေါင်းလောင်း အလိုလျောက်မြည်လာပြီး ရှစ်နာရီထိုးပြီဖြစ်ကြောင်း မြို့သူမြို့သားတွေကို အချက်ပေးလိုက်ပါတယ်။

...

“ဟုတ်ပြီဟုတ်ပြီ။ ရှင့်သမိုင်းလက်ချာတွေ နားထောင်နေဖို့ ကျွန်မမှာအချိန်မရှိဘူး။ ပြီးတော့ အိုလီရာနာက မြင်ဖူးတယ်လို့ပဲပြောတာလေ။ မစားဖူးဘူးမဟုတ်လား။ တောသူမလေး စားဖူးတယ်ရှိအောင် ဒီအစ်မကြီးက ဝယ်ကျွေးလိုက်မယ်။ ကဲပြော၊ ဗင်နီလာလား ချောကလက်လား။”

ပထမတော့ ကောင်မလေးက ကျွန်မပြောတဲ့ အရသာတွေနဲ့ မရင်းနှီးတာကြောင့် စိတ်ရှုပ်သလို ဖြစ်သွားပြီး အတော်ကြာမှ အရဲစွန့်ပြီး ပြောလိုက်တယ်။

“ချောကလက်...”

နောက်ငါးမိနစ်လောက်ကြာတော့ ကလေးမလေးရဲ့လက်ထဲမှာ ချောကလက် ရေခဲမုန့်ထည့်ထားတဲ့ ဝေဖာကတော့လေး ရောက်နေပြီ။

“ဝိုး... အရင်တုန်းက တော်ဝင်မျိုးတွေ စားတာကိုပဲ မြင်ခဲ့ဖူးတဲ့ စားစရာက ကျွန်မလက်ထဲ ရောက်နေရတယ်လို့။”

အိုလီရာနာရဲ့မျက်လုံးတွေက ဘလင်းဘလင်းဖြစ်တဲ့အထိ တောက်ပနေတယ်။ မော်လီကတော့ ကိုယ်တိုင်ရယ်မောလိုက်ရင်း ရှင်းပြပေးတယ်။

“ သူတို့ခေတ်တုန်းက သာမန်သူကောင်းမျိုးတွေတောင် ရေခဲမုန့်စားရဖို့ခက်တယ်။ လုပ်နည်းကလည်း လွယ်မှ မလွယ်တာကိုး။ နှင်းကျတဲ့တောင်တန်းကြီးပေါ်က နှင်းတွေကို စုဆောင်းပြီး မလိုင်၊ ပျားရည်နဲ့ သစ်သီးသစ်ဖုတွေနဲ့နယ်လုပ်ရတာ။ ရေခဲမုန့်ရလာရင်လည်း အရည်ပျော်ကျမသွားအောင် အေးမြတဲ့ မြစ်သဲသောင်သံအောက်မှာ သိမ်းထားရတာမလို့ ထိန်းသိမ်းစရိတ်ကလည်း မနည်းဘူး။”

အင်းပေါ့၊ ဟိုးအရင်က ရေခဲမုန့်လုပ်နည်းရှိရင်တောင် ဒီဘက်ခေတ်လို ဘယ်လွယ်ပါ့မလဲ။ ရေခဲလုပ်စက် မရှိသလို ရေခဲသေတ္တာလည်းမရှိဘူးလေ။ အဲဒီနောက်တော့ ကျွန်မက အရေးမပါတဲ့ ရေခဲမုန့်အကြောင်း မေ့ထားလိုက်ပြီး နက်ဆန်ကို ကြည့်လိုက်တယ်။

သူ့ကိုကြည့်ရတာ တော်တော်လေး စိတ်ဖိစီးနေသလိုပဲ။

“ဘာဖြစ်လို့လည်းနက်ဆန်၊ ရှင့်ကြည့်ရတာ သရဲမြင်ထားသလိုပဲ။”

ကျွန်မက မေးလိုက်တော့ နက်ဆန်က ကျွန်မကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။

“ဆယ်ဗီ၊ ဒီအဖြစ်အပျက်တွေက အရင်က ဖြစ်ပျက်ခဲ့ပြီးသားလို့ မင်းထင်လား။”

“....” ကျွန်မ သူပြောတာကို နားမလည်ဘူး။

“ရှင်ပြောချင်တာက ဒီဂျာဗူးလိုဟာမျိုးလား။” ကျွန်မ ထပ်သေချာအောင်မေးလိုက်တယ်။ နက်ဆန်ကတော့ အိုလီရာနာ ပါးစပ်တွေပေကျံတဲ့အထိ အားရပါးရ စားနေတဲ့ ရေခဲမုန့်ကို လက်ညိုးညွန်ပြလိုက်ပြီး...

“အခုသူစားနေတာက ချောကလက်... ဒါပေမဲ့ ငါမှတ်မိသလောက် အရင်စားနေတာက ဗင်နီလာ။”

ကျွန်မ ခေါင်းကိုကုတ်လိုက်တယ်။ နက်ဆန်ပြောနေတာတွေက တကယ့်ကို အဓိပ္ပါယ်မရှိဘူး။ ကျွန်မလည်း စိုးရိမ်လာပြီးတော့ သူ့နဖူးကို စမ်းလိုက်တယ်။

“ဟမ်... အဖျားလည်းမရှိပါဘူး။ အိပ်ရေးပျက်တာ များပြီးတော့ ထင်ချင်ရာတွေ လျှောက်ထင်နေတာလား။”

ကျွန်မ သူ့ကိုပြောလိုက်တယ်။ သူအိပ်ချိန်ပြင်အောင် ကျွန်မကြိုးစားနေရင်းကနေ အလွန်အကျွံလုပ်မိသွားတာ များလားပဲ။

ဒင်... ဒင်... ဒင်...

ကျွန်မစိတ်ရှုပ်နေတုန်းမှာပဲ ည ရှစ်နာရီထိုးကြောင်း အသိပေးတဲ့အနေနဲ့ ဘုရားကျောင်းရဲ့ခေါင်းလောင်းက မြည်လာတယ်။

...

“ဟုတ်ပြီဟုတ်ပြီ။ ရှင့်သမိုင်းလက်ချာတွေ နားထောင်နေဖို့ ကျွန်မမှာအချိန်မရှိဘူး။ ပြီးတော့ အိုလီရာနာက မြင်ဖူးတယ်လို့ပဲပြောတာလေ။ မစားဖူးဘူးမဟုတ်လား။ တောသူမလေး စားဖူးတယ်ရှိအောင် ဒီအစ်မကြီးက ဝယ်ကျွေးလိုက်မယ်။ ကဲပြော၊ ဗင်နီလာလား ချောကလက်လား။”

ပထမတော့ ကောင်မလေးက ကျွန်မပြောတဲ့ အရသာတွေနဲ့ မရင်းနှီးတာကြောင့် စိတ်ရှုပ်သလို ဖြစ်သွားပြီး အတော်ကြာတော့ ရေခဲမုန့်ကားပေါ်က ရေခဲမုန့်အရသာမျိုးစုံကို လျှောက်ကြည့်ရင်း ‘စတော်ဘယ်ရီ’လို့ ရေးထားတဲ့ ရေခဲမုန့်ခွက်ကို လက်ညိုးထိုးလိုက်တယ်။

“ပန်းရောင်လေး စားချင်တယ်။”

နောက်ငါးမိနစ်လောက်ကြာတော့ ကလေးမလေးရဲ့လက်ထဲမှာ စတော်ဘယ်ရီအရသာ ရေခဲမုန့်ထည့်ထားတဲ့ ဝေဖာကတော့လေး ရောက်နေပြီ။

“ဝိုး... အရင်တုန်းက တော်ဝင်မျိုးတွေ စားတာကိုပဲ မြင်ခဲ့ဖူးတဲ့ စားစရာက ကျွန်မလက်ထဲ ရောက်နေရတယ်လို့။”

ကျွန်မနဲ့မော်လီတို့ ရေခဲမုန့်အကြောင်း လေနည်းနည်း ပစ်ပြီးတဲ့နောက် နက်ဆန်ကို ကျွန်မကြည့်လိုက်တယ်။ သူက လမ်းဘေးခုံတန်းမှာ ထိုင်မနေတော့ဘဲ ပတ်ဝန်းကျင်ကို ထိတ်လန့်တကြားကြည့်နေရင်း လမ်းကို ခေါက်တုံ့ခေါက်ပြန်လျှောက်နေတယ်။

“ဘယ်လိုဖြစ်တာလဲ နက်ဆန်၊ ရှင့်ကြည့်ရတာ သရဲမြင်ထားသလိုပဲ။” သရဲတွေက သူ့ကိုမြင်ရင် ထွက်ပြေးနေကြတာဆိုပေမဲ့ ကျွန်မရွဲ့ပြီး မေးလိုက်တယ်။

“ဒီကိစ္စတွေက ဖြစ်ပျက်ပြီးသားတွေပဲ။ ထပ်ခါထပ်ခါ ဖြစ်ပျက်နေတာကို မင်းသတိမထားမိဘူးလား။” သူက ကျွန်မလုံးဝ နားမလည်နိုင်တဲ့စကားတစ်ခွန်းကို ပြောလိုက်တဲ့အပြင် ဒီလောက်စိတ်လှုပ်ရှားနေတဲ့ သူ့ပုံစံကို အရင်က ကျွန်မမြင်ဖူးဘူး။

“ပထမတစ်ခေါက် သူစားနေတာ ဗင်နီလာ၊ ပြီးတော့ ချောကလက်၊ အခုကျတော့ စတော်ဘယ်ရီ။”

“ဘယ်လိုဘယ်လို... အရင်က သူရေခဲမုန့်စားဖူးတယ်ပေါ့။ နားလည်ပြီ၊ ဒီဟာမလေးက ရေခဲမုန့်စားချင်လို့ ကျွန်မကိုဝယ်ကျွေးအောင် တမင် အကွက်ဆင်တာပေါ့လေ။” ကျွန်မက ခါးထောက်ပြီး ရေခဲမုန့်ကို အငမ်းမရမျိုနေတဲ့ အိုလီရာနာကို ကြည့်လိုက်တယ်။

ဒင်... ဒင်... ဒင်...

အိုလီရာနာကလည်း ဒေါသတကြီးနဲ့ ပြန်ရန်တွေ့ဖို့ လုပ်ပေမဲ့ ဘုရားကျောင်းက ခေါင်းလောင်းမြည်လာတာကြောင့် နှစ်ယောက်လုံး အာရုံပျက်သွားပါတယ်။

...

“ကြည့်ဦး... သူစားနေတာက သီးစုံဖြစ်သွားပြန်ပြီ။”

“အို... ကိုနက်ဆန်ရယ်... ကလေးပဲ သူကြိုက်တာ မှာစားမှာပေါ့။ ပြီးတော့ ပထမဆုံး စားဖူးတာမဟုတ်လား။”

အိုလီရာနာလေး ရေခဲမုန့်အရသာရွေးပြီးပြီးချင်းမှာပဲ ခုံတန်းကနေ ထခုန်လိုက်ပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်တဲ့ နက်ဆန်ကြောင့် ကျွန်မ နားမလည်နိုင်တော့ဘူး။ အိုလီရာနာ ရေခဲမုန့်စားတာက ဒီလောက်ကြောက်စရာကောင်းတဲ့ ကိစ္စမဟုတ်လို့လား။

“ကြည့်ရတာ မင်းရောမော်လီရော သတိမထားမိဘဲ ငါပဲသတိထားမိတဲ့ ကိစ္စကြီးတစ်ခု ဒီကမ္ဘာမှာဖြစ်နေပြီနဲ့တူတယ်။”

သူက တကယ့်ကိုတည်ကြည်လေးနက်တဲ့ လေသံနဲ့ ပြောလိုက်တာ။

“နက်ဆန်... ရှင်ဘာတွေဖြစ်နေတာလဲ။ ကျွန်မ တကယ်လန့်လာပြီနော်။” ကျွန်မမေးလိုက်တယ်။ တကယ်ပဲ သူ့အမူအရာကြောင့် ကျွန်မခြေတွေလက်တွေ တဆတ်ဆတ်တုန်နေပြီ။ ဒီလူက ကျွန်မတို့ထဲမှာ အတည်ငြိမ်ဆုံးလေ။ သူကိုယ်တိုင် ခုလိုဖြစ်နေရင် ကျွန်မတို့က ဘယ်လိုနေရမှာလဲ။

“ဘာမှစိတ်မပူပါနဲ့၊ ဒီဒီဂျာပူးဖြစ်ရပ်ကို ကိုယ်အဖြေရှာမှာပါ။ ဒါကြောင့် မင်းက ဒီမှာပဲ စောင့်နေပေးနော်။” သူက ရုတ်တရက် ကျွန်မခေါင်းကို ပုတ်ပေးလိုက်ပြီး အရိပ်အဖြစ်ပြောင်းလဲကာ နေရာကနေ ထွက်ခွာသွားတယ်။

သူဘယ်သွားလဲဆိုတာကတော့....

ာက်ဆုံးပိတ်ပြောလိုက်တယ်။

All Chapters