← Chapters

လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဖုန်(ဂ)

Vol. 97 Ch. 1491

လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဖုန်(ဂ)

Vol. 97 Ch. 1491

မရေမတွက်နိုင်သော မျက်လုံးများက အရိပ်လေးပေါ်မှာ ထွက်ပေါ်လာကြသည်။

ရွှီချင်းက လှုပ်ရှားလိုက်သည်နှင့် အရိပ်လေးက အသိစိတ် လှုပ်ခတ်နေသော ရွှယ်ချန်းဇီကို ပူးကပ်လိုက်သည်။

ရွှယ်ချန်းဇီ၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုက ပိုပြီးအားကောင်းလာသည်။ သူ့အရှေ့မှ လူကို သူမသိပေ။ သို့သော်လည်း ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်ကို တစ်ဖက်လူထံမှ သူခံစားမိသည်။

မရင်းနှီးခြင်းနှင့် ရင်းနှီးခြင်းက ယှက်ထွေသွားသည့်အခါ တစ်စုံတစ်ခုကို ရုတ်တရက် သူမှတ်မိသွားသည်။

သူက လူသားကျင့်ကြံသူအများအပြားကို သတ်ဖြတ်ပြီးနောက် အရေအတွက်များပြားသော အကျိုးဆောင်မှုအမှတ်များကို ရရှိခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ထဲမှ ရာထူးမြင့် ပုဂ္ဂိုလ်တချို့၏ အသွင်အပြင်ကို သူရင်းနှီးကျွမ်းဝင်သည်။

သူ၏ အရှေ့မှ ပုဂ္ဂိုလ်သည် လူသားမျိုးနွယ်၏ ဒေသကြီးနှစ်ခုမှ ဒေသအရှင်သခင်ဖြစ်သည့်အပြင် အိမ်ရှေ့စံမင်းသား၏ အတိုင်ပင်ခံအမတ်လည်း ဖြစ်သည်။ လူသားမျိုးနွယ်၏ ရာထူးမြင့် ပုဂ္ဂိုလ်တချို့ကို မှတ်တမ်းတင်ထားသော ကျောက်စိမ်းပြားထဲတွင် တစ်ဖက်လူကို သူမြင်ဖူးသည်။

ရွှီချင်းက သူတော်စင်ကုန်းမြေထဲ၌ သူ၏ အရှေ့မှာ ထွက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်လာသည်။

ထိုသို့နားလည်သွားခြင်းက ရွှယ်ချန်းဇီ၏ နှလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။ ရုတ်တရက် သူက တစ်စုံတစ်ခုကို နားလည်သွားသည်။ ဤကိစ္စက ယွဲ့တုန်နှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေရမည်။

ရွှယ်ချန်းဇီ၏ နားလည်သဘောပေါက်မှုက အလွန်မြန်ဆန်သည်ဟု ဆိုရမည်။

သို့သော်လည်း ကံမကောင်းစွာပင် ယင်းက နောက်ကျသွားဆဲပင်။

ရွှီချင်းက အမူအရာကင်းမဲ့နေသည်။ သူက ရွှယ်ချန်းဇီကို ဖမ်းဆုပ်လိုက်ပြီး လှိုဏ်ဂူထဲမှ ထွက်သွားရန် ပြင်လိုက်သည်။

သူက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားလျက် ရွေ့လျားသွားသည်။ နာရီပေါင်းများစွာ ကြာပြီးနောက် သူက စွန့်ပစ်တောင်တစ်လုံးကို ရှာတွေ့သွားသည်။ သူက တောင်ပေါ်သို့ ဆင်းသက်သွားပြီး မြေအောက်ထဲသို့ လျှောက်သွားသည်။ လှိုဏ်ဂူကို တူးဖော်ပြီးနောက် သူက ရွှယ်ချန်းဇီ၏ လည်ပင်းကို လွှတ်ပေးလိုက်သည်။ ထို့နောက် သူက ဘေးသို့ လျှောက်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။

သူက ရွှယ်ချန်းဇီကို စိုက်ကြည့်လိုက်ပြီး နက်နဲစွာ တွေးတောလိုက်သည်။

ရွှယ်ချန်းဇီ၏ မျက်လုံးထဲမှာ စိတ်ပျက်အားငယ်မှုနှင့် ရူးသွပ်မှုက ထွက်ပေါ်နေသည်။ သို့သော်လည်း သူက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်က ရွှီချင်း၏ အရှေ့မှာ ဒူးထောက်နေသည်ကို အကူအညီမဲ့စွာ ကြည့်နေရသည်။

လှိုဏ်ဂူသည် လုံးဝတိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက ဝတ်ရုံမျိုးနွယ်စု၏ ရွှမ်ထျန်းလမိစ္ဆာဆေးလုံးကို အသုံးပြု၍ ရွှယ်ချန်းဇီကို ပစ်မှတ်ထားလိုက်သည်။

ထို့နောက် သူက ပယ်ဖျက်ခြင်းအခွင့်အာဏာမှ ဖြစ်ပေါ်လာသော တာအိုအမှတ်အသားကို အသုံးပြု၍ ရွှယ်ချန်းဇီကို ကြည့်လိုက်သည်။ ထိုအခါ တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် ကမ္မချည်မျှင်အများကြီးရှိကြောင်း သူမြင်တွေ့သွားသည်။

သူက အနီးကပ်ကြည့်လိုက်သည့်အခါ ရွှယ်ချန်းဇီ၏ အသိစိတ်က တုန်ယင်သွားသည်။ ထို့နောက် ရွှီချင်းက လက်မြှောက်လိုက်ပြီး ကမ္မချည်မျှင်တစ်မျှင်ကို ဆွဲယူလိုက်ကာ ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

အတိတ်မှာ ရွှီချင်းမြင်ခဲ့သည့်အတိုင်း ဤပုံရိပ်ယောင် ကမ္မချည်မျှင်ပေါ်တွင် အဖြူရောင်ဖုန် အများကြီး ရှိနေသည်။ ယင်းတို့က ပုံရိပ်ယောင်ဖြစ်သော်လည်း ကမ္မချည်မျှင်များ၏ အတွင်းပိုင်းသည်ပင် စွန်းထင်ခံလိုက်ရသည်။ ထို့ပြင် ယင်းတို့က တဖြည်းဖြည်း တစ်သားတည်း ဖြစ်လာနေကြသည်။

ရွှီချင်းက ဖုန်ကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူက ယင်းကို ဖယ်ရှားလိုက်သည့်အခါ ဖုန်က ၎င်းဘာသာ ပျောက်ကွယ်သွားသည်။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

ထိုအဖြူရောင်ဖုန်က သူ့အတွက် အလွန်အရေးကြီးသည်။

ထိုဖုန်၏ ဇစ်မြစ်ကို ရှာတွေ့မှသာလျှင် ကမ္မများ၏ သက်ရောက်မှုမှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို သူရှာဖွေနိုင်လိမ့်မည်။ သို့မှသာလျှင် ကိုယ်ပွားတစ်ခုကို ဖန်တီးပြီး ကျင့်ကြံမည့် သူ၏ အကြံက အောင်မြင်နိုင်လိမ့်မည်။

သို့ဖြစ်၍ အချိန်အတော်ကြာပြီးနောက် ရွှီချင်း၏ ဘယ်မျက်လုံးထဲမှ တာအိုအမှတ်အသားက လင်းလက်သွားသည်။ ယင်းက သူခိုးခြောက်ယောက်လှည့်စားခြင်း အခွင့်အာဏာ ဖြစ်သည်။

ဤအခိုက်အတန့်မှာ ရွှယ်ချန်းဇီက နောက်တစ်ကြိမ် နှလုံးတုန်သွားသည်။ ရွှီချင်းနှင့် ယွဲ့တုန်က ပူးပေါင်းဆောင်ရွက်နေကြောင်း ယခု သူသေချာသွားသည်။ ထို့ပြင် ရွှီချင်း၏ အခွင့်အာဏာများကြောင့် သူက အံ့ဩထိတ်လန့်သွားသည်။

သူက အုပ်ချုပ်သူအဆင့်သို့ မရောက်သေးသော်လည်း အခွင့်အာဏာနှစ်ခုကို ပိုင်ဆိုင်ထားသည်။

ဤသည်မှာ ရွှယ်ချန်းဇီ တစ်ခါမှ မကြားဖူးသောအရာ ဖြစ်သည်။

သို့သော်လည်း သူ၏ ထိတ်လန့်မှုက သိပ်မကြာမြင့်ခဲ့ချေ။ ရွှီချင်း၏ တာအိုအမှတ်အသားက ရွှယ်ချန်းဇီ၏ အသိစိတ်ကို ဝေဝါးသွားစေပြီး သူ့ကို သတိမေ့သွားစေသည်။

သို့သော်လည်း ရွှီချင်း၏ စူးစမ်းလေ့လာမှုက ယခုမှ စတင်ခြင်း ဖြစ်သည်။

ထိုဖုန်က မည်သည့်အရာဖြစ်ကြောင်း သူရှာဖွေချင်သည်။

ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးထဲမှ တာအိုအမှတ်အသားအောက်တွင် ရွှယ်ချန်းဇီ၏ ကမ္မချည်မျှင်များက ပုံရိပ်ယောင်မဟုတ်ကြတော့ပေ။ ယင်းတို့မှာ အရောင်ရှိလာကြသည်။

ယင်းတို့ဆီမှာ ကမ္မ၊ စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများ ရှိလာကြသည်။

ရွှီချင်းက ယင်းတို့တစ်ခုချင်းစီကို လေ့လာသည်။

ထိုသို့ဖြင့် ငါးရက်ကုန်လွန်သွားသည်။

ထိုငါးရက်အတွင်းမှာ ရွှီချင်းက လုံးဝအနားယူခဲ့ဘဲ စူးစမ်းလေ့လာခြင်းမှာ အပြည့်အဝ စိတ်နှစ်ထားခဲ့သည်။ ကံမကောင်းစွာပင် သူက အကြိမ်ပေါင်းမည်မျှ ကြိုးစားခဲ့ပါစေ ယင်းကို ဖယ်ရှားလိုက်သည်နှင့် အဖြူရောင်ဖုန်က ၎င်းဘာသာ ပျောက်ကွယ်သွားလိမ့်မည်။

မည်သည့်နည်းလမ်းနှင့်မှ ၎င်းကို မသိမ်းဆည်းနိုင်ပေ။

ယင်းကို ရွှီချင်းကို မျက်မှောင်ကြုတ်သွားစေသည်။

“ ဦးတည်ရာက မှားနေတာလား… ”

ခြောက်ရက်မြောက်နေ့ နံနက်ခင်းတွင် ရွှီချင်းက ရွှယ်ချန်းဇီ၏ လက်ချောင်းကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။ သူက လက်ချောင်းကို ဆုပ်ကိုင်ထားရင်း ယင်းကို စူးစမ်းလေ့လာလိုက်သည်။ တစ်ချိန်တည်းမှာ သူက တစ်ဖက်လူ၏ သွေးကိုလည်း အလဟဿမဖြစ်အောင် စူးစမ်းလေ့လာလိုက်သည်။

သူက လက်ချောင်းများကို စူးစမ်းလေ့လာပြီးနောက် လက်ဝါးကို လေ့လာလိုက်သည်။ ထိုမှတဖန် လက်မောင်းကို စူးစမ်းလေ့လာလိုက်သည်။ နောက်ဆုံးမှာတော့ သူက ကိုယ်တွင်းအင်္ဂါများကို စူးစမ်းလေ့လာလိုက်သည်။

နောက်ဆုံးမှာတော့ ရွှယ်ချန်းဇီ၏ အသွေးအသားထဲတွင် နက်ရှိုင်းစွာ ပုန်းအောင်းနေသော အဖြူရောင်ဖုန်ကို သူရှာတွေ့သွားသည်။

ထိုရှာတွေ့မှုက ရွှီချင်းကို စိတ်အားထက်သန်စေသည်။

သို့သော်လည်း ထိုမျှသာဖြစ်သည်။ သူက အသွေးအသားထဲမှ အဖြူရောင်ဖုန်ကို ဖယ်ထုတ်လိုက်သည့်အခါ ၎င်းက မြန်ဆန်စွာ လွင့်ပြယ်သွားသည်။

ဤသည်မှာ ရွှယ်ချန်းဇီကိုယ်တိုင်က အရင်းအမြစ်ဖြစ်သည့်အလားပင်။

“ အဖြူရောင်ဖုန်က သူရဲ့ ကမ္မချည်မျှင်တွေနဲ့ အသွေးအသားထဲမှာ တည်ရှိနေတယ်… ဒါပေမဲ့ မဟာလောကထဲမှာတော့ မတည်ရှိနေဘူး… အဲ့ဒါဆို ဝိညာဉ်ထဲမှာရော… ”

ရက်အနည်းငယ် ထပ်မံ ကုန်ဆုံးသွားပြန်သည်။ ရွှီချင်းက ရုပ်ခန္ဓာကိုယ်အပေါ် သူ၏ စူးစမ်းလေ့လာမှုကို အဆုံးသတ်လိုက်ပြီး ရွှယ်ချန်းဇီ၏ အသက်ဓာတ်ကို ဆက်လက် ထိန်းသိမ်းရန် သူ့ကို ဆေးလုံးအနည်းငယ် တိုက်ကျွေးလိုက်သည်။

ထို့နောက် သူက ဝိညာဉ်ကို စတင်လေ့လာသည်။

တစ်စုံတစ်ယောက်သည် ဝိညာဉ်ကို စူးစမ်းလေ့လာရာတွင် အထူးသတိထားရလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ အလွန်အားထည့်မိသွားမည်ဆိုလျှင် ယင်းက ပြန်မပြောင်းလဲနိုင်သော ရလဒ်ကို ဖြစ်ပေါ်စေလိမ့်မည်။

ယင်းက ရွှီချင်း၏ နောက်ဆက်တွဲ စူးစမ်းလေ့လာမှုအပေါ် သက်ရောက်မှုရှိနိုင်သည်။

သို့ဖြစ်၍ ဝိညာဉ်ကို စူးစမ်းလေ့လာခြင်းက အချိန်ပိုပြီးကြာမြင့်ခဲ့သည်။ ဆယ်ရက်ကြာပြီးနောက် ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူက ရွှယ်ချန်းဇီ၏ ဝိညာဉ်ကို ဂရုတစိုက် စစ်ဆေးလေ့လာခဲ့သော်လည်း အဖြူရောင်ဖုန်ကို မရှာဖွေနိုင်ခဲ့ပေ။

ယင်းက ထူးဆန်းသည်။ ဤရွှယ်ချန်းဇီက ဇစ်မြစ်ဖြစ်ပုံရသော်လည်း တစ်ချိန်တည်းမှာ သူက ဇစ်မြစ်မဟုတ်ပေ။

ရွှီချင်းက တစ်ခဏကြာ တွေးတောပြီးနောက် သူ၏ ကံကြမ္မာဆိုးနတ်ဘုရားအခွင့်အာဏာ၏ အမျှင်တန်းတစ်ခုကို ထုတ်လွှတ်လိုက်ကာ ရွှယ်ချန်းဇီ၏ ကမ္မချည်မျှင်များကို ရစ်ပတ်လိုက်သည်။ တစ်ချိန်တည်းမှာ သူက သူခိုးခြောက်ယောက် လှည့်စားခြင်း အင်မော်တယ်အတတ်ပညာကို အသက်သွင်းလိုက်ပြီး ရွှယ်ချန်းဇီ၏ အသိစိတ်ထဲသို့ ကျူးကျော်ဝင်ရောက်သွားသည်။

ထို့နောက် သူက အာရုံစူးစိုက်လိုက်ပြီး ဂရုတစိုက် စောင့်ကြည့်သည်။

ရက်အနည်းငယ်ကုန်ဆုံးသွားပြီးနောက် ရွှီချင်းက သူ၏ စစ်ဆေးလေ့လာမှုကို အဆုံးသတ်လိုက်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး နှုတ်ဆိတ်သွားသည်။

ဤရက်အတွင်းမှာ သူ၏ စစ်ဆေးလေ့လာမှုအရ အဖြူရောင်ဖုန်၏ အကျိုးသက်ရောက်မှုကို ရှင်းလင်းစွာ သူရှာတွေ့သွားသည်။ အမှန်တော့ ကမ္မဖြင့် သက်ရောက်မခံရခြင်းမှာ အဖြူရောင်ဖုန်က ကမ္မကို ဝါးမျိုလိုက်ခြင်းသာ ဖြစ်သည်။

All Chapters