အရှင်မ… လျှို့ဝှက်နယ်မြေဝင်ရောက်ခွင့်ကို ကျွန်တော်လိုအပ်ပါတယ်
Vol. 97 Ch. 1493
အရှေ့ပိုင်းမိစ္ဆာငှက်မွှေးတွင် အစက အုပ်ချုပ်သူတောင်ကိုးလုံးသာ ရှိသည်။
မဟာဧကရာဇ်ငရဲမီးတောက်၏ ဒသမတပည့် လုလင်းဇီက ပြန်ရောက်လာပြီး လန်မိသားစုက နိမ့်ကျသွားသည့်အချိန်မှစ၍ လန်မိသားစုပိုင်ဆိုင်သော အရင်းအမြစ်များကို လုလင်းဇီက လွှဲပြောင်းယူလိုက်သည်။
လန်မိသားစု၏ ပိုင်နက်နှင့် မနီးမဝေးတွင် ဒသမမြောက် အုပ်ချုပ်သူတောင်က ထွက်ပေါ်လာခဲ့သည်။
ထိုတောင်သည် အလွန်ရှည်လျားပြီး တိမ်တိုက်များနှင့် ထိစပ်နေသည်။ အဝေးမှကြည့်လျှင် ယင်းက ခမ်းနားထည်ဝါပုံပေါ်သည်။ ယင်းက အလွန်ကြီးမားသော ဖိအားကို ထုတ်လွှတ်နေသည်။ တစ်ချိန်တည်းမှာ ယင်းက အုပ်ချုပ်သူတစ်ပါးပိုင်ဆိုင်သော အရှိန်အဝါကိုလည်း ထုတ်လွှတ်နေသည်။
ထိုတောင်က ဤဧရိယာတစ်ဝိုက်မှ ကောင်းကင်နှင့် မြေပြင်ကို ဖိနှိပ်ထားသည်။
အုပ်ချုပ်သူအရှိန်အဝါကြောင့် ကောင်းကင်ပေါ်မှာ ဧရာမဝဲကတော့တစ်ခု ဖြစ်ပေါ်နေသည်။ ထိုဝဲကတော့သည် လပေါင်းများစွာကြာအောင် အမြဲမပြတ် လှည့်ပတ်နေပြီး မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။
မရေမတွက်နိုင်သော မိုးကြိုးသွားများက ခမ်းနားထည်ဝါသော အရှိန်အဝါနှင့်အတူ ဝဲကတော့ထဲမှာ ရွေ့လျားကူးခတ်နေကြသည်။
တောင်၏ ဘေးပတ်ပတ်လည်မှ ကီလိုမီတာအနည်းငယ်သည်တော့ တားမြစ်ဇုန်တစ်ခုပမာ ဟာလာဟင်းလင်းဖြစ်နေသည်။
ထိုဧရိယာ၏ အပြင်ဘက်တွင် မိစ္ဆာငှက်မွှေးကျင့်ကြံသူ အယောက်တစ်သောင်းက စုဝေးရောက်ရှိနေကြပြီး တောင်ကို ဗဟိုပြု၍ တရားထိုင်နေကြသည်။
ကောင်းကင်ပေါ်မှ ငုံ့ကြည့်လျှင် တောင်၏ ဘေးပတ်ပတ်လည်မှာ ကျင့်ကြံသူအများအပြားက ပြွတ်သိပ်စွာ စုဝေးတည်ရှိနေကြကြောင်း မြင်နိုင်လိမ့်မည်။
သူတို့ထဲတွင် လေလွင့်ကျင့်ကြံသူများနှင့် လန်မိသားစု၏ လက်အောက်မှ အင်အားစုများလည်း ပါရှိကြသည်။ ဤနေရာသို့ ရောက်ရှိလာကြသည့် သူတို့၏ ရည်ရွယ်ချက်က ဒသမမြောက် အုပ်ချုပ်သူတောင်သို့ ဝင်ရောက်ရန် ဖြစ်သည်။
မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေတွင် အုပ်ချုပ်သူအသစ်တစ်ပါး ထွက်ပေါ်လာပြီး သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်သူတောင်ကို တည်ဆောက်လိုက်သည့်အခါတိုင်း အလားတူ အဖြစ်အပျက်မျိုးက ဖြစ်ပေါ်လာလိမ့်မည်။
အုပ်ချုပ်သူအသစ်များသည် သူတို့၏ ဩဇာလွှမ်းမိုးမှုကို တိုးချဲ့ရန်အလို့ငှာ လက်အောက်ငယ်သားအများအပြားကို ခေါ်ယူစုဆောင်းကြလိမ့်မည်။
သို့ဖြစ်၍ ဒသမမြောက် အုပ်ချုပ်သူတောင်၏ တောင်ခြေတွင် ကျင့်ကြံသူအများအပြားက နေ့စဉ်နေ့တိုင်း ရောက်ရှိလာကြသည်။ လအနည်းငယ်ကြာ စုဝေးသွားပြီးနောက် ယခုကဲ့သို့ အတိုင်းအတာထိ ရောက်ရှိသွားခဲ့သည်။
မည်သို့ဖြစ်ပါစေ တစ်စုံတစ်ယောက်က အုပ်ချုပ်သူတစ်ပါး၏ လက်အောက်ငယ်သားဖြစ်လာလျှင် သူတို့၏ အဆင့်အတန်းက တစ်ဟုန်ထိုး တိုးမြှင့်သွားလိမ့်မည်။ ထို့ပြင် ယခုကဲ့သို့ စစ်ပွဲကာလအတွင်းမှာ အုပ်ချုပ်သူ၏ ကာကွယ်ပေးမှုကိုသာ ရရှိမည်ဆိုလျှင် သူတို့က ယခင်ကထက် အများကြီး ပိုလုံခြုံလာလိမ့်မည်။
သို့သော်လည်း အုပ်ချုပ်သူအသစ် လုလင်းဇီသည် ယခုအချိန်ထိ မည်သူ့ကိုမှ မစုဆောင်းရသေးပေ။
သူ၏ ယခင်လက်အောက်ငယ်သားများသည်ပင် ဆင့်ခေါ်မခံရပေ။
သို့ဖြစ်၍ ဧရာမတောင်ပေါ်မှာ လုလင်းဇီတစ်ယောက်တည်း ရှိသည်။
အုပ်ချုပ်သူတောင်၏ ဘေးပတ်ပတ်လည်၌ ကျင့်ကြံသူအများအပြားက စုဝေးရောက်ရှိနေကြလေရာ သူတို့က ဈေးမြို့တော်ကို အလိုအလျောက် ဖွဲ့စည်းလိုက်ကြသည်။ မြို့တော်ထဲတွင် သူတို့က ပစ္စည်းများလဲလှယ်ခြင်းနှင့် သတင်းအချက်အလက်များ ရောင်းဝယ်ခြင်းကို လုပ်ဆောင်ကြရင်း အုပ်ချုပ်သူ၏ လက်အောက်ငယ်သားဖြစ်လာရန် စောင့်ဆိုင်းနေကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဈေးမြို့တော်က တဖြည်းဖြည်း စည်ကားသက်ဝင်လာသည်။
သို့သော်လည်း ထိုကျင့်ကြံသူအားလုံးသည် တောင်၏ တစ်ကီလိုမီတာအတွင်းသို့ ခြေမချနိုင်ကြပေ။ သူတို့အားလုံးက တောင်၏ အပြင်ဘက်ဧရိယာထဲမှာသာ နေထိုင်နိုင်ကြသည်။
ရွှီချင်းရောက်ရှိလာသည့်အခါ အုပ်ချုပ်သူတောင်၏ ဘေးပတ်ဝန်းကျင်မှ စည်ကားသက်ဝင်သော လူအုပ်ကြီးကို သူမြင်သွားသည်။
ရွှယ်ချန်းဇီအသွင် ပြောင်းလဲထားသော ရွှီချင်းသည် ဈေးမြို့တော်ထဲမှာ မရပ်တန့်ခဲ့ပေ။ သူက မြို့တော်ကို ဖြတ်ကျော်သွားပြီး တားမြစ်ဇုန်သဖွယ် ဖြစ်တည်နေသော တစ်ကီလိုမီတာဧရိယာဆီသို့ ဦးတည်သွားသည်။
အစတွင် ရွှီချင်း၏ ထွက်ပေါ်လာမှုကို လူအများစုက သတိမထားမိကြချေ။ ရွှီချင်းက လမ်းတစ်လျှောက်တွင် အရှိန်မြှင့်တင်လိုက်ပြီး တားမြစ်ဇုန်ထဲသို့ ခြေချသွားသည့်အခါမှသာ အကြည့်တချို့ကို ဆွဲဆောင်သွားသည်။
သို့သော်လည်း ထိုမျှသာ ဖြစ်သည်။
လွန်ခဲ့သော နှစ်လအတွင်းမှာ ရွှီချင်းကဲ့သို့ ပျံသန်းသွားသော ကျင့်ကြံသူအများအပြား ရှိခဲ့ကြသည်။ သူတို့အားလုံးက အုပ်ချုပ်သူကို မြင်တွေ့ချင်သောကြောင့် တောင်နားသို့ ချဉ်းကပ်သွားခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူတို့က အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း အုပ်ချုပ်သူက မည်သည့်တုံ့ပြန်မှုမှ မပြခဲ့ပေ။ ထို့ကြောင့် သူတို့က တားမြစ်ဇုန်ထဲမှ ထွက်သွားပြီး ဘေးပတ်ဝန်းကျင်မှာသာ စောင့်ဆိုင်းနိုင်ကြသည်။
သို့ဖြစ်၍ ထိုလူများက ရွှီချင်း၏ လုပ်ဆောင်မှုကို သာမန်ကာလျှံကာသာ ကြည့်လိုက်ကြသည်။
ရွှီချင်းသည် ထိုအကြည့်များကို ဂရုမစိုက်ပေ။ သူက အုပ်ချုပ်သူတောင်နားသို့ ချဉ်းကပ်သွားပြီးနောက် လေထဲမှာ မတ်တတ်ရပ်လိုက်ပြီး သူ့အရှေ့မှ ဧရာမတောင်ကို မော့ကြည့်လိုက်သည်။
သူ၏ အကြည့်က လေးနက်သွားပြီး သူက နက်နဲစွာ တွေးတောလိုက်သည်။ အချိန်အတော်ကြာပြီးနောက် ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည့်အခါ သူက လေးနက်စွာ အရိုအသေပေးလိုက်ပြီး နက်ရှိုင်းသော အသံဖြင့် အော်ပြောသည်။
“ ရွှယ်ချန်းဇီက အုပ်ချုပ်သူကို မြင်ခွင့်ရဖို့ တောင်းဆိုပါတယ် ”
သူ၏ အသံက မိုးခြိမ်းသံပမာ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပဲ့တင်ထပ်သွားပြီး ပိုမိုများပြားသော စိတ်အာရုံများကို ဆွဲဆောင်သွားသည်။
ယင်းက ရွှီချင်း၏ စူးစမ်းမှုဖြစ်သည်။
အကယ်၍ တစ်ဖက်လူက သဘောတူမည်ဆိုလျှင် အရာအားလုံးကို ဆွေးနွေးနိုင်လိမ့်မည်။
အကယ်၍ သဘောမတူလျှင် ရွှီချင်းဆီမှာ တခြားအစီအစဉ် ရှိသေးသည်။
သို့သော်လည်း ဆယ့်ငါးမိနစ်ကုန်ဆုံးသွားသည့်တိုင် ကြီးကျယ်ခမ်းနားသော အုပ်ချုပ်သူတောင်ထံမှ မည်သည့်တုံ့ပြန်မှုမှ ထွက်ပေါ်မလာပေ။
သို့ဖြစ်၍ ရွှီချင်းပေါ်သို့ ကျရောက်နေသော အကြည့်အများစုက ပြန်ရုပ်သိမ်းသွားကြသည်။ သူတို့အားလုံးက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်ကြပြီး နတ်ဘုရားစိတ်အာရုံဖြင့် အချင်းချင်း စကားပြောလိုက်ကြသည်။
“ ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်နေတဲ့ နောက်တစ်ယောက်ပဲ ”
“ အဲ့ဒါ ရွှယ်ချန်းဇီမလား… သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ စစ်ပွဲအကျိုးဆောင်မှုအမှတ်တွေကြောင့် အုပ်ချုပ်သူက သူ့ကို အခွင့်အရေးပေးမယ်လို့ ထင်နေတာလား ”
“ ငါတို့ ဒီမှာထိုင်စောင့်နေတာကို သူသေချာမြင်တာတောင် ကံက စမ်းချင်သေးတယ်… ဒီလောက်အသံအကျယ်ကြီးနဲ့ အော်ပြောတယ်… ငါသာ အုပ်ချုပ်သူဆိုရင် ဒီလိုနှောင့်ယှက်ခံရတာကို သေချာပေါက် သဘောကျမှာမဟုတ်ဘူး ”
“ တကယ်လို့ မင်းက အုပ်ချုပ်သူရဲ့ လက်အောက်ငယ်သားဖြစ်ချင်တယ်ဆိုရင် မင်းရဲ့ ရိုးသားမှုကို အုပ်ချုပ်သူမြင်အောင် ဖော်ပြရမယ်… ဒီတော့ အကောင်းဆုံး ဖြေရှင်းနည်းက ဘေးပတ်ဝန်းကျင်မှာ တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းနေတာပဲ… တစ်နေ့ကျရင် အုပ်ချုပ်သူက ငါတို့ရဲ့ ရိုးသားမှုကို မြင်လာလိမ့်မယ် ”
လူတိုင်းက ခေါင်းခါလိုက်ကြပြီး ရွှီချင်းကို လျစ်လျူရှုလိုက်ကြသည်။
သူတို့၏ အကဲဖြတ်မှုအရ ရွှယ်ချန်းဇီက စိတ်ဓာတ်ကျပြီး မကြာခင်မှာ ထွက်သွားလိမ့်မည်။
ရွှီချင်းသည် လူတိုင်း၏ ဆွေးနွေးမှုကို မကြားချင်ဟန် ဆောင်လိုက်သည်။ သူက တည်ငြိမ်သော အမူအရာဖြင့် လေထဲမှာ ဆက်လက် ရပ်နေပြီး အရိုအသေပေးလိုက်သည်။
ထိုသို့ဖြင့် နောက်ထပ် ဆယ့်ငါးမိနစ် ကုန်ဆုံးသွားသည်။
လူတိုင်းက အကြည့်ပြန်ရုပ်လိုက်ကြသည်။ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားပြီး ဈေးမြို့တော်က တဖန်စည်ကားသက်ဝင်လာသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွှီချင်းက နောက်တစ်ကြိမ် အော်ပြောလိုက်သည်။
“ ရွှယ်ချန်းဇီက အုပ်ချုပ်သူကို မြင်ခွင့်ရဖို့ တောင်းဆိုပါတယ် ”
တူညီသော စကားက နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားပြီး ဘေးပတ်ဝန်းကျင်မှ လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ သို့ဖြစ်၍ အကြည့်များစွာက ထပ်မံ ကျရောက်လာကြသည်။ လူတချို့၏ အကြည့်ထဲမှာ မကျေနပ်မှုဖြင့် ပြည့်နှက်နေကြသည်။
ဆွေးနွေးသံများက တစ်ယောက်တစ်ပေါက် ထွက်ပေါ်လာကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ဤနေရာမှ ကျင့်ကြံသူအားလုံးကို ပါးစပ်အဟောင်းသားဖြစ်သွားစေမည့် အပြောင်းအလဲတစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာသည်။
အုပ်ချုပ်သူတောင်က ရုတ်တရက် တုန်ယင်သွားသည်။
ဝုန်းခနဲ မြည်သံများနှင့်အတူ ဝဲကတော့ထဲမှ မိုးကြိုးသွားများက အပေါ်သို့ မြှောက်တတ်သွားကြပြီး အပြင်သို့ ဒလဟော စီးဆင်းသွားကြသည်။ ယင်းက ပိုပြီးကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေသည်။
ဝုန်းခနဲ မြည်သံများက ပိုပြီးကျယ်လောင်လာပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။
ထို့နောက် ဧရာမမျက်လုံးတစ်စုံက ဝဲကတော့ထဲမှာ ထွက်ပေါ်လာသည်။
ထိုမျက်လုံးသည် ငွေရောင်ဖြစ်ပြီး အေးစက်သည်။ ယင်းက ကောင်းကင်ဘုံမျက်လုံးသဖွယ် မြေပြင်ပေါ်သို့ အထင်သေးစွာ ငုံ့ကြည့်နေသည်။
ထိုမျက်လုံးဖြင့် စိုက်ကြည့်ခံလိုက်ရသော မည်သူမဆို တုန်လှုပ်ချောက်ချားသွားလိမ့်မည်။ သူတို့က ခေါင်းငုံ့လိုက်ကြပြီး ချက်ချင်း မြေပြင်ပေါ်မှာ ဝပ်တွားလိုက်ကြသည်။
ကျယ်ပြောသော စိတ်ဆန္ဒက ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားက မြေပြင်ကို တုန်ယင်သွားစေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက အသက်ရှူမြန်လာကြပြီး သူတို့၏ အသိစိတ်က ဝုန်းခနဲ လှုပ်ခတ်သွားသည်။ ထို့နောက် လုလင်းဇီ၏ အေးစက်စက် စကားသံက အုပ်ချုပ်သူတောင်ပေါ်မှ ပဲ့တင်ထပ်လာသည်။
“ တတ်လာခဲ့ပါ ”
ထိုစကားက ကောင်းကင်ဘုံမိုးခြိမ်းသံထက် သာလွန်သွားပြီး ပေါက်ကွဲသွားသည်။
ယင်းက မရေမတွက်နိုင်သော အသံလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ဤနေရာမှ လူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားကာ သူတို့၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။
လူတိုင်း၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်နေစဉ် ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
လူတိုင်း၏ အကြည့်အောက်မှာ သူက အုပ်ချုပ်သူတောင်ဆီသို့ တိုက်ရိုက် ပျံသန်းသွားသည်။
မကြာမီ သူက တောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ဘေးပတ်ဝန်းကျင်တွင် စောင့်ဆိုင်းနေကြသော ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်သွားသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ စိတ်ခံစားချက်မျိုးစုံက သူတို့၏ နှလုံးသားထဲမှာ လှိုင်းလုံးများသဖွယ် ထွက်ပေါ်လာကြသည်။ သူတို့၏ အကြည့်သည်လည်း ပူလောင်လာသည်။
ရွှယ်ချန်းဇီက လုလင်းဇီ၏ ဆင့်ခေါ်ခံလိုက်ရခြင်းသည် သူတို့အား အလွန်အံ့အားသင့်စေသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူတို့က စိတ်လှုပ်ရှားသွားကြသည်။
အဘယ့်ကြောင့်ဆိုသော် ပထမတစ်ယောက်က ဆင့်ခေါ်ခံရမည်ဆိုလျှင် ထုံးစံအားဖြင့် ဒုတိယတစ်ယောက် ရှိလာလိမ့်မည်။ တစ်နည်းဆိုရသော် မကြာခင်မှာ သူတို့အလှည့် ရောက်လာလိမ့်မည်။
အပြင်လောကမှ လူတိုင်းက စိတ်လှုပ်ရှားနေကြစဉ် ရွှီချင်းက သူ၏ စူးစမ်းမှုကြောင့် အဖြေတစ်ခုကို ရရှိသွားပြီး နက်နဲစွာ တွေးတောလိုက်သည်။
သူက တောင်ပေါ်သို့ ပျံသန်းသွားပြီး အထဲမှာ အရှိန်မြှင့်တင်လိုက်သည်။ သူက တောင်ထိပ်ပေါ်သို့ ဦးတည်သွားနေခြင်း ဖြစ်သည်။
မကြာမီ ရိုးရှင်းသော ခန်းမဆောင်တစ်ခုက သူ၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။
ခန်းမဆောင်သည် တောင်ထိပ်ပေါ်မှာ တည်ရှိသည်။ ဤအခိုက်အတန့်မှာ ခန်းမ၏ ဂိတ်တံခါးက ပွင့်နေသည်။
သူက အနားသို့ ချဉ်းကပ်သွားသည့်အခါ ခန်းမ၏ အပေါ်ဆုံးတွင် တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခုကို သူမြင်တွေ့သွားသည်။
ထိုသူသည် လုလင်းဇီဖြစ်သည်။
ရွှီချင်းက တစ်ဖက်လူကို မြင်တွေ့သွားသည့်အခိုက် ခေါင်းငုံ့လိုက်ပြီး အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားသည်။ သူက ခန်းမထဲသို့ မဝင်ဘဲ အပြင်ဘက်မှာ ရပ်လိုက်ကာ ဦးညွတ်လိုက်သည်။
သူက မည်သည့်စကားမှ မပြောပေ။
အချိန်အတော်ကြာပြီးနောက် ခန်းမထဲမှ လုလင်းဇီက မျက်လုံးဖွင့်လိုက်သည်။
သူ၏ မျက်လုံးထဲမှာ မည်သည့်လှိုင်းအတတ်အကျမှ မရှိသလို မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ သူက တည်ငြိမ်စွာ ပြောသည်။
“ ဘာကိစ္စလဲ ”
ထိုအသံထဲမှာ ဥပဒေသများ ပါဝင်နေပြီး ယင်းက ဟင်းလင်းပြင်ထဲ၌ လှိုင်းအတွန့်များ ထွက်ပေါ်လာစေသည်။
ရွှီချင်းက တုံ့ဆိုင်းမနေပေ။ သူက တိုးညင်းစွာ ပြန်ပြောသည်။
“ အုပ်ချုပ်သူ… ကျေးဇူးပြုပြီး ကျွန်တော့်ကို လောကဇစ်မြစ်လျှို့ဝှက်နယ်မြေဆီ ဝင်ရောက်ခွင့်ကို ပေးသနားပါ ”
လုလင်းဇီ၏ အမူအရာက လုံးဝမပြောင်းလဲသွားပေ။ သူက ရွှီချင်းကို တစ်ချက်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။
“ မင်းရဲ့ စစ်ပွဲအကျိုးဆောင်မှုအမှတ်တွေနဲ့ လဲလှယ်နိုင်တယ် ”
ရွှီချင်းက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ကျွန်တော့်မှာ စစ်ပွဲအကျိုးဆောင်မှုအမှတ်တွေ မရှိပါဘူး ”
သူက လိမ်ညာမပြောပေ။ စစ်ပွဲအကျိုးဆောင်မှုအမှတ်များက သူ့ဆီမှာ အမှန်တကယ် မရှိပေ။
အတိတ်မှာ ရွှီချင်းက တာဝန်ကျောက်စိမ်းပြားကို စစ်ဆေးကြည့်ခဲ့သည်။ ကျောက်စိမ်းပြားထဲတွင် တာဝန်အများအပြားရှိသော်လည်း အများစုက စစ်ပွဲနှင့်သက်ဆိုင်နေသည်။
အမှန်မှာ တာဝန်အများစုသည် လူသားမျိုးနွယ်နှင့် တိုက်ခိုက်ပြီး သူတို့၏ ပညာရှင်ကျင့်ကြံသူများကို သတ်ဖြတ်ရန်ဖြစ်သည်။
စစ်ပွဲနှင့်မသက်ဆိုင်သော တာဝန်များသည်တော့ ယင်းတို့က အလွန်အချိန်ကြာပြီး ပြီးမြောက်ရန် တန်ဖိုးတစ်ခုကို ပေးချေရလိမ့်မည်။ ထို့ပြင် ထိုတာဝန်များက အကျိုးဆောင်မှုအမှတ် အများကြီး မပေးပေ။
လောကဇစ်မြစ်လျှို့ဝှက်နယ်မြေ၏ ဝင်ရောက်ခွင့်သည်တော့ ထုံးစံအားဖြင့် အကျိုးဆောင်မှုအမှတ် အများကြီး လိုအပ်သည်။
အကယ်၍ သူက ထိုတာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်မည်ဆိုလျှင်ပင် လျှို့ဝှက်နယ်မြေ၏ ဝင်ရောက်ခွင့်အတွက် အကျိုးဆောင်မှုအမှတ်များကို လပေါင်းများစွာကြာအောင် စုဆောင်းရလိမ့်မည်။
ထိုသို့ဆိုမှတော့ တာဝန်ထမ်းဆောင်ခြင်းကို မရွေးချယ်ခြင်းက ပိုပြီးကောင်းလိမ့်မည်ဟု ရွှီချင်း ခံစားမိသည်။ သို့ဖြစ်၍ လုလင်းဇီထံမှ တိုက်ရိုက် တောင်းဆိုခြင်းက သူ့အတွက် ပိုပြီးလွယ်ကူလိမ့်မည်။
မည်သို့ဖြစ်ပါစေ သူနှင့် အားညို၏ သုံးသပ်မှုအရ လုလင်းဇီ၏ သရုပ်က တစ်စုံတစ်ခု လွဲမှားနေသည်။
အကယ်၍ တစ်ဖက်လူက တကယ့်လုလင်းဇီသာဆိုလျှင် အုပ်ချုပ်သူဟူသော သူ၏ အဆင့်အတန်းဖြင့်ပင် သူတို့ကြားမှ ကမ္မဆက်နွယ်မှုကို မြင်နိုင်ရန် အလွန်ခက်ခဲလိမ့်မည်။
ထိုအတိုင်းသာဆိုလျှင် ရွှီချင်းက လုလင်းဇီ၏ ဆင့်ခေါ်ခြင်းခံရရန် ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။
သို့သော်လည်း အကယ်၍ တစ်ဖက်လူက တကယ့်လုလင်းဇီမဟုတ်လျှင် သူ၏ သရုပ်သည် ဧကရီမှလွဲ၍ တခြားလူမဖြစ်နိုင်ပေ။
ထို့ကြောင့် တစ်ဖက်လူထံမှ လျှို့ဝှက်နယ်မြေဝင်ရောက်ခွင့်အား တောင်းဆိုခြင်းက ဖြစ်နိုင်ခြေရှိသည်ဟု ရွှီချင်း ခံစားမိသည်။
သို့ဖြစ်၍ သူက ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။
သူတို့ချင်း တွေ့ဆုံပြီးသည့်နောက်မှာပင် သူ့အရှေ့မှ လုလင်းဇီက အတိတ်တုန်းက သူမြင်တွေ့ခဲ့သော လုလင်းဇီနှင့် တစ်ယောက်တည်းလော သူမသေချာပေ။
ဖြစ်နိုင်သည်မှာ တစ်ဖက်လူက ဧကရီဖြစ်လောက်၏။
ထို့ကြောင့် သူက တိတ်တဆိတ် လေ့လာနေသည်။
ဤအခိုက်အတန့်မှာ ရွှီချင်း၏ စကားကို ကြားပြီးနောက် လုလင်းဇီက ဖြည်းညင်းစွာ ပြောသည်။
“ စစ်ပွဲအကျိုးဆောင်မှုအမှတ်တွေမရှိဘဲ လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ချင်တာက ကိစ္စတစ်ခုပဲ… ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင်… ရွှီချင်း… နင်က နင့်ရဲ့ စီနီယာအကိုကြီးထက် ပိုပြီးရဲတင်းတာပဲ ”
သူ၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့် ဖိအားက ပျံ့လွင့်သွားပြီး အုပ်ချုပ်သူတောင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ယင်းက ကောင်းကင်ပေါ်မှ ဝဲကတော့ကိုပင် အပြင်းအထန် တုန်ခါသွားစေသည်။ တောင်တစ်ခုလုံးက တုန်လှုပ်သွားပြီး သီးခြားအကာအကွယ်အလွှာတစ်ခုကို ဖွဲ့စည်းလိုက်သည်။
သရုပ်ဖော်ထုတ်ခံရပြီးနောက် ရွှီချင်းက မျက်တောင်ခတ်လိုက်သည်။ တစ်ဖက်လူက သွယ်ဝိုက်သောနည်းဖြင့် သူ့ကို သတိပေးနေကြောင်း သူပြောနိုင်သည်။
ထို့ကြောင့် သူက ခေါင်းမော့လိုက်ပြီး လုလင်းဇီ၏ အကြည့်ဖြင့် တွေ့ဆုံလိုက်သည်။
“ အရှင်မ… ”
ထိုသို့ပြောပြီးနောက် ရွှီချင်းက နှုတ်ဆိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် လုလင်းဇီက ပြောသည်။
“ နင့်ရဲ့ စီနီယာအကိုကြီးကရော… ”
ရွှီချင်းက မျက်တောင်ခတ်လိုက်ပြီး အမှန်အတိုင်း ဖြေလိုက်သည်။
“ သူက အင်မော်တယ်အတတ်ပညာခန်းမဆီ သွားပါတယ် ”
လုလင်းဇီက တိတ်ဆိတ်သွားသည်။ တစ်ခဏကြာပြီးနောက် သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး တုံကင်တစ်ခုကို ပစ်ပေးလိုက်သည်။
တုံကင်က ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ရွှီချင်းက ယင်းကို ဖမ်းဆုပ်လိုက်သည်။
ထိုတုံကင်က လောကဇစ်မြစ်လျှို့ဝှက်နယ်မြေဆီသို့ ဝင်ရောက်နိုင်သော ခွင့်ပြုမိန့်မှလွဲ၍ တခြားမဟုတ်ပေ။
“ ကျေးဇူးတင်ပါတယ် အုပ်ချုပ်သူ ”
ရွှီချင်းက အရိုအသေပေးလိုက်ပြီး ထွက်သွားရန် အနောက်လှည့်လိုက်သည်။
“ ဆူဆူညံညံ သိပ်မလုပ်နဲ့ ”
လုလင်းဇီ၏ အသံက သူ့အနောက်မှ ပဲ့တင်ထပ်လာသည်။
ရွှီချင်းက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ထွက်မသွားခင် ခေါင်းညိတ်ပြလိုက်သည်။
သူထွက်သွားပြီးနောက် ခန်းမထဲမှာ တင်ပျဉ်ခွေထိုင်နေသော လုလင်းဇီက သူ၏ နားထင်ကို ပွတ်သပ်လိုက်သည်။
“ ရွှီချင်းက အဆင်ပြေသေးတယ်… အနည်းဆုံးတော့ သူက အကန့်အသတ်ကို သိသေးတယ်… သူ့ရဲ့ စီနီယာအကိုကြီးကတော့… နည်းနည်းစိုးရိမ်စရာပဲ… ”
ချန်ထားခဲ့တာလဲ ”