← Chapters

မပြည့်စုံသော အထွတ်အမြတ် နတ်ဘုရားအခွင့်အာဏာ

Vol. 97 Ch. 1499

မပြည့်စုံသော အထွတ်အမြတ် နတ်ဘုရားအခွင့်အာဏာ

Vol. 97 Ch. 1499

ရွှီချင်း၏ အလျင်က အလွန်အံ့ဖွယ်ကောင်းသည်။ လျှပ်တစ်ပြက်အတွင်းမှာ သူက အနီရောင်ဖယောင်းတိုင်၏ မီးအလင်းရောင်ထဲသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။

အဝေးမှကြည့်လျှင် သူက ဥက္ကာပျံတစ်စင်းနှယ် ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားနေကြောင်း မြင်ရလိမ့်မည်။

သူက အနားသို့ ချဉ်းကပ်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်က အနီရောင်သို့ မြန်ဆန်စွာ ပြောင်းလဲသွားသည်။ အဆုံးမဲ့သော အလင်းနှင့် အပူဓာတ်က သူ၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။

မျက်တောင်တစ်ခတ်အတွင်းမှာ ယင်းက ရွှီချင်း၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

မရေမတွက်နိုင်သော အရိပ်များသည်လည်း အရပ်မျက်နှာအသီးသီးမှ တစ်ဟုန်ထိုး ပြေးလာနေကြသည်။ တစ်ချိန်တည်းမှာ ကြယ်ဂြိုလ်များက ဆက်လက် ပေါက်ကွဲသွားကြပြီး သူ့ကို တားဆီးရန် ကြိုးစားလိုက်ကြသည်။

ဤသည်မှာ အရာအားလုံးက ရွှီချင်းကို အနားမကပ်နိုင်စေရန် တားဆီးနေသည့်အလားပင်။

ယင်းက ယုတ္တိမရှိပေ။

ဤနေရာ၏ အမြစ်ဖြတ်သုတ်သင်ပုံအရဆိုလျှင် ရွှီချင်းက ထိုသို့ရွေးချယ်မှုကို ပြုလုပ်လိုက်သည့်အခါ အနီရောင်ဖယောင်းတိုင်က သူ့အား မတားဆီးသင့်ပေ။ မည်သို့ဖြစ်ပါစေ သူက မီးပုံထဲသို့ တိုးဝင်နေသော ပိုးဖလံတစ်ကောင်မျှသာ ဖြစ်သည်။

၎င်းက သူ့ကို အမြစ်ဖြတ်သုတ်သင်ပစ်ချင်သည်ဆိုလျှင် မီးပုံထဲသို့ ဝင်‌ရောက်ခွင့်ပြုသင့်သည်။

သို့သော်လည်း ယခု အတားအဆီးများက ထွက်ပေါ်လာရုံသာမက ရွှီချင်းက အရှိန်မြှင့်တင်လိုက်သည့်အခါ ယင်းတို့က ပိုပြီးပြင်းထန်လာကြသည်။ ကိုယ့်ဘာသာ ပြိုကွဲပျက်စီးသွားကြသော ကြယ်ဂြိုလ်များက ပိုမိုများပြားလာပြီး အနီရောင်ဖယောင်းတိုင်မှ မီးတောက်များသည်ပင် ပိုပြီးပြင်းထန်စွာ လှုပ်ယမ်းသွားသည်။

ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။ သူက လုံးဝတုံ့ဆိုင်းမနေဘဲ နတ်ဘုရားစိတ်အာရုံကို ချက်ချင်း ပို့လွှတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ အရိပ်လေးက သူနှင့် ပေါင်းစပ်သွားသည်။ သူ၏ မျက်လုံးက အနက်ရောင်သို့ ပြောင်းလဲသွားသည့်အခိုက် သူ့အရှေ့မှ အရာအားလုံးက ပြိုကွဲသွားပြီး ပန်းချီကားများအဖြစ် ပြောင်းလဲသွားကြသည်။

ယင်းက ကြယ်ဂြိုလ်များ၏ ကိုယ့်ဘာသာ ဖောက်ခွဲမှုကို သူ့အား ရှောင်တိမ်းနိုင်သွားစေသည်။

သဏ္ဍာန်မဲ့သော အရိပ်များသည်တော့ ဤအခိုက်အတန့်မှာ ၎င်းတို့က ရွှီချင်း၏ မျက်စိရှေ့မှာ ထင်ရှားစွာ ထွက်ပေါ်လာကြသည်။ ၎င်းတို့ထံမှ ရူးသွပ်မှုနှင့် စိုးရိမ်ကြောင့်ကြမှုကို ရွှီချင်း အာရုံခံနိုင်သည်။

၎င်းတို့က သူ့အား တားဆီးပိတ်ပင်ရန် ရေလှိုင်းလုံးများသဖွယ် ပြေးလာနေကြသည်။

ယင်းကို မြင်သောအခါ ရွှီချင်း၏ အလျင်က ပိုပြီးမြန်ဆန်လာသည်။ သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည့်အခါ သူ၏ နတ်ဘုရားအခွင့်အာဏာအားလုံးက ပေါက်ကွဲထွက်လာကြသည်။ အခွင့်အာဏာများက ထွန်းလင်းတောက်ပသွားစဉ် နေလုံးက သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။ သူ၏ ခန္ဓာကိုယ်က အနီရောင်သို့ ပြောင်းလဲသွားနေပါစေ သို့မဟုတ် သူ၏ ဝိညာဉ်က လောင်ကျွမ်းသွားနေပါစေ သူက အရှေ့သို့ စိတ်ဓာတ်ပြတ်သားစွာ ဆက်လက် တိုးဝင်သွားနေဆဲပင်။

“ မင်းက ငါ့ကို မလာစေချင်ဘူးဆိုမှတော့ ငါက သေချာပေါက် ရောက်လာမယ် ”

ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော အရိပ်များက လွင့်ပြယ်သွားပြီး အနီရောင်ဖယောင်းတိုင်က မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည့်အခါ ရွှီချင်း၏ ပုံရိပ်က ဖယောင်းတိုင်နှင့် ပေတစ်သောင်းအကွာမှာ ထွက်ပေါ်လာသည်။

ထိုမျှနီးကပ်သော အကွာအဝေးတွင် ရွှီချင်း၏ ခန္ဓာကိုယ်က ပြဿနာမရှိသော်လည်း သူ၏ ဝိညာဉ်က နောက်ထပ် မတောင့်ခံနိုင်တော့ပေ။ မရေမတွက်နိုင်သော မီးတောက်များသည် သူ၏ ခန္ဓာကိုယ်ထဲ၌ ပုန်းကွယ်နေကြသော အက်ကွဲရာများမှတဆင့် သူ၏ အသိစိတ်ပင်လယ်ထဲသို့ ဒလဟော တိုးဝင်သွားကြပြီး သူ၏ ဝိညာဉ်ကို လောင်ကျွမ်းပစ်လိုက်သည်။

ဤအခိုက်အတန့်မှာ အမြစ်ဖြတ်သုတ်သင်ခြင်းနှင့် လောင်ကျွမ်းခြင်းက ပိုပြီးအားကောင်းစွာ ထွက်ပေါ်လာသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်း၏ မျက်လုံးထဲတွင် ရူးသွပ်မှုဖြင့် ပြည့်နှက်သွားသည်။ သူ၏ ဝိညာဉ်က လှုပ်ယမ်းသွားပြီး ဝိညာဉ်ချည်မျှင်ဆယ်သန်းအဖြစ် တိုက်ရိုက် ပြောင်းလဲသွားကြသည်။ မကြာမီ ယင်းတို့က သူ၏ အသိစိတ်ပင်လယ်ထဲမှာ ဝဲကတော့တစ်ခုအဖြစ် အမြန်လှည့်ပတ်သွားပြီး ဖယောင်းတိုင်မီး၏ လောင်ကျွမ်းမှုကို ခုခံကာကွယ်ပေးလိုက်သည်။

ထိုနည်းကို အသုံးပြု၍ ရွှီချင်းက အရှေ့သို့ ဆက်လက် ပျံသန်းသွားသည်။

သူက ပေငါးထောင်အကွာသို့ ရောက်ရှိသွားသည်။

သူ၏ ဝိညာဉ်ချည်မျှင်အများစုက ဖျက်ဆီးခံလိုက်ရပြီး ပြာအဖြစ် လောင်ကျွမ်းသွားကြသည်။ ယင်းတို့ထဲမှ ဝိညာဉ်ချည်မျှင်တချို့ဆိုလျှင် အမြစ်ဖြတ်သုတ်သင်ခံလိုက်ရပြီး ဤလျှို့ဝှက်နယ်မြေထဲမှာ အရိပ်များ ဖြစ်လာကြသည်။

သို့သော်လည်း ရွှီချင်း၏ အလျင်က ပေါက်ကွဲထွက်လာနေဆဲပင်။

လျှပ်တစ်ပြက်အတွင်းမှာ သူက ပေသုံးထောင်သို့ ရောက်ရှိသွားသည်။ ထိုမှတဖန် ပေနှစ်ထောင်သို့ ရောက်ရှိသွားသည်။

ရွှီချင်း၏ ဝိညာဉ်ချည်မျှင်(၉၀)ရာခိုင်နှုန်းက လောင်ကျွမ်းသွားပြီး ပျောက်ကွယ်သွားသည့်အခါ နောက်ဆုံးမှာတော့ သူက အကွာအဝေးကို ဖြတ်ကျော်နိုင်သွားသည်။

သူက အနီရောင်ဖယောင်းတိုင်၏ အပေါ်မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။

ထိုနေရာတွင် သူက မျက်လုံးမှိတ်ထားပြီး အောက်ဘက်မှ ဖယောင်းတိုင်မီးဆီသို့ ဆင်းသက်သွားသည်။

သူက ရုပ်ခန္ဓာကိုယ်ကို အသုံးပြု၍ ထိုမီးကို ငြိမ်းသတ်ပစ်ချင်သည်။

ဖယောင်းတိုင်မီးသည်လည်း ဤအခိုက်အတန့်မှာ တဖျပ်ဖျပ်လှုပ်ယမ်းလာသည်။ ရွှီချင်းက ၎င်းနားသို့ ချဉ်းကပ်လာနိုင်လိမ့်မည်ဟု မမျှော်လင့်ထားသည့်အလားပင်။

သေလမ်းဆီသို့ ကိုယ့်ဘာသာ လျှောက်သွားသော ဤလုပ်ရပ်နှင့် စိတ်ပျက်အားငယ်မှုက ၎င်းနားလည်ထားသော အရာများထဲမှာ မပါဝင်ပေ။

နောက်အခိုက်အတန့်မှာ အနီရောင်ဖယောင်းတိုင်မှ မီးတောက်များက အပြင်းအထန် တောက်လောင်လာပြီး အောက်သို့ ဆင်းသက်လာနေသော ရွှီချင်း၏ ခန္ဓာကိုယ်ကို တားဆီးလိုက်သည်။ တစ်ချိန်တည်းမှာ ပိုမိုပြင်းထန်သော မီးတောက်များက ဘေးပတ်ဝန်းကျင်မှ စုဝေးရောက်ရှိလာကြပြီး ရွှီချင်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

သူ၏ ရုပ်ခန္ဓာကိုယ်က ပြဿနာမရှိသော်လည်း မီးတောက်များက ရွှီချင်း၏ ခန္ဓာကိုယ်မှတဆင့် သူ၏ အသိစိတ်ပင်လယ်ထဲမှာ စုဝေးသွားပြီး ဗလာနတ္ထိကုန်းမြေဆီသို့ စိမ့်ဝင်သွားသည်။

သူ၏ ဝိညာဉ်ချည်မျှင်များက ပိုမိုမြန်ဆန်စွာ လောင်ကျွမ်းလာပြီး လုံးဝကုန်ဆုံးသွားရန် သိပ်မလိုတော့ပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွှီချင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့အောက်မှ အနီရောင်ဖယောင်းတိုင်ကို စိုက်ကြည့်လိုက်သည်။

“ မင်းနဲ့ မျက်နှာဖုံးကြားက ဆက်ဆံရေးကို ငါမသိဘူး… ဒါပေမဲ့ မင်းမှာ အသိစိတ်ရှိတာကို ငါသိတယ်… ဒါကြောင့် မင်းကို အမြစ်ဖြတ်သုတ်သင်ပစ်မယ်လို့ တမင်ငါပြောခဲ့တာ… အဲ့ဒါမှ မင်းက ငါချဉ်းကပ်တာကို မတားဆီးတော့မှာ ”

“ ပြီးတော့ ငါမင်းကို လိမ်မပြောခဲ့ဘူး… ”

ရွှီချင်း၏ မျက်လုံးက အရောင်တောက်ပလာသည်။

“ ဆန္ဒပြုရုံကလွဲလို့ ငါ့မှာ တခြားရွေးချယ်စရာမရှိတော့ဘူးလို့ မင်းထင်နေလား ”

ရွှီချင်းသည် လောကဇစ်မြစ်လျှို့ဝှက်နယ်မြေဆီသို့ ဝင်ရောက်ပြီးနောက် အကျိုးအမြတ်များစွာကို ရရှိခဲ့သည်။

ပထမဆုံး သူက ကြယ်တာရာစက်ဝန်း(၃၆)ခု၏ မြေပုံကို မြင်တွေ့ခဲ့သည်။

မြေပုံက အလွန်ကျယ်ပြောပြီး သူ၏ အသိပညာနယ်နိမိတ်ကို တိုးချဲ့ပေးခဲ့သည်။

ဒုတိယမှာ ရွှယ်ချန်းဇီ၏ ကမ္မချည်မျှင်များထဲတွင် အဖြူရောင်ဖုန်က အဘယ့်ကြောင့် ထွက်ပေါ်လာရကြောင်း သူရှာတွေ့သွားသည်။

ယင်းက ထူးဆန်းသော ဆန္ဒမျက်နှာဖုံးကြောင့် ဖြစ်သည်။

အမည်မသိအကြောင်းအရင်းတချို့ကြောင့် အနီရောင်ဖယောင်းတိုင်က ရက်စက်ကြမ်းကြုတ်လာပြီး သူ့ကို ဤနေရာမှ ထွက်သွားခွင့်မပေးပေ။ သို့သော်လည်း ဆန္ဒပြုခြင်းက ရွှီချင်း၏ ဦးစားပေးရွေးချယ်မှု မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ခန့်မှန်းမှုတစ်ခုက ရွှီချင်း၏ စိတ်ထဲမှာ အချိန်အတော်ကြာအောင် ရစ်ဝဲနေသောကြောင့် ဖြစ်သည်။

အရာအားလုံးက ဖော်ထုတ်ခံရရန် အဖုံးဟထားပြီးသား ဖြစ်သည်။

အစောနက အခြေအနေကို ပြန်လည်သုံးသပ်ကြည့်သည့်အခါ ဤနေရာမှ ထွက်သွားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းက ဆန္ဒပြုရန် ဖြစ်သည်။

ဤသည်မှာ အနီရောင်ဖယောင်းတိုင်က သူ့အား ခွင့်ပြုပေးထားသော ရွေးချယ်မှုဖြစ်သည်။

ထိုသို့ဆိုမှတော့ ရွှီချင်းက ယင်းကို မဆင်မခြင် မဆုံးဖြတ်သင့်ပေ။

မျက်နှာဖုံးကို သူမလေ့လာရသေးခင် ၎င်းကို အသုံးမပြုချင်ပေ။

မည်သို့ဖြစ်ပါစေ ထိုပစ္စည်းက ထူးခြားဆန်းကြယ်သည်။ ရွှီချင်း၏ နားလည်ထားမှုအရ ဤလောကတွင် မည်သည့်အရာမှ အလကားမရနိုင်ပေ။ အထူးသဖြင့် ဆန္ဒများကို ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။ ထိုအတွက် သင့်တင့်သော တန်ကြေးတစ်ခုကို သေချာပေါက် ပြန်ပေးဆပ်ရလိမ့်မည်။

ဆန္ဒပေါ်မူတည်ပြီး တန်ကြေးက ကွဲပြားခြားနားသွားနိုင်၏။

ထို့ပြင် ဆန္ဒမျက်နှာဖုံးက အသိဉာဏ်ရှိပြီး သက်မဲ့အရာဝတ္ထုတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ၎င်းက ဉာဏ်များပြီး ကောက်ကျစ်စဉ်းလဲရန် ဖြစ်နိုင်ခြေများသည်။

ဆန္ဒပြုသည့် တန်ကြေးအပါအဝင် မျက်နှာဖုံးနှင့်ပတ်သက်သော မည်သည့်အရာကိုမှ သူသေချာမသိထားပေ။

တန်ကြေးက တစ်စုံတစ်ယောက်၏ အသက်ဓာတ်ဖြစ်နိုင်သလို ကပ်ဘေးဒုက္ခလည်း ဖြစ်နိုင်သည်။ ယင်းက တစ်စုံတစ်ယောက်၏ မိတ်ဆွေများ သို့မဟုတ် တစ်စုံတစ်ယောက်၏ မှတ်ဉာဏ်များနှင့် ဝိညာဉ်လည်း ဖြစ်နိုင်သည်။

ဘာမှမသိခြင်းက ဘာမဆိုဖြစ်နိုင်သည်ဟု အဓိပ္ပာယ်ရ၏။

သို့ဖြစ်၍ ဆန္ဒမပြုခင် ပေးဆပ်ရမည့် တန်ကြေးကို အရင်ဆုံး သူသိထားရမည်။

သို့မှသာလျှင် သူက ဆန္ဒပြုသင့် မပြုသင့် ဝေဖန်ပိုင်းခြားနိုင်လိမ့်မည်။

ထိုအကြောင်းအရင်းကြောင့် ရွှီချင်းက သူ၏ ဆန္ဒကို မပြောဘဲ မျက်နှာဖုံးကို သိမ်းဆည်းထားခြင်း ဖြစ်သည်။

သို့ဖြစ်၍ သူက ဆန္ဒမပြုဘဲ ဤနေရာမှ ထွက်သွားချင်သည်ဆိုလျှင် လက်ရှိအခြေအနေမှ ရုန်းထွက်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားရလိမ့်မည်။ သိပ်မကြာမီ သူက နည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့သည်။

ယင်းက အန္တရာယ်၏ ဇစ်မြစ်ဖြစ်သော အနီရောင်ဖယောင်းတိုင်ဆီသို့ ချဉ်းကပ်သွားရန် ဖြစ်သည်။ ထို့နောက် သူက ရုပ်ခန္ဓာကိုယ်ကို အသုံးပြုပြီး ဖယောင်းတိုင်မီးကို ငြိမ်းသတ်ပစ်လိမ့်မည်။

ယင်းက သေလမ်းထဲမှ လွတ်မြောက်လမ်းကို ရှာဖွေခြင်း ဖြစ်သည်။

သို့သော်လည်း ထိုအတွက် အရင်ဆုံး သူလုပ်ဆောင်ရမည်မှာ ဖယောင်းတိုင်နားဆီသို့ ချဉ်းကပ်သွားရန် ဖြစ်သည်။

သို့ဖြစ်၍ ရွှီချင်းက အမြစ်ဖြတ်သုတ်သင်ပစ်မည်ဟု တမင်ပြောခဲ့ခြင်း ဖြစ်သည်။ သို့မှသာ အသိဉာဏ်ရှိသော အနီရောင်ဖယောင်းတိုင်က သူ့ကို ဖြတ်ကျော်ခွင့်ပြုလိမ့်မည်။

ထိုနည်းလမ်းကို ရွေးချယ်ခဲ့ရသည့် နောက်ထပ်အကြောင်းအရင်းတစ်ခု ရှိသေးသည်။

ယင်းက သူ့ရုပ်ခန္ဓာကိုယ်၏ စွမ်းအားကို အလွန်ယုံကြည်ထားခြင်း ဖြစ်သည်။

ကြယ်မြေပုံအရ အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲတွင် ရှေးဦးအပျက်အစီးသည် အရှေ့၊ အနောက်၊ တောင်ဘက်နှင့် မြောက်ဘက်မှ ကြောက်စရာကောင်းသော အမှတ်အသားလေးခုကို ဆွဲဆောင်ထားသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် မျက်နှာပျက်ကြီးက မည်မျှကြောက်စရာကောင်းကြောင်း စိတ်ကူးကြည့်နိုင်သည်။

ထို့ကြောင့် ရှေးဦးအပျက်အစီး၏ အသွေးအသားများဖြင့် တည်ဆောက်ထားသော ဤခန္ဓာကိုယ်က ဖယောင်းတိုင်မီး၏ လောင်ကျွမ်းမှုကို သေချာပေါက် ခံနိုင်ရည်ရှိရမည်။

တစ်ခုတည်းသော အားနည်းချက်မှာ သူ၏ ဝိညာဉ်ဖြစ်သည်။

သူ၏ ဝိညာဉ်က ဖယောင်းတိုင်မီးကို ခံနိုင်ရည်မရှိပေ။

ထိုအချက်နှင့်ပတ်သက်ပြီး ရွှီချင်းက ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။

“ ဒါဆိုရင် မင်းကပဲ ငါ့ဝိညာဉ်ကို အရင်လောင်ကျွမ်းပစ်နိုင်မလား ဒါမှမဟုတ် ငါ့ခန္ဓာကိုယ်ကပဲ မင်းကို အရင်ငြိမ်းသတ်ပစ်နိုင်မလား ကြည့်ကြတာပေါ့ ”

သူ၏ စကားဆုံးသွားသည်နှင့် ဖယောင်းတိုင်မီး၏ ပြင်းထန်သော လောင်ကျွမ်းမှုအောက်မှာ ရွှီချင်းက လုံးဝတုံ့ဆိုင်းမနေတော့ပေ။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည့်အခါ သူက ဗလာနတ္ထိကုန်းမြေထဲမှ ပုံရိပ်ယောင်နတ်ဘုရားအခွင့်အာဏာအားလုံးကို အသက်သွင်းလိုက်သည်။

ထိုနတ်ဘုရားအခွင့်အာဏာများသည် နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားများမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ရွှီချင်းက ယင်းတို့ကို ဆင်ခြင်နားမလည်ရသေးသဖြင့် ယင်းတို့က မပြည့်စုံကြချေ။

ယင်းတို့က ရွှီချင်း၏ အပေါ်ပိုင်းအကန့်အသတ်ကို တိုးမြှင့်ပေးခဲ့သော်လည်း ရွှီချင်း၏ အဆင့်ချိုးဖြတ်မှုကို အဟန့်အတားဖြစ်စေသည်။ ထို့ကြောင့် ယင်းတို့ကို လောင်ကျွမ်းပစ်ခြင်းသည် သူ့အတွက် ဆိုးဝါးသော ကိစ္စမဟုတ်ပေ။

သို့သော်လည်း ရွှီချင်း၏ ဆုံးဖြတ်ချက်က အပြည့်အဝ မမှန်ကန်ပေ။

ပုံရိပ်ယောင်နတ်ဘုရားအခွင့်အာဏာများသည် အမှန်တကယ် လောင်ကျွမ်းနိုင်ပြီး ဖယောင်းတိုင်မီးအား ခုခံကာကွယ်နိုင်သော စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည်။ သို့သော်လည်း ယင်းတို့က အစစ်အမှန် နတ်ဘုရားအခွင့်အာဏာများ မဟုတ်ကြပေ။ ယင်းတို့က မှတ်တမ်းတင်ခံထားရသော မြင်ကွင်းတစ်ခုနှင့်ဆင်တူသည့် ပုံရိပ်ယောင် အမှတ်အသားများသာ ဖြစ်ကြသည်။

ယင်းတို့ကို မည်သို့လောင်ကျွမ်းပစ်ပါစေ အမှတ်အသားများက မပျောက်ကွယ်နိုင်ကြပေ။ အများဆုံး ယင်းတို့ထဲမှ အညစ်အကြေးများသာလျှင် လောင်ကျွမ်းသွားလိမ့်မည်။

ထို့ကြောင့် ဖယောင်းတိုင်မီး၏ ပြင်းထန်သော လောင်ကျွမ်းမှုအောက်မှာ ပုံရိပ်ယောင်နတ်ဘုရားအခွင့်အာဏာများ၏ အကျိုးသက်ရောက်မှုက ရွှီချင်း၏ မျှော်လင့်ထားမှုကို မဖြည့်ဆည်းပေးနိုင်ပေ။

ရွှီချင်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူက အရံအစီအစဉ်တစ်ခုကို ပြင်ဆင်ထားသေးသည်။

“ ကံကောင်းခြင်းနတ်ဘုရားအခွင့်အာဏာ ”

ရွှီချင်းက လုံးဝတုံ့ဆိုင်းမနေပေ။ သူက ကံကောင်းခြင်းနတ်ဘုရားအခွင့်အာဏာကို ချက်ချင်း ထုတ်လိုက်ပြီး ဖယောင်းတိုင်ဆီသို့ ပို့လွှတ်လိုက်သည်။

နောက်အခိုက်အတန့်မှာ ကံကောင်းခြင်းနတ်ဘုရားအခွင့်အာဏာက ဖယောင်းတိုင်မီးအောက်မှာ ချက်ချင်း လောင်ကျွမ်းသွားပြီး ပမာဏများပြားသော နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်ပေးလိုက်သည်။ ထိုနတ်ဘုရားစွမ်းအားက ဖယောင်းတိုင်မီးကို ခုခံတားဆီးပေးနေလေရာ ရွှီချင်း၏ ဝိညာဉ်က သွယ်ဝိုက်သော နည်းလမ်းဖြင့် ကာကွယ်ပေးခြင်းခံလိုက်ရသည်။

ထိုနည်းလမ်းသည် လွန်စွာ ရူးမိုက်သည်။

နတ်ဘုရားအခွင့်အာဏာတစ်ခုကို လောင်ကျွမ်းပစ်ခြင်းသည် ရှေးခေတ်ကာလကတည်းက အလွန်ရှားပါးသော ဖြစ်စဉ်တစ်ခုဖြစ်သည်။ မည်သို့ဖြစ်ပါစေ နတ်ဘုရားများသည် ၎င်းတို့၏ နတ်ဘုရားအခွင့်အာဏာများဖြင့် မခွဲခွာနိုင်ကြပေ။

ထို့ပြင် နတ်ဘုရားအခွင့်အာဏာများကို လောင်ကျွမ်းပစ်နိုင်သော မီးတောက်များက ပိုပြီးရှားပါးသေးသည်။ တစ်စုံတစ်ယောက်သည် ထိုသို့မီးတောက်များဖြင့် တွေ့ဆုံရန် ကံကြမ္မာကောင်းကို လိုအပ်သည်။

ဤအခိုက်အတန့်မှာ ကံကောင်းခြင်းနတ်ဘုရားအခွင့်အာဏာ၏ အကူအညီဖြင့် ရွှီချင်းက အချိန်အများကြီး ပိုရသွားသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သူက ဖယောင်းတိုင်မီးပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။

ဖယောင်းတိုင်မီးသည် အောက်ဘက်သို့ ချိုင့်ဝင်သွားပြီး ပိုပြီးပြင်းထန်စွာ လှုပ်ယမ်းလာသည်။ ၎င်းက ရွှီချင်း၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းပစ်ချင်သော်လည်း ထိုသို့မလုပ်နိုင်ပေ။ အနီရောင်ခန္ဓာကိုယ်က တဖြည်းဖြည်း အောက်သို့ နစ်မြုပ်လာနေသည်ကို ၎င်းက အကူအညီမဲ့စွာ ခွင့်ပြုပေးထားရသည်။

သို့သော်လည်း အနီရောင်ဖယောင်းတိုင်၏ ခုခံတားဆီးမှုက အားမနည်းသွားချေ။ ပိုမိုများပြားသော မီးတောက်များက ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်လာကြသည်။

ထိုမီးတောက်များက ရွှီချင်း၏ အသိစိတ်ပင်လယ်ကို လွှမ်းခြုံထားပြီး အပြင်းအထန် လောင်ကျွမ်းပစ်နေသည်။

မီးတောက်များ၏ အဆက်မပြတ် လောင်ကျွမ်းမှုအောက်မှာ ကံကောင်းခြင်းနတ်ဘုရားအခွင့်အာဏာ၏ စွမ်းအင်အများစုက လွင့်ပြယ်သွားပြီး အမျှင်တန်းတစ်ခုသာ ကျန်ရှိတော့သည်။

ထိုအမျှင်တန်းက ရွှေရောင်အလင်းတန်းဖြစ်ပြီး လုံးဝ လောင်ကျွမ်းမခံရပေ။

ထိုမြင်ကွင်းကို သတိပြုမိသောအခါ ရွှီချင်းက နှလုံးတုန်သွားသည်။ သို့သော်လည်း သူ့မှာ စဉ်းစားရန် အချိန်အများကြီး မရပေ။ ချက်ချင်းဆိုသလို သူက ကံကြမ္မာဆိုးနတ်ဘုရားအခွင့်အာဏာကို ချက်ချင်း အသက်သွင်းလိုက်သည်။ ကံကြမ္မာဆိုးနတ်ဘုရားအခွင့်အာဏာ၏ အစွမ်းသည် သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး ဖယောင်းတိုင်မီးကို ခုခံတားဆီးပေးလိုက်သည်။

ဝုန်းခနဲ မြည်သံက သူ၏ အသိစိတ်ပင်လယ်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ပိုမိုများပြားသော မီးတောက်များက သူ၏ အသိစိတ်ပင်လယ်ထဲသို့ စိမ့်ဝင်လာကြပြီး ပိုပြီးပြင်းထန်စွာ လောင်ကျွမ်းပစ်နေသည်။ သို့ဖြစ်၍ ကံကြမ္မာဆိုးနတ်ဘုရားအခွင့်အာဏာသည်လည်း မြန်ဆန်စွာ လွင့်ပြယ်သွားသည်။ နောက်ဆုံးမှာတော့ ၎င်းက အမျှင်တန်းတစ်ခုသာ ကျန်ရစ်တော့သည်။

တစ်ခဏ တုံ့ဆိုင်းနေပြီးနောက် ရွှီချင်းက နောက်ထပ် နတ်ဘုရားအခွင့်အာဏာကို ခရမ်းလအား ရွေးချယ်လိုက်သည်။

ခရမ်းလနတ်ဘုရားအခွင့်အာဏာသည် ရွှီချင်းကို ဝန်းရံသွားပြီး ဖယောင်းတိုင်မီးကို ခုခံတားဆီးပေးလိုက်သည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည်တော့ အနီရောင်ဖယောင်းတိုင်၏ မီးတောက်များဖြင့် အပြည့်အဝ လွှမ်းခြုံခံလိုက်ရသည်။ သူက အောက်သို့ ဆင်းလက် ဆင်းသက်သွားပြီး ဖယောင်းတိုင်၏ မီးစာကို ဖိချလိုက်သည်။

သို့ဖြစ်၍ မီးတောက်များက ပိုပြီးပြင်းထန်စွာ လှုပ်ယမ်းလာသည်။ ဤသည်မှာ ၎င်းတို့က နောက်ဆုံးရုန်းကန်မှုကို ပြုလုပ်တော့မည့်အလားပင်။ ရလဒ်အနေဖြင့် ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှ ခရမ်းလနတ်ဘုရားအခွင့်အာဏာက မြန်ဆန်စွာ လွင့်ပြယ်သွားသည်။

နောက်ဆုံးမှာတော့ ၎င်းက ပထမနတ်ဘုရားအခွင့်အာဏာနှစ်ခုကဲ့သို့ ရွှေရောင်အမျှင်တန်းတစ်ခုသာ ကျန်ရှိတော့သည်။

ရွှီချင်းက အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ အသံနတ်ဘုရားအခွင့်အာဏာကို ထုတ်လွှတ်တော့မည့်အချိန် သူ၏ မျှော်လင့်ထားမှုထက် ကျော်လွန်သော မြင်ကွင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက အနီရောင်ဖယောင်းတိုင်ပေါ်ကိုလည်း ကြီးကြီးမားမား သက်ရောက်မှုရှိသည်။

ကံကောင်းခြင်း၊ ကံကြမ္မာဆိုး၊ ခရမ်းလ…

ထိုနတ်ဘုရားအခွင့်အာဏာသုံးခုက ရွှေရောင်အမျှင်တန်းများအဖြစ် လောင်ကျွမ်းခံလိုက်ရကြသည်။ ဤအခိုက်အတန့်မှာ ထိုရွှေရောင်အမျှင်တန်းသုံးမျှင်က အတူတကွ ယှက်ထွေသွားကြသည်။

ယင်းတို့က ပေါင်းစပ်သွားခြင်းမဟုတ်သော်လည်း အတူတကွ ယှက်ထွေသွားနေစဉ် ယင်းတို့ထံမှ ထုတ်လွှတ်လိုက်သော ရွှေရောင်အလင်းက လွန်စွာ ထွန်းလင်းတောက်ပသည်။ ယင်းက ဖယောင်းတိုင်မီးကို တဒင်္ဂ ရပ်တန့်သွားစေသည်။

အလွန်အံ့ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည်လည်း အတူတကွ ယှက်ထွေနေကြသော ရွှေရောင်အမျှင်တန်းသုံးမျှင်ထံမှ ထွက်ပေါ်လာသည်။

ထိုအရှိန်အဝါသည် အချိန်နှင့်လေဟာနယ်ထက် သာလွန်ပြီး သက်ရှိအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိပုံပေါ်သည်။ သို့သော်လည်း ယင်းက မပြည့်စုံသေးဟန် ရ၏။

သို့သော်လည်း ယင်းက မပြည့်စုံသေးသည့်တိုင်အောင် ထိုအရှိန်အဝါက အလွန်ကြောက်စရာကောင်းသည်။ ယင်းက ဤဘဝတွင် ရွှီချင်းမြင်ခဲ့ဖူးသမျှ နတ်ဘုရားအခွင့်အာဏာအားလုံးထက် သာလွန်သည်။

အသေးစိတ်ကိုတော့ ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို မထုတ်လွှတ်နိုင်ခင် ထိုအရှိန်အဝါက ချက်ချင်း ပျောက်ကွယ်သွားသည်။

ဤသည်မှာ ယင်းတို့က အကြောင်းအရင်းတချို့ကြောင့် အတူတကွ ယှက်ထွေသွားရုံမျှသာဖြစ်ပြီး အမှန်တကယ် မပေါင်းစပ်နိုင်သည့်အလားပင်။

ဤအခိုက်အတန့်မှာ တဒင်္ဂ ယှက်ထွေသွားပြီးနောက် ယင်းတို့က ပြိုကွဲသွားတော့မည့် လက္ခဏာကို ဖော်ပြလာသည်။

ရွှီချင်းက နှလုံးတုန်သွားသည်။ သူက အတူတကွ ယှက်ထွေနေသော နတ်ဘုရားအမျှင်တန်းသုံးမျှင်ကို သူ၏ အသိစိတ်ပင်လယ်ထဲမှ မီးတောက်များဆီသို့ ချက်ချင်း ပို့လွှတ်လိုက်ပြီး လောင်ကျွမ်းခံနေရသော သူ၏ ဝိညာဉ်ကို ကာကွယ်ပေးစေသည်။

မီးတောက်များက ချက်ချင်း တစ်ဟုန်ထိုး အားကောင်းလာသည်။ အနီရောင်ဖယောင်းတိုင်သည် ငြိမ်းသတ်ခံရတော့မည်ကို စိုးရိမ်သောကြောင့် မီးတောက်များကို အရူးအမူး ထုတ်လွှတ်လိုက်သည်။ ဖယောင်းတိုင်၏ အရွယ်အစားက သေးငယ်သွားစဉ် ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှ မီးတောက်များက တစ်ဟုန်ထိုး လောင်ကျွမ်းလာသည်။

မီးတောက်များ၏ အဆက်မပြတ် လောင်ကျွမ်းမှုအောက်မှာ ပြိုကွဲသွားတော့မည့် နတ်ဘုရားအမျှင်တန်းသုံးမျှင်က ချက်ချင်းဆိုသလို ပြန်ယှက်ထွေသွားပြီး အတူတကွ ပေါင်းစပ်တော့မည့် လက္ခဏာကို ဖော်ပြလာသည်။

All Chapters