နာမည်ကျော်ကြားလာခြင်း
Vol. 97 Ch. 1504
ရွှီချင်းသည်လည်း အကူအညီမဲ့မှုကို ခံစားမိသည်။
သူ၏ အကျင့်စရိုက်အရ ထိုသို့သူမပြောချင်ပေ။
သို့သော်လည်း ယင်းက ဧကရီ၏ အမိန့်တော် မဟုတ်ပါလော။
ဧကရီ၏ စကားအရ ဧကရီက သူ့ကို ပွဲထုတ်ချင်နေကြောင်း ထင်ရှားသည်။ သူက ဧကရီ၏ ကြင်နာမှုကို ရရှိထားမှတော့ ဧကရီ၏ အမိန့်အတိုင်း လုပ်ဆောင်ရုံမှလွဲ၍ သူ့မှာ တခြားရွေးချယ်စရာမရှိပေ။
သို့ဖြစ်၍ သူက စီနီယာအကိုကြီး၏ မောက်မာထောင်လွှားသော လေသံနှင့် နည်းလမ်းများကို အတုခိုးလိုက်ခြင်း ဖြစ်သည်။
တခြားလူများ၏ အမြင်တွင် သူက မောက်မာထောင်လွှားရုံသာမက ရိုင်းစိုင်းသူလည်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ အုပ်ချုပ်သူတောင်၏ တောင်ခြေတွင် လက်နောက်ပစ်လျက် မတ်တတ်ရပ်နေသော ရွှီချင်း၏ ပုံရိပ်က လူတိုင်းအပေါ် အလွန်လွှမ်းမိုးဖိနှိပ်သော ခံစားမှုကို ပေးသည်။
သူက မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူအပေါ် ထိုစကားများ အမှန်တကယ် ပြောခဲ့သည်။
နောက်အခိုက်အတန့်မှာ ဒေါသပုန်ထသွားကြသော ကျင့်ကြံသူများသည် တောင်ပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းလာကြသည်။ သူတို့အားလုံးက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြပြီး ရွှီချင်းကို စူးစိုက်ကြည့်လိုက်ကြသည်။
ထိုသို့ဖိအားဖြင့် ရင်ဆိုင်ရသောအခါ ရွှီချင်းက သတိကြီးစွာထားလိုက်သည်။ သို့သော်လည်း သူက ယင်းကို သူ၏ မျက်နှာပေါ်မှာ မဖော်ပြပေ။ ယင်းအစား သူက မျက်လုံးပင် မှိတ်ထားလိုက်သေးသည်။
ထိုအပြုအမူက မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် အဖိုးအိုကို ဒေါသထွက်စွာ ရယ်သွားစေသည်။
“ ကောင်းတယ်… ကောင်းတယ်… ကောင်းတယ် ”
ရွှီချင်း၏ စကားနှင့် မောက်မာထောင်လွှားသော အပြုအမူက အဖိုးအို၏ မျက်လုံးထဲမှာ အေးစက်စက် အလင်းကို ထွက်ပေါ်လာစေသည်။ သူ့ဘဝတစ်လျှောက်တွင် ထိုသို့မောက်မာထောင်လွှားသော လူတစ်ယောက်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်ပေ။
သို့သော်လည်း ထိုသို့ပြောခဲ့သော လူအများစုက တမလွန်သို့ ရောက်ရှိသွားခဲ့ကြသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းက မျက်လုံးမှိတ်လိုက်ကြောင်း မြင်သွားသောအခါ အဖိုးအိုက သူ၏ ညာလက်ကို မြှောက်လိုက်သည်။ နောက်အခိုက်အတန့်မှာ ကောင်းကင်၏ အရောင်က ပြောင်းလဲသွားပြီး မြေပြင်က တုန်ယင်သွားသည်။ လေပြင်းမုန်တိုင်းက ဘေးပတ်ဝန်းကျင်မှာ တိုက်ခတ်လာသည်။
အဖိုးအိုက သူ၏ ညာလက်ကို အောက်သို့ ပြန်ချလိုက်သည်နှင့် တစ်ပြိုင်နက် ဧရာမလက်ဝါးပုံရိပ်က သူ၏ အနောက်မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။ ဧရာမလက်ဝါးပုံရိပ်က အလွန်ကြီးမားလေရာ ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားတော့မည့်ဟန် ရသည်။ ထို့နောက် လက်ဝါးပုံရိပ်က သူ၏ လက်နှင့်အတူ ရွှီချင်းဆီသို့ အမှုန့်ချေပစ်ရန် ဦးတည်သွားသည်။
ထိုလက်ဝါးသည် မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ဦး၏ အစွမ်းပြမှု ဖြစ်သည်။ အမှန်မှာ ထိုလက်ဝါးအောက်တွင် ဤနေရာမှ ဥပဒေသများနှင့် နိယာမများသည်ပင် ဆုတ်ဖြဲခံလိုက်ရသည်။
အက်ကွဲကြောင်းများက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြသည်။
ယင်းက ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ကြမ်းတမ်းသော လေပြင်းက သူ့ကို တိုက်ခတ်သွားသည့်အလား ရွှီချင်း၏ ဆံပင်ရှည်နှင့် ဝတ်စုံက တဖျပ်ဖျပ်လွင့်မျောသွားသည်။ သို့သော်လည်း ရွှီချင်းက မျက်လုံးမှိတ်ထားဆဲပင်။ သူက လုံးဝမလှုပ်ရှားပေ။
ဧရာမလက်ဝါးသည် ကြီးမားသော အဖျက်စွမ်းအားနှင့်အတူ ဆင်းသက်လာပြီး ဤဧရိယာတစ်ဝိုက်မှ အရာအားလုံးကို အပြင်းအထန် တုန်လှုပ်သွားစေသည်။
လူတိုင်း၏ မျက်စိအောက်တွင် အနက်ရောင်မီးတောက်များက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ထိုမီးတောက်များက သူ၏ ခြေထောက်အောက်တွင် မြန်ဆန်စွာ စုဝေးသွားကြပြီး ထွန်းလင်းတောက်ပသော အနက်ရောင်ကြာပွင့်တစ်ခုကို ဖန်တီးလိုက်သည်။ အနက်ရောင်ကြာပွင့်က အပြည့်အဝ ပွင့်လန်းသွားသည်နှင့် မရေမတွက်နိုင်သော မီးတောက်ပွင့်ချပ်များက ၎င်း၏ ဘေးပတ်ပတ်လည်မှာ ဝန်းရံသွားကြသည်။ ရွှီချင်း၏ တည်နေရာက ထိုကြာပွင့်၏ အလယ်ဗဟိုမှာ တည်ရှိသည်။
အနက်ရောင်မီးတောက်ကြာပွင့်က သူ့အတွက် ပြီးပြည့်စုံသော ခုခံကာကွယ်မှုဖြစ်ဟန် ရသည်။
ကြာပွင့်သည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသော ဧရာမလက်ဝါးပုံရိပ်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ကျယ်လောင်သော မြည်ဟိန်းသံက ဤဧရိယာတစ်ဝိုက်မှာ ပဲ့တင်ထပ်သွားသည်။
အနက်ရောင်ကြာပွင့်သည် ဆက်လက် လောင်မြိုက်နေဆဲပင်။ ၎င်း၏ ဘေးပတ်ပတ်လည်မှ ပွင့်ချပ်များသည်လည်း တဖျပ်ဖျပ်လှုပ်ခတ်နေဆဲပင်။
ကြာပွင့်ထဲမှ ရွှီချင်းသည်တော့ နည်းနည်းလေးမှ သက်ရောက်မခံလိုက်ရချေ။ သူ၏ ဆံခြည်မျှင်တစ်မျှင်ပင် ထိခိုက်သွားခြင်း မရှိပေ။ သူက မျက်လုံးမဖွင့်သေးဘဲ တည်ငြိမ်စွာ စကားပြောသည်။
“ နောက်ထပ်နှစ်ခါ ကျန်သေးတယ် ”
သူ၏ အသံက ပဲ့တင်ထပ်သွားသည့်အခါ အဖိုးအိုက မျက်မှောင်ကြုတ်သွားသည်။ အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင်ပေါ်မှ ကျင့်ကြံသူအများအပြားသည်လည်း အမူအရာပျက်ယွင်းသွားကြသည်။
လူတိုင်းသည် မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ဦး၏ တိုက်ခိုက်မှုကို ထိပ်တိုက်မရင်ဆိုင်ဝံ့ပေ။
ထိုသို့လုပ်ဆောင်ရန် ကြီးမားသော ခွန်အားကို လိုအပ်သည်။
သူတို့ထဲတွင် ကျောင်းတော်သားဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်က ရွှီချင်း၏ ဘေးပတ်ပတ်လည်မှ အနက်ရောင်မီးတောက်ကြာပွင့်ကို စူးစိုက်ကြည့်လိုက်သည်။ ယင်းကို ရင်းနှီးကျွမ်းဝင်သည်ဟု သူခံစားမိသည်။ ဤသည်မှာ ယင်းကို သူက စာအုပ်များထဲတွင် မြင်ဖူးသည့်အလားပင်။
မကြာမီ တစ်စုံတစ်ယောက်က ယင်းကို မှတ်မိသွားပြီး အလန့်တကြား အော်ပြောလိုက်သည်။
“ အဲ့ဒါက ငရဲကြာပွင့်ပဲ ”
“ အဲ့ဒါက မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ ခုခံကာကွယ်ရေး လျှို့ဝှက်အတတ်ပညာပဲ ”
ထိုသူက အလန့်တကြား အော်ပြောလိုက်သည့်အခါ ပိုမိုများပြားသော လူများက စာအုပ်များထဲမှာ ဖော်ပြထားသော မဟာဧကရာဇ်ငရဲမီးတောက်အကြောင်းကို ပြန်အမှတ်ရသွားကြသည်။
“ ရွှယ်ချန်းဇီက အဲ့ဒီလျှို့ဝှက်အတတ်ပညာကို တတ်ကျွမ်းထားတယ်လား ”
“ အုပ်ချုပ်သူလုလင်းဇီက အနောက်ပိုင်းမိစ္ဆာငှက်မွှေးဆီ ဒီလူကို ခေါ်ဆောင်လာတာ မထူးဆန်းတော့ပါဘူး… ဒီဟာကြောင့် ဒီကောင်က အဲ့လောက်မောက်မာထောင်လွှားနေတာကို ”
ဆူပူအုံကြွမှုက အရပ်မျက်နှာအဘက်ဘက်တွင် ထွက်ပေါ်လာသည်။ ရွှီချင်းက မျက်လုံးမှိတ်ထားလျက် တည်ငြိမ်စွာ ရပ်နေသည်။ လေထဲမှ အဖိုးအိုသည်တော့ ပိုပြီးတင်းကျပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။
ငရဲကြာပွင့်ကို သူကြားဖူးသည်။ ထိုလျှို့ဝှက်အတတ်ပညာက ခုခံကာကွယ်ခြင်းတွင် အလွန်အံ့ဖွယ်ကောင်းသည်ဟု ကောလဟာလ ရှိသည်။
သူက မျက်လုံးမှေးကျဉ်းလိုက်ပြီး လက်မြှောက်လိုက်ကာ ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလို သူ၏ ကျောပေါ်မှ မဟာလောကကိုးခုက ထွန်းလင်းတောက်ပလာကြသည်။ နောက်အခိုက်အတန့်မှာ မဟာလောကကိုးခုထဲမှ အမြင့်ဆုံး တောင်ထွတ်များက အပြင်သို့ ထွက်လာကြသည်။
ထိုတောင်ထွတ်ကိုးခုသည် ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ဒြပ်ထည်ဖွဲ့စည်းသွားကြပြီး သူတော်စင်ကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့ထွက်ပေါ်လာသည့်အခိုက် ကောင်းကင်နှင့် မြေပြင်ကြားမှ ဥပဒေသများက လှုံ့ဆော်ခံလိုက်ရသည်။ လျှပ်စီးနှင့် မိုးကြိုးက ကောင်းကင်ပေါ်မှာ အဆက်မပြတ် ထွက်ပေါ်လာကြသည်။
ထို့နောက် အဖိုးအိုက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည့်အခါ တောင်ထွတ်ကိုးခုက ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
ထိုမျှသာ မဟုတ်ပေ။ ဒုတိယမန္တန်ကို အသုံးပြုပြီးနောက် အဖိုးအိုက သူ၏ နဖူးကို ဖိချလိုက်သည်။ ချက်ချင်းဆိုသလို သူ၏ ကျောပေါ်မှ မဟာလောကကိုးခုက နောက်တစ်ကြိမ် တုန်လှုပ်သွားကြသည်။
ယင်းတို့က မရေမတွက်နိုင်သော ဥပဒေသများနှင့် နိယာမများကို ထုတ်လွှတ်လိုက်ကြသည်။ ယင်းတို့အားလုံးက ဤဘဝတွင် အဖိုးအိုနားလည်ထားခဲ့သော တာအိုများ ဖြစ်ကြသည်။
ယင်းတို့ထွက်ပေါ်လာပြီးနောက် အဖိုးအိုက အော်ပြောလိုက်သည်။
“ တာအိုက လှံခေါင်းအဖြစ် ပြောင်းသွားစေ ”
သူ့ကိုယ်ပိုင်တာအိုက သူ၏ အရှေ့တွင် ဧရာမလှံခေါင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် အဖိုးအို၏ နက်ရှိုင်းသော ဟိန်းသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
“ မဟာလောကတွေက လှံကိုယ်ထည်ဖြစ်လာစေ ”
မဟာလောကကိုးခုက အစီအစဉ်တကျ ဆက်သွယ်သွားကြသည်။ အဝေးမှကြည့်လျှင် ယင်းတို့က လှံတစ်ချောင်း၏ ကိုယ်ထည်နှင့် ဆင်တူပေသည်။
“ မန္တန်တွေက လှံရဲ့ ပန်းဖွားတွေအဖြစ် ပြောင်းသွားစေ ”
အဖိုးအိုက အော်ပြောလိုက်သည့်အခါ မရေမတွက်နိုင်သော မန္တန်များက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာကြသည်။ ယင်းတို့က ရောင်စုံအလင်းရောင်နှင့်အတူ ကမ္ဘာတုန်ဟီးစေမည့် လှံကို ဝန်းရံသွားကြသည်။
နောက်ဆုံးမှာတော့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အဖိုးအို၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လက်နှစ်ဖက်ကို အကြင်နာမဲ့စွာ တွန်းထုတ်လိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသော လှံသည် ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
အဖိုးအို၏ အစီအစဉ်သည် မန္တန်နှင့် နတ်ဘုရားစွမ်းရည်ကို ဒုတိယနှင့် တတိယလှုပ်ရှားမှုအဖြစ် တစ်ခါတည်း အသုံးပြုရန် ဖြစ်သည်။
သူက ထိုနည်းလမ်းကို အသုံးပြု၍ ဒဏ္ဍာရီလာ ငရဲကြာပွင့်ကို ဖြိုခွင်းပစ်ချင်သည်။
ကောင်းကင်၏ အရောင်က ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော အကြည့်များက ဤတိုက်ပွဲကို အာရုံစိုက်ထားကြသည်။ ရွှီချင်းထံသို့ အရင်ဆုံး ရောက်ရှိသွားသည်မှာ တောင်ထွတ်ကိုးခု ဖြစ်သည်။
ထိုတောင်ထွတ်ကိုးခုက အလွန်ကြီးမားသော်လည်း ယင်းတို့က အရှေ့သို့ ပျံသန်းသွားနေစဉ် အရွယ်အစား ကျုံ့သွားကြသည်။ နောက်ဆုံးမှာတော့ ယင်းတို့က ဧရာမဓားကိုးလက်ပမာ ပျံသန်းသွားကြပြီး ရွှီချင်းကို ဝန်းရံထားသော ငရဲကြာပွင့်နှင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။
ယင်းတို့၏ အရှိန်အဟုန်က တောင်ကြီးတစ်တောင်နှင့်ဆင်တူပြီး ယင်းတို့၏ စွမ်းအားက ပင်လယ်ကြီးပမာ အလွန်ကျယ်ပြောသည်။
ရွှီချင်းက တုန်ယင်သွားသည်။ လူတိုင်း၏ အကြည့်အောက်မှာ ငရဲကြာပွင့်က ထွန်းလင်းတောက်ပလာသည်။ အပြင်းအထန် လောင်ကျွမ်းနေသော မီးတောက်များအောက်မှာ တောင်ထွတ်ကိုးခုမှ ဖွဲ့စည်းသွားကြသော ဧရာမဓားကိုးလက်က မည်မျှထက်ရှပါစေ ရွှီချင်း၏ ခုခံကာကွယ်မှုကို လုံးဝမချိုးဖြတ်နိုင်ကြပေ။
ငရဲကြာပွင့်၏ မီးတောက်က ပေါက်ကွဲထွက်လာသည့်အခါ ဧရာမဓားကိုးလက်က အစစ်အမှန်မှ ပုံရိပ်ယောင်သို့ ပြန်ပြောင်းလဲသွားပြီး နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားကြသည်။
သို့သော်လည်း ယင်းတို့ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း ကြောက်မက်ဖွယ်ကောင်းသော လှံက ပုံရိပ်ယောင်အားလုံးကို ချိုးဖောက်ပြီး ရွှီချင်း၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာသည်။
လှံခေါင်းက တုနှိုင်းမဲ့သော ခွန်အားကို ဖွဲ့စည်းလိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အံ့ဖွယ်ကောင်းသော သက်ရောက်မှုက ပေါက်ကွဲသံနောက်မှ လိုက်ပါလာသည်။
ပြင်းထန်သော သက်ရောက်မှုအောက်မှာ ရွှီချင်းက မူလနေရာမှာ ဆက်ပြီး မရပ်နိုင်တော့ပေ။ သူက အတင်းအကျပ် အနောက်ဆုတ်သွားရသည်။
သူက အနောက်ဆုတ်သွားနေစဉ် ကြောက်မက်ဖွယ်ကောင်းသော လှံက တိုဟူးကို ဓားဖြင့် လှီးဖြတ်လိုက်သည့်အလား အရှေ့သို့ ဆက်လက် တိုးဝင်လာသည်။
ရွှီချင်းက ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်ပြီး ယင်းကို ခုခံကာကွယ်ရန် သူ့လက်ကို မြှောက်တင်လိုက်သည်။ သို့သော်လည်း လှံ၏ အလျင်က အလွန်မြန်ဆန်သည်။ ရွှီချင်းက လက်မမြှောက်နိုင်ခင်မှာ လှံက သူ၏ ရင်ဘက်ပေါ်သို့ ကျဆင်းသွားသည်။
လှံခေါင်းက သူ၏ ခန္ဓာကိုယ်ဖြင့် ထိတွေ့သွားသည့်အခိုက် ရွှီချင်းက တုန်ယင်သွားပြီး ထပ်မံ အနောက်ဆုတ်သွားရပြန်သည်။
ပေတစ်ရာ… ပေတစ်ထောင်… ပေငါးထောင်…
သူက အဝေးကြီးသို့ လွင့်စင်သွားသည်။
သို့သော်လည်း လှံခေါင်းက မည်မျှအားကောင်းပါစေ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ပေ။ ဤအခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်က ပေတစ်သောင်းအကွာအဝေးသို့ ရောက်ရှိသွားသည့်အခါ နောက်ဆုံးမှာတော့ လှံ၏ အရှိန်အဟုန်က လျော့ကျသွားသည်။ သူက အနောက်သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရပ်တန့်လိုက်သည်။
ချက်ချင်းဆိုသလို သူ၏ ရင်ဘက်ကို ထိုးဖောက်နေသော လှံခေါင်းက တုန်ယင်သွားပြီး အက်ကွဲသံများကို ထုတ်ဖော်လိုက်သည်။
လှံခေါင်းမှစတင်၍ အက်ကွဲရာများက စတင်ပျံ့နှံ့သွားသည်။ မကြာမီ လှံကိုယ်ထည်တစ်ခုလုံး အက်ကွဲရာများဖြင့် ပြည့်နှက်သွားသည်။ နောက်ဆုံးမှာတော့ ကျယ်လောင်သော မြည်သံနှင့်အတူ လှံက လုံးဝအက်ကွဲသွားသည်။
ထိုလှံ၏ စွမ်းအားက ဝိညာဉ်စုစည်းခြင်းအဆင့်၏ အထွတ်အထိပ်မှာ ရှိသော်လည်း အုပ်ချုပ်သူနယ်ပယ်ကိုတော့ မရောက်ရှိသေးပေ။
ကြမ်းတမ်းသော လေပြင်းက လောကကို တိုက်ခတ်သွားသည်။ ရွှီချင်းက ထိုနေရာမှာ ရပ်နေလျက် တည်ငြိမ်စွာ ပြောသည်။
“ ပြီးသွားပြီ ”
ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားသည်။
လေထဲတွင် အဖိုးအိုက ရွှီချင်းကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက တိတ်ဆိတ်စွာ ခေါင်းယမ်းလိုက်သည်။
သူက အနောက်လှည့်လိုက်ပြီး တောင်ပေါ်သို့ ပြန်သွားသည်။
ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပေတစ်သောင်းအကွာအဝေးကို ဖြတ်ကျော်သွားကာ အုပ်ချုပ်သူတောင်၏ တောင်ခြေဆီသို့ ပြန်ရောက်လာသည်။ သူက အရှေ့သို့ ခြေလှမ်းအနည်းငယ် ထပ်လျှောက်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး အုပ်ချုပ်သူတောင်ကို ကြည့်လိုက်သည်။
သူက စီနီယာအကိုကြီး၏ အပြုအမူနှင့် လေသံကို အတုခိုးလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ဒီနေရာမှာ သုံးရက်ပြည့်အောင် ငါထိုင်နေမယ်… တကယ်လို့ အုပ်ချုပ်သူအဆင့်အောက်က ဘယ်သူမဆို အုပ်ချုပ်သူအဆင့်ရတနာကို အသုံးမပြုဘဲ ငါ့ရဲ့ အကာအကွယ်ကို ဒီသုံးရက်အတွင်းမှာ ချိုးဖြတ်နိုင်တယ်ဆိုရင် ငါ့အရှုံးပဲ ”
အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင်ပေါ်မှ ကျင့်ကြံသူအားလုံးက နှုတ်ဆိတ်သွားကြသည်။
မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူတစ်ယောက်ပင် ရွှီချင်း၏ အကာအကွယ်ကို မချိုးဖြတ်နိုင်လေရာ တခြားဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူများသည်လည်း အကူအညီမဲ့သွားကြသည်။
ဆက်လက် တိုက်ခိုက်ခြင်းက အဓိပ္ပာယ်မရှိပေ။
မဟာလောကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူက ဤအုပ်ချုပ်သူတောင်ပေါ်မှာ တစ်ယောက်တည်းရှိခြင်း မဟုတ်ပေ။ သို့သော်လည်း အစောနက တိုက်ပွဲမှတဆင့် ရွှီချင်း၏ တိုက်ခိုက်စွမ်းရည်က သာမန်ဖြစ်သော်လည်း သူ၏ ခုခံကာကွယ်မှုက အလွန်အမင်း အံ့ဖွယ်ကောင်းကြောင်း သူတို့ကောက်ချက်ချနိုင်ခဲ့ကြသည်။
အကယ်၍ တစ်ဖက်လူက ထိုင်နေပြီး သူတို့ကို တိုက်ခိုက်ခိုင်းလျှင်ပင် သူတို့က ရွှယ်ချန်းဇီ၏ အကာအကွယ်ကို ချိုးဖြတ်ရန် ကူကယ်ရာမဲ့နေဦးလိမ့်မည်။
ထို့ပြင် သူတို့က တစ်ဖက်လူ၏ နည်းလမ်းအတိုင်း လိုက်လံလုပ်ဆောင်ပြီး ရွှယ်ချန်းဇီကို သူတို့အား ပြန်တိုက်ခိုက်ခိုင်းမည်ဆိုလျှင်ပင် ဘာမှမထူးခြားနိုင်ပေ။
ရွှယ်ချန်းဇီထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သော လူများသည် ထိုနည်းလမ်းကို လက်ခံကြလိမ့်မည် မဟုတ်ချေ။ ဤသည်မှာ သူတို့က ရွှယ်ချန်းဇီထက် နိမ့်ကျကြောင်း ဝန်ခံလိုက်ခြင်းနှင့်မခြားပေ။
သူတို့၏ ကျင့်ကြံခြင်းအဆင့်က မညီမျှလေရာ ရွှယ်ချန်းဇီက သူတို့၏ ခုခံကာကွယ်မှုကို မချိုးဖြတ်နိုင်သည်မှာ ယုတ္တိရှိပေသည်။
သို့သော်လည်း သူတို့အတွက်တော့ အကယ်၍ သူတို့က ဤနည်းလမ်းဖြင့် အနိုင်ရသွားမည်ဆိုလျှင် ယင်းက ရှုံးနိမ့်သွားခြင်းနှင့်မခြားပေ။
အမှန်မှာ ယင်းက ရှုံးနိမ့်သွားခြင်းထက်ပင် ပိုပြီးသိက္ခာကျစေလိမ့်မည်။
အရေးကြီးဆုံးမှာ ယင်းက ကျင့်ကြံသူအချင်းချင်းကြားမှ တိုက်ပွဲဖြစ်ဟန်ရသော်လည်း အမှန်မှာ ယင်းက အရှေ့ပိုင်းမိစ္ဆာငှက်မွှေးနှင့် အနောက်ပိုင်းမိစ္ဆာငှက်မွှေးကြားမှ အုပ်ချုပ်သူများ၏ အားပြိုင်မှုသာ ဖြစ်သည်။
သို့ဖြစ်၍ အုပ်ချုပ်သူတောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
အချိန်က နှေးကွေးစွာ စီးဆင်းသွားသည်။
မကြာမီ သုံးရက်ကုန်ဆုံးသွားသည်။
အနောက်ပိုင်းမိစ္ဆာငှက်မွှေးက ဆူပူအုံကြွသွားသည်။
ရွှီချင်းက မျက်လုံးဖွင့်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ တောင်ပေါ်မှ ကျင့်ကြံသူများ၏ စိတ်ရှုပ်ထွေးသော အကြည့်အောက်မှာ သူက မိုးကုပ်စက်ဝိုင်းဆီသို့ လျှောက်သွားသည်။ မကြာမီ သူက အမှတ်တစ်ဆယ့်ခြောက် အုပ်ချုပ်သူတောင်ဆီသို့ ဦးတည်သွားသည်။
သူက ချဉ်းကပ်ရောက်လာသည့်အခါ အမှတ်တစ်ဆယ့်ခြောက် အုပ်ချုပ်သူတောင်ပေါ်မှ ကျင့်ကြံသူများက ရန်လိုသော အကြည့်များဖြင့် သူ့အား ကြိုဆိုလိုက်ကြသည်။ ရွှီချင်းက ယင်းတို့ကို လျစ်လျူရှုထားပြီး တောင်ခြေမှာ တင်ပျဉ်ခွေထိုင်ချလိုက်ကာ တည်ငြိမ်စွာ ပြောသည်။
“ မင်းတို့ စည်းမျဉ်းကို သိထားပြီးလောက်မှာပါ ”
“ တကယ်လို့ အုပ်ချုပ်သူအဆင့်အောက်က ဘယ်သူမဆို အုပ်ချုပ်သူအဆင့်ရတနာကို အသုံးမပြုဘဲ ငါ့ရဲ့ အကာအကွယ်ကို သုံးရက်အတွင်းမှာ ချိုးဖြတ်နိုင်တယ်ဆိုရင် ငါ့အရှုံးပဲ ”
သုံးရက်ကြာပြီးနောက် ရွှီချင်းက ခေါင်းခါလိုက်ပြီး ထွက်သွားသည်။
ထိုသုံးရက်အတွင်းမှာ အမှတ်တစ်ဆယ့်ခြောက် အုပ်ချုပ်သူတောင်ပေါ်မှ ကျင့်ကြံသူအများအပြားက သူ့အား လာရောက်တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း သူတို့အားလုံး ကျရှုံးခဲ့ကြသည်။ နောက်ဆုံးမှာတော့ သူတို့က အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင်ကဲ့သို့ တိတ်ဆိတ်နေရန် ရွေးချယ်ခဲ့ကြသည်။
သို့ဖြစ်၍ ရွှီချင်းက အမှတ်တစ်ဆယ့်ငါး အုပ်ချုပ်သူတောင်ဆီသို့ ဦးတည်သွားပြီး ယခင်အတိုင်း တူညီစွာ လုပ်ဆောင်လိုက်သည်။
သူက အုပ်ချုပ်သူတောင်တစ်လုံးစီမှာ သုံးရက်ကြာအောင် နေခဲ့သည်။ လဝက်ကြာပြီးနောက် သူ၏ ပုံရိပ်က အမှတ်တစ်ဆယ် အုပ်ချုပ်သူတောင်ပေါ်မှာ ထွက်ပေါ်လာသည့်အခါ ရွှယ်ချန်းဇီ၏ နာမည်က အနောက်ပိုင်းမိစ္ဆာငှက်မွှေးတစ်ခုလုံးမှာ ပျံ့နှံ့သွားသည်။
လူတိုင်းက သူ့အကြောင်းကို သိသွားကြပြီး အနောက်ပိုင်းမိစ္ဆာငှက်မွှေးမှ လူတိုင်းက သူ့ကို အာရုံစိုက်လာကြသည်။
တူညီစွာပင် ရွှီချင်း၏ စွမ်းဆောင်ရည်များက အနောက်ပိုင်းမိစ္ဆာငှက်မွှေးမှာသာမက အရှေ့ပိုင်းမိစ္ဆာငှက်မွှေးဆီမှာလည်း ပျံ့နှံ့သွားသည်။
အရှေ့ပိုင်းမိစ္ဆာငှက်မွှေးကျင့်ကြံသူများက စိတ်လှုပ်ရှားသွားကြသည်။ သူတို့အများစုက ရွှယ်ချန်းဇီကို ကိုယ်တိုင်မြင်တွေ့ရန် နယ်ကျော်သွားကြပြီး အနောက်ပိုင်းမိစ္ဆာငှက်မွှေးဆီသို့ ရောက်ရှိလာကြသည်။
တစ်ချိန်တည်းမှာ အရှေ့ပိုင်းမိစ္ဆာငှက်မွှေး၏ အင်မော်တယ်အတတ်ပညာခန်းမထဲတွင်…
ယွဲ့တုန်က ခန်းမထဲမှာ တင်ပျဉ်ခွေထိုင်နေသည်။ ပြင်းထန်သော သွေးနံ့က အပြင်ဘက်မှ ထွက်ပေါ်လာပြီး ဤနေရာမှာ ပျံ့လွင့်သွားသည်။
မကြာမီ လမ်းလျှောက်သံများက ခန်းမအပြင်ဘက်မှာ ပဲ့တင်ထပ်သွားသည်။ ယွဲ့တုန်က မျက်လုံးဖွင့်လိုက်ပြီး အပြင်ဘက်ကို စိုက်ကြည့်လိုက်သည်။
ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော လူငယ်သည် ချစ်မေတ္တာဖြင့် ပြည့်နှက်နေသော အမူအရာဖြင့် အမြန်လျှောက်လာသည်။ သူက လက်ထဲတွင်လည်း ဦးခေါင်းပြတ်တစ်ခုကို ဆုပ်ကိုင်ထားသည်။
သူက ယွဲ့တုန်ဆီသို့ ချဉ်းကပ်သွားပြီးနောက် သိမ်မွေ့နူးညံ့စွာ ပြောသည်။
‘ တုန်အာ… ဒီသူခိုးက မင်းရဲ့ သရုပ်ကို မေးခွန်းထုတ်ရဲတယ်… သူ့ကို မင်းအတွက် ငါရှင်းထုတ်ပစ်လိုက်ပြီ… ဘာမှမစိုးရိမ်နဲ့… ငါမင်းအနားမှာ ရှိနေသရွေ့ အရှေ့ပိုင်းမိစ္ဆာငှက်မွှေးထဲက ဘယ်သူမှ မင်းကို ထိခိုက်အောင် မလုပ်နိုင်ဘူး ”
“ ဒါနဲ့ မင်းသိလား… ကိစ္စတစ်ခု ဖြစ်ပွားခဲ့တယ် ”
“ ရွှယ်ချန်းဇီကို မင်းမှတ်မိတယ်မလား… အဲ့ဒါတွေက ငါ့အမှားတွေပါ… အရင်တစ်ခေါက်က အဲ့ဒီလူယုတ်မာကို မင်းသတ်ပစ်နိုင်တော့မယ့်ဟာကို… ဒါပေမဲ့ ငါက မင်းကို ကြားဝင်နှောင့်ယှက်ခဲ့မိတယ်… ဟူး ”
“ ဒါပေမဲ့ အဲ့ဒီလူယုတ်မာက အခွင့်ကောင်းတစ်ခုကို ရရှိသွားပြီး ဒသမအုပ်ချုပ်သူရဲ့ နောက်လိုက်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး… အခု သူ့နာမည်က အနောက်ပိုင်းမိစ္ဆာငှက်မွှေးတစ်ခုလုံးမှာ ကျော်ကြားနေပြီ… သေစမ်း ”
“ ဒါပေမဲ့ မင်းမစိုးရိမ်ပါနဲ့… အဲ့ဒီလူယုတ်မာကို သတ်ပစ်ဖို့ မင်းကို သေချာပေါက် ငါကူညီပေးမယ် ”
ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်က ကျိန်ဆိုလိုက်သည်။
ယွဲ့တုန်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး အံ့ဩသွားသည်။ ဤအတောအတွင်းမှာ တစ်စုံတစ်ယောက်က သူ့အား အင်မော်တယ်အတတ်ပညာခန်းမ၏ ဩဇာအာဏာကို သိမ်းပိုက်ရန် ကူညီပေးခဲ့သည်။ ထို့ကြောင့် သူက အင်မော်တယ်အတတ်ပညာခန်းမထဲမှ အတတ်ပညာများကို လေ့လာရန် အာရုံစိုက်ထားခဲ့သည်။
သို့ဖြစ်၍ သူက အနောက်ပိုင်းမိစ္ဆာငှက်မွှေးမှ အဖြစ်အပျက်ကို မသိထားပေ။
ထိုစကားကို ကြားသောအခါ ယွဲ့တုန်က နှလုံးခုန်မြန်လာသည်။
“ ချင်းလေးက ဧကရီဆီကို တိတ်တဆိတ် ချဉ်းကပ်သွားတယ်လား… သူက သူ့ကိုယ်သူ နာမည်တစ်ခုရအောင်တောင် လုပ်လိုက်သေးတယ် ”
ဂျူနီယာညီလေးက နာမည်ကျော်ကြားလာပြီး သူ့ထက် သာလွန်သွားကြောင်း စဉ်းစားမိသွားသောအခါ အားညိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ကြီးမားသော ဖိအားနှင့် စိတ်ရှုပ်ထွေးမှုကို သူခံစားမိသွားသည်။
“ သူတို့က တစ်ယောက်သက်သက်စီ ရှိနေကြတာ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး အတူပူးပေါင်းသွားတာလဲ… ဘ