ပန်းများက တဖန် ပွင့်နိုင်သော်လည်း လူသည် နောက်တဖန် နုပျိုလိမ့်မည် မဟုတ်
Vol. 73 Ch. 1086
ဟွာရှို့နိုင်ငံ၏ အထွေထွေစစ်တပ် အချက်အလက်များအရ နိုင်ငံအတွင်း စင်ဂယ်(ဝါ) တစ်ကိုယ်တော် ကျင့်ကြံသူဦးရေသည် တစ်နှစ်ထက် တစ်နှစ် တိုးပွားလာခဲ့သည်။
လောလောဆယ်တွင် ဟွာရှို့နိုင်ငံအတွင်း၌ စင်ဂယ် ကျင့်ကြံသူပေါင်း 3 ဘီလီယံကျော် ရှိနေပြီ ဖြစ်သည်။
တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ဆိုလျှင်အရေအတွက်က ထိုထက်ပင် ပို၍ ရှိနေပေလိမ့်မည်။
ပိုမို အသေးစိတ်သော စုံစမ်းစစ်ဆေးမှု တစ်ခုတွင် စင်ဂယ် ဖြစ်ရခြင်းအတွက် အကြောင်းအမျိုးမျိုးကို ဖော်ပြခဲ့သည်။
စစ်တမ်းရလဒ်များအပေါ် အခြေခံ၍ စင်ဂယ် ဖြစ်ရသည့် ထိပ်တန်းအကြောင်းရင်း သုံးမျိုး ရှိသည်။
(၁) စင်ဂယ်ဖြစ်ရတာကို အသားကျသွားခြင်း၊
(၂) ဒုတိယအကောင်းဆုံး ဖြစ်ဖို့ ဆန္ဒမရှိခြင်း၊
(၃) ကျင့်ကြံခြင်းနယ်ပယ်အဆင့် သဟဇာတ မဖြစ်သောကြောင့် ကိုက်ညီမှုမရှိခြင်း၊
ပထမအကြောင်းအရင်းက ရှင်းပြဖို့ တော်တော် လွယ်သည်။
စင်ဂယ်အဖြစ် နေထိုင်ရတာကို စွဲလန်းသွားခြင်းမှာ လူတစ်ဦးသည် အချိန်အတော်အကြာ တစ်ကိုယ်တည်း နေထိုင်ပြီးနောက်တွင် တစ်ကိုယ်ရည်ဘ၀၌ အသားကျသွားခြင်းကြောင့် ဖြစ်၏။
တစ်ကိုယ်ရည် ဘ၀တွင် အသားကျသွားလျှင် အများနှင့် ပေါင်းသင်းဆက်ဆံရာ၌ မပြေလည်မှုများ ရှိလာနိုင်မည်ဖြစ်သည်။
အထူးသဖြင့် ထိုကဲ့သို့ လူမျိုးသည် ဆယ်ကျော်သက်အရွယ်တည်းက ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်သက်၍ စိတ်အားထက်သန်သူ ဖြစ်နိုင်ချေ နည်းပါးသည်။
၄င်းတို့ ကြီးပြင်းလာပြီးနောက်တွင် ၎င်းတို့ ပတ်၀န်းကျင်သည် ၄င်းတို့အတွက် ရှုပ်ထွေးသည့် ခံစားချက်များကို ဖြစ်ပေါ်လာစေသည်။
၄င်းတို့က ချစ်သူရည်းစား ထားဖို့ ဆုံးဖြတ်ထားလျှင်ပင် အချက်အလက်များစွာကို ထည့်သွင်းစဥ်းစားလေ့ ရှိသည်။
ထို့အပြင် ၄င်းတို့၏ ကိုယ်ပိုင်အချိန်များကိုလည်း အနှောင့်အယှက်အဖြစ် မခံနိုင်ကြချေ။
သင့်အနေဖြင့် ချစ်သူဖြင့် ချိန်းတွေ့သည့် အခါမျိုးတွင် အချိန်များကို သုံးစွဲရလေ့ ရှိသည်။
ယင်းက သင်၏ လွတ်လပ်ခွင့်ကို အတိုင်းအတာ တစ်ခုထိ ဖိနှိပ်ထားမည် ဖြစ်ပြီး သင်၏ အရာအားလုံးကို တခြားတစ်ယောက်နှင့် မျှဝေရမည်ဖြစ်သည်။
ဤကဲ့သို့ အရာမျိုးကို အလိုမရှိသူများသည် စင်ဂယ်ဖြစ်သည်ကသာ ပိုကောင်း၏။
အချိန်ကြာလာသည်နှင့်အမျှ ၄င်းတို့သည် စင်ဂယ်ဖြစ်ရခြင်းက အမှန်တကယ် ကောင်းကြောင်း သဘောပေါက်လာကြသည်။
အထူးသဖြင့် ဆက်ဆံရေး ညံ့ဖျင်းသူများသည် စင်ဂယ် ဖြစ်ရတာ ပိုအဆင်ပြေသည်ဟု ခံစားမိကြသည်။
ဒုတိယအချက်မှာ ဒုတိယအကောင်းဆုံးဖြစ်ရန် ဆန္ဒမရှိ၍ ဖြစ်၏။
တကယ်တမ်းတွင် ဤအကြောင်းပြချက်သည် နားလည်ဖို့အရမ်း လွယ်ကူသည်။
အဆုံးသတ်တွင် ကျင့်ကြံသူများသည် ၄င်းတို့၏ ကိုယ်လုံးကိုယ်ပေါက်နှင့် အသွင်အပြင်ကို ထိန်းသွင်းရန် စိတ်အားထက်သန်နေသ၍ ထာ၀ရ နုပျိုနေမည် ဖြစ်သည်။
အမျိုးသမီး ကျင့်ကြံသူများသည် အသက်ကြီးလာသည်နှင့် အမျှ ၄င်းတို့၏ ရုပ်ရည် ယိုယွင်းလာမည်ကို စိုးရိမ်စရာ မလိုပေ။
ထို့ကြောင့် မှန်ကန်သော ဖူးစာဖက်ကို ရှာဖွေရန် ပို၍ပင် မျှော်လင့်ခဲ့ကြသည်။
ဤသို့ဖြင့် အမျိုးသမီးများသည် ပိုမို ကောင်းမွန်သော ဖူးစာဖက်ကို စောင့်မျှော်ရင်း စင်ဂယ်များ ဖြစ်လာကြသည်။
အမျိုးသား ကျင့်ကြံသူများတွင်လည်း အလားတူပင် ဖြစ်၏။
၄င်းတို့က ၄င်းတို့၏ ဖူးစာဖက်ကို ရှာတွေ့နိုင်မည်ဟု ယုံကြည်ခဲ့ကြပြီး အရွေးလွန်နေတတ်ကြသည်။
စံနှုန်းကလည်း ဒုတိယ အကောင်းဆုံး မဟုတ်ဘဲ လူတကာထက် သာလွန်ရဦးမည် ဖြစ်၏။
ထို့ကြောင့် ကျင့်ကြံသူများသည် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျလေ့ မရှိဘဲ အပျိုကြီး၊လူပျိုကြီး ဖြစ်လာသည့် အချိန်အထိ စင်ဂယ် ဖြစ်နေတတ်ကြသည်။
တတိယ အကြောင်းရင်းမှာ ကျင့်ကြံခြင်းနယ်ပယ် အဆင့်များကြား ကွာဟချက် အလွန် ကြီးမားပါက ကျင့်ကြံသူနှစ်ဦး စတင် ချိန်းတွေ့သောအခါတွင် ပြဿနာများ အလွယ်တကူ ဖြစ်ပေါ်လာနိုင်ခြင်း ဖြစ်၏။
အသက်အရွယ်သည် ကျင့်ကြံသူများအတွက် ချိန်းတွေ့သော အခါတွင် ပြဿနာ မဟုတ်တော့ပေ။
နှစ်ရာကျော် အသက်ကွာနေလျှင်ပင် တစ်ယောက်ကို တစ်ယောက် သဘောကျသ၍ လက်ခံနိုင်မည် ဖြစ်သည်။
သို့သော်လည်း ကျင့်ကြံခြင်းအဆင့် အရမ်းကြီး မကွာဟသင့်ဟူသော စည်းမျဥ်းကို လိုက်နာရပေမည်။
ထိုစည်းမျဥ်းကို မလိုက်နာသော ကျင့်ကြံသူများသည် ၄င်းတို့၏ ချစ်သူနှင့် ချိန်းတွေ့ကြသော အခါတွင် မတော်တဆမှုများ ဖြစ်ပွားစေခဲ့သည်။
တစ်ခါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူကို စိတ်၀ိညာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက ချစ်မြတ်နိုးသည့် ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးသည်။
သို့သော် ကျင့်ကြံခြင်းနယ်ပယ်အဆင့် ကွာဟချက် အလွန်ကြီးမားသောကြောင့် စိတ်၀ိညာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူကို နမ်းလိုက်သောအခါတွင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူသည် လျှာပြတ်သွားခဲ့သည်။
ဆိုရလျှင် စင်ဂယ် ဖြစ်ရခြင်းအတွက် အကြောင်းပြချက်များစွာ ရှိ၏။
ဤတစ်ကြိမ် အိမ်ပြန်လမ်းတွင် ၀မ်လင်းသည် ခံစားချက်များ ရောပြွန်း နေခဲ့သည်။
သူက စိတ်အားထက်သန်စွာဖြင့် ဆဲလ်ဖုန်းပေါ်တွင် စင်ဂယ် ဖြစ်ရခြင်းနှင့် ပက်သက်သည့် အချက်အလက်များကို ရှာဖွေခဲ့သည်။
၀မ်လင်းတွင် စွန်းရုံကို ရှောင်နေရသည့် ကိုယ်ပိုင်အကြောင်းပြချက် ရှိသည်။
သူက စွန်းရုံ၏ ခံစားချက်များကို သိနှင့်နေသော်လည်း ကံမကောင်းစွာဖြင့် တတိယစည်းမျဥ်းသည် သူ့ကို အခက်တွေ့စေခဲ့သည်။
ထို့ကြောင့် မဖြစ်နိုင်သော အရာများကို တွေးတောနေမည့်အစား ၀မ်လင်းသည် ပစ္စုပ္ပန်ကို အာရုံစိုက်ကာ သူ၏ စွမ်းအားကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်မည့် နည်းလမ်းကို ရှာဖွေရန် အစွမ်းကုန် လုပ်ဆောင်သင့်သည်ဟု ခံစားခဲ့ရသည်။
ပန်းများက တဖန် ပွင့်နိုင်သေးသော်လည်း လူက နောက်တဖန် နုပျိုလိမ့်မည် မဟုတ်ပေ။
အမှန်တရားမှာ ၀မ်လင်းသည် ဆယ်ကျော်သက်အရွယ်ကတည်းကပင် လူများစွာက သူ့ကို နှစ်သက်သဘောကျလိမ့်မည်ဟု မှန်းဆမိခဲ့သည်။
ထို့ကြောင့် သူသည် အလယ်တန်း ကျောင်းသားဘ၀တွင် စင်ဂယ်ကျိန်စာဟု ခေါ်သော မှော်စွမ်းရည်ကို ဖန်တီးခဲ့ပြီး သူ့ကိုယ်သူ သက်ရောက်စေခဲ့သည်။
(မှတ်ချက်= ဤမှော်စွမ်းရည်သည် အိမ်ထောင်ရှိပြီးသား သူများအပေါ်တွင် သက်ရောက်မှုမရှိပေ။)
မှော်စွမ်းရည်၏ လုပ်ဆောင်ပုံမှာ အလွန်ပင် ရိုးရှင်းသည်။
အကယ်၍ တစ်စုံတစ်ဦးက သူ့ထံ ၀န်ခံလိုခဲ့လျှင် နှုတ်မှ ပြောသောစကားများသည် နှလုံးသားထဲရှိ စကားများနှင့် လုံး၀ မသက်ဆိုင်ဘဲ ဆန့်ကျင်ဘက် စကားလုံးများသာ ထွက်ကျလာလိမ့်မည် ဖြစ်၏။
၀မ်လင်းက အလယ်တန်းကျောင်းသား အရွယ်က ဤမှော်စွမ်းရည်ကို အမှတ်တမဲ့ ဖန်တီးခဲ့ခြင်း ဖြစ်၍ အနည်းငယ် ချို့ယွင်းချက် ရှိနေဆဲပင်။
ယင်းက အီလက်ထရောနစ် ပရိုဂရမ်တစ်ခု ကဲ့သို့ပင်။
ကုဒ်ရေးသားသူသည် ၄င်းရေးသားထားသော ကုဒ်များ၏ ဟာကွက်ကို ရှာဖွေပြီး စမ်းသပ်မှုများကို အဆက်မပြတ် လုပ်ဆောင်ကာ ဖြည်းဖြည်းချင်းဆီ ပြုပြင်ရသကဲ့သို့ ဖြစ်သည်။
၀မ်လင်းအနေဖြင့် စင်ဂယ် ကျိန်စာ၏ သက်ရောက်မှုကို မီးမောင်းထိုးပြမှုများ ရှိမှသာ လိုအပ်သည့် ကွက်လပ်များကို တစ်ခုပြီး တစ်ခု ဖြည့်နိုင်မည် ဖြစ်၏။
စင်ဂယ် ကျန်စာကို တီထွင်ခဲ့သည့် အလယ်တန်းကျောင်းသားအရွယ်ထဲက သူ့ကို ၀န်ခံဖို့ လူနှစ်ဆယ်ထက် မနည်း ကြိုးစားခဲ့ဖူးသည်။
ထို့ကြောင့် စင်ဂယ်ကျိန်စာကို အကြိမ် နှစ်ဆယ်ခန့် ထပ်ကာ တလဲလဲ ပြုပြင်ခဲ့သည်ဟု အကြမ်းဖျင်း တွက်ချက်နိုင်ပေသည်။
ဤသို့ဖြင့် စင်ဂယ်ကျိန်စာသည် ဟာကွက် အသေးဖွဲလေးများ ရှိကောင်းရှိနေနိုင်သော်လည်း ပြီးပြည့်စုံလုနီးပါး ဖြစ်လာခဲ့သည်။
သူ့အနေဖြင့် စင်ဂယ်ကျိန်စာကို အကြိမ်နှစ်ဆယ်ခန့်
ပြုပြင်ပြီး နောက်တွင် စွန်းရုံသည် သူ့ကို ၀န်ခံဖို့ပထမဆုံး ကြိုးစားခဲ့သူ ဖြစ်သည်။
အိမ်အပြန်လမ်းတွင် ၀ိညာဥ်ဘက်စ်ကားပေါ်တွင် ထိုင်ရင်း ၀မ်လင်းက သက်ပြင်းချလိုက်သည်။
သူ့အနေဖြင့် မနက်ဖြန် စွန်းရုံ၏ တုန့်ပြန်မှုကို စောင့်ကြည့်ရပေမည်။
သူက စင်ဂယ်ကျိန်စာကို အကြိမ်နှစ်ဆယ်ခန့် ပြုပြင်ထားသောကြောင့် ကျိန်စာနှင့်ပတ်သက်ပြီး ကြီးကြီးမားမား ပြသနာများ မရှိတော့ပေ။
စင်ဂယ်ကျိန်စာကို စတင် တီထွင်သောအခါက စင်ဂယ်ကျိန်စာတွင် ကြီးမားသော ချို့ယွင်းချက် ပါ၀င်နေကြောင်း ၀မ်လင်း အမှတ်ရမိသည်။
ယင်းမှာ ၀န်ခံသောလူ အပေါ်တွင် စင်ဂယ်ကျိန်စာက ယာယီသက်ရောက်သွားလိမ့်မည် ဖြစ်သည်။
ဆိုရလျှင် ယင်းက ကူးစက်တတ်သော ကျိန်စာ အမျိုးအစား ဖြစ်၏။
အဆုံးသတ်တွင် ထိုကျိန်စာ စွမ်းရည်သည် ၀မ်လင်း၏ အလယ်တန်း နေ့ရက်များအတွက် ကောင်းမွန်သောလေထုကို ဖြစ်ပေါ်စေခဲ့သည်။
သူ့ကို ဖွင့်ပြောဖို့ ကြိုးစားသူများသည် စင်ဂယ်ကျိန်စာ၏ သက်ရောက်မှုကို ခံရပြီး စင်ဂယ်များ ဖြစ်ကုန်ကြသည်။
ထို့ကြောင့် ၄င်းတို့က စင်ဂယ်များအဖြစ် တစ်သီးတသန့် နေထိုင်လာကြပြီး ကျောင်းစာကို အာရုံစိုက်ကာ လေ့လာခဲ့ကြသည်။
အဆုံးသတ်တွင် အလယ်တန်းကျောင်းရှိ ဆရာများပင် ချိန်းတွေ့ခြင်း မရှိကြတော့ဘဲ သင်ကြားရေးတွင်သာ အာရုံစိုက်ခဲ့ကြသည်။
၀မ်လင်းက ထိုအလယ်တန်းကျောင်းကို ရွေးချယ်ရသည့် ရည်ရွယ်ချက်သည် အမှန်တကယ်ပင် အလွန် ရိုးရှင်းသည်။
ယင်းက အမှတ်(၆၀)အထက်တန်းကျောင်းကို ရွေးချယ်ရသည့် အကြောင်းအရင်းကဲ့သို့ပင်။
ဆိုရလျှင် သူ၏အကြီးမားဆုံး ရည်ရွယ်ချက်သည် နိမ့်ကျသော ပရိုဖိုင်ကို ထိန်းသိမ်းထားရန် ဖြစ်သည်။
သို့သော်လည်း အတိအကျ ပြောရလျှင် ၀မ်လင်း၏
စင်ဂယ်ကျိန်စာကြောင့် လူတိုင်းသည် စင်ဂယ်များ ဖြစ်လာကြပီး သင်ကြားရေးတွင်သာ အာရုံစိုက်ခဲ့ကြသည်။
ဤသို့ဖြင့် သူတို့ အလယ်တန်းကျောင်းလေး၏ အဆင့်သတ်မှတ်ချက်သည် အောက်ဆုံးကနေ မြို့တစ်ခုလုံးရှိ ထိပ်တန်းကျောင်း သုံးကျောင်းအထိ တိုက်ရိုက် အဆင့် တက်လာခဲ့သည်။
၀မ်လင်း အလယ်တန်းပြီးသည့် နှစ်တွင် ထိုအလယ်တန်းကျောင်းလေးသည် ခြွင်းချက်အဖြစ် အဓိကမြို့ပြ အလယ်တန်းကျောင်း အဖြစ်သို့ အဆင့်မြှင့်တင် ခံခဲ့ရသည်။
အပိုင်း(၁၀၈၆) ပြီး၏