နံပါတ်တစ်
Vol. 73 Ch. 1088
စွန်းရုံ၏ အကြည့်ကို ခံစားမိသော အခါတွင်၀မ်လင်းသည် အလျင်အမြန်ပင် ပြတင်းပေါက်ကနေ အဝေးကို လှမ်းကြည့်နေသယောင် ဟန်ဆောင်လိုက်သည်။
စင်စစ် ၀မ်လင်းသည် စွန်းရုံကို တိတ်တဆိတ် စောင့်
ကြည့်နေခြင်း ဖြစ်၏။
သူက စွန်းရုံ၏မျက်နှာကို မကြည့်ပဲ သူမ၏တုန့်ပြန်မှုများကိုသာ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
စင်ဂယ်ကျိန်စာ အစပျိုးပြီးသည်နှင့် ကျိန်စာ၏အကျိုးသက်ရောက်မှုများသည် သုံးရက်နေပြီးမှသာ ပျောက်ကွယ်သွားမည် ဖြစ်၏။
အကယ်၍ ကျိန်စာတွင် ချို့ယွင်းချက် တစ်ခု ရှိနေခဲ့လျှင် ဤသုံးရက်အတွင်း ပေါ်လာမည် ဖြစ်သည်။
ထို့ကြောင့် စွန်းရုံထံတွင် ကျိန်စာ ချို့ယွင်းချက် အချိန်
ပြည့် ပေါ်လာနိုင်သည်ကို ၀မ်လင်းက စိုးရိမ်နေမိသည်။
သူက တစ်မနက်လုံး စိုးရိမ်နေခဲ့သော်လည်း ယခုအချိန်ထိ အရာအားလုံးက အဆင်ပြေနေခဲ့ကာ စွန်းရုံထံတွင် မည့်သည့် တုန့်ပြန်မှုမှ မပြသသေးပေ။
ထိုအခါမှပင် ၀မ်လင်းက သက်ပြင်းချနိုင်ခဲ့သည်။
စင်ဂယ်ကျိန်စာ၏ ချို့ယွင်းချက်ကို သူက လုံးလုံးလျားလျား ဖယ်ရှားပြီးပြီ ဖြစ်နိုင်လောက်သည်။
အဆုံးသတ်တွင် သူသည် အကြိမ် ၂၀ ခန့် ပြင်ဆင်ခဲ့ပြီးပြီ ဖြစ်သည်။
ထို့ကြောင့် ချို့ယွင်းချက် မရှိလောက်တော့ဟု ခံစားခဲ့ရပြီး ဘာမှစိုးရိမ် မနေတော့ပေ။
မနက်ခင်း သမိုင်း အတန်းချိန်တွင် ၀ိညာဥ်ရေးသွေးပြန်ကြောနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆရာ၀မ်က သင်ကြားပေးခဲ့သည်။
မထင်မှတ်ပဲ ဆရာမဖန်၏ နေ့လယ်ခင်း တာအို အစီအရင်သင်ခန်းစာတွင်လည်း ၀ိညာဥ်ရေး သွေးပြန်ကြောများနှင့် ပတ်သက်သည့် အကြောင်းအရာများကိုသာ ထပ်မံ ဖော်ပြခဲ့သည်။
ထို့ကြောင့် ၀ိညာဥ်ရေးသွေးပြန်ကြောနှင့် ပတ်သက်သည့် အချက်အလက်များသည် စာမေးပွဲတွင် အဓိကအကဲဖြတ်မည့် အချက်အလက်များ ဖြစ်လာနိုင်သည်မှာ စဥ်းစားစရာပင် မလိုအပ်ပေ။
စိတ်၀ိညာဥ်ချီ ခေတ် အစကတည်းကပင် နိုင်ငံအသီးသီးရှိ ကျင့်ကြံသူများသည် မြေအောက် ၀ိညာဥ်ရေး သွေးပြန်ကြောများကို ပိုမိုရှာဖွေ တွေ့ရှိခဲ့ကြသည်။
ဤ၀ိညာဥ်ရေး သွေးပြန်ကြောများကို အဆင့်ငါးဆင့်ဖြင့် ခွဲခြားနိုင်ပီး အမြင့်ဆုံးအဆင့်ဖြစ်သည့် ပဥ္စမအဆင့်ကို ကောင်းကင်အဆင့် သွေးပြန်ကြောများဟု ခေါ်ဆိုကြသည်။
လက်ရှိတွင် ကမ္ဘာတစ်၀န်း၌ ကောင်းကင်အဆင့်သွေးပြန်ကြောပေါင်း တစ်ထောင်ကျော်ကို တွေ့ရှိထား၏။
ကောင်းကင်သွေးပြန်ကြောများသည် ကမ္ဘာတစ်၀န်းလုံးတွင် ပြန့်ကျဲနေပီး အချို့ဆိုလျှင် ပင်လယ်နက်၏ အောက်ခြေ၌ ရှိနှင့်နေကြသည်။
ဟွာရှို့နိုင်ငံရှိ ကောင်းကင်သွေးပြန်ကြောများသည် စုစုပေါင်းအရေအတွက်၏ နှစ်ဆယ်ရာခိုင်နှုန်း ဖြစ်၏။
အခြေခံအားဖြင့် ဟွာရှို့နိုင်ငံ၏ မြို့တော်ကြီးများ အားလုံးသည် ကောင်းကင်သွေးပြန်ကြောများပေါ်တွင် အထိုင်ချထားခြင်း ဖြစ်သည်။
ဆိုရလျှင် ကောင်းကင်သွေးပြန်ကြောများသည် မြို့များအတွက် အရေးကြီးသော စွမ်းအင် အရင်းအမြစ် တစ်မျိုးလည်း ဖြစ်၏။
မြင့်မားသော အဆင့်ရှိသည့် မြေအောက်၀ိညာဥ်ရေးသွေးပြန်ကြောသည် သူ့ကိုယ်သူ ပြန်လည် ရှင်သန်နိုင်စွမ်း ရှိသည်။
တစ်နည်းဆိုရလျှင် မြေအောက်၀ိညာဥ်၏ သွေးပြန်ကြောများသည် သီအိုရီအရ ထုတ်လွှတ်မှုနှင့် အသုံးပြုမှုအကြား မျှတမှု ရှိနေသ၍ ဘယ်သောအခါမှ ခြောက်သွေ့နိုင်မည် မဟုတ်ပေ။
လက်ရှိကျင့်ကြံခြင်း ခေတ်တွင်မူ ကျင့်ကြံသူများသည် ၀ိညာဥ်ရေး သွေးကြောများမှ စွမ်းအားများကို တစ်နေ့ထက် တစ်နေ့ ပိုမို သုံးစွဲလာခဲ့ကြသည်။
ထိုကြောင့် ၀ိညာဥ်ရေးသွေးပြန်ကြော မည်မျှပင်ရှိနေပါစေ၊ ၄င်းတို့သည် တစ်ချိန်ချိန်တွင် ခမ်းခြောက်သွား လိမ့်မည်သာ ဖြစ်၏။
"ရှေးပဝေသဏီကတည်းက လူသားတွေ ကြုံတွေခဲ့ရတဲ့ ပြဿနာက သဘာ၀ပတ်၀န်းကျင်ကို ကာကွယ်ပြီး တချိန်တည်းမှာ ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်ရေး နည်းလမ်းကို ရှာဖွေဖို့ပဲ"
စတိတ်စင်ပေါ်ရှိ ဆရာမဖန်၏ အကြည့်သည် အလွန် လေးနက်နေခဲ့သည်။
ယနေ့တွင် ဆရာမဖန်သည် ၀ိညာဥ်ရေး သွေးပြန်ကြောများ
နှင့် ပတ်သက်၍ လေးနက်စွာ ဟောပြောလိမ့်မည်ဟု ကျောင်းသားများက မမျှော်လင့်ထားကြပေ။
ဤအကြောင်းအရာသည် တာအိုအစီအရင် သင်ခန်းစာ
နှင့် အနည်းငယ်သာ သက်ဆိုင်သော်လည်း တာ၀န်ခံဆရာများသည် ကျောင်းသားများ၏ စိတ်ဓာတ် နှင့် ကိုယ့်
ကျင့်တရားကိုလည်း ထည့်သွင်းစဥ်းစားရန် လိုအပ်၏။
ထို့ကြောင့် ဆရာမဖန်သည် ကျောင်းသားများကို မှန်ကန်သော အခြေခံအုတ်မြစ်ကောင်းများ တည်ဆောက်ပေးရန်အတွက် သူ၏အတန်းချိန်၌ အချိန်အချို့ကို အသုံးပြုရန် တွန့်ဆုတ်မနေခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ဤစာသင်နှစ်တွင် ကာယအတန်းချိန်များလည်း ရှိပါသေးသည် မဟုတ်ပါလော။
မကြာသေးမီက မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများကို အမြတ်ထုတ်ရန် အထူးပြုခဲ့သည့် ရာဇ၀တ်ဂိုဏ်း တစ်ဂိုဏ်း ပေါ်ပေါက်လာသောကြောင့် ယနေ့တွင် ဆရာမဖန်သည် မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများနှင့် ပတ်သက်
သည့် အကြောင်းကို ပြောပြနေခြင်း ဖြစ်သည်။
ထိုအဖွဲ့အစည်း၏ ဖွဲ့စည်းပုံမှာ အလွန်ပင် တင်းကျပ်သည်။
ဆိုရလျှင် ဤအဖွဲ့အစည်းသည် အင်မော်တယ်စံအိမ် ပြိုလဲပြီးနောက်တွင် အန္တရာယ်အရှိဆုံး ရာဇ၀တ်ဂိုဏ်းတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိ၏။
"၀ိညာဥ် သွေးပြန်ကြောတွေကို လုယူတာက သေခြင်းတရားကို ဦးတည်တဲ့လမ်း ဖြစ်တယ်.. အဖမ်းခံရရင် ထောင်ဒဏ်လောက်နဲ့ လုံလောက်မှာမဟုတ်ဘူး.. ချက်ချင်းလက်ငင်း သေဒဏ်ပေးခြင်းကို ခံရလိမ့်မယ်"
ဆရာမဖန်က လေးနက်စွာ ရှင်းပြလိုက်သည်။
"၀ိညာဥ် သွေးပြန်ကြောကို ခြောက်သွေ့စေတာက စွမ်းအား အရင်းအမြစ်ကို ဖြတ်တောက်လိုက်တာနဲ့ အတူတူပဲ.. ဒေသတွင်း စီးပွားရေးတွေကို ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်စေရုံသာမက ကျင့်ကြံသူတွေရဲ့လူနေမှုပတ်၀န်းကျင်ကိုလည်း ဆိုး၀ါးစွာ ထိခိုက်စေမှာ ဖြစ်တယ်.. ဒါ့အပြင် အရေးကြီးဆုံးအချက်က မြို့တော်တိုင်းရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ အတားအဆီးတွေကို ၀ိညာဥ်သွေးပြန်ကြောတွေရဲ့ အပေါ်မှာ တည်ဆောက်ထားခြင်း ဖြစ်တယ်.. ဒါကြောင့် မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောတွေကို လုယူလိုက်တာက မြို့တော်ကို ကာကွယ်ထားတဲ့ အတားအဆီးတွေရဲ့ တည်ငြိမ်မှုကို ထိခိုက်လာစေမှာ ဖြစ်ပြီး မြို့တော်ကို ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာစေလိမ့်မယ်"
"ဆရာမ.. ဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲဆိုတာ သိလား"
"နိုင်ငံတကာမှာ ရှိတဲ့ ရဲဌာနအသီးသီးရဲ့ ပူးပေါင်းစစ်ဆေးမှုအရတော့ ဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင်က လက်ရှိ အမှောင်နက်ဝေါ့ခ်ရဲ့ နံပါတ်တစ် ပုဂ္ဂိုလ်အသစ်လို့ သိရတယ်.. အခုအချိန်မှာတော့ သူ့အကြောင်း ငါတို့တွေ သိထားတာက အရမ်းနည်းပါး ပါသေးတယ်.. ဒီလူရဲ့ အရည်အချင်းကို ငါတို့ အတိအကျ မဆုံးဖြတ်နိုင်သေးဘူး.. အကြမ်းဖျင်း ခန့်မှန်းနိုင်ရုံပဲရှိသေးတယ်.. လက်ရှိမှာတော့ ၀ိညာဥ်ရေး သွေးပြန်ကြောတွေကို လုယူနေတယ်လို့ သံသယရှိတဲ့ ရာဇ၀တ်ကောင်ကို ရဲတပ်ဖွဲ့က နံပါတ်တစ်လို့ ကုဒ်အမည် တပ်ထားတယ်.. သိပ်မကြာခင်အချိန်အတွင်းမှာ ဒီလူကို ဖမ်းမိဖို့က သေချာပါတယ်"
၀ိညာဥ်ရေး သွေးပြန်ကြောတွေကို လုယူခြင်း ..
ထို့သို့သော အရူးမျိုး ပေါ်လာလိမ့်မည်ဟု ၀မ်လင်း မထင်ခဲ့မိချေ။
မြေအောက်၀ိညာဥ်၏ သွေးပြန်ကြောများကို ရှာဖွေရန်မှာ လွယ်ကူသည့် အလုပ်တော့ မဟုတ်ပေ။
၀ိညာဥ်ရေး သွေးပြန်ကြောများသည် အတော်လေး နက်
ရှိုင်းပီး ကမ္ဘာကြီး၏ အူတိုင်နှင့်ပင် အလွန်နီးကပ်သည်။
သာမန်လူတစ်ယောက်သည် ၀ိညာဥ်ရေး သွေးပြန်ကြောများကို လုံး၀ ထိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ၀ိညာဥ်ရေး သွေးပြန်ကြောများကို တူးဖော်ရန်အတွက် မြေကြီးအတွင်းသို့ ထိုးဖောက်၀င်ရောက်ရန် တိကျမှုမြင့်မားသော မှော်ရတနာများကို အသုံးပြုခဲ့သည်မှာ ထင်ရှား၏။
မှော်ရတနာများသည် စွမ်းအင်စုဆောင်းရာတွင် တိကျမှု နှုန်း မြင့်မားကြသည်။
မည်သို့ပင် ဖြစ်စေ မြေအောက် ၀ိညာဥ်ရေးသွေးပြန်ကြောများ၏ စွမ်းအင်များကို စုဆောင်းခြင်းသည် အလွန်အန္တရာယ်များသောအလုပ်ဖြစ်၏။
စွမ်းအင် အခြေစိုက်စခန်း တစ်ခု ပေါက်ကွဲလျှင် ထိုဘေးဒုက္ခသည် မြို့တစ်မြို့လုံးကို ဒုက္ခရောက်သွားစေမည်ဖြစ်သည်။
သို့သော် စွမ်းအင် အခြေစိုက်စခန်းတစ်ခု၏ ခုခံကာကွယ်ရေးများကြောင့် ဤကဲ့သို့သော အခြေအနေများသည် အခြေခံအားဖြင့် ဖြစ်ပေါ်လာမည် မဟုတ်ပေ။
ဤဂိုဏ်းက မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများကို တူးဖော်နိုင်ပုံ ထောက်လျှင် ထူးခြားသော နည်းလမ်းများ ရှိမည်မှာ သေချာသည်။
အတန်းထဲတွင် ဆရာမဖန် ပြောသည့် စကားကိုကြားပြီးနောက်တွင် ၀မ်လင်းသည် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေခဲ့သည်။
သိပ်မကြာသေးခင်ကစ၍ သူသည် ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရပေ။
၀မ်နွမ်၏ အရှုပ်အထွေးကို ဖြေရှင်းပြီး သိပ်မကြာခင်မှာပင် ၀ိညာဥ်ရေး သွေးပြန်ကြောများကို ခိုးယူသော ထူးဆန်းသည့်အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာပြန်သည်။
အခြားတစ်ဖက်တွင်လည်း ကျိုးရီသည် ပိုင်ယိုချွမ်ကို စစ်ဆေးပြီးနောက်တွင် အနည်းငယ်မျှပင် တိုးတက်မှု မရှိခဲ့ပေ။
ပိုင်ယိုချွမ်က ပါးစပ် အတော်လုံသည်ဟု ဆိုရမည်။
သူ၏ပါးစပ်ကနေ တစ်ခွန်းမျှ မဖွင့်ဟခဲ့ပေ။
ရဲများက သူ၏ မှတ်ဥာဏ်ကို အတင်းအကြပ် ထုတ်ယူလိုက်ချိန်မှာပင် အသုံး၀င်သည့် အချက်အလက်များကို မတွေ့ရှိခဲ့ပေ။
သို့သော် ပိုင်ယိုချွမ် အဖမ်းခံရပြီးနောက်တွင် အနက်ရောင် အရိပ် စစ်သည်များသည် ငြိမ်သက်သွားပုံရပြီး ၎င်းတို့ထံမှ ပြင်းထန်သည့် လှုပ်ရှားမှုများကို မတွေ့ရတော့ပေ။
ယင်းအချက်ကပင် ကျိုးရီနှင့် ၀မ်လင်းကို အစိုးရိမ်ဆုံး ဖြစ်စေခဲ့သည်။
ဆိုရလျှင် ၄င်းသည် မုန်တိုင်းမတိုင်ခင် ငြိမ်သက်ခြင်းမျိုး ဖြစ်၏။
လှုပ်ရှားမှု မရှိခြင်းသည် ငြိမ်းချမ်းရေး၏ လက္ခဏာတစ်ခု မဟုတ်ပေ။
ဆိုရလျှင် ပို၍ ကြီးမားသော ကိစ္စသည် အနှေးနှင့် အမြန် ပေါ်ပေါက်လာဖွယ် ရှိသည်။
ကျောင်းဆင်းပြီးနောက်တွင် ၀မ်လင်းသည် ရေချိုးခန်းထဲသို့ တည်နေရာ ရွှေ့ပြောင်းရန်အတွက် အဆင်သင့် ပြင်လိုက်သည်။
သို့သော် ၀မ်လင်း တည်နေရာ ရွှေ့ပြောင်းခါနီးတွင်
ယောကျ်ားလေး တစ်ယောက်၏ အသံကို စင်္ကြန်၌ ကြားလိုက်ရသည်။
"အတန်းဖော် စွန်းရုံ"
၀မ်လင်းက အသံကို နားစွင့်လိုက်သည်။
သူ၏ ဘုရင့ မျက်လုံးမှ တဆင့် ကောင်လေး တစ်ယောက်က စွန်းရုံ၏ ရှေ့တွင် နီရဲနေသော မျက်နှာထားဖြင့် ရှိနေသည်ကို သူတွေ့လိုက်ရသည်။
"ဒီကောင်က ချစ်တယ်လို့ ၀န်ခံတော့မှာများလား"
၀မ်လင်းက မျက်ခုံး ပင့်လိုက်သည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူပထမဆုံးအကြိမ် မြင်ဖူးခြင်းတော့ မဟုတ်ပေ။
နှစ်စကတည်းကပင် ယောကျ်ားလေးများသည် စွန်းရုံကို တစ်ယောက်ပြီး တစ်ယောက် ဖွင့်ဟ၀န်ခံခဲ့ကြသည်။
ငြင်းပယ်ခံရမည်ကို သိသိကြီးနှင့် ဖွင့်ပြောသောလုပ်ရပ်ကို ၀မ်လင်း တစ်ယောက် နားမလည်နိုင်တော့ပေ။
ထိုကျောင်းသားက သူ၏ခံစားချက်ကို စွန်းရုံကို ၀န်ခံကာနီးတွင် ရုတ်တရက် ဆန့်ကျင်ဘက် စကားလုံးများ နှုတ်ကနေ ထွက်ပေါ်လာခဲ့သည်။
"စွန်းရုံ.. ငါမင်းကို မုန်းတယ်.. ငါမင်းကို အမုန်းဆုံးပဲ.. တောင်းပန်ပါတယ် ငါရှေ့မှာ ထပ်ပြီး မပေါ်လာပါနဲ့"
အားလုံး "???"
အပိုင်း(၁၀၈၈) ပြီး၏