စွန်းရိယွမ်
Vol. 73 Ch. 1093
ကျောင်းဆင်းသည်နှင့် အားကစားကွင်းတွင် လူပင်လယ်ကြီး ဖြစ်၍ နေခဲ့သည်။
ပထမနှစ်မှ တတိယနှစ်အထိ ကျောင်းသားကျောင်းသူများသည် ဤပြိုင်ပွဲကို လာရောက်ကြည့်ရှုခဲ့ကြသည်။
အားလုံးက တိုက်ပွဲစတင်မည့် အချိန်ကို စောင့်မျှော်နေခဲ့ကြသည်။
ဆရာဆရာမများက အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြပြီး လိုအပ်သောအခါတွင် အခြေအနေကို ထိန်းသိမ်းရန်အတွက် အသင့်ပြင်ထားကြသည်။
ဆရာအချို့သည် စွန်းရုံ၏ လွှမ်းမိုးနိုင်စွမ်းကို စိတ်ထဲကနေ သက်ပြင်းချမိလိုက်ကြသည်။
ဟွာကောရေတံခွန် လုပ်ငန်းစု၏ မမလေးသည် သူတို့ထင်ထားသည့်အတိုင်းပင် လွှမ်းမိုးနိုင်စွမ်း ကြီးမားခဲ့သည်။
ဤကိစ္စက စွန်းရုံနှင့်သာ မပတ်သက်ခဲ့လျှင် ကျောင်းတစ်ခုလုံး၏ အာရုံကို မည်သို့မျှ ဖမ်းစားနိုင်မည် မဟုတ်ချေ။
"ငါတို့ ကျောင်းသားတွေသာ စာလုပ်ဖို့ ဒီလောက်ထိ တက်ကြွနေမယ်ဆိုရင် ဘာသာရပ်တိုင်းမှာ ဂုဏ်ထူးထွက်နေမှာပဲ"
ဆရာတစ်ယောက်က ပြုံး၍ ပြောလိုက်သည်။
"ဒါနဲ့ ဒီပြိုင်ပွဲကို ဒါရိုက်တာနဲ့ ကျောင်းအုပ်ကြီးက ဘာလို့ မတားမြစ်ရတာလဲ"
"ကျောင်းသားအချင်းချင်းကြားမှာ ဒီလိုမျိုး နှီးနှော ဖလှယ်ပွဲတွေက ကောင်းမွန်တဲ့အလေ့အထပဲလို့ ကျောင်းအုပ်ကြီးကပြောတယ်.. ဒါ့အပြင် သိပ်မကြာခင်မှာ ငါတို့ခရိုင်က ကျောင်းတွေနဲ့ အခြားခရိုင်က ကျောင်းတွေကြားမှာ နှီးနှော ဖလှယ်ပွဲတစ်ခု ကျင်းပဖြစ်လိမ့်မယ်"
"နောက်ထပ်နှီးနှောဖလှယ်ပွဲလား.. အဲဒါက ဓားနည်းစနစ်ကို နှီးနှောဖလှယ်မှာလား.. အစီအရင်လား ဒါမှမဟုတ် တခြားစကေးလ်တစ်ခုခုလား"
"နှီးနှောဖလှယ်ပွဲက ခန္ဓာကိုယ်နည်းစနစ်ကို အထူးပြုမယ်လို့ ကြားတယ်.. ရှားမင်က ခန္ဓာကိုယ်နည်းစနစ်မှာ အမှန်တကယ်ထူးချွန်သူ တစ်ယောက်ပဲ.. ကျောင်းတစ်ကျောင်းဆီက အဖွဲ့၀င်ဆယ်ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာ ဖြစ်တယ်"
"ဒီအတွက် ကျောင်းအုပ်ကြီးချန်းက စေလွှတ်မဲ့ အဖွဲ့၀င်တွေကို စာရင်းပြုစုနေတယ်.. ဒါပေမဲ့ ပွဲထွက်တစ်နေရာ အတွက် ကျောင်းအုပ်ကြီးချန်းက ရှားမင်နဲ့ ၀မ်လင်းမှာ ဘယ်သူ့ကို ရွေးချယ်ရမလဲ မသိပဲ အကျပ်ရိုက်နေခဲ့တယ်"
"၀မ်လင်းရဲ့ ခန္ဓာကိုယ်နည်းစနစ်ရမှတ်တွေက ရှားမင်လောက် မကောင်းလို့လား"
"ဟုတ်တယ် ဒါပေမဲ့လည်း ၀မ်လင်းပါ၀င်ခဲ့တဲ့ ပြိုင်ပွဲအားလုံးမှာ ငါတို့ကျောင်းက အောင်ပွဲခံနိုင်ခဲ့တာကို မေ့ထားလို့မရဘူး"
ထိုစကားကိုကြားမှပင် ပတ်၀န်းကျင်ရှိ ဆရာ၊ဆရာမများသည် အကြောင်းအရင်းကို ချက်ချင်း သဘောပေါက်လိုက်ကြသည်။
သူတို့ကျောင်းမှ လာဘ်ကောင်လေး၏ ခွန်အားသည် ဟာသမဟုတ်ပေ။
ကျောင်းသား၀မ်လင်းက လာဘ်ကောင် တစ်ယောက် ဆိုသည်ကို သူတို့အားလုံး မေ့လုနီးပါး ဖြစ်နေခဲ့သည်။
တိုက်ပွဲစတင်တော့မည် ဖြစ်သော်လည်း စွန်းရုံကို မည်သည့်နေရာတွင်မှ မတွေ့ရပေ။
၀မ်လင်းကို နှစ်သက်ကြောင်း လူသိရှင်ကြား ၀န်ခံမိပြီး နောက်တွင် စွန်းရုံသည် အလွန်အမင်း ရှက်ရွံ့သွားခဲ့သည်။
ထို့ကြောင့် သူမ၏ သက်တော်စောင့်များက စွန်းရုံကို အိမ်သို့ခေါ်ဆောင်သွားခဲ့ကြသည်။
သို့ရာတွင် သက်တော်စောင့်အချို့သည် ကျောင်းတွင် ကျန်ရစ်ကာ သူမကို အိမ်မှ ကြည့်ရှုနိုင်စေရန် အတွက် ပြိုင်ပွဲကို တိုက်ရိုက် ထုတ်လွှင့် ပြသပေးမည် ဖြစ်သည်။
စွန်းရုံက အားကစားကွင်း၏ ပုံရိပ်ကို စိုက်ကြည့်နေရင်း မျက်နှာပေါ်တွင် အလွန်ရှုပ်ထွေးသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
သူမက ယနေ့တွင် သူမ၏ ချစ်ခြင်းမေတ္တာကို လူအများရှေ့တွင် ၀န်ခံခဲ့သည်။
သို့ရာတွင် သူမ၏ ချစ်ခြင်းမေတ္တာ အတွက် ရန်ပွဲတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
ဆိုရလျှင် ရန်ပွဲဖြစ်လောက်အောင် လှပနေသည်က သူမ အပြစ်မဟုတ်ချေ။
အခြားတစ်ဖက်တွင်လည်း ဟွာကော ရေတံခွန်လုပ်ငန်းစု၏ ဌာနချုပ်အဆောက်အဦး အပေါ်ဆုံးထပ်ရှိ ဥက္ကဌရုံးခန်းတွင် ဆံပင်ဖြူဖွေးနေသော အဖိုးအို တစ်ဦးသည် အမှတ်(၆၀) အထက်တန်းကျောင်းတွင် ဖြစ်ပျက်နေသည့် မြင်ကွင်းများကို အာရုံစိုက်၍ ကြည့်ရှုနေခဲ့သည်။
ဟွာကောရေတံခွန်လုပ်ငန်းစု၏ ဥက္ကဌ စွန်းရိယွမ်သည် သူ့မြေးမလေး၏ ၀န်ခံမှုအကြောင်းကို သိထားခဲ့ပြီးပြီ ဖြစ်သည်။
ထိုအကြောင်းကို သိကာစကဆိုလျှင် စွန်းရိယွမ်သည် အလွန်ပင် အံ့သြတုန်လှုပ်သွားခဲ့ရသည်။
"ဘာလဲဟ.. ရုံရုံက တစ်ယောက်ယောက်ကို ချစ်တယ်လို့ ၀န်ခံလိုက်တာလား"
စွန်းရိယွမ်က မယုံနိုင်သလို ခံစားခဲ့ရသည်။
သူ့မြေးမလေးက တစ်စုံတစ်ဦးကို အရင်ဦးဆုံး ဖွင့်ဟ၀န်ခံလိုက်မည်ဟု စိတ်ကူးပင် မယဥ်ခဲ့ဖူးပေ။
"တကယ်ပါ ဥက္ကဌ.. မမလေးက အဲဒီကောင်လေးကို အရမ်းကျယ်လောင်တဲ့ အသံနဲ့ ၀န်ခံတဲ့အပြင် ထာ၀ရ အတူနေချင်တယ်လို့တောင် ပြောခဲ့သေးတယ်"
စွန်းရိယွမ်၏ ဘေးတွင် ရပ်နေသည့် အဖြူရောင် ၀တ်စုံ၀တ်ထားသော လက်ထောက်က အဖြစ်အပျက်ကို ပြောပြလိုက်သည်။
သူက စွန်းရိယွမ် ဒေါသထွက်နေမည်ဟု ထင်ခဲ့သည်။
မမလေးစွန်းရုံသည် ရာထူးကြီးသော မိသားစုများ၏ လာရောက် ကြောင်းလမ်းခြင်းကို ယခင်က ခံခဲ့ရဖူးသည်။
သို့ရာတွင် ထိုလူများသည် စွန်းရိယွမ်နှင့် ရင်ဆိုင်ရသ
ဖြင့် နောက်ဆုတ်သွားခဲ့ကြသည်။
သို့ရာတွင် စွန်းရိယွမ်၏ မမျှော်လင့်ထားသည့် သဘောထားကြောင့် လက်ထောက်က အံ့သြသွားခဲ့သည်။
အဘိုးအိုသည် ဒေါသထွက်နေရမည့်အစား ဤတစ်ခေါက်တွင် သဘောကျနေပုံ ပေါ်၏။
"ရုံရုံက ထာ၀ရနေချင်တယ်လို့ ဘယ်ကောင်လေးကိုမှ မပြောဖူးဘူး.. ကြည့်ရတာ ဒီကောင်လေးကို တကယ် သဘောကျနေတဲ့ပုံပဲ.. ဒါနဲ့ ရုံရုံက ဘယ်သူ့ကို ဖွင့်ဟ ၀န်ခံလိုက်တာလဲ"
လက်ထောက်က ဖန်သားပြင်ပေါ်ရှိ ချောမောသော ကောင်လေး တစ်ယောက်ကို ညွှန်ပြလိုက်သည်။
"ဥက္ကဌ.. ဒီကောင်လေးကို သိမှာပါ.. သူက စွန်းရုံနဲ့ အတူ ရှောင်းမိသားစုခြံ၀န်းကို သွားခဲ့တဲ့ အတန်းဖော်လေ.. အဲဒီတုန်းက အရိပ်အဖွဲ့ရဲ့ တိုက်ခိုက်ခြင်းကိုတောင် ခံခဲ့ရသေးတယ်"
"သြော် အဲ့ဒီ ကလေးလား.. ဒါနဲ့ သူ့နာမည်က ဘယ်လိုခေါ်လဲ"
"၀မ်လင်းပါ"
လက်ထောက်က ခေါင်းညိတ်၍ ပြောလိုက်သည်။
နောက်ထပ်ပြောမည့် စကားလုံးများက သူ့နှုတ်ဖျားမှာပင် ရပ်တန့်သွားခဲ့သည်။
သူက အကြောင်းတစ်ခုခုကြောင့် ၀မ်လင်းနှင့်ပတ်သက်၍ မပြောနိုင်တော့ပေ။
ယင်းမှာ ၀မ်လင်း၏ မဟာအကာအကွယ် တာအိုက အတိုင်းအတာတစ်ခု အထိ သက်ရောက်မှု ရှိနေခြင်းကြောင့်ပင်။
၀မ်လင်း၏ အသွင်အပြင် အစစ်အမှန်ကို လူတစ်ဦးက မျက်မြင်တွေ့မှသာလျှင် အကာအကွယ်၏ အကျိုးသက်ရောက်မှုကို ဖယ်ရှားနိုင်မည် ဖြစ်သည်။
ဟုတ်ပါသည်၊ ဤအစစ်အမှန် ပုံပန်းသဏ္ဍာန်သည် ဤကဲ့သို့ တိုက်ရိုက် ဗွီဒီယိုမှ ပုံရိပ်ကို ဆိုလိုခြင်း မဟုတ်ဘဲ ၀မ်လင်းကို လူကိုယ်တိုင် တွေ့ရခြင်းအား ရည်ညွှန်း၏။
လူတစ်ယောက်သည် ၀မ်လင်း၏ မျက်နှာကို ဗွီဒီယိုထဲတွင် မြင်ခဲ့လျှင်ပင် သူ့အကြောင်း ဘာမှမှတ်မိနိုင်မည် မဟုတ်ပေ။
"သူ့အကြောင်းကို သေချာစုံစမ်းထား.. လောလောဆယ်တော့ ပွဲကြီးပွဲကောင်း ကြည့်လိုက်ဦးမယ်"
ဥက္ကဌစွန်း၏ စကားကို ကြားလျှင် လက်ထောက်က မှော်အတတ်ကို အသုံးပြု၍ တိုက်ရိုက် ထုတ်လွှင့်ပြသသည့် ပုံရိပ်များကို လေထဲတွင် ပြသလိုက်သည်။
ကောင်လေးနှစ်ယောက်လုံးက ကျောင်း၀တ်စုံများကို ၀တ်ဆင်ထားကြသော်လည်း ၀မ်လင်း၏ အမှတ်သင်္ကေတ ဖြစ်သော ခံစားချက်မဲ့ ငါးမသာ မျက်လုံးများသည် ဥက္ကဌစွန်း၏ အကြည့်များကို ဖမ်းစားသွားခဲ့သည်။
"ဒီကောင်က ရုပ်ရည်ချောမောပေမဲ့ မျက်လုံးကတော့ နည်းနည်း ဘောင်မ၀င်သလိုပဲ"
ဥက္ကဌစွန်းက ၀မ်လင်း၏ ရုပ်ရည်ကို ဝေဖန်လိုက်သည်။
"အကယ်၍ စွန်းရုံက ဒီကောင်နဲ့ ချိန်းတွေ့မယ်ဆိုတာ သေချာရင် မျက်ရစ်နှစ်ထပ်နဲ့ မျက်တောင်ခွဲစိပ်ဖို့ ဆန္ဒရှိမရှိ မေးကြည့်လိုက်.. ကုန်ကျစရိတ် အားလုံးကို ငါကျခံပေးမယ်"
"........"
လက်ထောက် "ဒါပေမဲ့ မမလေးက ကျောင်းသား၀မ်လင်းနဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို သဘောကျတယ်လို့ ပြောတယ်"
"ဒါဆို ရုံရုံက ဒီလိုပုံစံကို သဘောကျတာပေါ့.. ရှောင်မိသားစု ပန်းခြံကို ရုံရုံ အလည်သွားတုန်းက ကြုံရာကျပန်း အတန်းဖော်တစ်ယောက်ကို ခေါ်သွားတယ် ထင်နေတာ.. အဲဒီကတည်းက ဒီကောင့်ကို သဘောကျနေမယ်လို့ မထင်ခဲ့မိဘူး"
အဘိုးကြီးစွန်းက သက်ပြင်းချ၍ ပြောလိုက်သည်။
"ထားလိုက်ပါတော့.. ရုံရုံက နှစ်သက်တယ် ဆိုမှတော့ ဒီကောင့်ရဲ့မျက်လုံးကို ပြသနာရှာမနေတော့ဘူး.. ဒါနဲ့ ရုံရုံက ၀မ်လင်းနဲ့ ပက်သက်ပြီး ငါ့ကို မပြောဘဲ ဘာလို့ မင်းကို ပြောပြရတာလဲ"
ထိုခဏတွင် ဥက္ကဌစွန်းက သူ့နံဘေးရှိ လက်ထောက်ကို စူးစိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။
လက်ထောက်က အေးခဲသလို ခံစားလိုက်ရပြီး အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
"မမလေးက ကျွန်တော့်ကို လျှို့၀ှက်ခိုင်းထားလို့ပါ.. ဒါပေမဲ့ ဒါက ကြီးလေးလွန်းတဲ့ ကိစ္စဖြစ်တဲ့ အတွက် ဆိုးရွားတဲ့သက်ရောက်မှုတွေ ဖြစ်လာမှာ စိုးရိမ်တဲ့ အတွက်ကြောင့် ဥက္ကဌကို ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်ရတာပါ"
"မင်းအနေနဲ့ ဒီကိစ္စကို လျှို့၀ှက်မထားတာ ကောင်းပါတယ်.. ဒါပေမဲ့လည်း ငါ့ကို ပြန်မပြောဘူးလို့ ရုံရုံကို မင်းကတိပေးခဲ့ပေမဲ့ မင်းကတိ မတည်နိုင်ခဲ့ဘူး.. ဒါကြောင့် မင်းရဲ့စွမ်းဆောင်ရည်ကို ပြစ်ဒဏ်နဲ့ ချေလိုက်ပြီ"
ထို့နောက်တွင် အဘိုးကြီးစွန်းက ဖန်သားပြင်ကို ဆက်လက် ကြည့်ရှုလိုက်သည်။
"ဒီကျောင်းသား ၀မ်လင်းက ဘယ်လောက်ရှိပြီလဲ.. ရုံရုံနဲ့ ယှဥ်ရင်ရော"
"သူက မငယ်လောက်ဘူး ဥက္ကဌ"
လက်ထောက်က သူ့ဘောင်းဘီကို တစ်ချက်ငဲ့ကြည့်၍ ပြောလိုက်သည်။
"သူဘယ်လောက်ကြီးလဲတော့ ကျွန်တော် မသိဘူး.. ဒါပေမဲ့ ကျွန်တော့်ထက်တော့ ကြီးမှ ဖြစ်လိမ့်မယ်.. ဘာလို့လည်းဆိုတော့ သူ့မှာ မမလေးနဲ့ ယှဥ်စရာ ဘာတစ်ခုမှ မရှိလို့လေ"
"မင်းရဲ့ သောက်ပါးစပ်ကို ပိတ်ထားစမ်း.. ငါက သူ့အသက်ကိုပြောနေတာ.. သူက ရုံရုံထက် အသက်ကြီးလား ငယ်လားဆိုတာ ခုနှစ်၊ရက်၊လ အတိအကျ ငါ သိချင်တယ်"
လက်ထောက် "........"
အပိုင်း(၁၀၉၃) ပြီး၏