ယင်ယန်သေဘေးဒုက္ခ
Vol. 73 Ch. 1094
လက်ထောက်က သက်ပြင်းကို တိတ်တဆိတ် ချလိုက်သည်။
ဥက္ကဌစွန်းက ကောင်လေး၏ အသက်ကို အမှန်တကယ် မေးနေသော်လည်း သူ့အတွေးကမူ အလွန်ပင် ညစ်ညမ်းနေခဲ့သည်။
ယင်းမှာ လွန်ခဲ့သည့်နှစ်များအတွင်း သူ့ကို လမ်းလွဲစေခဲ့သော ကုမ္ပဏီရှိ လူဟောင်းကြီးများကြောင့် ဖြစ်သည်။
ထို့ကြောင့် အရိပ်အမြွက် အနည်းငယ်ကပင် သူ့ကို ညစ်ပတ်သည့် အကြောင်းအရာဘက်သို့ အလိုအလျောက် တွေးမိစေခဲ့သည်။
ကုမ္ပဏီရှိ လူဟောင်းကြီးများသည် ဘ၀က ခါးသီးမှုများနှင့် ပြည့်နှက်နေသည်ဟု အမြဲလိုလို ကြွေးကြော်လေ့ ရှိကြသည်။
တကယ်တမ်းတွင် ၄င်းတို့မှာ လိင်ပိုင်းဆိုင်ရာ ကိစ္စများ
ဖြင့် တခြားသော ကုမ္ပဏီများမှ ကန်ထုတ်ခံရသူများသာ ဖြစ်၏။
လက်ထောက်က ၀မ်လင်း၏ မွေးနေ့ကို အတိအကျမှတ်မိသော်လည်း လျှာဖျားမှာပင် ရှင်းရှင်းလင်းလင်း မေ့လျော့သွားခဲ့သည်။
ထို့ကြောင့် သူက ကူကယ်ရာမဲ့စွာဖြင့် မွေးဖွားသည့်ခုနစ်ကိုသာ ပြောနိုင်တော့၏။
"ကျွန်တော်မှတ်မိပြီ.. နှစ်ကုန်လောက်ပဲ.. သူနဲ့ သခင်မလေးက တစ်နှစ်တည်းပဲ"
"နှစ်ကုန်လား"
အဘိုးအိုစွန်းက တွေးတောနေခဲ့သည်။
သူ့မြေးမလေး သဘောကျသည့် ကောင်လေးက
မထင်မှတ်ပဲ သူ့မြေးမလေးနှင့် မွေးနှစ်တူလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
"ရုံရုံ မွေးတဲ့နှစ်တုန်းက အရှင်သခင်အင်မော်တယ်ရဲ့ ဗေဒင်အဟောကို မှတ်မိသေးလား"
"ဥက္ကဌပြောချင်တာက .."
လက်ထောက်က အံ့သြထိတ်လန့်သွားခဲ့သည်။
တကယ်တမ်းတွင် ဤကိစ္စသည် လက်ထောက်တစ်ဦး အနေဖြင့် သူ မသိသင့်သော မိသားစု လျှို့၀ှက်ချက် ဖြစ်သည်။
သို့သော် သူသည် အဘိုးအိုစွန်း၏ ဘေးနားတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရပြီး အဘိုးအိုစွန်းသည် စိတ်ဓာတ်ကျနေသော အခါမျိုးတွင် သူ့ကို ရံဖန်ရံခါ ရင်ဖွင့်တတ်၏။
"ယင်နဲ့ယန် ပရမ်းပတာဖြစ်တဲ့အခါ ငါတို့ရဲ့ မော့သွေးတွေက ကောင်းကင်ကို ခြယ်သလိမ့်မယ်"
အဘိုးအိုစွန်းက ထိုအချိန်က အရှင်သခင်အင်မော်တယ်၏ ဗေဒင်အဟောကို ပြန်အမှတ်ရနေမိသည်။
ယင်နှင့်ယန် ပရမ်းပတာဖြစ်သည့် ဘေးဆိုးကြီး မပေါ်ပေါက်သေးသော်လည်း အဘိုးအိုစွန်းသည် ထိုဗေဒင်အဟောကို အခိုင်အမာ ယုံကြည်ခဲ့သူ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အရှင်သခင်အင်မော်တယ်သည် ထိုအချိန်က ပြတ်ပြတ်သားသား မိန့်ဆိုခဲ့သောကြောင့်ပင်။
ထို ယင်နှင့်ယန် ပရမ်းပတာ ဘေးဒုက္ခသည် အချစ်နှင့် ပတ်သက်နေပေလိမ့်မည်။
တစ်နည်းဆိုရသော် စွန်းရုံ စတင်ချိန်းတွေ့သည့်နှစ်တွင် ပြဿနာက စတင် ဖြစ်ပွားလာနိုင်ပေသည်။
အဘိုးအိုစွန်းက စခရင် ပေါ်ရှိ ပုံရိပ်ကနေ ၀မ်လင်းနှင့် ရှားမင်တို့၏ တိုက်ပွဲကို အနီးကပ် အာရုံစိုက်ကာ ကြည့်ရှုခဲ့သည်။
"အဲဒီအချိန်က ကျိန်စာတိုက်တဲ့လူက နှစ်အစမှာမွေးပြီး ဖောက်ဖျက်မဲ့သူက နှစ်ကုန်မှာမွေးတယ်လို့ အရှင်သခင်အင်မော်တယ်က ပြောခဲ့ဖူးတယ်.. အခုတိုက်ပွဲ၀င်နေတဲ့ လူငယ်လေးနှစ်ယောက်က ရုံရုံနဲ့ သက်တူရွယ်တူဖြစ်ပြီး ရုံရုံရဲ့ အချစ်ရေးအတွက် တိုက်ပွဲ၀င်နေခဲ့ကြတယ်"
ယင်နဲ့ယန် ပရမ်းပတာဘေးဒုက္ခက အစစ်အမှန် ဟုတ်မဟုတ် မစစ်ဆေးရသေးသော်လည်း အဘိုးအိုစွန်းက စောင့်စားနိုင်ခြင်း မရှိခဲ့ပေ။
"ရှားမင်နဲ့ ပက်သက်တဲ့ အချက်အလက်တွေ စုံစမ်းပြီးပြီလား"
"စတင်စုံစမ်းနေပါပြီ မကြာခင် သိရတော့မှာပါ"
လက်ထောက်က ပြန်ဖြေလိုက်သည်။
အမှတ်(၆၀)အထက်တန်းကျောင်းတွင် လက်ရွေးစင်အခန်း နှစ်ခန်း ရှိသည်။
ဖန့်ရှင်းနှင့် အတန်းဖော်များဖြစ်၍ ရှားမင်သည် အားနည်းသော သူတစ်ယောက် မဟုတ်ပေ။
သူက ထူးချွန်သော ထိပ်တန်းကျောင်းသားတစ်ဦး ဖြစ်ပြီး ဆရာများ၏ အမြင်တွင် "A"အဆင့်၌ အမြဲရှိခဲ့သည်။
သာမန်အတန်းမှ ကျောင်းသားတစ်ဦးသည် ရှားမင်နှင့် ရင်ဆိုင်ရလျှင် အနိုင်ရနိုင်ခြေမှာ အလွန်ပင် နည်းပါးလှ၏။
သို့ရာတွင် သူ့ပြိုင်ဘက်မှာ ၀မ်လင်း ဖြစ်နေသည်။
၀မ်လင်း၏ စစ်မှန်သည့် တိုက်ခိုက်ရေးအစွမ်းကို သိသောသူများသည် သူတို့ကြားမှ ကွာဟချက် မည်မျှ ကြီးမားကြောင်းကို သတိပြုမိကြမည် ဖြစ်သည်။
တစ်ဖက်တွင်လည်း ကျန်းယွမ်၊ကူရွှင်းကျစ်၊လျူချင်းရီနှင့် ၀မ်ကျန်းတို့ အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
သူတို့လေးယောက်က စိတ်ချင်းဆက်သွယ်၍ တစ်ဦးနှင့် တစ်ဦး စကားပြောဆိုခဲ့ကြသည်။
ကူရွှင်းကျစ် "စီနီယာ၀မ်က ဒီစိန်ခေါ်မှုကို လက်ခံမယ်လို့ မမျှော်လင့်ထားမိဘူး.. ဒီပွဲကို သူဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ငါအရမ်းသိချင်နေပြီ"
၀မ်ကျန်းက ခေါင်းညိမ့်လိုက်သည်။
"သူတို့နှစ်ယောက်ကြားက အင်အားကွာဟချက်က အရမ်းကို ကြီးမားလွန်းတယ်.. စီနီယာ၀မ်သာ မညှာတာဘူး ဆိုရင် ဒီရှားမင်က.. စီနီယာ၀မ်ရဲ့ လေတစ်ချက်မှုတ်စာကိုတောင် ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး"
၀မ်လင်း မည်မျှ အစွမ်းထက်ကြောင်း ၀မ်ကျန်းက နှလုံးသားထဲကနေ လက်ခံထားခဲ့ပြီ ဖြစ်သည်။
အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားများ မပြောနှင့်၊သူတို့လို နတ်ဘုရား နယ်မြေမှ ကျင့်ကြံသူများပင် ၀မ်လင်း၏ လေဖြင့် မှုတ်ထုတ်ခြင်းကို သုံးကြိမ်ထက် ပို၍ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
"အနိုင်လား.. စီနီယာ၀မ်ရဲ့ ခေါင်းကို ဆွဲဖြုတ်လိုက်ရင်
တောင် အနိုင်ရနိုင်မှာ မဟုတ်ဘူး"
ထိုအချိန်တွင် ရှားမင်သည် ၀မ်လင်းကို စိုက်ကြည့်ကာ မည်သို့သော အရက်စက်ဆုံးနည်းစနစ်ဖြင့် အနိုင်ယူရမည်ကို စဥ်းစားနေခဲ့သည်။
လက်ရွေးစင် အတန်းနှစ်ခုပေါင်းလျှင် စုစုပေါင်းကျောင်းသား လေးဆယ်သာ ရှိသည်။
ထိုကျောင်းသားလေးဆယ်တွင် ရှားမင်သည် တတိယအဆင့်တွင် ရှိပြီး ၀မ်လင်းသည် အဆင့်နှစ်ဆယ်တွင် ရှိသည်။
ပုံမှန်အားဖြင့် အဆင့်နှစ်ဆယ်မှ ကျောင်းသားတစ်ယောက်က ရှားမင်ကို မည်သို့မှ အနိုင်ယူနိုင်မည် မဟုတ်ပေ။
"အနိုင်လား..ရှားမင်ရဲ့ ခေါင်းကို ဆွဲဖြုတ်လိုက်ရင်တောင် အနိုင်ရနိုင်မှာ မဟုတ်ဘူး"
ရှားမင်က အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်ပြီး စိတ်စွမ်းအင်များကို တဖြည်းဖြည်း စုစည်းလိုက်ရာ သူ့ပတ်၀န်းကျင်တွင် ဖြူစင်သည့် စွမ်းရည်များ စီးဆင်းလာခဲ့သည်။
ကျင့်ကြံသူတစ်ဦးသည် ၀ိညာဥ်စွမ်းအင်ကို စုစည်းသောအခါတွင် ၀ိညာဥ်စွမ်းအင်၏ အရောင်သည် ၄င်း၏ ၀ိညာဥ်အရင်းအမြစ်ကနေ အကျိုးသက်ရောက်လာခြင်းနှင့် သက်ဆိုင်မှုရှိသည်။
ထိုခဏတွင် ရှားမင်၏ ဝိညာဥ်ချီက သန့်စင်သော အဖြူရောင် ဖြစ်နေသည်ကို မြင်လျှင် ကျောင်းသားများစွာသည် လုံး၀ကို အံ့အားသင့်သွားခဲ့သည်။
"သန့်စင်တဲ့ အဖြူရောင် ဝိညာဥ်ချီပါလား.. ဒါက ရှေးခေတ်နတ်မျိုးနွယ်စုရဲ့ ချီပဲ..ဒါဆို ရှားမင်က ရှေးခေတ် နတ်မျိုးနွယ်စုက ဆင်းသက်လာတဲ့ သူများလား.
"ရှေးခေတ်နတ်မျိုးနွယ်စုကလား"
ဆရာအများပြားကလည်း အံ့အားသင့်သွားခဲ့ကြ
သည်။
"ဒါက.."
၀မ်ကျန်းက မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပင် မှန်းဆလိုက်သည်။
"အမှန်ပဲ.. အဲဒါက ရှေးခေတ်နတ်မျိုးနွယ်စုရဲ့ ချီပဲ"
လျူချင်းရီက ခေါင်းညိမ့်၍ ပြောလိုက်သည်။
ကူရွှင်းကျစ်က ရှားမင်ပြသနေသည့် စွမ်းအားကို ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။
"ရှေးခေတ်နတ်မျိုးနွယ်စုကနေ ဆင်းသက်လာတဲ့သူလား.. ဘယ်လောက်တောင် စိတ်၀င်စားဖို့ ကောင်းလိုက်လဲ"
"ကမ္ဘာပေါ်မှာ ရှေးခေတ်နတ်မျိုးနွယ်စုက လူတစ်ယောက် အမှန်တကယ် ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ"
ကျန်းရွမ်ကလည်း ရေရွတ်လိုက်သည်။
ရှေးခေတ်နတ်မျိုးနွယ်စုဟု ခေါ်သည့် မျိုးနွယ်စုသည် စင်စစ် မျိုးနွယ်စု တစ်ခု မဟုတ်ပေ။
ယင်းမှာ ၀ိညာဥ်စွမ်းအင်ခေတ်တွင် အစောဆုံး ကျင့်ကြံသူ မျိုးနွယ်စုများ၏ စုပေါင်းအမည်တစ်ခုသာ ဖြစ်သည်။
ရှားမင်၏ ရှားမိသားစုသည် ဤရှေးခေတ်နတ်မျိုးနွယ်စု၏ အဖွဲ့၀င်သာ ဖြစ်၏။
ကမ္ဘာပေါ်တွင် ရှားဟူသော မျိုးရိုးအမည်ရှိသူ အများအပြား ရှိသော်လည်း ၄င်းတို့အားလုံးသည် ရှေးခေတ် နတ်မျိုးနွယ်စုမှ ဆင်းသက်လာသူများ မဟုတ်ပေ။
၄င်းတို့နှင့် ရှေးခေတ်နတ်မျိုးနွယ်စုတို့၏ ခြားနားချက်မှာ ရှေးခေတ် နတ်မျိုးနွယ်စုများသည် မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများနှင့် ပဲ့တင်ထပ်နိုင်သော ထူးခြားသော ၀ိညာဥ်ရေး အရင်းအမြစ်များ ရှိကြသည်။
မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများတွင် ပါ၀င်သော ၀ိညာဥ်စွမ်းရည်သည် မယုံနိုင်လောက်အောင် သန့်စင်မှုရှိသည်။
ထို၀ိညာဥ်ရေး သွေးပြန်ကြောများသည် ရှေးခေတ် နတ်မျိုးနွယ်စု၀င် တစ်ဦး၏ ၀ိညာဥ်အရင်းအမြစ်နှင့် ပဲ့တင်ထပ်သောအခါတွင် ပြီးပြည့်စုံသော ၀ိညာဥ်စွမ်းအင်ကို ဖန်တီးပေးလိမ့်မည် ဖြစ်၏။
ရှားမင်က ရှေးခေတ်နတ်မျိုးနွယ်စုမှ ဆင်းသက်လာသောသူ ဖြစ်သည်ဟူသော အထောက်အထားကြောင့် ပတ်၀န်းကျင်ရှိ လူအများအပြားသည် အံ့အားသင့်သွားခဲ့ကြသည်။
ထိုအခါမှပင် ရှားမင်သည် မှော်အတတ်သုံးတိုင်းတွင် တစ်စုံတရာကို ဖုံးကွယ်ထားပုံရသည်ကို အများစုက ရုတ်တရက် မှတ်မိလာခဲ့ကြသည်။
ယင်းမှာ ရှားမင်သည် ရှေးခေတ်နတ်မျိုးနွယ်စုမှ ဆင်းသက်လာသူအဖြစ် သူ၏ ၀ိသေသလက္ခဏာကို ဖုံးကွယ်ရန်အတွက် မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများနှင့် သူ၏ ကိုယ်ပိုင်၀ိညာဥ် အရင်းအမြစ်တို့ကြား တုံ့ပြန်မှုကို ဖိနှိပ်ရန် အထူးနည်းစနစ် တစ်ခုခုကို အသုံးပြုထားခြင်းကြောင့် ဖြစ်ပေမည်။
ယခုအခါတွင် ရှားမင်၏ အထောက်အထားကို ရှင်းရှင်းလင်းလင်း သိလိုက်ရသောကြောင့် ပတ်၀န်းကျင် တစ်ခုလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
ရှေးခေတ်နတ်မျိုးနွယ်စုမှ ဆင်းသက်လာသူ တစ်ဦးသည် မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများ၏ ပဲ့တင်ထပ်ခြင်းကို ရရှိသောအခါတွင် ၄င်းတို့၏ ၀ိညာဥ်စွမ်းရည်များသည်အခြေခံအားဖြင့် တိုက်ပွဲအတွင်း ကုန်ဆုံးသွားမည် မဟုတ်ပေ။
တစ်နည်းဆိုရသော် ရှားမင်သည် တိုက်ပွဲအတွင်း အချိန်အတော်ကြာသည်အထိ စွမ်းအင်ကို ထိန်းသိမ်းထားနိုင်မည် ဖြစ်၏။
ရှင်းလင်းစွာဆိုရလျှင် အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူများ အကြောက်ဆုံးအရာမှာ တိုက်ပွဲများပင် ဖြစ်သည်။
အခြေခံ တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူများသည် ၀ိညာဥ်စွမ်းရည် အကန့်အသတ်နှင့်သာ ရှိကြသည်။
ထို့ကြောင့် မှော်အတတ်ကို အသုံးပြုသောအခါတွင် ၄င်းတို့၏ ၀ိညာဥ်စွမ်းအားများ ကုန်ဆုံးရန်မှာ အလွန်ပင် လွယ်ကူ၏။
ရိုးရှင်းစွာပြောရလျှင် သူတို့၏ ( MP)သည် အလွန်ပင်နည်းလွန်းသည်။
လက်ရှိအခြေအနေတွင် ပရိသတ်များသည် ရှားမင်ဘက်သို့ ချက်ခြင်းဆိုသလို ပြောင်းလဲသွားကြသည်။
အများစုအတွက်မူ ၀မ်လင်းသည် ရှားမင်ကို အနိုင်ရရန် အခြေခံအားဖြင့် အခွင့်အရေး လုံး၀မရှိပေ။
၀မ်လင်းက "အလုံးစုံ လေ့လာမှုအဆင့်" သို့မဟုတ်ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံ ရှိခဲ့လျှင်ပင် ရှေးခေတ်နတ်မျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်သည့် ရှားမင်၏ ၀ိသေသ လက္ခဏာနှင့် နှိုင်းယှဥ်လျှင် ရှုထောင့်အားလုံး၌ သာမန်ဆန်လွန်းလှသည် မဟုတ်ပါလား။
အပိုင်း(၁၀၉၄) ပြီး၏