← Chapters

လက်သည်းတစ်ချောင်းရှိ ဝိညာဥ်စွမ်းအား

Vol. 73 Ch. 1095

လက်သည်းတစ်ချောင်းရှိ ဝိညာဥ်စွမ်းအား

Vol. 73 Ch. 1095

ကျောင်းအုပ်ကြီးရုံးခန်းတွင် အမှတ်(၆၀)အထက်

တန်းကျောင်း၏ ကျောင်းအုပ်ကြီးချန်းနှင့် ဒါရိုက်တာရှီးတို့သည် ကျောင်းတစ်ခုလုံးကို အာရုံဖမ်းစားနေသည့် တိုက်ပွဲကို အာရုံစူးစိုက်၍ ကြည့်နေခဲ့ကြသည်။

ရှားမင်က ရှေးခေတ်နတ်မျိုးနွယ်စုမှ ဆင်းသက်လာသူ တစ်ဦးအဖြစ် သူ့ကိုယ်သူ လျှို့၀ှက်ထားသော်လည်း ယနေ့တိုက်ပွဲတွင် မမျှော်လင့်ဘဲ ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်သည်။

ကျောင်းအုပ်ကြီး ချန်း၏ အမူအရာအရ ဤတိုက်ပွဲ ဖြစ်မြောက်လာသည်ကို သဘောကျနေကြောင်း ဒါရိုက်တာရှီး ရိပ်မိခဲ့သည်။

ရှေးခေတ်နတ်မျိုးနွယ်စုမှ ဆင်းသက်လာသူ တစ်ဦး အနေဖြင့် ရှားမင်၏ ၀ိညာဥ်အရင်းအမြစ်သည် အခြား ကျောင်းသားများထက် ပိုမို သာလွန်သောကြောင့်သဘာ၀အရ အားသာချက်ရှိသည်။

ထိုသို့ တခြားလူများထက် သာမွန်ကောင်းလွန်ခြင်းက ယုံကြည်မှုပိုမို ရှိလာနိုင်သော်လည်း ယုံကြည်မှုလွန်ကဲခြင်းသည် မောက်မာမှုကို ဖြစ်ပေါ်လာစေနိုင်၏။

"ငါတို့ အမှတ်(၆၀)အထက်တန်းကျောင်းလို နေရာမှာ ရှေးခေတ်နတ်မျိုးနွယ်စုက ဆင်းသက်လာသူ တစ်ဦး ရှိနေတယ်ဆိုတော့ ဒီတိုက်ပွဲက စမ်းသပ်မှုတစ်ခုလို့ ငါယူဆထားတယ်"

ကျောင်းအုပ်ကြီးချန်းက လေးနက်စွာ ပြောလိုက်သည်။

အမှတ်(၆၀)အထက်တန်းကျောင်းသည် ကျောင်းအချင်းချင်း လှုပ်ရှားမှုများစွာတွင် ပါ၀င်ခဲ့သည်။

သို့ရာတွင် ရှားမင်သည် သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရှေးခေတ်နတ်မျိုးနွယ်စုမှ

ဆင်းသက်လာသူတစ်ဦး ဖြစ်ကြောင်း လျှို့၀ှက်ထား

ပေးရန် အမှတ်(၆၀)အထက်တန်းကျောင်းနှင့် သဘောတူညီမှုလက်မှတ် ရေးထိုးထားသောကြောင့် ဖြစ်သည်။

ကျောင်းအုပ်ကြီးချန်း၏ တကယ့်ရည်ရွယ်ချက်မှာ ရှားမင်၏ စိတ်နေစိတ်ထားကို စမ်းသပ်ရန် ဖြစ်ပြီး မည်မျှကြာအောင် လျှို့၀ှက်ထားနိုင်သည်ကို စောင့်ကြည့်ရန် ဖြစ်၏။

အဆုံးသတ်တွင် ဒုတိယနှစ်၀က်၌ ရှားမင်သည် သူ့ကိုယ်သူ လုံးလုံးလျားလျားကြီး ဖော်ထုတ်လိုက်မည်ဟု မည်သူ ထင်မိပါမည်နည်း။

လူတစ်ယောက်က သူ၏ ခွန်အားကို ဖုံးကွယ်ပြီး သာမန်လူ အဖြစ် သိုသိုသိပ်သိပ်နေထိုင်ဖို့ ဆိုသည်မှာ တကယ်တမ်းတွင် မလွယ်ကူပေ။

စင်စစ် ရှားမင်က လျှို့၀ှက်သဘောတူညီချက်ကို ချိုးဖောက်၍ ရှေးခေတ်နတ်မျိုးနွယ်စုမှ ဆင်းသက်လာသူ တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်လိုက်ခြင်းသည် ၀မ်လင်းအား မနာလိုဖြစ်ကာ စွန်းရုံကို ရယူလိုသောကြောင့် ဖြစ်သည်။

ကျောင်းအုပ်ကြီးချန်း စိတ်ပူလည်း စိတ်ပူလောက်သည်။

အဆုံးသတ်တွင် ရှားမင်သည် ကလေးအရွယ်သာ ရှိသေးပြီး ရင့်ကျက်မှုနှင့် ဝေးကွာနေဆဲပင်။

အမှတ် ၆၀ အထက်တန်းကျောင်းသည် အသိပညာများကို သင်ကြားပေးနိုင်သော်လည်း ကျောင်းအုပ်ကြီးချန်းသည် တကယ်တမ်းတွင် စာရိတ္တကို ပြုစပျိုးထောင်ပေးရန် ပို၍ အာရုံစိုက်ခဲ့သည်။

ဆရာများအနေဖြင့် သင်ခန်းစာများကို သင်ကြားရုံမျှဖြင့် ကျောင်းသားများ အတွက် လုံလောက်မည်မဟုတ်ပေ။

ဆိုရလျှင် ကျောင်းသားများကို မှန်ကန်သည့်လမ်းကြောင်းများ ပေါ်သို့ လမ်းညွှန်ပြသပေးပြီး လူအဖွဲ့အစည်းတွင် အသုံး၀င်သောသူများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးဖို့လည်း လိုအပ်၏။

ရှားမင်နှင့် နှိုင်းယှဥ်လျှင် ကျောင်းအုပ်ကြီးချန်းသည် ၀မ်လင်းကို လွန်စွာ သဘောကျနေခဲ့သည်။

သာမန်ကျောင်းသား တစ်ယောက်သည် အလယ်အလတ် အဆင့်၌သာ အမြဲရှိနေလျှင် စိုးရိမ်ပူပန်နေမည် ဖြစ်သော်လည်း ၀မ်လင်းကမူ အစားအသောက်မပျက်ပဲ အေးအေးလူလူသာ ရှိနေခဲ့သည်။

ထို့အပြင် ဤကျောင်းသားလေးသည် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာဖြင့် ကျောင်းသူစွန်းရုံ၏ ဖွင့်ဟ၀န်ခံချက်ကိုပင် ပြတ်ပြတ်သားသား မတုံ့ပြန်ခဲ့ပေ။

ရှားမင်၏ စိန်ခေါ်မှုကိုပင် ရှောင်လွှဲမရ၍သာ လက်ခံခဲ့ခြင်းဖြစ်သည်။

၀မ်လင်းသည် အမှတ် ၆၀ အထက်တန်းကျောင်း၏ လာဘ်ကောင်လေး အဖြစ် ကျောင်းအုပ်ကြီးချန်း မျှော်လင့်ထားသည့် အတိုင်းပင် လုပ်ဆောင်နိုင်ခဲ့သည်။

ယခင် ၀ိညာဥ်ဓား ဖလှယ်ရေး တွေ့ဆုံမှုမှ စ၍ ကျောင်းခြောက်ကျောင်း ပူးပေါင်း စစ်ရေးလေ့ကျင့်မှုအထိ ၀မ်လင်း၏ စွမ်းဆောင်ရည်များသည် သူ၏အမြင်တွင် အမြဲတမ်း ပြီးပြည့်စုံခဲ့သည်။

အခင်းဖြစ်ပွားရာနေတွင် ကြည့်ရှုသူများကို ယခုအခါတွင် အုပ်စုသုံးစု ခွဲထားသည်။

ပထမအုပ်စုမှာ ရှားမင်ကို ထောက်ခံသော အုပ်စုဖြစ်သည်။

ရှားမင်က ရှေးခေတ်နတ်မျိုးနွယ်စုမှ ဆင်းသက်လာသူ အဖြစ် သူ၏အထောက်အထားကို ထုတ်ဖော်ပြသပြီးနောက်တွင် ထိုပထမအုပ်စုသည် ရှားမင်ထံမှ တောက်ပသော စွမ်းဆောင်ရည်များကို ပို၍ပင် မျှော်လင့်လာခဲ့ကြသည်။

စွန်းရုံက ၀မ်လင်းကို ဖွင့်ဟ၀န်ခံသွားသောကြောင့် ရှားမင်သည် "ရည်းစားလူလု အူနုကျွဲခတ်"သလို ခံစားရပြီး လူအများ၏ အရှေ့တွင် ၀မ်လင်းကို အပြတ်အသတ် အနိုင်ယူပြချင်နေခဲ့သည်။

ဒုတိယအုပ်စုတွင်မူ ဝမ်ကျန်း၊ကူရွှင်းကျစ်၊လျူချင်းရီ၊

ဖန့်ရှင်း နှင့် ကျန်းရွမ် တို့ပါ၀င်သည်။

ဟုတ်ပါသည်၊ သူတို့လူစုသည် ၀မ်လင်းကိုသာ မယိမ်းမယိုင် ထောက်ခံခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ဤငြီးငွေ့စရာကောင်းသော တိုက်ပွဲအား ၀မ်လင်းက မည်ကဲ့သို့ ကိုင်တွယ်မည်ကို မြင်ချင်နေခဲ့ကြသည်။

သူတို့က ရလဒ်ကို လုံး၀ စိတ်မ၀င်စားဘဲ ၀မ်လင်းထံမှသင်ယူနိုင်မည့် အရာများကိုသာ စိတ်၀င်စားခဲ့ကြသည်။

တတိယအုပ်စုကမူ ပြောနေစရာတောင် မလိုပေ။

၀မ်လင်းကို အားပေးသော အုပ်စု ဖြစ်သည်။

၀မ်လင်းသည် သာမန်အားဖြင့် တစ်ကိုယ်တည်း နေထိုင်တတ်ပြီး အခြားသူများနှင့် စကားပြောဆိုခြင်းကို မကြိုက်နှစ်သက်​ပေ။

သို့သော်လည်း သူ၏ သူငယ်ချင်းများ ဖြစ်သည့် ချန်းချောင်နှင့် ကော်ဟောက်တို့၏ ပြောဆိုစည်းရုံးနိုင်စွမ်းသည် ၀မ်လင်းအတွက် အဓိကထောက်ခံသူ အုပ်စုကို စုစည်းရန် လုံလောက်နေပြီ ဖြစ်သည်။

အနည်းဆုံးတော့ ပထမနှစ် အခန်းသုံး တစ်ခန်းလုံးသည် ၀မ်လင်းကို အားပေးထောက်ခံသူများ ဖြစ်ကြသည်။

တစ်စုံတစ်ယောက်က ၀မ်လင်းကို မထောက်ခံခဲ့လျှင်ပင် သင်ကြားရေး အကူတာ၀န်ခံဖြစ်သည့် မြေပဲလေး ကိုယ်တိုင် ၀မ်လင်းကို ထောက်ခံနေသည့် အတွက် မည်သူမျှ အသံမထွက်ရဲကြချေ။

အကယ်၍ ၄င်းတို့က ပြောင်ပြောင်တင်းတင်း ကန့်ကွက်မိလျှင် မနက်ခင်း အိမ်စာကူးသောအချိန် မလုံလောက်တော့မည်ကို စိုးရိမ်နေခဲ့ကြသည်။

ထိုအချိန်တွင် ရှားမင်သည် သူ၏ ခန္ဓာကိုယ်မှ သန့်စင်သော အဖြူရောင် ၀ိညာဥ်ချီများ စီးဆင်းနေစဥ် ၀ိညာဥ်အရင်းအမြစ်၏ ပဲ့တင်ထပ်သံကို ခံစားလိုက်ရသည်။

အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် ဤမျှလောက် ကြီးမားသော ၀ိညာဥ်စွမ်းအားကို ပိုင်ဆိုင်ခွင့်ရခြင်းမှာ အမှန်တကယ် အံ့သြစရာပင်။

သို့သော်လည်း ဤအရံ၀ိညာဥ်စွမ်းအားသည် ၀မ်လင်းအတွက်မူ ကလေးကစားစရာလို ဖြစ်နေခဲ့သည်။

၀မ်လင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်တိုင်းသည်တကယ်တမ်းတွင် ၀မ်လင်းအတွက် ၀ိညာဥ်စွမ်းအားများစွာကို သိုလှောင်ထားနိုင်သည့် ကမ္ဘာငယ်လေးများ ဖြစ်ကြသည်။

သူ၏ ချွေးပေါက်များအပြင် သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းမှာလည်း အလားတူပင် ဖြစ်၏။

လူ့ခန္ဓာကိုယ်တွင် ဆဲလ်ပေါင်း ရှစ်ဆယ် ထရီလီယံ ရှိသည်။

ထို့ကြောင့် ၀မ်လင်းတွင် ကမ္ဘာငယ်လေး စုစုပေါင်းရှစ်ဆယ် ထရီလီယံ ရှိသည်ဟု ဆိုရပေမည်။

ထို့အပြင် ၀မ်လင်း၏ လက်သည်းများထဲတွင် ၀ိညာဥ်စွမ်းအားကို သိမ်းဆည်းထား၏။

သို့သော် သူ၏ လက်သည်းတွင် သိုလှောင်ထားသော ၀ိညာဥ်စွမ်းအားများသည် အရံအသုံးပြုရန် အတွက်သာ ဖြစ်ပြီး ကမ္ဘာငယ်လေး အတွင်းရှိ ၀ိညာဥ်စွမ်းအားလောက် မပြင်းထန်ခဲ့ပေ။

လက်သည်းတစ်ချောင်းတွင် ပါ၀င်သော ၀ိညာဥ်စွမ်းအားပမာဏသည် အကြမ်းဖျင်းအားဖြင့် စိတ်၀ိညာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်သည့် ၀ိညာဥ်စွမ်းအား ပမာဏနှင့် တူညီ၏။

စင်စစ် ရှားမင်၏ ၀ိညာဥ်စွမ်းအားသည် ၀မ်လင်း၏ လက်သည်းထဲတွင်ရှိသော ၀ိညာဥ်စွမ်းအား၏ လေးပုံတစ်ပုံမျှပင် မရှိပေ။

သူ့အနေဖြင့် ဘာလုပ်သင့်ပါသနည်း။

ဤတိုက်ပွဲတွင် ရှားမင်ကို သင်ခန်းစာ ပေးသင့်ပါသလော။

သို့ရာတွင် ရှားမင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အတော်လေး ရှိနေကြောင်း မြင်လိုက်ရသောအခါ ၀မ်လင်းသည် ရှားမင်ကို အနိုင်မယူရက်တော့ပေ။

ထို့်ပြင် သူတို့ ၀မ်မိသားစု၏စည်းမျဥ်းမှာ သိုသိုသိပ်သိပ် နေထိုင်ရန်သာ ဖြစ်သည်။

ထို့ကြောင့် သူ့အနေဖြင့် မီးစင်ကြည့်၍ ကရုံသာ

တတ်နိုင်ပြီး အခြေအနေကို တတ်နိုင်သလောက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရပေမည်။

"အတန်းဖော် ၀မ်လင်း.. ကျေးဇူးပြုပြီး ငါ့ကို ညွှန်ပြပေးပါဦး"

ရှားမင်က သူ၏ခွန်အားများကို စုစည်းကာ ရှေ့သို့ တိုးလာခဲ့သည်။

ထို့နောက်တွင် ၀မ်လင်း၏ မျက်နှာကို လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

လေထုပါ တုန်ခါသွားသဖြင့် ရှားမင်၏ လက်သီးချက်က မည်မျှပြင်းထန်ကြောင်း သိနိုင်ပေသည်။

၀မ်လင်း၏ ပထမဆုံး တုံ့ပြန်မှုသည် ရှားမင်၏ လက်သီးကို ပိတ်ဆို့ရန်မဟုတ်ဘဲ ခန္ဓာကိုယ်နည်းစနစ်ဖြင့် ရှောင်ရှားရန်သာ ဖြစ်သည်။

၀မ်လင်းက သူ့ကိုယ်သူ အလယ်အလတ် ရုပ်သွင်လောက် ဖြစ်အောင် အမှန်တကယ် ပုံသွင်းခဲ့သော်လည်း မျက်နှာကို တစ်ခါမျှ မထိမှန်ခဲ့ဖူးပေ။

သူကသာ အခြားသူများကို ရိုက်နှက်ခဲ့သူ ဖြစ်သည်။

နောက်တစ်ချက်အနေဖြင့် ၀မ်လင်းသည် ရှားမင်၏ လုံခြုံရေးကိုပါ ထည့်သွင်းစဥ်းစားပေးခဲ့သည်။

အကယ်၍ ရှားမင်၏ လက်သီးသာ ၀မ်လင်း၏ မျက်နှာကို အတိအကျ ထိမိခဲ့လျှင် ရှားမင်သည် ၀မ်လင်း၏ တန်ပြန်စွမ်းအားကြောင့် အနည်းဆုံး ကျိုးပဲ့သွားနိုင်ပေသည်။

အရိပ်အဖွဲ့မှ လူသတ်သမားက သူ့ခန္ဓာကိုယ်၏ တန်ပြန်စွမ်းအားကြောင့် သေဆုံးသွားသော မြင်ကွင်းသည် ၀မ်လင်း၏ စိတ်ထဲတွင် ယခုအချိန်ထိ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။

ထိုကဲ့သို့ အဖြစ်မျိုးကို လူအများ၏ မျက်စိအောက်တွင် နောက်တဖန် မဖြစ်စေလိုခဲ့ပေ။

ရှားမင်က လက်သီးချက်များကို ဆက်တိုက် ထုတ်လွှတ်လိုက်သည်။

"မင်းတတ်နိုင်တာ ရှောင်တိမ်းတာ တစ်ခုပဲလား ၀မ်လင်း"

ရှားမင်က ၀မ်လင်းကို လက်သီးဖြင့် ထိုးရင်း ခနဲ့လိုက်သည်။

သို့သော် ဤကဲ့သို့ ခနဲ့တဲ့တဲ့ စကားများသည် ၀မ်လင်း၏စိတ်ကို လုံး၀ မလှုံ့ဆော်နိုင်ခဲ့ပေ။

ရှားမင်သည် ခန္ဓာကိုယ်နည်းစနစ် စာမေးပွဲတွင် အလွန်

မြင့်မားသော ရလဒ်ပိုင်ရှင် ဖြစ်သည်။

သူက ရေစီးကြမ်း လက်သီး နည်းစနစ်ကို ကျင့်ကြံခဲ့ပြီး လက်သီးနှင့် ခြေထောက် နှစ်ဖက်စလုံးကို အသုံးပြုခဲ့သည်။

ထိုနည်းစနစ်က ရှားမင်နှင့် အလွန်ကိုက်ညီသော နည်းစနစ်တစ်ခုလည်း ဖြစ်သည်။

သို့သော် စွမ်းအင်အလွန်အကျွံ သုံးစွဲရသဖြင့် ထိုနည်းစနစ်ကို အသုံးပြုသောအခါတွင် လူများစွာသည် ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရကြသည်။

သို့သော် ရှားမင်ကတော့ မတူပေ။

ရှေးခေတ်နတ်မျိုးနွယ်မှ ဆင်းသက်လာသူ တစ်ဦးအနေဖြင့် သူ၏ ၀ိညာဥ်အရင်းအမြစ် အားသာချက်ကြောင့် ခံနိုင်ရည်မှာ မေးခွန်းထုတ်စရာ မလိုအပ်ချေ။

ထို့ကြောင့် ၀မ်လင်းက ရှားမင်၏ ရေစီးကြမ်း လက်သီးနည်းစနစ်ကို ကိုင်တွယ်ရာတွင် အနည်းငယ် ခက်ခဲသည်ဟု ခံစားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ရှားမင်၏ လက်သီးချက်တိုင်းသည် သူ၏ မျက်နှာကို ဦးတည်နေသောကြောင့်ပင်။

ဆိုရလျှင် ရှားမင်သည် လုံး၀ သက်ညှာမှု မရှိခဲ့ပေ။

၀မ်လင်းက ပြန်လည် မတုံ့ပြန်ဘဲ ရှားမင်၏ လက်သီးချက်များကို သွက်သွက်လက်လက်ဖြင့် ရှောင်တိမ်းနေခဲ့သည်။

တိုက်ပွဲမြင်ကွင်းကို ကြည့်ရင်း ၀မ်ကျန်းတို့လူစုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြသည်။

ဤရှောင်တိမ်းမှုမျိုးက အဓိပ္ပါယ်မဲ့နေပုံ ပေါ်သော်လည်း ၀မ်လင်းသည် ရှားမင်၏ လက်သီးချက်များကို ရည်ရွယ်ချက်ရှိရှိ တမင်တကာ လမ်းလွှဲအောင် လုပ်ဆောင်နေသည်ဟု သူတို့ခံစားမိကြသည်။

သူတို့၏ ခံစားချက်က မမှားယွင်းခဲ့ပေ။

နောက်ထပ် အခိုက်အတန့်မှာပင် ရှားမင်၏ လက်သီးချက်သည် အမှန်တကယ်ပင် ဦးတည်ချက် ပြောင်းသွားပြီး အဆုံးသတ်၌ ရှားမင်သည် သူ့မျက်နှာကို သူ့ဘာသာသူ ပြန်ထိုးမိခဲ့သည်။

အပိုင်း(၁၀၉၅) ပြီး၏

All Chapters