မေမေဝမ်၏မွေးရက်
Vol. 74 Ch. 1099
ဖေဖေ၀မ်က မုန့်ဖိုးလျှော့ချလေ့ ရှိသည်နှင့် ပက်သက်၍ တိတ်တဆိတ် ညီးညူခဲ့သည့် သူ၏စာကို ဆရာမဖန်က ဆရာများ ချက်ဂရုတွင် မျှဝေလိမ့်မည်ဟု မမျှော်လင့်ထား၍သာ ၀မ်လင်းက ရေးသားခဲ့ခြင်း ဖြစ်သည်။
တစ်စုံတစ်ခုသော အကြောင်းအရာကို အဓိပ္ပါယ်ဖွင့်ဆိုစေသောအခါတွင် လူအများအပြားက ရုန်းကန်ရလေ့ ရှိသော်လည်း ကျောင်းဆရာများကမူ လျှို့၀ှက်ဆန်းကြယ်စွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်စွမ်း ရှိကြသည်။
အထူးသဖြင့် တရုတ်မှ ကျောင်းဆရာများသည် မူရင်းရေးသားသူပင် မသိသည့် အဓိပ္ပါယ်များကို စာစီစာကုံးကနေ မကြာခဏ ထုတ်ယူနိုင်လေ့ ရှိကြသည်။
ဥပမာအားဖြင့် အချို့သော နာမ၀ိသေသနသည် ၀ါကျတစ်ခုတွင် ထပ်ကာတလဲလဲ ပါ၀င်နေလျှင် စာရေးသူ၏ ခံစားချက်အချို့ကို ဖော်ပြသည်ဟု သတ်မှတ်လေ့ရှိသည်။
သို့သော်လည်း စာရေးဆရာအနေဖြင့် လုံလောက်သည့် အသိပညာ မရှိသောကြောင့် ထပ်တူညီသော နာမ၀ိသေသနကိုသာ ထပ်ခါတလဲလဲ အသုံးပြုမိတာလည်း ဖြစ်နေနိုင်၏။
အခြား ဥပမာတစ်ခုအနေဖြင့် ပြောရလျှင် ၀ါကျအချို့တွင် ထည့်သုံးလေ့ရှိသော အာမေဋိတ်သည် စာရေးသူ၏ စိတ်ခံစားချက်ကို ဖော်ပြသည်ဟု ယူဆလေ့ရှိကြသည်။
တကယ်တမ်းတွင် ရွေးချယ်လိုက်သော အသုံးအနှုန်းသည် စာရေးဆရာ၏ စိတ်နေစိတ်ထားပေါ်တွင်သာ မူတည်သည်။
စာသင်ကြားသူများသည် မူလရေးသူ၏ မူရင်းရည်ရွယ်ချက်ကို သိရှိရန်အတွက် နက်ရှိုင်းစွာ စဥ်းစားရမည် ဖြစ်သည်။
အဓိကအားဖြင့် မူရင်းရေးသူ ရေးသားသည့် စာသားတွင် ပါ၀င်သော အဓိပ္ပါယ်ကို မှန်ကန်စွာရှာဖွေဖို့ ကြိုးစားရမည်ကို ဆိုလိုခြင်းပင်။
ကံဆိုးစွာဖြင့် ၀မ်လင်း၏ စာသည် ဆရာများကို နားလည်မှု လွဲမှားစေခဲ့သည်။
ထို့နေညနေ ၀မ်လင်း အိမ်ပြန်ရောက်သောအခါတွင်
ဖေဖေ၀မ်သည် စားပွဲပေါ်တွင် သုံးဆယ့်ငါးယွမ်နှင့် ခြောက်ဆယ့်ရှစ် ဆင့်ကို တင်ထားခဲ့သည်။
ဤတစ်ပတ်တွင် အယ်ဒီတာအာဘော်ရုံးသည် စာရေးဆရာများနှင့် ၄င်းတို့၏ ဇနီးများ အတွက် "My Country & I"ရုပ်ရှင်ကို ကြည့်ရှုရန် စီစဥ်ပေးခဲ့သည်။
ထို့်အပြင် စျေး၀ယ်ထွက်ရန်အတွက် သင့်တင့်လျောက်ပတ်သော ငွေပမာဏကိုပါ စီစဥ်ပေးခဲ့သည်။
"မင်းအမေနဲ့ငါ အသေအချာ စီစစ်ပြီးပြီ.. အိမ်နားက နေ့လည်စာဘောက်စ် အတော်လေးကောင်းပြီး အာဟာရလည်း ပြည့်၀တယ်.. နေ့လည်စာဘောက်စ် တစ်ခုကို 35ယွမ်နဲ့ 68ဆင့်ပဲ ကုန်ကျတယ်.. စားပွဲပေါ်က ပိုက်ဆံကို ယူပြီး မင်းဘာသာမင်းပဲ ၀ယ်စားလိုက်တော့"
ဖေဖေ၀မ်က ခါတိုင်းကဲ့သို့ပင် တွန့်တိုနေခဲ့သည်။
ထမင်း၀ယ်စားရန် အတွက်ကိုပင် အပိုအလိုမရှိ အတိအကျ ပေးခဲ့သည်။
သို့သော် ဤသည်မှာ ဖေဖေ၀မ်၏ အလေ့အထဖြစ်၍ ၀မ်လင်းက အတော်လေး အသားကျနေပြီ ဖြစ်သည်။
တကယ်တမ်းတွင် ဖေဖေ၀မ်သည် မိုလ်ဘိုင်းငွေ ပေးချေမှုဖြင့် ၀မ်လင်းကို ပေး၍လည်း ရ၏။
သို့သော်လည်း ဖေဖေ၀မ်သည် အိမ်ရှိငွေသားများကို အသုံးပြုရန်အတွက် စားပွဲပေါ်တွင် တမင် တင်ထားခဲ့ခြင်း ဖြစ်သည်။
ဤခေတ်တွင် ဟွာရှို့နိုင်ငံ၏ မိုလ်ဘိုင်းငွေပေးချေမှုသည် အထွတ်အထိပ် ကာလသို့ ရောက်ရှိခဲ့သည်။
မိုလ်ဘိုင်းငွေပေးချေမှုက အလွန်ပင် အဆင်ပြေသောကြောင့် လူတိုင်းသည် အပြင်သွားသော အခါတွင် ၄င်းတို့၏ ဖုန်းများကိုသာ ယူဆောင်သွားရန် လိုအပ်တော့၏။
လူအများက ပိုက်ဆံအိတ်များကို ဆောင်ထားကြလေ့ မရှိသဖြင့် သူခိုးများပင် ပိုက်ဆံအိတ်များကို မခိုးနိုင်တော့ပေ။
ဤခေတ်တွင် ၄င်းတို့သည် ဖုန်းများကိုသာ ပစ်မှတ်ထားနိုင်ခဲ့သည်။
သို့သော်လည်း ပြဿနာမှာ ယခုအခါတွင် လူအများစုသည် ၄င်းတို့၏ လက်ထဲတွင်သာ ဖုန်းကို အစဥ်အမြဲ ထားရှိခြင်းပင်။
ဆိုရလျှင် မိုလ်ဘိုင်းငွေပေးချေမှု ပေါ်ပေါက်လာခြင်းသည် ခါးပိုက်နှိုက် အလုပ် ကဲ့သို့ အသက်မွေး၀မ်းကြောင်း လုပ်ငန်းများအတွက် ပြင်းထန်သော ထိုးနှက်ချက် တစ်ခု ဖြစ်သည်။
တချိန်တည်းမှာပင် လူအများအပြားသည် မိုလ်ဘိုင်းငွေပေးချေမှုကို အသုံးပြုလာသောကြောင့် ငွေသားအသုံးပြုသည့် အလေ့အထကလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
မိုလ်ဘိုင်းငွေပေးချေမှု အဆင်မပြေသေးသော ကာလတွင် ဖေဖေ၀မ်သည် သူ၏ စာရေးဆရာလစာငွေကို ငွေသားများဖြင့်သာ ရရှိခဲ့သည်။
ထို့ကြောင့် ဖေဖေ၀မ်သည် အိမ်တွင် ငွေသား အမြောက်အများ စုဆောင်းမိခဲ့သည်။
ယခင်က ကမ္ဘောဇ ဘဏ်တွင် အပ်နှံထားဖို့ စိတ်ကူးထားသော်လည်း လိုအပ်သောအခါတွင် ဘဏ်ကိုသွားပြီး ပိုက်ဆံပြန်ထုတ်ရမည်မှာ အလွန်ပင် ဒုက္ခခံရသောကြောင့် အိမ်မှာပင် သိမ်းထားဖို့ ဆုံးဖြတ်ခဲ့သည်။
ယခုအခါတွင် ဤငွေသားများကို ၀မ်လင်းအတွက် လစဥ်ထောက်ပံ့ခြင်း နှင့် အသေးစား အိမ်သုံးစရိတ်များ အတွက် အဓိက အသုံးပြုခဲ့သည်။
၀မ်လင်းက စားပွဲပေါ်မှ ပိုက်ဆံကို ကောက်ယူပြီး အိတ်ကပ်ထဲ ထည့်ကာ အိပ်ခန်းရှိရာသို့ လျှောက်လာခဲ့သည်။
ဖေဖေ၀မ်၏ စာကြည့်ခန်းသည် ၀မ်လင်း၏ အိပ်ခန်းနှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။
ထိုအခိုက်တွင် စာကြည့်ခန်း၏ တံခါး၀ရှေ့၌ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေသော စာရွက်တစ်ရွက်ကို ၀မ်လင်း သတိပြုမိခဲ့သည်။
ထိုစာရွက်က ဖေဖေ၀မ် ထွက်သွားစဥ်က မတော်တဆ ပြုတ်ကျခဲ့မိခြင်း ဖြစ်နိုင်၏။
ထိုစာရွက်ကို သေချာလေ့လာလိုက်သောအခါ ကိုယ်၀န်ဆောင် အစီအရင်ခံစာ ဖြစ်နေသည်ကို သိရှိလိုက်ရသည်။
၀မ်လင်းက ကိုယ်၀န်ဆောင် အစီအရင်ခံစာကို ဖတ်လိုက်သည်။
သန္ဓေသား၏အနေအထား = စစ်ဆေးနေစဥ်အတွင်းသန္ဓေသားသည် ခန္ဓာကိုယ်အတွင်း မရပ်မနား လှည့်ပတ်နေသောကြောင့် ချက်ကြိုးရှုပ်သွားနိုင်သည့် အခွင့်အလမ်း အနည်းငယ် ရှိသည်။
ဤအန္တရာယ်ကို ဖယ်ရှားရန်အတွက် နောက်လတွင် ဒုတိယအကြိမ်မြောက် စစ်ဆေးမှုပြုလုပ်ရန် အကြံပြုထားသည်။
ရုပ်ပိုင်းဆိုင်ရာအခြေအနေ=အလွန် ကျန်းမာရေးကောင်းမွန်သည်။
ကိုယ်၀န်ဆောင်မိခင်သည် မှန်ကန်သော လေ့ကျင့်ခန်း ပမာဏကို လုပ်ဆောင်ထား၍ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းသောကြောင့် ကလေးမွေးဖွားရန် အတွက် အလွန်ကောင်းမွန်သော အခြေအနေ ရှိသည်။
ယခင် ကိုယ်၀န်တုန်းကလည်း သဘာ၀အတိုင်း မွေးဖွားခဲ့သောကြောင့် သားဖွားဆရာ၀န်သည် ယခုအချိန်တွင် သဘာ၀အတိုင်းသာ ကလေးမွေးဖွားရန် အကြံပြုထားခဲ့သည်။
အစီရင်ခံစာ၏ အဆုံးသတ်တွင် မေမေ၀မ် မွေးဖွားမည့် ရက်ကို ဖော်ပြထားသည်။
ထိုရက်က ဒီဇင်ဘာ၃၀ရက် ဖြစ်ကြောင်း ၀မ်လင်း တွေ့လိုက်ရ၏။
ယင်းက နောက်နှစ် ဒီဇင်ဘာ ၃၀ မဟုတ်ပေ၊ နောက်လ ဒီဇင်ဘာ ၃၀ ဖြစ်သည်။
ဤသည်မှာ သန္ဓေသားကို အချိန်မတိုင်မီ မွေးဖွားရန် အတွက် အနက်ရောင်နည်းပညာကို အသုံးပြုထားခြင်းမဟုတ်ပေ။
ကျင့်ကြံခြင်းလောကမှ ဖြည့်စွက်အာဟာများ၏ အာနိသင်များက အလွန်ကောင်းမွန်သောကြောင့်သာ ဖြစ်သည်။
မေမေ၀မ်သည် ကိုယ်၀န်ပျက်ကျခြင်းမှ ကာကွယ်ရန်နှင့် သန္ဓေသားကို အာဟာရ ဖြည့်တင်းရန်အတွက် ယနေ့ခေတ်တွင် နာမည်ကြီးသော ကျန်းမာရေးစောင့်ရှောက်မှု ဖြည့်စွက်စာများကို စားသုံးခဲ့သည်။
အချို့ကို သူမ ကိုယ်တိုင် ၀ယ်ခဲ့ပြီး တချို့ကိုမူ ကျိုးရီနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့က လက်ဆောင်ပေးအပ်ခဲ့သည်။
စင်စစ် ထိုဆေးများသည် စျေးကွက်တွင် အဖိုးမဖြတ်နိုင်သော ကိုယ်၀န်ဆောင် အားတိုးဆေးများ ဖြစ်ကြသည်။
ထိုဆေးများအားလုံးကို စားသုံးခြင်းဖြင့် မေမေ၀မ်၏ မွေးဖွားမည့် သတ်မှတ်ရက်သည် သိသာထင်ရှားစွာပင် ရှေ့တိုးလာခဲ့သည်။
စင်စစ် မေမေ၀မ်၏ ၀မ်းထဲရှိ ကလေးမလေးသည် သာမန်ကလေးတစ်ဦး မဟုတ်ပေ။
မေမေ၀မ်က ဤဆေးများကို မသုံးလျှင်ပင် မွေးဖွားမည့်ရက်သည် ပုံမှန်ထက် အဆများစွာ တိုတောင်းမည် ဖြစ်သည်။
ကျင့်ကြံခြင်းလောကမှ အဆင့်မြင့်သော ကိုယ်၀န်များသည် ပုံမှန်အားဖြင့် သုံးလမှ ငါးလအတွင်း အချိန်တိုတောင်း သွားတတ်သည်။
သို့သော် ဤကိုယ်၀န်ကမူ ကိုးလလောက် အချိန်တိုသွားသည့်အတွက် အစီအရင်ခံစာပါ ရက်ချိန်းကို တွေ့လိုက်ရသော အခါတွင် ဆေးရုံရှိ ဆရာ၀န်များကို အံ့အားသင့်စေခဲ့သည်။
ဆိုရလျှင် ဤကလေးသည် ကမ္ဘာလောကထဲကို ၀င်လာဖို့ အတွက် မစောင့်နိုင်လောက်သည် အထိ ကြီးထွားလာမှုက အလွန်ပင် မြန်ဆန်ခဲ့သည်။
ကိုယ်၀န်ဆောင် အစီအရင်ခံစာကို ဖတ်ရင်း ၀မ်လင်းသည် သူမွေးဖွားစဥ်က အခြေအနေကို ရုတ်တရက် သိချင်လာခဲ့သည်။
ဤအစီအရင်ခံစာအရ သူက သဘာ၀အတိုင်း မွေးဖွားခဲ့ကြောင်း သိရှိခဲ့ရသည်။
ရှင်းလင်းစွာ ဆိုရလျှင် ၀မ်လင်းတွင် မွေးဖွားစဥ်ကာလ
နှင့် ပတ်သက်သည့် မှတ်ဥာဏ်များ အနည်းငယ် ဝေ၀ါးနေခဲ့သည်။
သူ့တွင် မေမေ၀မ်၏ ၀မ်းဗိုက်ထဲတွင် ရှိသောအချိန်များနှင့် ပတ်သက်၍ မရေမရာ ခံစားချက်မျိုးသာ ရှိခဲ့သည်။
ပိုမိုတိကျစွာ ပြောရလျှင် ၀မ်လင်း၏ မှတ်ဥာဏ်များသည် ပြင်ပလေထုကို ပထမဆုံး ရှုရှိုက်လိုက်ရသည့် အချိန်ကနေ စတင်ခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းကို စဥ်းစားရင်း ၀မ်လင်းသည် သူ မည်ကဲ့သို့ မွေးဖွားလာသည်ကို အလွန်ပင် သိချင်လာခဲ့သည်။
သူမွေးဖွားလာစဥ်က ဖေဖေ၀မ်သည် မြင်ကွင်းပုတီးစေ့ဖြင့် ဗွီဒီယို ရိုက်ကူးထားခဲ့သည်။
ထိုဗွီဒီယိုကို ဖေဖေ၀မ်က မြေအောက်ခန်းထဲတွင် သိမ်းဆည်းထားခဲ့၏။
ထိုအချိန်က ဖေဖေ၀မ်သည် ခွဲစိတ်ခန်းအတွင်းမှ မွေးဖွားသည့် အခြေအနေ တစ်ခုလုံးကို မှတ်တမ်းတင်ရန်အတွက် အချိန်အတော််ယူ၍ ပြင်ဆင်ထားခဲ့ရကြောင်း ၀မ်လင်း အမှတ်ရမိသည်။
သူက ဘုရင်မျက်လုံးဖြင့် မြေအောက်ခန်း တစ်ခုလုံးကို ရှာဖွေလိုက်ရာ အဆုံးသတ်တွင် ဖေဖေ၀မ် သိမ်းဆည်းထားခဲ့သည့် မြင်ကွင်းပုတီးစေ့ကို တွေ့ရှိခဲ့သည်။
ထိုပုတီးစေ့တွင် ၀မ်လမ်း၏ မွေးဖွားသော ခုနှစ်နှင့် နေ့ရက်များကို ရေးထိုးထားသည်။
၀မ်လင်းက သူ၏၀ိညာဥ်စွမ်းအင်ကို မြင်ကွင်းပုတီးစေ့ ထဲသို့ ထည့်သွင်းလိုက်ရာ မေမေ၀မ်၏ ချွေးစေးများ ပြန်နေသောမျက်နှာနှင့် ဖေဖေ၀မ်၏ နှပ်ချေးများ နှင့် မျက်ရည်များ ရောထွေးနေသော မျက်နှာကို တွေ့လိုက်ရသည်။
ဖေဖေ၀မ်သည် ထိုအချိန်က အတော်ပင် စိတ်လှုပ်ရှားနေခဲ့ပုံရ၏။
အပိုင်း(၁၀၉၉) ပြီး၏