← Chapters

ဆယ်ဦး ကိုယ်စားလှယ်အဖွဲ့

Vol. 74 Ch. 1103

ဆယ်ဦး ကိုယ်စားလှယ်အဖွဲ့

Vol. 74 Ch. 1103

သူနှင့် ၀မ်လင်းက စိတ်ချင်းနီးစပ်တာကြောင့်လား သို့်မဟုတ် သူ့မြေးလေးက ၀မ်လင်းကို ကြိုက်လို့လား သူမသိသော်လည်း အဘိုးအိုစွန်းသည် ကျောင်းအုပ်ကြီးချန်းထံမှ ၀မ်လင်း အကြောင်းကို ကြားလေလေ ပို၍ ကျေနပ်လေလေ ဖြစ်လာသည်။

အိမ်ထောင်ပြုရန် သဘောတူသည့် အခြေအနေ မဟုတ်သေးသော်လည်း ၀မ်လင်းသည် စွန်းရုံ နှင့် ချိန်းတွေ့နိုင်သည့်သူ တစ်ဦးဟု စွန်းရိယွမ် ခံစားခဲ့ရသည်။

သူ့မြေးမလေး၏ ချစ်သူ မဖြစ်ခဲ့လျှင်ပင် သူငယ်ချင်းဖြစ်လည်း မဆိုးဟု သူတွေးမိခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် သူက ရှားမင်ကို လုံး၀ စိတ်မ၀င်စားခဲ့ပေ။

ထိုကောင်လေးသည် ၀မ်လင်းကို အထူးတလည် စိန်ခေါ်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။

ထိုကဲ့သို့သော သူက သူ၏မြေးမလေးကို မည်ကဲ့သို့ ကာကွယ်နိုင်ပါမည်နည်း။

တုတ်ကောက်ကို ကိုင်၍ အဘိုးအိုစွန်းက စိတ်ထဲတွင် အတွေးမျိုးစုံ တွေးနေမိသည်။

ထို့နောက်ဘသူက အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး ရှားမင်၏ အခြေအနေကို လောက၀တ်အရ မေးလိုက်သည်။

"ကျောင်းသား ရှားမင်.. နေကောင်းရဲ့လား"

"သူအခုထိ ဆေးရုံတက်နေတုန်းပါပဲ"

"သူ့အခြေအနေက ပြင်းထန်လား"

"အရမ်းကြီး မပြင်းထန်ပါဘူး ဥက္ကဌစွန်း"

"ငါတို့ကုမ္ပဏီက သူ့အတွက် ဆေးဖိုး ပေးပါ့​မယ်"

စွန်းရိယွမ်က ပြောလိုက်သည်။

"ရပါတယ် အဲလောက်ထိ မလိုအပ်ပါဘူး ဥက္ကဌစွန်း"

"ဒီလောက်က ဘာမှမဟုတ်ပါဘူး.. ငါဆုံးဖြတ်ပြီးသားမို့ လက်ခံလိုက်ပါ"

အဘိုးအိုစွန်းက ပြတ်သားစွာ ပြောလိုက်သဖြင့် ကျောင်းအုပ်ကြီးချန်းက ဘာမှ အထွန့်မတတ်တော့ပေ။

ဟုတ်ပါသည်၊ ဆေးဖိုးပေးမည့်အပြင် ဥက္ကဌစွန်းတွင် သူ့ကိုယ်ပိုင် အစီအစဥ်လည်း ရှိ၏။

ဥက္ကဌစွန်းက ရှားမင်၏ အခြေအနေနှင့် ပတ်သက်၍ ကျောင်းအုပ်ကြီးချန်းကို မေးမြန်းပြီးနောက်တွင် ဟွာကောရေတံခွန်လုပ်ငန်းစု၏ ဘဏ္ဍာရေး ဌာနသို့ အလျင်အမြန်ပင် ဖုန်းခေါ်ခဲ့သည်။

ထို့အပြင် သူက ကျောင်းအုပ်ကြီးချန်းပါ နားထောင်နိုင်စေရန် စပီကာကို ဖွင့်ထားခဲ့သည်။

"ကျန်းကျဲ့လား.."

"ဟုတ်ကဲ့ ဥက္ကဌ.. ကျွန်တော် ကျန်းကျဲ့ပါ.. ဘာများညွှန်ကြားမလို့လဲ ဥက္ကဌ"

"ဖေးယန် မြို့တော်ဆေးရုံရဲ့ စိတ်ဒဏ်ရာကုသဆောင်ကို သွားပြီး အခန်း၂၀၇က ရှားမင်လို့ ခေါ်တဲ့လူနာကို သွားရှာပါ.. မင်းသွားတဲ့အခါကျရင် ငါတို့ ကုမ္ပဏီရဲ့ တရားရေးအဖွဲ့ကို မင်းနဲ့အတူ ခေါ်သွားပြီး သူနဲ့စကားပြောပါ.. ငါ့မြေးလေးကို မနှောင့်ယှက်ဖို့ အတွက် ပိုက်ဆံဘယ်လောက်လိုချင်လဲလို့ တစ်ခါတည်း မေးလိုက်ပါ "

"........."

ထိုစကားကို စပီကာကနေ ကြားနေရသည့် ကျောင်းအုပ်ကြီးချန်းသည် အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ရသည်။

ဤကဲ့သို့သော ဇာတ်ကွက်သည် ၀တ္ထုထဲတွင်သာ မဟုတ်ဘဲ အပြင်ဘက်မှာလည်း အမှန်တကယ် ရှိနေခဲ့သည်။

သို့သော် ကိစ္စက ဤနေရာတွင် မပြီးသေးပေ။

"ဥက္ကဌ.. ဒီကျောင်းသားရှားမင်ဆိုတာ မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါ၀င်ခဲ့တဲ့ တစ်ယောက်လား"

"မင်းလဲ အဲဒီကိစ္စကို သိတယ်လား"

"ကျ.. ကျနော်က ကြားမိတာပါ"

ကျန်းကျဲ့၏ အဖြေကြောင့် စွန်းရိယွမ်က မျက်မှောင်

ကြုတ်သွားသည်။

မမျှော်လင့်ဘဲ ဤကိစ္စသည် အပျက်သဘောဆောင်သော သက်ရောက်မှုများ ရှိနေခဲ့သည်။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ဘဏ္ဍာရေးဌာနရှိ ၀န်ထမ်းများသည် အလွန် အလုပ်များသဖြင့် ဤကဲ့သို့သော ကိစ္စများကို သတိပြုမိရန်မှာ ပုံမှန်အားဖြင့် မဖြစ်နိုင်ပေ။

သို့တိုင် ဤဖြစ်ရပ်ကို သူ၏ ဘဏ္ဍာရေးဌာနမှ ၀န်ထမ်းများပင် သိနှင့်နေခဲ့သည်။

ဤကိစ္စ၏ သက်ရောက်မှုသည် အမှန်တကယ်ပင် သူထင်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

အဓိကအချက်မှာ သူ့မြေး၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းပင်။

ယမန်နေ့က တိုက်ရိုက်ထုတ်လွှင့်မှု အပြီးတွင် သူသည် အဆိုပါ ဖြစ်ရပ်ကို တားဆီးရန်အတွက် ငွေကြေးများစွာအသုံးပြုကာ မီဒီယာများကို နှုတ်ပိတ်ခဲ့သည်။

သို့တိုင် အွန်လိုင်းပေါ်ရှိ အကောင့်အားလုံးကို ရပ်တန့်ရန်မှာ မလွယ်ကူခဲ့ပေ။

"မင်းတို့က ဒီအကြောင်းကို ဘယ်ကနေ စတွေ့တာလဲ"

"ကုမ္ပဏီရဲ့ ချက်ဂရုကပါ.. ဒီအဖြစ်အပျက်ရဲ့ သက်ရောက်မှုက ဥက္ကဌထင်ထားသလောက် မကြီးမားပါဘူး.. လက်ရှိအချိန်မှာ အွန်လိုင်းပေါ်က မီဒီယာအားလုံး ဖျက်ချခံလိုက်ရပါပြီ"

"ဗီဒီယိုတွေအားလုံးကို လုံး၀ကြီး ဖျက်ပစ်လိုက်တာလား ဒါ ဘယ်သူ့ လက်ချက်များလဲ"

အဘိုးအိုစွန်းက အံ့သြထိတ်လန့်သွားခဲ့သည်။

သေချာသည်မှာ သူ့တွင် ဤမျှလောက် အစွမ်းမရှိသလို သူကိုယ်တိုင်က မည်သူ့ကိုမှ မငှားရမ်းထားခဲ့ပေ။

"ထားလိုက်ပါ.. အင်တာနက်အပေါ်မှာ မပျံ့ရင် ပြီးတာပါပဲ.. မင်းကို ငါခိုင်းတဲ့အတိုင်း ဆေးရုံကို မသွားခင် ကုမ္ပဏီရဲ့ ချက်ဂရုမှာ ဒီကိစ္စကို အတင်းအဖျင်းစပြောတဲ့သူက ဘယ်သူလဲဆိုတာကို အရင်စစ်ဆေးလိုက်ပါ.. ပြီးရင် လစာ သုံးလစာ ပေးပြီး ချက်ချင်း ထုတ်ပစ်လိုက်တော့"

"ဟုတ်ကဲ့ပါ ဥက္ကဌ"

ဥက္ကဌ၏ တစ်ချက်လွှတ်အမိန့်ကြောင့် ဖုန်း၏ အခြားတစ်ဖက်မှ ကျန်းကျဲ့သည် တုန်လှုပ်သွားခဲ့သည်။

"ဒါနဲ့ ဥက္ကဌ.. ကျောင်းသားရှားမင်ရဲ့ လျော်ကြေးငွေကိုဘယ်လို သတ်မှတ်ထားလဲ"

"မင်းကြိုက်သလို စီစဥ်လိုက်ပါ.. ဆယ်သန်းအောက် ဆိုရင်တော့ ငါ့ဆီ သတင်းပို့နေစရာ မလိုဘူး"

အဘိုးအိုစွန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဥက္ကဌ.. ချက်ချင်း စီစဥ်လိုက်ပါ့မယ်"

ထို့နောက်တွင် ဖုန်းခေါ်ဆိုမှုက ပြီးဆုံးသွားခဲ့သည်။

တကယ်တမ်းတွင် စွန်းရိယွမ်သည် ရှားမင်က ဆယ်သန်းတန်သည်ဟု မထင်ထားခဲ့ပေ။

သို့ရာတွင် ကိစ္စများကို လျင်မြန်စွာ ပြီးမြောက်ရန်အတွက် ငွေကြေးများကို ဖောဖောသီသီ အသုံးပြုရန် လိုအပ်သည် မဟုတ်ပါလော။

အဘိုးအိုစွန်းက ဖုန်းပြောပြီးနောက်တွင် ကျောင်းအုပ်ကြီးချန်းကို ပြုံး၍ ကြည့်လိုက်သည်။

"ဒီအဘိုးကြီးရဲ့ မြေးအပေါ်စိုးရိမ်မှုတွေကို မြင်စေခဲ့လို့ ​ကျောင်းအုပ်ကြီးချန်းကို တောင်းပန်ပါတယ်"

ကျောင်းအုပ်ကြီးချန်း "ရပါတယ် ဥက္ကဌ.. ဒါနဲ့ တစ်ခုလောက် မေးလို့ရမလား ဥက္ကဌစွန်း.. ကျောင်းသူစွန်းရုံကို ဖွင့်ဟ၀န်ခံတဲ့ လူတိုင်းကို ဒီလို နည်းလမ်းနဲ့ပဲ ဖြေရှင်းမှာလား"

အဘိုးအိုစွန်း "ပြသနာတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ ငွေက အလွယ်ကူဆုံး နည်းလမ်းပဲ.. ဟုတ်ပါတယ် အဓိကအချက်ကတော့ ဒီကိစ္စက အရမ်းကို ပေါက်သွားတာကြောင့် ကျောင်းသားရှားမင်က လက်မလျှော့ဘဲ ရုံရုံနဲ့ ပတ်သက်ပြီး အကြံဆိုးအချို့ ရှိနေမှာ စိုးရိမ်လို့ပဲ.. လူ အတော်များများကတော့ လက်တွေ့မကျတဲ့ အတွေးတွေကို ကျောခိုင်းပြီး စွန့်လွှတ်တတ်ကြတယ်.. အဲဒါမျိုးဆိုရင်တော့ ပိုက်ဆံနဲ့ လာဘ်ထိုးစရာ မလိုဘူးပေါ့"

စွန်းရိယွမ်က ရှင်းပြလိုက်သည်။

ငွေကြေးက သူ့အတွက် ဘာမှအရေးမကြီး၍ ပြဿနာများကို သူက ငွေကြေးဖြင့်သာ အလွယ်တကူ ဖြေရှင်းလေ့ရှိသည်။

"ဖေးယန်ခရိုင်မှာ ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပွဲ မကြာခင် ပြုလုပ်တော့မယ်လို့ ငါကြားမိတယ်.. ကျောင်းသား၀မ်လင်းရော.. ဒီပြိုင်ပွဲမှာ ပါ၀င်မှာလား"

အဘိုးအိုစွန်းက ကျောင်းအုပ်ကြီးချန်ကို ခေါင်းစဥ်ပြောင်းကာ မေးခွန်းထုတ်လိုက်သည်။

"အဲဒီပွဲနဲ့ ပတ်သက်ပြီး ပြိုင်ပွဲ၀င်မဲ့ လူစာရင်းကို အခုချိန်ထိ အတည်မပြုရသေးပါဘူး ဥက္ကဌစွန်း"

ကျောင်းအုပ်ကြီးချန်းက ကိုယ်စားပြုအဖွဲ့အတွက် ယခုအချိန်ထိ စိတ်ရှုပ်နေရဆဲ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဆယ်ဦးထဲတွင် ငါးဦးသာ အမှန်တကယ် ပြိုင်ပွဲ၀င်ရမည် ဖြစ်ပြီး ကျန်ငါးဦးမှာ အရံအဖြစ်ပါ၀င်ရမည့်သူများ ဖြစ်သောကြောင့်ပင်။

ဤစာသင်နှစ်၀က်တွင် ကျောင်းသို့ ၀င်ရောက်လာခဲ့သော အပြောင်းအရွှေ့ကျောင်းသား အနည်းငယ်သည် အလွန်အားကောင်းသော်လည်း ၄င်းတို့သည် ကျောင်းသားသစ်များ ဖြစ်ကြသည်။

၄င်းတို့ကို ပွဲထွက်လူစာရင်းတွင် ထည့်သွင်းလိုက်သည်က ကောင်းမွန်သည့် ဆုံးဖြတ်ချက်ဟု ကျောင်းအုပ်ကြီးချန်း မထင်ခဲ့ပေ။

သူက ရှားမင် နှင့် ၀မ်လင်းတို့ကြားမှ တိုက်ပွဲကို မရပ်တန့်ခဲ့သည်မှာ ထိုနှစ်ယောက်အနက်မှ တစ်ယောက်ကို ပွဲထွက်လူစာရင်းတွင် ရွေးချယ်ရန် ဆုံးဖြတ်ထားသောကြောင့်ပင်။

အဆုံးသတ်တွင် အဘိုးအိုစွန်း၏ စကားအဆုံး၌ ကျောင်းအုပ်ကြီးချန်းသည် ချက်ချင်းဆိုသလို ဆုံးဖြတ်ချက် ချလိုက်တော့သည်။

"အမည်စာရင်းကို အတည်မပြုရသေးပေမဲ့ ကျောင်း

သား၀မ်လင်းကို ကျွန်တော်တို့ကျောင်းရဲ့ ပွဲထွက်လူစာရင်းမှာ ထည့်သွင်းဖို့ အတည်ပြုပြီးပါပြီ.. မနေ့က ထိပ်တိုက် ရင်ဆိုင်မှုမှာ ကျောင်းသား ၀မ်လင်းက ကျောင်းသားရှားကို အနိုင်ရခဲ့တယ်လေ.. ကံတရားကြောင့်ပဲဖြစ်ဖြစ် ခွန်အားကြောင့်ပဲဖြစ်ဖြစ် ဒါက ငြင်းမရတဲ့အချက်ပဲ"

"ဒါက ဆင်ခြင်တုံတရားရှိတဲ့ ဆုံးဖြတ်ချက်ပဲ ကျောင်းအုပ်ကြီးချန်း"

စွန်းရိယွမ်က ရွှင်လန်းသော အသံဖြင့် ပြောလိုက်သည်။

ထို့နောက် သူက ထရပ်လိုက်ပြီး ကျောင်းအုပ်ကြီးချန်းကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

"အမှတ် ၆၀ အထက်တန်းကျောင်း အတွက် ဒီလိုစမတ်ကျတဲ့ ကျောင်းအုပ်ကြီး တစ်ယောက်ရှိတာ ကံကောင်းမှု တစ်ရပ်ပဲ"

သက်ကြီးရွယ်အိုတစ်ဦး အနေဖြင့် အဘိုးအိုစွန်းသည် ယနေ့ခေတ် ယဥ်ကျေးမှုမှ စမတ်ဟူသော စကားလုံး၏ အခြား အဓိပ္ပါယ်များကို ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။

စင်စစ် စမတ်ဟူသော အသုံးအနှုန်းသည် ယနေ့ခေတ်တွင် အရည်အချင်းမရှိသောသူကို တော်တတ်ကြောင်း မြှောက်ပင့်ချီးမွမ်းသည့် အခါမျိုးတွင်လည်း အသုံးများသည်။

ကျောင်းအုပ်ကြီးချန်းသည် ယနေ့ခေတ် မျိုးဆက်သစ် လူငယ်များ၏ အသုံးအနှုန်းများကို ကောင်းစွာ နားလည်သဘောပေါက်သူ ဖြစ်၏။

ထို့ကြောင့် အဘိုးအိုစွန်းထံမှ ထိုစကားကို ကြားရသောအခါတွင် ချိုးချိုးဖဲ့ဖဲ့ အပြောခံရသည်ဟု သူထင်မြင်ခဲ့သည်။

အပိုင်း(၁၁၀၃) ပြီး၏

All Chapters