ဆံဖြူလူငယ်၏ ဝိသေသလက္ခဏာကို ခန့်မှန်းခြင်း
Vol. 74 Ch. 1105
ဤဆံဖြူ လူငယ်က မည်သူနည်း။
၀မ်လင်းနှင့် မည်ကဲ့သို့ ပတ်သက်ဆက်နွှယ်နေသည်ကို သိရှိနိုင်မည့် လုံလောက်သော သဲလွန်စမျိုး မရှိခဲ့ပေ။
တစ်ဖက်မှ ၀မ်လင်းတွင်မူ ဆံဖြူ၀မ်လင်းနှင့် ပတ်သက်
သည့် ခန့်မှန်းမှုတစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။
ကံကြမ္မာတာအိုသည် ပိုင်ယိုချွမ်ထံမှ သူသင်ယူခဲ့သော အထူးတာအို အမျိုးအစား ဖြစ်သည်။
ထိုတာအိုက အလွန်ရှုပ်ထွေးသော်လည်း ၀မ်လင်း စိတ်ကူးထားသလောက် သင်ယူဖို့ မခက်ခဲပေ။
ကံကြမ္မာတာအိုကို ကျွမ်းကျင်ပြီးနောက်တွင် ၀မ်လင်းသည် အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်နှင့် အပြိုင်ကမ္ဘာများ၏ အချိန်ဇယား သုံးရပ်အပေါ်တွင် နားလည်မှု အသစ်တစ်ခုကို ရရှိခဲ့သည်။
သူက သူအလိုရှိသည့် အပြိုင်ကမ္ဘာကပင် ခွန်အားကို အသုံးချနိုင်သည်။
၀မ်လင်း ထိန်းချုပ်ထားသော ကံကြမ္မာတာအိုသည် အခြားလူများနှင့် မတူပေ။
သူ၏ကမ္ဘာသည် သူ၏ထိန်းချုပ်မှုအောက်တွင်သာ ရှိပြီး အခြားကမ္ဘာများတွင် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းများ သည် သူ၏ ကိုယ်ပွားများအဖြစ်သာ မှတ်ယူနိုင်မည် ဖြစ်သည်။
၄င်းတို့၏ အရည်အချင်းများက မည်မျှပင် ရှိနေပါစေ၊ သူ၏ဆန္ဒကို ဆန့်ကျင်ရင် လုံး၀ မဖြစ်နိုင်ပေ။
ဤသည်မှာ ကံကြမ္မာတာအို၏ လေးနက်သော အမှန်တရားကို နားလည်သဘောပေါက်ခြင်းကနေ ပေါက်ဖွားလာသော စွမ်းရည်တစ်မျိုး ဖြစ်သည်။
ပိုင်ယိုချွမ် သိထားသည့် ကံကြမ္မာတာအိုသည် စင်စစ် အပေါ်ယံလေးသာ ဖြစ်၏။
ထိုကြောင့် ၀မ်လင်းသည် ဆံဖြူ၀မ်လင်း၏ ၀ိသေသလက္ခဏာ နှင့် ပတ်သက်သည့် သီအိုရီတစ်ခုကို ထုတ်ခဲ့သည်။
၄င်းက ၀မ်လင်း ကံကြမ္မာတာအိုကို မကျွမ်းကျင်မီ အပြိုင်ကမ္ဘာမှ ကိုယ်ပွားတစ်ခု ဖြစ်နိုင်လောက်၏။
ထိုအတိုင်းသာဆိုလျှင် အရာအားလုံးသည် အမှန်တကယ်ပင် အဓိပ္ပါယ် ရှိလာလိမ့်မည် ဖြစ်သည်။
သို့သော် ဤဆံဖြူ၀မ်လင်းသည် သူထင်ထားသလောက် မသန်မာဟု ၀မ်လင်း ခံစားခဲ့ရသည်။
တကယ်တမ်းသာ ဤဆံဖြူ၀မ်လင်းက အမှန်တကယ် သန်မာခဲ့လျှင် ကမ္ဘာကြီးကို အဘယ်ကြောင့် တိုက်ရိုက် မဖျက်ဆီးခဲ့ပါသနည်း။
၄င်းက ဤကမ္ဘာသို့ ၀င်ရောက်လာပြီးနောက်တွင် သေဆုံးနေသော လူများကို ရှင်သန်ထမြောက်စေပြီး အနက်ရောင်အရိပ်စစ်တပ်ကို ဖန်ဆင်းခဲ့သည်။
ဤကဲ့သို့ လုပ်ရပ်မျိုးကို လုပ်ကိုင်နေရသည့် ရည်ရွယ်ချက်မှာ အဘယ်ကြောင့်နည်း။
သူ့အထင် နောက်ကွယ်၌ အခြား အမည်မသိသော အဓိက အကြောင်းအရာများ ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။
ဤသည်က ဆံဖြူ၀မ်လင်းနှင့် ပတ်သက်၍ ခန့်မှန်းခြေ သက်သက်မျှသာ ဖြစ်သော်လည်း ၀မ်မင် ပေးခဲ့သည့် အသေးအဖွဲ သဲလွန်စများနှင့် အထောက်အထားများကြောင့် ဖြစ်နိုင်ချေက အတော်လေး မြင့်မားသည်။
၀မ်လင်းက ပို၍တွေးလေလေ ဤရှင်းပြချက်သည် အဓိပ္ပါယ်ရှိလေလေ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်ထိ ဆံဖြူ၀မ်လင်း၏ အရိပ်အယောင်ကို မတွေ့ရသေးသောကြောင့် ဖြစ်၏။
စင်စစ် ဤကမ္ဘာမြေပေါ်တွင် ၀မ်လင်း မတွေ့ရှိနိုင်သော မည်သည့်အရာမျှ မရှိပေ။
သို့သော် ဆံဖြူ၀မ်လင်းသာ တခြားကမ္ဘာက ဆိုလျှင် ၀မ်လင်းက သူ့ကို ရှာမတွေ့နိုင်ဟု အဓိပ္ပါယ်ရသည်။
အဆုံးသတ် ပြောရလျှင် ကမ္ဘာတစ်ခုဆီ၏ အချိန်တိုင်းတွင် မတူညီသော ဇာတ်လမ်းဇာတ်ကွက်များ ဖြစ်ပျက်ခဲ့ပြီး ဥပဒေများ၏ အချိန်များသည်လည်း လုံး၀ကွဲပြားသည်။
သူတို့နေထိုင်သည့် ဤကမ္ဘာတွင် ၀ိညာဥ်ချီကို အသုံးပြုသော်လည်း အခြားကမ္ဘာများတွင် တိုက်ပွဲချီ၊မြင်းချီ၊အင်မော်တယ်ချီ ကဲ့သို့သော သဘာ၀စွမ်းအင် အရင်းအမြစ် အချို့ကို အစားထိုး အသုံးပြုနေနိုင်သည်။
၀မ်လင်းသည် ထိုညတွင် အိပ်မပျော်ခဲ့ပေ။
သူကဲ့သို့ပင် အိပ်မပျော်သော အခြားသူတစ်ယောက်မှာ ဆေးရုံပေါ်ရှိ ရှားမင် ဖြစ်သည်။
ဤသည်မှာ လူငယ်တစ်ယောက်၏ ထုံးစံပင်။
ရှားမင်က ၀မ်လင်းနဲ့ သူ၏တိုက်ပွဲရလဒ်ကို လက်မခံလိုခဲ့ဘဲ ၀မ်လင်းသည် ကံတရားကြောင့်သာ အနိုင်ရခဲ့သည်ဟု ခံစားခဲ့ရသည်။
သို့သော် တစ်ဖက်လူက မည်သည့် ခန္ဓာကိုယ်နည်းစနစ်ကို အသုံးပြုခဲ့မှန်း သူမသိခဲ့ပေ။
အဘယ်ကြောင့် သူ၏လက်သီးချက်တိုင်းက အဆုံးသတ်တွင် သူ့ကိုယ်သူသာ ပြန်ထိုးမိခဲ့ရပါသနည်း။
သူက တိုက်ပွဲတွင် အဘယ်ကြောင့် ဒဏ်ရာရသွားခဲ့ပါသနည်း။
ရှားမင်သည် ထိုအချက်များကို စေ့စေ့စပ်စပ် မတွေးမိခဲ့ပေ။
သူက ၀မ်လင်းကို ပြန်လည် တိုက်ခိုက်ရန်အတွက် သင့်တော်သည့် အခွင့်အရေးကိုသာ ရှာဖွေချင်နေခဲ့သည်။
ဆေးရုံတွင် ခဏမျှ လဲလျောင်းပြီးနောက်တွင် ရှားမင်သည် ခေါင်းအနည်းငယ် အေးသွားသလို ခံစားလိုက်ရသည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် ဟွာကောရေတံခွန် လုပ်ငန်းစု၏ ဘဏ္ဍာရေးဌာနမှ ကျန်းကျဲသည် စွန်းရုံနှင့် ခပ်ဝေးဝေးနေဖို့ တောင်းဆိုရန်အတွက် ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။
ဟွာကောရေတံခွန်လုပ်ငန်းစုက သူ့အပေါ်တွင် နားလည်မှုလွဲသွားသည်ဟု ခံစားမိသောကြောင့် ရှားမင်က ကျန်းကျဲ့၏ တောင်းဆိုမှုကို ငြင်းပယ်လိုက်သည်။
သို့သော်လည်း စွန်းရုံကို လူအများရှေ့တွင် မနှောင့်ယှက်တော့ဘဲ နောင်အခါတွင် တရားမျှတသော ပိုင်ဆိုင်မှု၏ နိယာမအတိုင်း လုပ်ဆောင်သွားမည်ဟု သဘောတူခဲ့သည်။
ရှားမင်သည် နေ့တစ်၀က်လောက် တွေးတောဆင်ခြင်ပြီးနောက် စွန်းရုံက သူ့ကို ပြန်မကြိုက်ရသည့် အကြီးမားဆုံးသော အကြောင်းအရင်းမှာ သူ့လောက် မထူးချွန်သောကြောင့် ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည်။
စွန်းရုံသည် သူ့နီးပါးလောက် ထူးချွန်ခဲ့လျှင် သူ့နောက်သို့ ကောက်ကောက်ပါအောင် လိုက်လာလောက်သည်ဟု သူတွေးမိခဲ့သည်။
ရှားမင်သည် ဆေးရုံခန်းထဲတွင် ရောက်တတ်ရာရာ တွေးနေခဲ့သည်။
အဓိကအားဖြင့် ရှားမင်သည် ဒဏ်ရာများကို အလျင်အမြန် သက်သာအောင်လုပ်ကာ ၀မ်လင်းကို တိုက်ခိုက် ရိုက်နှက်ရန်သာ တွေးတောနေခဲ့သည်။
မနက်၂နာရီ ထိုးနေပြီ ဖြစ်သော်လည်း ရှားမင်သည် အနည်းငယ်မျှပင် ပင်ပန်းသည်ဟု မခံစားခဲ့ရပေ။
သူက မျက်နှာကြက်ကို စိုက်ကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။
ထိုအချိန်မှာပင် ဆေးရုံကုသဆောင်၏ တံခါးသည် ရုတ်တရက် ပွင့်လာခဲ့သည်။
သူနာပြုဆရာမက လူနာများကို စစ်ဆေးနေသည်ဟု ထင်ပြီး ရှားမင်က မျက်လုံးများကို မှိတ်ကာ လျစ်လျူရှုထားလိုက်သည်။
ယင်းအချိန်တွင် သံလိုက်ဓာတ်ကဲ့သို့ ဆွဲငင်အားရှိသည့် အမျိုးသား အသံတစ်သံသည် ကုသဆောင်အတွင်း ထွက်ပေါ်လာခဲ့သည်။
"ရှေးခေတ်နတ်မျိုးနွယ်စုက ဆင်းသက်လာတဲ့ ရှားမင်.. မင်းရဲ့ အခြေအနေက ဘယ်လိုလဲ"
ထိုအသံမှာ သူနာပြုအမျိုးသမီး၏ အသံ မဟုတ်သည်မှာ ထင်ရှားနေသည်။
ရှားမင်က ဧည့်သည်တစ်ဦး ဟုထင်ကာ အသံလာရာဘက်သို့ လှည့်လိုက်သည်။
သူက ထိုဧည့်သည်နှင့် ဆက်ဆံရန်အတွက် လုံး၀ စိတ်မ၀င်စားခဲ့ပေ။
သူက အတော်လေး စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။
"ညီနောင်.. ရှားမင်က ညကပဲ သေသွားပြီ.ယ သူသေဆုံးသွားတဲ့ အချိန်ကိုရော သိချင်သေးလား"
[ညသန်းခေါင်အချိန်ကြီးမှာ လူနာဆီ ဘယ်သူ လာလည်မှာလဲ.. သောက်ပေါ မဟုတ်ရင် သောက်ရူးပဲ ဖြစ်လိမ့်မယ် ]
"ငါ့ရဲ့စကားကို အေးအေးဆေးဆေး နားထောင်ဖို့ ကျောင်းသားရှားမင်ကို အကြံပေးချင်တယ်.. ဒါမှမဟုတ်ရင်တော့ ဒီက သူနာပြုဆရာမလေးရဲ့ လုံခြုံရေးကို ငါအာမ မခံနိုင်ဘူး"
စကားသံနှင့်အတူ ရှားမင်သည် သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် ချည်မျှင်ကဲ့သို့ အမှောင်ရိပ်တစ်ခုကို မြင်လိုက်ရသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ရှားမင်သည် မလှုပ်ရှားနိုင်တော့ပေ။
နားမလည်နိုင်သော စွမ်းအားအချို့က သူ့ကို ချည်နှောင်ထားသကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော ဖိအားတစ်ခု ရှိနေခဲ့သည်။
ယင်းက လေဖြတ်ရောဂါနှင့် အတော်ဆင်တူသည်။
သူက မလှုပ်ရှားနိုင်သော်လည်း အရာအားလုံးကို သိနှင့်နေခဲ့သည်။
ထိုအချိန်မှာပင် သူနှင့် စကားပြောနေသည်မှာ အမှောင်ရိပ် တစ်ခုမှန်း သူရိပ်မိသွားခဲ့သည်။
"မင်းက ဘယ်သူလဲ"
တစ်ဖက်လူက ရည်ရွယ်ချက်တစ်ခုခုဖြင့် ဤနေရာသို့ ရောက်လာမှန်း ထိုအချိန်တွင် ရှားမင်သည် သဘောပေါက်နေပြီ ဖြစ်သည်။
"ငါက အိပ်မက်ဆိုးပါ"
အမှောင်ရိပ်က ရယ်မော၍ ပြောလိုက်သည်။
"ငါက လူတိုင်းရဲ့ အိပ်မက်ဆိုးပဲ"
"အဲဒါက ဘာကိုဆိုလိုတာလဲ"
ရှားမင်က တအံ့တသြ ပြန်မေးလိုက်သည်။
"ဘာကိုဆိုလိုတာလဲဆိုတာ မင်းသိဖို့ မလိုဘူး ဒါပေမဲ့
ငါမင်းကို ပြောနိုင်တာ တစ်ခုက မင်းရဲ့ဆန္ဒကို ကူညီပေးဖို့ ငါ ဒီကိုရောက်လာတာပဲ"
လျှို့၀ှက်ဆန်းကြယ်သော အရိပ်ထံမှ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
"မင်းရဲ့ ရှုံးနိမ့်မှုမှာ အလိုအပ်ဆုံးအရာက ဘာလဲဆိုတာ မင်းသိလား"
"ခွန်အား"
ရှားမင်က ပြန်ဖြေလိုက်သည်။
"မှန်တယ်.. မင်းက တကယ်ကို အားနည်းလွန်းတယ်"
အရိပ်က ရယ်လိုက်သည်။
"ဒီအတွက် ငါမင်းကို ပိုသန်မာလာအောင် ကူညီပေးနိုင်တယ် ကျောင်းသားရှားမင်"
"ဖြစ်နိုင်လို့လား"
ရှားမင်က ပြောလိုက်သည်။
"ရှေးခေတ်နတ်မျိုးစုက လူတွေမှာ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေ ရှိကြတယ်.. မင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက တကယ်တော့ ရှေးခေတ် နတ်မျိုးစုမှာတောင် သန်းတစ်ရာမှာတစ်ယောက်ပဲ ရှိတဲ့ ခန္ဓာကိုယ်မျိုးပဲ.. မင်းက မြေအောက် ဝိညာဥ်ရေး သွေးကြောတွေ အားလုံးရဲ့ စွမ်းအားကို စုပ်ယူနိုင်သ၍ ကျောင်းသား၀မ်လင်းကို အနိုင်ယူဖို့က ကိတ်မုန့်လှီးသလိုမျိုး မင်းအတွက် လွယ်ကူသွားလိမ့်မယ်.. ဘယ်လိုလဲ.. မင်းပိုပြီးတော့ သန်မာချင်လား.. ငါနဲ့ သဘောတူညီချက် တစ်ခု လုပ်ကြမလား"
အပိုင်း(၁၁၀၅) ပြီး၏