← Chapters

မျိုးရိုးအမည်ကိုမြုပ်နှံပစ်ခြင်း

Vol. 74 Ch. 1107

မျိုးရိုးအမည်ကိုမြုပ်နှံပစ်ခြင်း

Vol. 74 Ch. 1107

အမှောင်ဘိုးဘေး ရှဲ့စန်းရှောင် အသတ်ခံရသော သတင်းသည် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။

သာမန်ကျင့်ကြံသူတစ်ဦးမှ လူအများ လေးစားခံရသော သူရဲကောင်းတစ်ဦး အဖြစ်သို့ ချက်ခြင်းဆိုသလို ရောက်ရှိသွားလျှင် သာမန်လူတစ်ဦးသည် နောက်မှ ကပ်လိုက်လာသော သကာဖုံးထားသည့် ကျည်ဆံများကို ခံနိုင်ရည်ရှိရန်မှာ အလွန်ခက်ခဲ၏။

ကျိုပုထုံကမူ ထိုနိယာမကို ကောင်းစွာ သဘောပေါက်ထားသည်။

၄င်းက အခြားသူများ၏ မနာလိုမှုကို နှိုးဆွနိုင်သည့်အပြင် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်ကြောင်း သူကောင်းစွာ သိသည်။

ထို့ကြောင့် ကျိုပုထုံသည် သူ၏မျိုးဆက်များ ဘေးကင်းရန်အတွက်သာမက ကျိုမိသားစု တစ်ခုလုံး၏ အနာဂတ်အတွက်ပါ စဥ်းစား၍ သူ၏ မျိုးရိုးအမည်ကို အပြီးတိုင် မြုပ်နှံပစ်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုကဲ့သို့ မျိုးရိုးအမည်ကို ပြောင်းလိုက်သော်လည်း သူ၏ သားစဥ်မြေးဆက်များက အနာဂတ်တွင် မာနထောင်လွှားနေမည် မဟုတ်ကြောင်းတော့ သူအာမခံနိုင်မည် မဟုတ်ပေ။

စင်စစ် မာနကြီးသော သူတစ်ဦးသည် အမှားများကိုလုပ်မိရန် အလွန်ပင် လွယ်ကူသည်။

အောင်မြင်သောသူများသည် ထိပ်ဆုံးသို့ မရောက်ရှိခင်တွင် စမ်းသပ်မှုမျိုးစုံနှင့် အခက်အခဲမျိုးစုံကို တွေ့ကြုံ ခံစားခဲ့ရသည်။

လွယ်လွယ်ကူကူဖြင့် ထိပ်ဆုံးသို့ ရောက်ရှိခဲ့လျှင် အဆုံးသတ်၌ အကျနာလိမ့်မည် ဖြစ်၏။

ကျိုပုထုံ ကြောက်ရွံ့မိသောအရာမှာ ထိပ်ဆုံးကို တခဏအတွင်း ရောက်ရှိသည့် အကျိုးသက်ရောက်မှုကြောင့် သူ၏သားစဥ်မြေးဆက်များသည် ကိုယ့်ကိုယ်ကိုယ် တိုးတတ်ရန် စေ့ဆော်မှုတွင် ဆုံးရှုံးသွားမည်ကိုပင်။

ထို့ကြောင့် သူက သိုသိုသိပ်သိပ် နေထိုင်ရန်သာ ရွေးချယ်ခဲ့ပြီး အရာအားလုံးကိုစွန့်လွှတ်ကာ မျိုးရိုးအမည်ကိုပင် ပြောင်းလဲခဲ့သည်။

ကျိုပုထုံ၏ တောင်းဆိုမှုကြောင့် ဟွာရှို့မဟာမိတ်အဖွဲ့သည် ထိုအချိန်က လျှို့၀ှက်မစ်ရှင်တစ်ခုကို လုပ်ဆောင်ခဲ့သည်။

ယင်းမှာ ကျိုပုထုံ၏ ကိုယ်ပိုင်မှတ်ဥာဏ်ကို ဖျောက်ဖျက်ပေးခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် သူနိုးထလာသောအခါတွင် နောက်ထပ် လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားပြီး ကျိုးထုံ အမည်ရှိ လူတစ်ဦး ဖြစ်လာခဲ့သည်။

ရှဲ့စန်းရှောင်ကို ဖမ်းဆီးပြီး နောက်ပိုင်းတွင် ကျိုပုထုံသည် ဟွာရှို့နိုင်ငံ၏ ဒဏ္ဍာရီလာ သူရဲကောင်းတစ်ဦး ဖြစ်လာပြီး လူတိုင်း လေးစားရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။

ကျိုးထုံသည် သူ၏ အဖွဲ့အစည်းကိုယ်စား သူရဲကောင်းများ၏ အောက်မေ့ဖွယ်နေရာသို့ နှစ်စဥ် လာရောက်လည်ပတ်သောအခါတွင် ကျိုပုထုံ၏ မျက်နှာကို မြင်သောအခါ၌ ရင်းနှီးသလို အမြဲ ခံစားခဲ့ရသည်။

ဟုတ်ပါသည်၊ဤသည်မှာ အတိတ်က ဇာတ်လမ်းများကို ပြန်ပြောင်းပြောပြနေခြင်းသာ ဖြစ်၏။

တစ်နည်းအားဖြင့် ဆံဖြူလူငယ်သည် ကျိုပုထုံက ထူးခြားသော လူတစ်ဦးဖြစ်ကြောင်း ခံစားမိခဲ့သည်။

၄င်း၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်က မြင့်မားသည်ဟု မယူဆနိုင်သော်လည်း ကျိုပုထုံသည် အမျှော်အမြင် ကြီးမားသူ တစ်ယောက် ဖြစ်သည်ကတော့ သေချာသည်။

ကျိုးထုံ ကိုယ်တိုင်ပင် သူ၏ဘ၀ အောင်နိုင်မှု စွမ်းရည်ကို အထူးသဖြင့် ကျိုးရီဟု ခေါ်သည့် မျိုးဆက်ထံ လက်ဆင့်ကမ်းမိလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမိခဲ့မည် မဟုတ်ပေ။

ကျိုပုထုံနှင့် ကျိုးရီတို့၏ ကွာခြားချက်မှာ ကျိုးရီသည် လက်ရှိအချိန်ထိ သူ၏တိုးတက်မှုကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျိုးရီသည် ယခု သူရရှိထားသော အောင်မြင်မှုများသည် သူနှင့် အမှန်တကယ်် မသက်ဆိုင်ကြောင်း သိရှိထားသောကြောင့်ပင်။

ထို့ကြောင့် သူက အရာအားလုံးနှင့် ထိုက်တန်ကြောင်း သက်သေပြရန်အတွက် ကြိုးစားရန် လိုအပ်သည် မဟုတ်ပါလော။

ဆံဖြူလူငယ်က အခြေခံအချက်အလက် အားလုံးကို

ပြောပြပြီးလျှင် အိပ်မက်ဆိုးသည် အံ့သြတုန်လှုပ်သွားခဲ့သည်။

"အရှင် စိတ်ချပါ.. ကျွန်တော် အခုအခြေအနေကို နားလည်ပါပြီ.. ပြန်လည်၀င်စားခြင်း ဂေဟာကို အခုချက်ချင်းပဲ သွားလိုက်ပါ့မယ်"

ပုံမှန်အားဖြင့် ဤအချက်အလက်များကို သာမန် ချန်နယ်လ်များတွင် လေ့လာရန် မဖြစ်နိုင်သော်လည်း ဆံဖြူလူငယ်တွင် ကိုယ်ပိုင်ထူးခြားသော နည်းလမ်းများ ရှိသည်။

သူက အချိန်ကို တွက်ချက်ပြီး ၀မ်နွမ်၏ အရိပ်တာအိုစွမ်းအားကို အသုံးပြုကာ နဂါးကိုးကောင်တောင်၏ ပင်မသွေးကြောကို ဖွင့်ရန်အတွက် ဤကမ္ဘာတွင် ၀မ်နွမ် မွေးဖွားလာမည့် အချိန်ကို အခွင့်ကောင်းယူရန် အစောပိုင်း၌ စီစဥ်ခဲ့သည်။

ကံမကောင်းစွာပဲ ၀မ်လင်းသည် သူထင်ထားသည်ထက် ပို၍ သတိထားနေခဲ့သည်။

အချိန်ကုန်လွန်သွားမည်စိုး၍ သူက ၀မ်လင်းနှင့် ဆက်လက် အလုပ်ရှုပ် မခံနိုင်တော့ပေ။

ထို့ကြောင့် သူ့အနေဖြင့် နောက်ထပ်အစီအစဥ်ကို ပြောင်းလဲဖို့ကလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

အိပ်မက်ဆိုးဖြစ်စေ ရှားမင်ဖြစ်စေ သူရှင်သန်ထမြောက်ရန် စီစဥ်ထားသည့် အမှောင်ဘိုးဘေး ရှဲ့စန်းရှောင်ဖြစ်စေ သူတို့အားလုံးသည် သူ၏ နယ်ရုပ်များထက် ဘာမှမပိုပေ။

----------------------------

ပြန်လည်၀င်စားခြင်း ဂေဟာသည် ဟွာရှို့နိုင်ငံ၊ ကျင်းဟွာမြို့တွင် တည်ရှိသည့် အကြီးဆုံး မြေအောက်အကျဥ်းထောင် ဖြစ်သည်။

၄င်းသည် ထိပ်တန်းရာဇ၀တ်သားများအတွက် အဓိက အကျဥ်းထောင်လည်း ဖြစ်၏။

ပုံမှန်အားဖြင့် မိစ္ဆာအင်ပါယာကွာဖီ၊အင်မော်တယ်စံအိမ်သခင် ချန်ယွီနှင့် မိစ္ဆာဓါးနတ်ဘုရားတို့သည် ထိုနေရာသို့ စေလွှတ်ခံရမည် ဖြစ်၏။

သို့သော်လည်း ဗိုလ်ချုပ်ပိုင်က ၄င်းတို့သုံးယောက်ကို မာကျောက်တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းပြီး ၄င်းတို့၏ ရာဇ၀တ်မှုများကို ဖြေလျော့ပေးရန်အတွက် မစ်ရှင်များကို ချမှတ်ကာ ထမ်းဆောင်စေခဲ့သည်။

ထိုအကြောင်းကြောင့် ၄င်းတို့သည် ပြန်လည်၀င်စားခြင်း ဂေဟာသို့ မပြောင်းရွှေ့ခဲ့ရခြင်းပင် ဖြစ်၏။

စင်စစ် ပြန်လည်၀င်စားခြင်း ဂေဟာတွင် အကျဥ်းချခံထားရသော အကျဥ်းသားများသည် တကယ့်ကို ရက်စက်ကြမ်းကြုတ်သည့် ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သူများ ဖြစ်ကြသည်။

တကယ်တမ်းပြောရလျှင် မိစ္ဆာအင်ပါယာ ကွာဖီ၊ချန်ယွီနှင့်

မိစ္ဆာဓါးနတ်ဘုရားတို့၏ ရာဇ၀တ်မှုများသည် လူအများ ထင်ထားသလောက် မဆိုးရွားခဲ့ပေ။

ထိုအချိန်က မိစ္ဆာအင်ပါယာ ကွာဖီသည် အချစ်ကြောင့် ဆင်ခြုံတုံတရား လျော့ပါးသွားခဲ့ခြင်းသာ ဖြစ်သည်။

သူက အချိန်ဘီးကို အသုံးပြု၍ ချစ်ရသူကို ရှာဖွေရန်အတွက် အမျိုးသားနန်းတော်ကို ကျုးကျော်၀င်ရောက်ကာ ကြီးမားသော အပြစ်ကို ကျူးလွန်ခဲ့သည်။

တကယ်တမ်းတွင် ကွာဖီ ကျူးလွန်ခဲ့သော အမှုများ၌ အကြီးမားဆုံး ပြစ်မှုဟူ၍ ထိုအမှုတစ်ခုသာ ရှိခဲ့၏။

အင်မော်တယ်စံအိမ်၏ အရှင်သခင် ချန်ယွီကလည်း ထို့အတူပင်။

သူ၏ အင်မော်တယ်စံအိမ်သည် အမှောင်အင်အားစုများနှင့် ဘယ်တုန်းကမှ မပူးပေါင်းခဲ့ပေ။

သူက ထူးခြားသော စိတ်၀ိညာဥ်ဓါးကို ပြုလုပ်ရန်အတွက် အင်မော်တယ်ရှဲဖီ၏ မှော်အစီအရင်ကိုသာ ပြုလုပ်လိုခဲ့သည်။

ကံဆိုးစွာဖြင့် သူက ကျင်းခယ်ကို ခိုးယူခဲ့ပြီး သူ ဘာမှမတတ်နိုင်ခင်မှာပင် သူ၏ အဖွဲ့အစည်းတစ်ခုလုံးသည် ပြိုလဲသွားခဲ့ရသည်။

ယင်းက အသစ်တည်ထောင်ထားသော ကုမ္ပဏီတစ်ခုမှ သူဌေးကို လုပ်ငန်းစတင်ခါနီး စက်မှုနှင့် ကူးသန်းရောင်း၀ယ်ရေးဌာနက ရုတ်တရက် ရာထူးကနေ နှုတ်ထွက်ခိုင်းသလိုပင်။

မိစ္ဆာဓားနတ်ဘုရားအတွက်ကမူ အထွေအထူး ပြောနေစရာပင် မလိုပေ။

သူက သူ့ဆရာထက် သာလွန်စေရန်အတွက် အတွင်းစိတ်၀ိညာဥ်ဆိုးများကို စွဲလန်းစေသည့် မကောင်းဆိုး၀ါးကျင့်စဥ်ကို ကျင့်ကြံခဲ့သည်။

ရိုးရှင်းစွာပြောရလျှင် မိစ္ဆာဓားနတ်ဘုရားသည် စိတ်ချို့ယွင်းနေသော စိတ်ဝေဒနာရှင် တစ်ဦးသာ ဖြစ်သည်။

အားလုံးသိထားသည့်အတိုင်း စိတ်ဝေဒနာရှင်များသည် ဥပဒေ၏ သက်ရောက်မှုကို လျှော့ပေါ့၍ ခံစားခွင့် ရှိခဲ့သည်။

သို့ရာတွင် မိစ္ဆာနတ်ဘုရား၏ လုပ်ရပ်များသည် ဆိုးရွားသော သက်ရောက်မှုများ ရှိနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများသည် ပြန်လည်၀င်စားခြင်းဂေဟာသို့ ပို့ဆောင်ခံရသည်အထိ မဆိုးရွားခဲ့၍ ဗိုလ်ချုပ်ပိုင်သည် ၎င်းတို့၏ ပြစ်ဒဏ်များကို လျှော့ချပေးရန်အတွက် မစ်ရှင်များကို ဆောင်ရွက်ရန် စီစဥ်ပေးခဲ့သည်။

အကယ်၍သာ မစ်ရှင်များ ရှိမနေခဲ့လျှင် ၄င်းတို့အနေဖြင့် ထောင်ဒဏ် မချမခြင်း စောင့်ဆိုင်းရန်သာ တတ်နိုင်တော့မည် ဖြစ်၏။

ဖြေသာသည့်အချက်မှာ ထောင်အုပ်လျန့်သည် ထောင်ထဲတွင် ၎င်းတို့ကို ကောင်းမွန်စွာဆက်ဆံခဲ့ပြီး သူတို့နှင့်အတူ ရံဖန်ရံခါ မာကျောက် ကစားပေးလေ့ ရှိသည်။

အိပ်မက်ဆိုးက ဆံဖြူလူငယ် ခိုင်းစေသည့်အတိုင်း ပြန်လည်၀င်စားခြင်းဂေဟာသို့ ရောက်ရှိလာခဲ့သည်။

ဆံဖြူလူငယ်သည် သူ့ကို အသက်ပြန်ရှင်စေပြီးနောက်တွင် သူသည်လည်း ပိုင်ယိုချွမ်ကဲ့သို့ ကံကြမ္မာတာအို စွမ်းအားအချို့ကို ရရှိခဲ့ပြီး မသေဆုံးမီကထက်ပင် ပို၍ သန်မာလာခဲ့သည်။

အကယ်၍ အမှောင်ဘိုးဘေးသာ ရှင်သန်ထမြောက်ခဲ့လျှင် မည်မျှကြောက်စရာကောင်းလိမ့်မည်ကို အိပ်မက်ဆိုးသည် စိတ်ကူးပင် မယဥ်နိုင်ခဲ့ပေ။

သူက မည်သူ့ကိုမှ သတိမပြုမိစေဘဲ အတွင်းထဲကို စိမ့်၀င်သွားခဲ့သည်။

အိပ်မက်ဆိုးကျင့်ကြံခဲ့သည့် ကျင့်စဥ်သည် အလွန်ထူးခြားသည်။

သူက အိပ်မက်ဆိုးကျင့်စဥ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး သူ၏ရုပ်ခန္ဓာကို ပုံရိပ်ယောင်အဖြစ် သန့်စင်နိုင်ခဲ့သည်။

ပြန်လည်၀င်စားခြင်းဂေဟာတွင် ရာဇ၀တ်ကောင်များကို အလွှာများဖြင့် အဆင့်ခွဲခြားထားသည်။

ရာဇ၀တ်ကောင်များသည် အလွှာမြင့်မြင့်တွင် ထောင်တွင်း အကျဥ်းချခံရလေ အဆင့်အတန်းမြင့်မားလေ ဖြစ်၏။

ရှစ်လွှာသည် စူပါS အဆင့်အတန်း ရာဇ၀တ်ကောင်များ၏ ရုပ်ကြွင်းများကို ပြသထားသည့် ပြပွဲခန်းမတစ်ခု ဖြစ်သည်။

ဤရာဇ၀တ်ကောင်များသည် အခြေခံအားဖြင့် အင်မော်တယ်ကင်းလှည့်အဖွဲ့ သို့မဟုတ် ဟွာရှို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအဖွဲ့၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသူများ ဖြစ်သည်။

ဤရာဇ၀တ်ကောင်များ၏ ရုပ်ကြွင်းများကို ပြသသည့် ပထမဦးဆုံး ရည်ရွယ်ချက်မှာ ရာဇ၀တ်ကောင်များက အန္တရာယ်ရှိကြောင်း သတိပေးလို၍ ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ရာဇ၀တ်မှုများအား နှိမ်နင်းရာတွင် တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်ရန် မည်မျှ ခက်ခဲ​ကြောင်း ပြသလို၍ ဖြစ်သည်။

ဆံဖြူလူငယ် ပြောခဲ့သည့်အတိုင်းပင် ဘိုးဘေးရှဲ့စန်းရှောင်၏ ဦးခေါင်းခွံကို ရှစ်လွှာတွင် ထားရှိခဲ့သည်။

အိပ်မက်ဆိုးသည် ရှဲ့စန်းရှောင်၏ ဦးခေါင်းခွံအပြင် စိတ်၀င်စားဖွယ် ရုပ်ကြွင်းအပိုင်းအစများကို ထိုအလွှာတွင် ရှာဖွေတွေ့ရှိခဲ့သည်။

အပိုင်း(၁၁၀၇) ပြီး၏

All Chapters