← Chapters

ပြန်လည်ဝင်စားခြင်းဂေဟာမှ အကြောင်းရင်းမသိရသည့် နက်နဲသောအမှု

Vol. 74 Ch. 1108

ပြန်လည်ဝင်စားခြင်းဂေဟာမှ အကြောင်းရင်းမသိရသည့် နက်နဲသောအမှု

Vol. 74 Ch. 1108

အမှောင်ဘိုးဘေး ရှဲ့စန်းရှောင်သည် ထိုအချိန်က ကမ္ဘာပေါ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် အကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ဤရှစ်လွှာတွင် ဒဏ္ဍာရီလာ အမှောင်ဘိုးဘေး၏ ဦးခေါင်းခွံနှင့်အတူ ပြသခံထားရသောကြောင့် အခြားသော ရုပ်ကြွင်းများသည်လည်း သာမန်လူများမဟုတ်ဟု ဆိုလိုနိုင်ပေသည်။

အိပ်မက်ဆိုးသည် လမ်းတစ်လျှောက်တွင် ဟွာရှို့မဟာမိတ် အဖွဲ့အစည်းမှ အလိုရှိခဲ့သော နိုင်ငံတကာ ရာဇ၀တ်ကောင်များကို တွေ့ရှိခဲ့သည်။

အိပ်မက်ဆိုး မသေခင်က ဤလူများကို ဖမ်းမမိသေးပေ။

လွန်ခဲ့သည့် ရာစုနှစ်အနည်းငယ် အတွင်း ထိုရာဇ၀တ်ကောင်များသည် ဤနေရာရှိ ပြခန်းအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာလိမ့်မည်ဟု သူဘယ်သောအခါမှ မထင်ထားခဲ့ပေ။

ဥပမာအားဖြင့် အိပ်မက်ဆိုးသည် ရှစ်လွှာသို့ ရောက်ရောက်ချင်းတွင် ပျက်စီးနေသည့် ရှေးဟောင်းချပ်၀တ်တန်ဆာ တစ်ခုကို တွေ့လိုက်ရသည်။

ထိုချပ်၀တ်တန်ဆာက အပေါက်ကြီးဖြစ်နေပြီး ချပ်၀တ်တန်ဆာတွင် သွေးစများသည် ယခုအချိန်ထိ ရှိနေဆဲပင်။

အိပ်မက်ဆိုးသာ အထင်မမှားလျှင် ဤချပ်၀တ်တန်ဆာ၏ ပိုင်ရှင်မှာ ရွှေရောင်ကျောက်ဆောင် အဖြစ် လူသိများသော အနောက်တိုင်းမှ ကျင့်ကြံသူတစ်ဦး ဖြစ်သည့် မော်ဒီကိုင်ဆာ ဖြစ်သည်။

ထိုကာလက ဤအမိုက်စား ရှေးဟောင်း ချပ်၀တ်တန်ဆာသည် ကိုင်ဆာ၏ အမှတ်သင်္ကေတ တစ်ခု ဖြစ်ခဲ့သည်။

သို့ရာတွင် အမှန်တကယ် ခိုင်ခံ့သောအရာမှာ သူ၏

ချပ်၀တ်တန်ဆာ မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်သာ ဖြစ်သည်။

ဆိုရလျှင် အသန်မာဆုံး ခန္ဓာကိုယ်နှင့် စွမ်းရည်မြင့် ချပ်၀တ်တန်ဆာကို ပိုင်ဆိုင်ထားသည့် ကိုင်ဆာ၏ စွမ်းရည်သည် စိတ်ကူးပင် မယဥ်နိုင်လောက်အောင်ပင်။

ချပ်၀တ်တန်ဆာရှိ အပေါက်ကြီးကို ကြည့်၍ ကိုင်ဆာ၏ ၀မ်းဗိုက်ကို တစ်စုံတစ်ယောက်က လက်သီးဖြင့် ထိုးဖောက်လိုက်ပုံရသည်ဟု အိပ်မက်ဆိုး ခန့်မှန်းမိခဲ့သည်။

ထိုလူက မည်သူနည်း။

ကိုင်ဆာ၏ ခန္ဓာကိုယ်ကို အမှန်တကယ် ဖျက်စီးနိုင်သည့် လူတစ်ယောက် ကမ္ဘာကြီးတွင် ရှိနေသည် ဆိုသည်မှာ ယုံရခက်ခက်ပင်။

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက်တွင် အိပ်မက်ဆိုးသည် နောက်ထပ် အကြွင်းအကျန်တစ်ခုကို တွေ့ရှိခဲ့သည်။

၄င်းမှာ ကျိုးပဲ့နေသည့် ကျောက်စိမ်းပုတီးစေ့ တစ်ခု ဖြစ်၏။

သူ၏ ခန့်မှန်းချက်က မှန်ကန်ခဲ့လျှင် ထိုကျောက်စိမ်းပုတီးစေ့သည် စွယ်စုံမြေခွေး မှင်စာဘုရင်၏ အတွင်းအမြူတေ အူတိုင် ဖြစ်သည်။

၄င်းက အဆင့်၆ နတ်ဆိုးဘုရင်တစ်ပါးဖြစ်ပြီး ကမ္ဘာခြားဂိတ်တံခါးကနေ တဆင့် လူ့လောကသို့ ရောက်ရှိလာကာ နေရာအနှံ့တွင် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်။

စွယ်စုံမြေခွေးကလည်း ဤနေရာသို့ ရောက်နေလိမ့်မည်ဟု အိပ်မက်ဆိုး မမျှော်လင့်ထားခဲ့ပေ။

စွယ်စုံ မြေခွေးသည် လူသားတစ်ဦးအဖြစ် မည်ကဲ့သို့ ပြောင်းလဲရမည်ကို သိရှိခဲ့ပြီး ထိုအချိန်က လူ့လောကတွင် အောင်မြင်မှုများစွာဖြင့် နေထိုင်ခဲ့သည်။

သူက ၀ံပုလွေပြိုင်ပွဲနှင့် ပတ်သက်သည့် ဇာတ်ကားများစွာမှာပင် ပါ၀င်သရုပ်ဆောင်ခဲ့ပြီး ရွှေမြေခွေးဆု အများအပြားကို ရရှိခဲ့သည့် ကျော်ကြားသော ဆယ်လီ အိုင်ဒေါလ် တစ်ဦးပင် ဖြစ်လာခဲ့သည်။

လက်တွေ့ကျကျပြောရလျှင် စွယ်စုံမြေခွေးအနေဖြင့် သူ့ကိုယ်သူ ပုန်းကွယ်ထားသ၍ မည်သူမှ သူ၏ ၀ိသေသလက္ခဏာ အစစ်အမှန်ကို ခန့်မှန်းနိုင်မည် မဟုတ်ပေ။

သို့ဆိုလျှင် စွယ်စုံ မြေခွေးကို မည်ကဲ့သို့ ရှာဖွေတွေ့ရှိခဲ့ပါသနည်း။

ယင်းမှာ အိပ်မက်ဆိုးအတွက် ပဟေဠိ ဖြစ်နေခဲ့သည်။

ခင်းကျင်းပြသထားသည့် မြောက်များစွာသော အကြွင်းအကျန် ပစ္စည်းများကို ငေးကြည့်ရင်း လောကကြီးက မမျှတဟု အိပ်မက်ဆိုး ရုတ်တရက် ခံစားလိုက်ရသည်။

ယခုခေတ်တွင် ဗီလိန်ဖြစ်ရန်မှာ အလွန်ပင် ခက်ခဲ၏။

သူ့အတွက်မူ ပို၍ပင် ခက်ခဲခဲ့သည်။

ထိုခဏတွင် အိပ်မက်ဆိုးသည် သေချာစဥ်းစားခဲ့သည်။

သူက အမှောင်နက်ဝေါ့ခ်၏ နံပါတ်တစ် အဖြစ်သို့ ရောက်ရှိသွားခဲ့သော်လည်း တကယ်တမ်းတွင် အဆိုးဆုံးသော လုပ်ရပ်များစွာကို မကျူးလွန်ခဲ့ပေ။

ထိုအချိန်က ကိုင်ဆာနှင့် စွယ်စုံမြေခွေးတို့သည် အမှောင်နက်ဝေါ့ခ်၏ ထိပ်တန်းအဆင့်များထဲတွင် ရှိနေခဲ့သော်လည်း အိပ်မက်ဆိုးသည် ထိုစာရင်းမှာပင် မပါ၀င်ခဲ့ပေ။

သို့ဆိုလျှင် သူ့အနေဖြင့် မည်ကဲ့သို့ ထိပ်ဆုံးကို ရောက်လာရပါသနည်း။

ယင်းမှာ သူ့ကို အကူအညီတောင်းရန် လာရောက်ရှာဖွေသည့် စွယ်စုံမြေခွေး​ကြောင့်မှန်း အိပ်မက်ဆိုး အမှတ်ရမိသည်။

ထိုအချိန်က သူတို့သည် အရက်အတူသောက်ဖူး

သည့် အပေါင်းအသင်းထက် ဘာမှပို၍ မရင်းနှီးခဲ့ကြပေ။

ထိုစဥ်က စွယ်စုံ မြေခွေးသည် အိပ်မက်ဆိုးကျင့်စဥ်ကို အသုံးပြု၍ တစ်စုံတစ်ဦးကို စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင်ပေးရန် ငွေကြေးများစွာဖြင့် သူ့ကို ကမ်းလှမ်းခဲ့သည်။

အိပ်မက်ဆိုးက တရားမ၀င်ကိစ္စ ဘာမျှ မလုပ်လိုသောကြောင့် အစပိုင်းတွင် သဘောမတူခဲ့ပေ။

နောက်ပိုင်းတွင် ကိုယ်တိုင်စစ်ဆေးစုံစမ်းမှုအချို့ ပြုလုပ်ခဲ့ရာ စွယ်စုံမြေခွေး သူ့ကို ဖြေရှင်းပေးဖို့ တောင်းဆိုသောသူသည် နှစ်ပေါင်းများစွာ ထွက်ပြေး တိမ်းရှောင်နေသည့် ကွင်းဆက်လူသတ်သမားတစ်ဦး ဖြစ်ကြောင်း သိရှိခဲ့ရသည်။

များပြားလှသော ဆုလာဘ်များကို တွေးကာ အိပ်မက်ဆိုးသည် အဆုံးသတ်တွင် ထိုအလုပ်ကို လက်ခံခဲ့သည်။

သို့သော် ထိုအလုပ်ကို သူစတင်လက်ခံလိုက်သည်နှင့် စွယ်စုံ မြေခွေးမှတဆင့် လူအများအပြားသည် သူ့သတင်းကို သိခဲ့ကြပြီး သူ့ကို ရှာဖွေခဲ့ကြသည်။

အိပ်မက်ဆိုးက သူ့ကို ရှာဖွေခဲ့သည် လူမှန်သမျှကို စိတ်ကျန်းမာရေးဆေးရုံသို့ သူ၏ အိပ်မက်ဆိုးကျင့်စဥ်ဖြင့် ပို့ဆောင်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် အိပ်မက်ဆိုးသည် တနေ့တွင် သူက အလိုရှိ ရာဇ၀တ်ကောင် ဖြစ်လာပြီး အမှောင်နက်ဝေါ့ခ်၏ ထိပ်ဆုံးတွင် ရှိနေကြောင်း တွေ့ရှိသွားခဲ့သည်။

အိပ်မက်ဆိုးသည် အမှောင်နက်ဝေါ့ခ်၏ နံပါတ်တစ် ဖြစ်လာပြီးနောက်တွင် အိပ်မက်ဆိုးများ ထပ်ခါတလဲလဲ မက်ခဲ့ဖူးသည်ကို သတိရမိသည်။

အဆုံးသတ်တွင် ဟွာရှို့မဟာမိတ် အဖွဲ့အစည်း၏ လိုက်ဖမ်းမှုကနေ ထွက်ပြေးလာစဥ် တာအိုကျင့်ကြံသူတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။

သူသေဆုံးသွားပြီးနောက် ထိုအချိန်က စိတ်ကျန်းမာရေးဆေးရုံ(အရူးထောင်)သို့ ပို့ဆောင်ခဲ့သည့် ကွင်းဆက်လူသတ်သမားသည် ထောင်အတွင်း၌ပင် ကျင့်ကြံခြင်းကို အောင်မြင်ခဲ့သည်။

အန္တိမလူသတ်ဘုရင်ဟု နာမည်ပြောင် ပေးထားသည့်ဤထိပ်ပြောင်သည် ထောင်က လွတ်မြောက်လာရုံတင်မက အမှောင်နက်ဝေါ့ခ်၏ နံပါတ်တစ်နေရာသို့ပါ တက်လှမ်းနိုင်ခဲ့သည်။

ထိုအချိန်က ကိုင်ဆာ မသေသေးကြောင်း နောက်ပိုင်းတွင် အိပ်မက်ဆိုး သိရှိခဲ့သည်။

အမှောင်နက်ဝေါ့ခ်၏ တိုက်ခိုက်ရေးစွမ်းရည် အထက်မြက်ဆုံးဖြစ်သည့် အန္တိမလူသတ်ဘုရင်၏ မှတ်တမ်းများတွင် ကိုင်ဆာနှင့် အန္တိမဘုရင်၏ အပြန်အလှန်တိုက်ပွဲ၀င်သည့် မှတ်တမ်းများ ရှိခဲ့သည်။

မှတ်တမ်းများအရ ၄င်းတို့က သရေပွဲနှင့်သာ ပြီးဆုံးသွားသည်ကို တွေ့ရှိခဲ့ရ၏။

သို့ဆိုလျှင် ကိုင်ဆာ၏ ဗိုက်ကို ထိုးဖောက်ခဲ့သူမှာ မည်သူနည်း။

တဖက်သားကို ထုတ်ချင်းပေါက်နီးပါး ထိုးဖောက်နိုင်ခဲ့သည့် အင်အားမှာ မည်မျှပင် ကြောက်စရာကောင်းလိုက်ပါသနည်း။

ကိုင်ဆာကို လက်သီးဖြင့် ထိုးခဲ့သူမှာ မည်သူနည်း။

ထိုအချက်က အိပ်မက်ဆိုး စုံစမ်းလိုသော ပြန်လည်၀င်စားခြင်းဂေဟာရှိ မဖြေရှင်းနိုင်သေးသော လျှို့၀ှက်ဆန်းကြယ်မှုများထဲမှ တစ်ခု ဖြစ်သည်။

အဆုံးသတ်တွင် အတွင်းဘက်အကျဆုံးနေရာရှိ အလုံပိတ် မှန်ဗီဒိုထဲတွင် အိပ်မက်ဆိုးသည် အကန့်အသတ်မရှိသော မကောင်းမှုများ၏ သင်္ကေတဖြစ်သည့် အမှောင်ဘိုးဘေး၏ ဦးခေါင်းခွံကို မြင်လိုက်ရသည်။

အမှောင်ဘိုးဘေး မီးလောင်ပြီးနောက် ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ဦးခေါင်းခွံတစ်ခြမ်းသာ ဖြစ်သည်။

ထိုအခိုက်တွင် အိပ်မက်ဆိုးသည် သူ့အရှေ့တွင် ခင်းကျင်းထားသည့် ဦးခေါင်းခွံထံမှ လျှို့၀ှက်ဆန်းကြယ်သော အင်အားကို ခံစားမိကာ ဒူးထောက်လုနီးပါး ဖြစ်သွားခဲ့သည်။

အိပ်မက်ဆိုးသည် အမှောင်ဘိုးဘေး ကွယ်လွန်သွားပုံနှင့် ပတ်သက်၍ သိရှိသွားပြီးနောက်တွင် အံ့သြသွားခဲ့ရသည်။

ပင်မသွေးပြန်ကြောကိုပင် စုပ်ယူရန် ကြံစည်ရဲသည့် အမှောင်ဘိုးဘေး၏ ရူးသွပ်သော အကြံအစည်ကို သူပို၍ပင် အံ့သြမိခဲ့သည်။

ကမ္ဘာပေါ်တွင် ကောင်းကင်သွေးပြန်ကြောပေါင်း တစ်ထောင်ကျော်ရှိပြီး ပင်မသွေးကြောတစ်ခု ရှိသည်။

ဆိုရလျှင် ပင်မသွေးပြန်ကြောကို စုပ်ယူခြင်းသည် အခြားသော ကောင်းကင်သွေးပြန်ကြော(ဝါ) မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြော တစ်ထောင်၏ ကြီးမားသော စွမ်းအားကို စုပ်ယူခြင်းနှင့် ညီမျှ၏။

ထိုအချိန်က အမှောင်ဘိုးဘေးသည် ပင်မသွေးပြန်ကြော၏ စွမ်းရည်ကို သိသိသာသာပင် လျှော့တွက်မိခဲ့သည်။

ဤသည်မှာ ဂြိုလ်တစ်ခုလုံး၏ ၀ိညာဥ်စွမ်းအားနှင့် ညီမျှသည်။

စင်စစ် သူ၏ ခန္ဓာကိုယ်က ခံနိုင်ရည် မရှိသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

"အမှောင်ဘိုးဘေး.. ဒီဂျူနီယာက စော်ကားမိတာရှိရင် ခွင့်လွှတ်ပါ"

သူက ရိုသေလေးစားစွာဖြင့် မှန်ခန်းထဲသို့ အသံမထွက်ဘဲ စိမ့်၀င်ကာ သူ့လက်ကို တိုက်ရိုက်ဆန့်ထုတ်၍ ဦးခေါင်းခွံကို ကိုင်လိုက်သည်။

ဆိုရလျှင် သူသည် တစ်ခါသေခဲ့ဖူးပြီ ဖြစ်သည်။

သူ၏ လက်ရှိအသက်သည် ဆံဖြူလူငယ်က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အိပ်မက်ဆိုးတွင် နောက်ကြောင်းမအေးစရာ ဘာမျှ မရှိပေ။

ဆိုရလျှင် ကမ္ဘာကြီးက ပျက်စီးသွားခဲ့လျှင်ပင် သူက ဂရုစိုက်နေမည် မဟုတ်ချေ။

------------------------

အိပ်မက်ဆိုး ပြန်လည်ဝင်စားခြင်းဂေဟာသို့ စိမ့်၀င်ပြီး နောက်တစ်နေ့သည် နို၀င်ဘာလ ၈ရက်၊ စနေနေ့ ဖြစ်သည်။

ထိုအချိန်တွင် ခင်းကျင်းပြသထားသော ပစ္စည်းများကို စာရင်းကောက်ယူသည့် တာ၀န်ခံ ၀န်ထမ်းသည် အမှောင်ဘိုးဘေး၏ ဦးခေါင်းခွံ ပျောက်ဆုံးသွားခဲ့သည်ကို သတိပြုမိခဲ့သည်။

ပြန်လည်၀င်စားခြင်း ဂေဟာတစ်ခုလုံးသည် ဤဖြစ်ရပ်ကြောင့် ထိတ်လန့်သွားပြီး ဟွာရှို့မဟာမိတ် အဖွဲ့အစည်းကို အရေးပေါ် အစည်းအဝေးပြုလုပ်ရန် အလျင်အမြန် တောင်းဆိုခဲ့သည်။

"၀န်ထမ်းတွေ အားလုံးကို စစ်ဆေးပြီးပြီလား"

ထုံးစံအတိုင်း အစည်းအဝေးပွဲတွင် ဟွာရှို့၏ ဥာဏ်ပညာသူတော်စင်က ဥက္ကဌအဖြစ် တာ၀န်ယူခဲ့သည်။

အမှောင်ဘိုးဘေးသည် ထိုအချိန်က နိုင်ငံတကာ ကျင့်ကြံသူ မဟာမိတ်အဖွဲ့အစည်းမှ အလိုရှိ စာရင်းသွင်းခြင်းကို ခံရသည့် ပထမဦးဆုံးသော ရာဇ၀တ်သား ဖြစ်သည်။

သူသေသွားသော်လည်း သူ့ဦးခေါင်းခွံတွင် ပါရှိသည့် စွမ်းအားမှာ လုံး၀ လျှော့တွက်၍ မရပေ။

အကယ်၍သာ ၄င်းကို မကောင်းသောနေရာတွင် အသုံးချခဲ့လျှင် ပြန်လည်၀င်စားခြင်း ဂေဟာ၏ ဂုဏ်သတင်းသည် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။

"၀န်ထမ်းတွေ အားလုံးမှာ သက်သေပြစရာ အလီဘိုင် ကိုယ်စီ ရှိကြတယ်.. မှော်အတတ်ကို အသုံးပြုခဲ့တဲ့ ဖြစ်နိုင်ချေကိုလည်း ငါတို့ ပယ်ချထားတယ်.. အခင်းဖြစ်ပွားတဲ့ နေရာမှာ ၀ိညာဥ်စွမ်းအား အတက်အကျကို မတွေ့ခဲ့ရတဲ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အဲဒီ အနီးနားတစ်၀ိုက်မှာ ဘယ်သူကမှ မှော်စွမ်းရည်တွေကို အသုံးမပြုခဲ့ကြဘူး"

ဗိုလ်ချုပ်ရီက ပြောကြားခဲ့သည်။

"တစ်နည်းပြောရရင် မှော်စွမ်းရည်မပါဘဲ အဲဒီနေရာကို အလွယ်တကူ ခိုး၀င်နိုင်တဲ့ လူက.."

ထိုစကားကို ပြောရင်း ဥက္ကဌချီသည် သူ့ဘေးနားရှိ အမှောင်သူတော်စင် ၀န်ကြီးယင်းကို ကြည့်လိုက်သည်။

" ? ? ? "

အမှောင်သူတော်စင်က ထိတ်လန့်တကြားဖြစ်ကာ မျက်နှာဖျော့တော့သွားသည်။

"ချီးပဲ.. ငါက အသားမဲတာနဲ့ပဲ အဲဒီထဲကို ကျုးကျော်ခဲ့တယ်လို့တော့ မစွပ်စွဲနဲ့နော်"

အပိုင်း(၁၁၀၈) ပြီး၏

All Chapters