ပြိုင်ပွဲအတွက် ပြင်ဆင်ခြင်း
Vol. 74 Ch. 1110
တနင်္လာနေ့၊ နို၀င်ဘာလ ၁၀ရက်
ဤကာလတွင် အမှတ် ၆၀ အထက်တန်းကျောင်းသည် ကျောင်းကို ကိုယ်စားပြုမည့် ကျောင်းသားများအတွက် ယာယီ အထူးလေ့ကျင့်ရေး သင်တန်းကျောင်းကို ဖွင့်လှစ်ပေးခဲ့သည်။
၀မ်လင်း၊ စွန်းရုံနှင့် ရှားမင်တို့သည် သင်တန်းတွင် အတူ ရှိနေခဲ့သည်။
ရှားမင်မှာမူ အနည်းငယ် အဆင်မပြေသလို ခံစားနေရသည်။
၀မ်လင်းကမူ ဘာကိုမှ စိတ်မ၀င်စားသော အမူအရာဖြင့် ရှိနေ၏။
ရှားမင်က ၀မ်လင်းနှင့်ယှဥ်လျှင် အရှုံးသမား ဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
၀မ်လင်းက အေးစက်စက် မျက်နှာထားနှင့် ထုံးစံအတိုင်းပင် ပြတင်းပေါက်အနား၌ ဘာကိုမှ ဂရုမစိုက်သော အမူအရာဖြင့် ထိုင်နေသည်ကို ရှားမင် မြင်လိုက်ရသည်။
ရှားမင်သည် ၀မ်လင်းကို ကြည့်ရင်း နှလုံးသားကနေပြင်းထန်စွာ နာကျင်မှုနဲ့အတူ ပေါက်ကွဲလာခဲ့သည်။
"ဒီကောင်က ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ.. တကယ်ပဲ သူက ဆယ်ကျော်သက် အထက်တန်းကျောင်းသားရော ဟုတ်ရဲ့လား"
ကျောင်းမှသင်ကြားပေးသော ယာယီ အထူးသင်တန်းသည် အောက်ပါကဏ္ဍသုံးရပ် အပေါ်တွင် အဓိကထား၍ သင်ကြားပေးခဲ့သည်။
ပထမအချက်မှာ ၀ိညာဥ်အပင်များနှင့် ပက်သက်၍
နားလည်မှု ရှိစေရန် သင်ကြားပေးခြင်း ဖြစ်သည်။
ဆရာမဖန်သည် ဤအကြောင်းအရာနှင့် ပတ်သက်၍ တိကျသော အကြောင်းပြချက်များကို ချက်ဂရုထဲတွင် ရှင်းလင်းထားခဲ့ပြီးပြီ ဖြစ်သည်။
နဂါးကိုးကောင်တောင်ပေါ်တွင် သောင်းနှင့်ချီသော စိတ်၀ိညာဥ် အပင်များရှိသော်လည်း အများစုမှာ စားသုံး၍ မရသောအပင်များ ဖြစ်ကြသည်။
၀မ်လင်းကမူ သူ့ကို အဆိပ်သင့်နိုင်သည့် အပင်များရှိမည်ဟု မထင်ထားခဲ့ပေ။
ဒုတိယအချက်အနေဖြင့် ပြိုင်ဘက်အပေါ်တွင် နားလည်မှုရှိစေရန် သင်ကြားပေးခဲ့သည်။
ပြိုင်ပွဲက ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ အမှတ် ၆၀ အထက်တန်းကျောင်း၏ ရန်သူအရေအတွက်သည်လည်း ၁၀ ကျောင်းကနေ ၁၀၁ ကျောင်းအထိ ရုတ်တရက် တိုးလာခဲ့သည်။
ကျင့်ကြံခြင်းအထက်ကျောင်း တစ်ခုစီတွင် မတူညီသော နောက်ခံများ ရှိကြသောကြောင့် ပြိုင်ဘက်များ အကြောင်းကို အကြမ်းဖျင်း နားလည်ရန်မှာ အလွန် အရေးကြီးသည်။
ရန်သူ၏ အကြောင်းကို သိမှာသာ အောင်ပွဲခံနိုင်လိမ့်မည် မဟုတ်ပါလော။
မှန်ပါသည်၊ သူတို့တွင် အချိန်အကန့်အသတ်ရှိ၍ ကျောင်း အုပ်ကြီးချန်းသည် အဓိကကျသော ကျောင်းတချို့ကိုသာ ရွေးချယ်ပေးခဲ့သည်။
ကျောင်းအုပ်ကြီးချန်းသည် အမှတ် ၆၀ အထက်တန်း ကျောင်းနှင့် အဆင့်တူ တခြားသော အထက်တန်း ကျောင်းများကို ကိုယ်စားပြုသည့် ကျောင်းသားများ၏ တိုက်ခိုက်ရေး စွမ်းရည် အချက်အလက်များကို အလွတ်ကျက်မှတ်ရန် စီစဥ်ပေးခဲ့သည်။
ထို့ကြောင့် သင်ခန်းစာအစတွင် ၀မ်လင်းသည် စားပွဲပေါ်တွင် စာရွက်အထူကြီးကို တွေ့လိုက်ရသည်။
သူက ဘုရင်မျက်လုံးဖြင့် တစ်ချက် ကြည့်လိုက်ရုံဖြင့် အထက်တန်းကျောင်းများကို ကိုယ်စားပြုသည့် ကျောင်းသားများ၏ အချက်အလက်အားလုံးသည် သူ၏ စိတ်ထဲတွင် ချက်ခြင်း မှတ်တမ်းတင်ပြီးသွားခဲ့သည်။
သူ့အတွက်မူ အထူးတလည် သတိထားစရာ ပြိုင်ဘက်များ မရှိပေ။
သူ့အနေဖြင့် မည်သူ့ကိုမှ မသတ်မိအောင် သတိထားနေသ၍ အဆင်ပြေမည် ဖြစ်သည်။
အကယ်၍ သူက မတော်တဆ တစ်စုံတစ်ဦးကို သတ်မိခဲ့လျှင်လည်း ရှင်သန်ထမြောက်အောင် လုပ်ပေးနိုင်ပေသည်။
သို့သော်လည်း ပြသနာမှာ ရှင်သန်ထမြောက်သောသူများသည် ထိုစိတ်ဒဏ်ရာကို ၄င်းတို့၏ တစ်သက်လုံး ယူဆောင်သွားရမည် ဖြစ်သည်။
သူက မှတ်ဥာဏ်များ ဖျောက်ပစ်ခဲ့လျှင်ပင် အသုံးမ၀င်ပေ။
အဘယ်ကြောင့်ဆိုသော် စိတ်အာရုံထဲတွင် မသိစိတ်မှ တုန့်ပြန်မှုများသည် မကြာခဏ ဖြစ်ပေါ်လာတတ်သောကြောင့်ပင်။
ဥပမာပြောရလျှင် လူအတော်အများသည် အမြင့်ကြောက်တတ်ကြသည်။
ယင်းမှာ ယခင်က အမြင့်တစ်နေရာကနေ မတော်တဆ ပြုတ်ကျပြီး မှတ်ဥာဏ်များ ပျောက်ကွယ်နေတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်၏။
အထက်ပါ အချက်နှစ်ချက်အပြင် တတိယနှင့် နောက်ဆုံးသောအချက်မှာ ခန္ဓာကိုယ်နည်းစနစ် အထူးလေ့ကျင်မှုဖြစ်သည်။
စင်စစ် ရက်အနည်းငယ်အတွင်း ခန္ဓာကိုယ်နည်းစနစ်နှင့် စွမ်းရည်များကို လျင်မြန်စွာ မြှင့်တင်ရန်မှာ လက်တွေ့မကျပေ။
ထို့ကြောင့် ကျောင်းအုပ်ကြီးချန်းသည် နည်းစနစ်ပိုင်းနှင့်ပက်သက်၍ အနည်းငယ်သာ ဝေမျှနိုင်မည်ဟု ၀မ်လင်း မှန်းဆခဲ့သည်။
ခန္ဓာကိုယ်နည်းစနစ်များသည် ပြင်းထန်စွာ အားစိုက်ထုတ်သော ကိစ္စရပ်များတွင် အလွန်အသုံးများသည်။
ရှစ်ရက်ကြာမြင့်မည့် ပြိုင်ပွဲတစ်ခုတွင် အချိန်တိုင်းလိုလို မျက်စိဖွင့် နားစွင့်ကာနေရမည် ဖြစ်သောကြောင့် ကိုယ်ရော စိတ်ပါ အပင်ပန်းလွန်ပြီး အဆုံးထိ တောင့်မခံနိုင်ခြင်းများလည်း ဖြစ်ပေါ်လာနိုင်သည်။
"ကျောင်းသားတို့.. ဒီပြိုင်ပွဲက အရမ်းကို အရေးကြီးတယ်.. နဂါးကိုးကောင်တောင်ကို လာရောက် ယှဥ်ပြိုင်ကြမဲ့ ကျောင်းပေါင်း ၁၀၁ကျောင်းက ကျောင်းသားတွေနဲ့ ယှဥ်ပြိုင်ပြီး အနိုင်ရရှိသူကို ဆုံးဖြတ်မှာဖြစ်တယ်.. ရှစ်ရက်ကြာ ဆင်နွှဲရမဲ့ တိုက်ပွဲ ဖြစ်တာကြောင့် ငါတို့အနေနဲ့ နည်းပရိယာယ်တွေကို သေချာလေး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်"
ကျောင်းအုပ်ကြီးချန်းက စတင် သင်ကြားပေးခဲ့သည်။
"ဒီပြိုင်ပွဲက ယခင်ကပြုလုပ်ဖူးတဲ့ ကျောင်း၆ကျောင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုနဲ့ မတူဘူး.. ကျောင်း၆ကျောင်း ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ မြေပြင်အနေအထားနဲ့ ပတ်၀န်းကျင်က အန္တရာယ် ရှိပေမဲ့လည်း အမှန်တကယ်တော့ ဘေးကင်းတယ်.. ဒါပေမဲ့ နဂါးကိုးကောင်တောင်ကတော့ မမျှော်လင့်ထားတဲ့အရာတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်.. နဂါးကိုးကောင်တောင်ရဲ့ တောနက်တွေမှာ ပြိုင်ဘက်တွေနဲ့ တိုက်ခိုက်တော့မယ်ဆိုရင် မင်းတို့ အချင်းချင်းကြားမှာ အလုပ်တာဝန်တွေကို ကောင်းမွန်စွာ ခွဲဝေပြီး အဖွဲ့လိုက် စည်းလုံးညီညွတ်မှုကို တစ်ချိန်တည်းမှာ ထိန်းသိမ်းထားဖို့ လိုအပ်တယ်.. အကယ်၍ မင်းတို့ထဲက တစ်စုံတစ်ယောက် ပျောက်ဆုံးသွားပြီး အဖွဲ့၀င်အရေအတွက် နည်းသွားခဲ့ရင် အခြားကျောင်းက ကျောင်းသားတွေရဲ့ နှိမ်နှင်းခြင်းခံရမဲ့ အခွင့်အလမ်း အလွန်ပဲမြင့်မားတယ်"
ထိုစကားအထိ ပြောပြီးနောက်တွင် ကျောင်းအုပ်ကြီးချန်းသည် အနက်ရောင်သံမဏိချောင်း တစ်ချောင်းကို ထုတ်ယူလိုက်သည်။
"ဒါက အနက်ရောင် သံမဏိချောင်းပဲ"
ထို့နောက် သူက ကူရွှင်းကျစ်ကို ပေးလိုက်သည်။
"ကျောင်းသားကူ.. ဒီသံမဏိချောင်းကို ချိုးကြည့်စမ်း"
"ခရက်"
အသံနှင့်အတူ သံမဏိချောင်းက ကွဲသွားခဲ့သည်။
ကူရွှင်းကျစ်က ကျောင်းအုပ်ကြီးချန်း တောင်းဆိုသည့်အတိုင်းပင် လုပ်ခဲ့ခြင်းဖြစ်၏။
စင်စစ် ကျောင်းအုပ်ကြီးချန်းသည် အဘိုးအိုနှင့် သားသုံးယောက် ပုံပြင်ကဲ့သို့ အဖွဲ့လိုက် လုပ်ဆောင်ခြင်း၏ အရေးပါမှုကို သရုပ်ဖော် ပြသလိုကြောင့် ကူရွှင်းကျစ်ကို သံမဏိချောင်းအား ချိုးခိုင်းခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် ကျောင်းအုပ်ကြီးချန်းသည် နောက်ထပ် သံမဏိချောင်း ဆယ်ချောင်းကို ထုတ်ယူလိုက်သည်။
"ကျောင်းသားကူ အဲ့ဒီသံမဏိချောင်းတွေ အားလုံးကို စုပြီးတော့ ချိုးဖျက်ကြည့်စမ်း"
"ခရက်"
ကူရွှင်းကျစ်က ချွေးပင်မထွက်ပဲ ရိုက်ချိုးလိုက်
သည်။
ကျောင်းအုပ်ကြီးချန်း".........."
ထို့နောက်တွင် ကျောင်းအုပ်ကြီးချန်းသည် နောက်ဆုံးလက်ကျန် သံမဏိချောင်းများ အားလုံးကို ယူထုတ်လိုက်သည်။
"ကျောင်းသားကူ ထပ်ကြိုးစားကြည့်ပါဦး"
"ခရက်"
ဤတစ်ခေါက်တွင်လည်း ကူရွှင်းကျစ်သည် လွယ်လွယ်ကူကူပင် ချိုးဖျက်လိုက်သည်။
လူတိုင်း"........"
ကျောင်းအုပ်ကြီးချန်း"ထားပါတော့ အားလုံးပဲ နောက်ထပ်သင်ခန်းစာကို ဆက်ကြရအောင်"
လူတိုင်း"........"
အဖွဲ့လိုက်လုပ်ဆောင်ခြင်းသည် သင်ခန်းစာ အစတွင် ကျောင်းအုပ်ကြီးချန်း ပြောခဲ့သည့် အဓိက စကားလုံး ဖြစ်သည်။
စင်စစ် ဤကြီးမားသောပြိုင်ပွဲသည် အဖွဲ့လိုက်တိုက်ပွဲပင် ဖြစ်၏။
ထို့အပြင် ယခုတစ်ကြိမ် ပြိုင်ပွဲသည် အမှတ်အခြေခံစနစ် ဖြစ်ပြီး အသင်း၀င်များ စုဆောင်းရရှိထားသည့် စုစုပေါင်း အမှတ်များပေါ်တွင် အခြေခံထားသည်။
ထို့ကြောင့် ကျောင်းသားအားလုံးသည် ၄င်းတို့၏ အဖွဲ့၀င်များကို တတ်နိုင်သလောက် အဆုံးထိ အသက်ရှင်နေစေရန် သေချာစေရမည် ဖြစ်သည်။
သို့မှသာ အမှတ်များများ ရနိုင်လိမ့်မည် မဟုတ်ပါလော။
အသင်း၀င်များ ရရှိထားသည့် အမှတ်များသည် ပြိုင်ပွဲ၏ အဆုံးအဖြတ်များ ဖြစ်လာနိုင်သည်။
ထို့ကြောင့် မိမိအသင်းမှ လူများစွာ အထုတ်ခံရလျှင်
ကျန်အသင်း၀င်များ အနေဖြင့် မည်မျှပင် သန်မာသည်ဖြစ်စေ အရေးမပါတော့ပေ။
ဆိုရလျှင် လူတစ်ဦး၏ ခွန်အားသည် လူပေါင်းမြောက်များစွာ၏ ခွန်အားကို ယှဥ်နိုင်မည် မဟုတ်ချေ။
အဖွဲ့လိုက်ပူးပေါင်းခြင်းသည် ဤတိုက်ပွဲ၏ အနှစ်သာရအစစ် ဖြစ်သည်။
ကျောင်းအုပ်ကြီးချန်းသည် အမှတ် ၆၀ အထက်တန်းကျောင်း၏ ကိုယ်စားပြုအဖွဲ့အတွင်း ပဋိပက္ခနှင့်ပတ်သက်၍ ပိုပြီး စိုးရိမ်နေခဲ့သည်။
ရှားမင်နှင့်၀မ်လင်းတို့ကြားတွင် ပြဿနာ တစ်စုံတရာ ဖြစ်ပေါ်လာမည်ကို သူစိုးရိမ်ခဲ့၏။
၀မ်လင်းကမူ ပြသနာရှာတတ်သည့် ကျောင်းသား မဟုတ်မှန်း ကျောင်းအုပ်ကြီးချန်း ကောင်းစွာသိသည်။
နှိုင်းယှဥ်ကြည့်လျှင် ရှားမင်သည် ၀မ်လင်းထက် ပို၍
ပြသနာရှာရန် ဖြစ်နိုင်ချေများသည်။
ထို့ကြောင့် ကျောင်းအုပ်ကြီးချန်းသည် ပြိုင်ပွဲမစမီတွင် ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်း ရှာဖွေရဦးမည် ဖြစ်၏။
အနည်းဆုံးတော့ ရှားမင်နှင့် ၀မ်လင်းတို့သည် ၄င်းတို့၏ ခင်မင်ရင်းနှီးမှုကို သရုပ်ပြရန်အတွက် လက်ဆွဲနှုတ်ဆက်ရန် လိုအပ်နေသေးသည်။
"နောက်တစ်ချက်အနေနဲ့ ဒီပြိုင်ပွဲမှာ ပါ၀င်မဲ့ အင်အားကြီး အထက်တန်းကျောင်းတွေနဲ့ မိတ်ဆက်ပေးမယ်.. အကယ်၍ မင်းတို့က အဲ့ဒီကျောင်းက ကျောင်းသားတွေနဲ့ ရင်ဆိုင်ရရင် တတ်နိုင်သမျှ ဝေးဝေးကနေ ရှောင်တိမ်းရမယ် ဒါမှပဲ ပြိုင်ပွဲထဲမှာ ဆက်လက်ယှဥ်ပြိုင်ဖို့ သေချာစေမှာဖြစ်တယ်"
ကျောင်းအုပ်ကြီးချန်းက ပြောလိုက်သည်။
"သူတို့က အဲဒီလောက်တောင် သန်မာတယ်လား"
ဤပြိုင်ပွဲတွင် အင်အားကြီးမားသော အထက်တန်း ကျောင်းများ ၀င်ရောက်ယှဥ်ပြိုင်မည်ကို သူ့ဦးလေးထံမှ ကြားသိခဲ့ရသည်။
သို့ရာတွင် သူတို့အနေဖြင့် ဝေးဝေးကနေ ရှောင်ရှားရသည် အထိ ဖြစ်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။
"ပထမ တစ်ကျောင်းကတော့ ကျင့်ဟွာမြို့က အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်းပဲ"
ကျောင်းအုပ်ကြီးချန်းက သူ့လက်ထဲမှာ မှော်ဘောလုံးကို လှည့်လိုက်ရာ လေထဲတွင် ဓာတ်ပုံတစ်ပုံက ချက်ခြင်းပင် ထွက်ပေါ်လာခဲ့သည်။
ထိုဓာတ်ပုံမှာ အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်းမှ ကျောင်းသားများ၏ ဓာတ်ပုံ ဖြစ်သည်။
ဓာတ်ပုံထဲတွင် ကျောင်းသားတစ်စုသည် အဖြူအမည်းအားကစား ၀တ်စုံများကို ၀တ်ဆင်ထားကြသည်။
၄င်းတို့၏ ယူနီဖောင်းအရောင်က အလွန်ပင် အုံ့မှိုင်းနေသော်လည်း ကျောင်းသားများ၏ အသွင်အပြင်ကမူ မရိုးရှင်းကြောင်း သက်သေပြနေခဲ့သည်။
အပိုင်း(၁၁၁၀) ပြီး၏