ကောင်းကင်ဘုံ သိုင်းကျမ်း၏ အပိုင်းကြီးကိုးပိုင်း : ပြိုင်ဘက်ကင်း အင်္ဂါရပ်များ
Vol. 1 Ch. 1
" ဒါဆို ငါ အချိန်ခရီးသွားခဲ့တာပေါ့ "
လောထျန်းတစ်ယောက် ရှေးဟောင်းပုံစံ အခန်းတစ်ခုအတွင်း နိုးလာခဲ့သည်။
ဘာဖြစ်နေသည်ကို နားလည်ရန် သူအချိန်အတန်ကြာပင် ယူလိုက်ရ၏ ။
" ထျန်းယွမ်နယ် ၊ မြောက်ပိုင်းနယ်မြေ ၊ ဖုန့်လင်းဒေသ ၊ ယဲ့ဖုန်း နိုင်ငံ ၊ ပျောင်ပိုင်မြို့ လောမိသားစုက အပျင်းကြီး လောဘလဲကြီးပြီး စိတ်ထင်ရာစိုင်းတတ်တဲ့ သခင်လေး လောထျန်းလား ? မိုက်လိုက်တာကွာ ဒီဇာတ်ကောင်က လုံးဝ အမိုက်စားပဲ "
လောထျန်း က စိတ်လှုပ်ရှားစွာ သူ့ပေါင်ကို ရိုက်လိုက်သည်။
လောထျန်းသည် ယခင်ဘဝတွင်လဲ ချမ်းသာသော မိသားစုမှ မွေးဖွားလာပြီး ဘာအလုပ်မှ လုပ်စရာမလိုဘဲ ချမ်းချမ်းသာသာနေရသည့် သူများကို အားကျခဲ့ရသူဖြစ်သည်။
လောထျန်း ငယ်စဥ်ကတည်းက မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့သည့်အတွက် ကလေးဘဝကပင် ငွေရေးကြေးရေး အခက်ခဲများဖြင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့်လဲ အလုပ်တစ်ဖက်ဖြင့် ကျောင်းတက်ရန် ကိုယ့်ပိုက်ဆံကိုယ် ရှာဖွေခဲ့ရသည်။
ယခုလဲ မိုးရွာနေသည့် ညဘက်တွင် စက်ဘီးတစ်စီးဖြင့် ပစ္စည်းများ လိုက်ပို့နေစဥ် မီးနီဖြတ်မောင်းလာသည့် ကားတစ်စီးက သူ့ကို တိုက်မိပြီး သူ အသက်ဆုံးခဲ့ရခြင်းဖြစ်သည်။
" ဒါပေမယ့် ဒီလောက် သိုင်းပညာကို အလေးထားတဲ့ လောကကြီးမှာ ချမ်းသာပြီး သိုင်းပညာမကျွမ်းကျင်တာ အရမ်း အန္တရယ်များရာ ကျမနေဘူးလား "
လောထျန်း ဆက်၍တွေးမိသွားသည်။
အခုက ငါ့ကို ကာကွယ်ပေးနိုင်တဲ့ ငါ့အဖေ လောဖုန်း ရှိနေသေးတာ ကံကောင်းတာပဲ
ဒါပေမယ့် တစ်နေ့ ငါ့အဖေဆုံးသွားတဲ့အချိန်ကျရင် ဘယ်လိုလုပ်မလဲ ။ ငါ့မိသားစုက တအားချမ်းသာတယ်ဆိုပေမယ့် တခြားဘာမှလဲ သုံးစားရတာမဟုတ်ဘူး။
ငါ့အဖေလဲ တမလွန်ကနေ ဝမ်းနည်းနေရမှာပဲ။
" ကြည့်ရတာ ဘဝမှာ ချမ်းသာတဲ့သူ ဖြစ်ဖို့ဆိုရင်တောင် အစွမ်းအစတော့ လိုသေးတဲ့ပုံပဲ "
" ဒါပေမယ့် အခုဘဝမှာ ငါက ဘာဖြစ်လို့ ဒီလောက်အသုံးမကျတဲ့သူ ဖြစ်နေရတာလဲ ၊ မဟုတ်မှလွဲရော .... "
လောထျန်းက သူ့လက်စွပ်ကို ရုတ်တရက်ကောက်ကိုင်ကာ ခေါက်လိုက်သည်။
" အဖိုး .. ဒီထဲမှာ အဖိုးရှိလား "
လက်စွပ်မှ မည်သည့်အသံမျှ ထွက်မလာဘဲ တိတ်ဆိတ်နေ၏ ။
" လက်စွပ်ထဲမှာ အဖိုးတွေ အဘေးတွေ ရှိမနေဘူးလား ? ဒီလက်စွပ်က ဘိုးဘေးစဥ်ဆက်က လာတဲ့ အဆောင်မဟုတ်ဘူးလား ? သားစဥ်မြေးဆက် လက်ဆင့်ကမ်းဖို့ သွေးဖောက်ဖို့လိုတဲ့ အမျိုးအစားများ ဖြစ်နေမလား ?? "
လောထျန်းက ချက်ချင်းပင် လက်စွပ်ကို ချွတ်လိုက်ပြီး သူ့လက်ထိပ်ကို ကိုက်ဖောက်ကာ ကျောက်ပေါ်သို့ သွေးစက်ချလိုက်သည်။
သို့သော် လက်စွပ်ကမူ တိတ်တဆိတ်သာရှိနေ၏။
" ဟမ် .. ဒါက အဆောင်မဟုတ်ဘူးဆိုရင် ရိုးရိုးလက်စွပ်ပဲပေါ့။ ဒါဆိုရင် တခြား ဘာဖြစ်နိုင်မလဲ ။ ကျောက်စိမ်းအဆောင်လား ?? ဒါမှမဟုတ် ဒီ ကျောက်စိမ်းပုလွေလား ?? ဒီဓားကရော ?? ဒီပန်းအိုးဆိုရင်ရော ?? ဒီရှေးဟောင်းပန်းချီကားလား .. ?? .. ငါစီးထားတဲ့ ဖိနပ်တွေများဖြစ်နေမလား ?? ... ထွေးခံရော .. ?? .. ဒါမှမဟုတ်သေးရင် အိမ်သာအိုးများလား ... ? ... "
လောထျန်းက အခန်းတွင်း ရှိသမျှ ပစ္စည်းများ အားလုံးပေါ်သို့ သွေးစက်များ လိုက်ချလိုက်သည်။
သို့သော် ပစ္စည်းများ၌ သွေးကွက်များ ပေသွားသည်မှလွဲ၍ ဘာမှ ထူးခြားမလာချေ။
" ခေါင်းမူးပြီး ချမ်းတောင် ချမ်းလာသလိုပဲ "
လောထျန်းက ခပ်မြန်မြန်ပင် စောင်တစ်ထည် ဆွဲခြုံကာ ထိုင်ချလိုက်သည်။
အခန်းပတ်ပတ်လည် သွေးစက်များ လိုက်ချထားသဖြင့် သူ သွေးအားနည်းလာသည်မှာ မထူးဆန်းပေ။
" ကြည့်ရတာတော့ ငါကြားဖူးတားတဲ့ စိတ်ကူးယဥ် ရိုးရာပုံပြင်တွေထဲကလို မဟုတ်ဘူးပဲ။ ဒါဆို .. စနစ်များလား ?? စနစ်ရေ မင်းအဖေ ငါ ဒီမှာရောက်နေပြီလေ ၊ ငါ့ကို ဘာလို့ထွက်မတွေ့တာလဲ "
အခန်းကမူ တိတ်ဆိတ်နေဆဲပင် ။
" အကိုကြီး စနစ်ရေ ၊ ငါစောနက ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်တယ်လေကွာ၊ ငါ့ကို ဘာလို့ ထွက်မတွေ့တာလဲ "
လောထျန်းတစ်ယောက်တည်း အထီးကျန်လာ၏ ။
" ဖိုးဖိုး စနစ်ရေ ၊ မြေးလေးကို ထွက်တွေ့ပါဦး "
လေပြင်းတချက် တိုက်သွားပြီး အိမ်အပြင်ဘက်တွင် ကျီးကန်းအော်သံများ ဆူညံသွားသည်။
" သေစမ်းကွာ ၊ စနစ်တောင် မရှိဘူးပေါ့ ဒါဆို ။ ခက်ပြီကွာ "
လောထျန်းက ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။
ထိုအချိန်တွင်ပင် ..
.....ဝီ .....
လောထျန်း၏ ခေါင်းထဲ ၌တဝီဝီ မြည်လာ၏။
" ဟမ် ... ဘာလဲဟ "
သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်ခနဲ မြင်လိုက်ရပြီး သူ့ခေါင်းထဲ၌ ရွှေရောင် စာအုပ်ကြီးကိုးအုပ် ပေါ်လာသည်။
" ကောင်းကင်ဘုံ သိုင်းကျမ်း အပိုင်းကြီးကိုးပိုင်း လား .. "
လောထျန်း အံ့သြမှင်သက်သွားသည်။
ကောင်းကင်ဘုံ သိုင်းကျမ်း ကိုးပိုင်းက နေကိုးစင်းအလား သူ့အသိစိတ်၏ အမြင့်နေရာတွင် ချိတ်ဆွဲထားသကဲ့သို့ ရှိနေကြသည်။
" ဒါ ငါ့ရဲ့ ရွှေလက်ချောင်းလား .. ၊ ထူးဆန်းလိုက်တာ "
လောထျန်း၏ စိတ်သည် ရွေ့လျားသွားပြီး ကောင်းကင်းဘုံ သိုင်းကျမ်း ပထမတွဲက သူ့ရှေ့တွင် ထွက်ပေါ်လာသည်။
" ကောင်းကင်ဘုံ မန္တန် နိဒါန်း အတိုချုပ်မိတ်ဆက် : ကျင့်ကြံခြင်း နည်းလမ်းများတွင် ပြိုင်ဘက်ကင်း အမြန်နှုန်း ကျင့်စဥ် ၊ ကျင့်ကြံခြင်းမှ ရလာမည့် ပြိုင်ဘက်ကင်း စိတ်စွမ်းအင်များ ၊ ကျင့်စဥ်များမှတဆင့် ရလာမည့် အတိုင်းအဆမဲ့ သိပ်သည်းသော စိတ်စွမ်းအင်များ ပါဝင်သည် "
" ရိုးရိုးလေးနဲ့ ကြမ်းတာပဲ "
လောထျန်းသည် အခြေနေကို အခွင့်ကောင်းယူပြီး ပထမစာမျက်နှာသို့ လှန်လိုက်သည်။
ဝှစ် ..
များပြားလှသော အကြောင်းအရာများ ချက်ချင်းပင် လောထျန်း၏ မှတ်ဥာဏ်ထဲသို့ ရောက်လာ၏ ။
'' ကောင်းကင်ဘုံ အသက်ရှုခြင်း နည်းစနစ် ၊ ခန္ဓာကိုယ်သန့်စင်ခြင်း အခန်း ..? "
လောထျန်း အံ့အားသင့်သွားသည်။ ဤနည်းစနစ်ကို သူ ယခုလေးတင် သင်ယူခဲ့ရသည့်တိုင် သူမွေးစကတည်းမှစ၍ သိနေသလို ရင်းနှီးနေ၏ ။
" ဒုတိယစာမျက်နှာကို လှန်လို့လဲ မရပါလား "
လောထျန်းသည် နောက်ထပ် မည်သည့်အရာများ လာဦးမည်ကို ဆက်သိချင်နေသော်လည်း ကောင်းကင်ဘုံ မန္တန်က လုံးဝ ရွေ့မသွားချေ။
" ငါ သဘောပေါက်ပြီ။ ပထမ စာမျက်နှာကို အောင်မြင်ပြီးမှ ဒုတိယစာမျက်နှာကို ဆက်ဖတ်လို့ ရမှာပဲ "
လောထျန်းသည် ခေါင်းတဆတ်ဆတ်ညိတ်ကာ စာအုပ်ကို ပြန်ထားလိုက်ပြီး ကောင်းကင်ဘုံသိုင်းကျမ်း ဒုတိယအုပ်ကို ခေါ်ယူလိုက်သည်။
" ကောင်းကင်ဘုံလမ်းစဥ် ခန္နာကိုယ်သန့်စင်ခြင်း နည်းပညာ အကြောင်းအရာအကျဥ်းချုပ် : အစွမ်းထက် ကိုယ်ခန္တာသန့်စင်ခြင်း ပညာရပ်တွင် လျင်မြန်သော လေ့ကျင့်မှုနှုန်း ၊ အစွမ်းထက် စွမ်းအားများ ပါဝင်သည် .. "
" ဝိုး .. နောက်ထပ် အစွမ်းထက် ခန္ဓာကိုယ် တည်ဆောက်ခြင်း ပညာရပ်ပါလား ၊ ဘာတွေပါမလဲ ကြည့်ကြည့်ရမယ် "
လောထျန်းက ပထမစာမျက်နှာသို့ လှန်လိုက်သည်။
.. ဝှစ် ..
ယခင်ကကဲ့သို့ပင် ပထမစာမျက်နှာမှ အကြောင်းအရာများအားလုံး သူ့မှတ်ဥာဏ်ထဲသို့ ရောက်သွားပြန်သည်။
" ကောင်းကင်ဘုံလမ်းစဥ် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းပညာ ၊ ခန္ဓာကိုယ်သန့်စင်ခြင်း အခန်း ။ ဒါလဲ ဒုတိယ စာမျက်နှာကို ဆက်ဖတ်လို့ မရပြန်ဘူး "
လောထျန်း ခေါင်ညိတ်ကာ ကောင်းကင်ဘုံသိုင်းကျမ်း တတိယအုပ်ကို ခေါ်ယူလိုက်သည်။
" ကောင်းကင်ဘုံ အာရုံပြုနည်း အကြောင်းအရာ အကျဥ်းချုပ် : အစွမ်းအထက်ဆုံး ဝိဉာဥ် သန့်စင်ခြင်းနည်းလမ်းတွင် စွမ်းအင်များ ပါဝင်သည်။ ဟင် .. တခြား ဘာမှလဲ မပါပါလား "
လောထျန်းသည် တတိယစာအုပ်၏ အကြောင်းအရာများကို မှတ်ဉာဏ်ထဲ သွင်းကာစတုတ္ထမြောက်စာအုပ်ကို ဆက်ယူလိုက်သည်။
" ကောင်းကင်ဘုံ ခန္ဓာကိုယ် နည်းစနစ် အကြောင်းအရာ မိတ်ဆက် : နတ်ဘုရားတို့၏ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကို ဆန့်ကျင်သော သမိုင်းတွင် အစွမ်းအထက်ဆုံး ခန္ဓာကိုယ် နည်းပညာကို မည်သည့်နည်းနဲ့မှ မတားဆီးနိုင်ပေ ..."
ငါးအုပ်မြှောက် ...
" ကောင်းကင်ဘုံ ဓားပညာ မိတ်ဆက် : အစွမ်းထက် "
" ကောင်းကင်ဘုံ လက်သီး မိတ်ဆက် : အစွမ်းထက် "
" ကောင်းကင်ဘုံ လက်ဝါးသိုင်း မိတ်ဆက် : အစွမ်းထက် "
" ကောင်းကင်ဘုံ ဓားစွမ်းရည် မိတ်ဆက် : အစွမ်းထက် "
" ကောင်းကင်ဘုံ လှံအစွမ်း အနှစ်ချုပ် : အစွမ်းထက် "
ကောင်းကင်ဘုံ သိုင်းကျမ်း စာအုပ်ကိုးအုပ်လုံး၏ ပထမစာမျက်နှာတွင် ပါသည့် အကြောင်းအရာများအားလုံး လောထျန်း၏ မှတ်ဉာဏ်ထဲတွင် ရေးထွင်းထားသကဲ့သို့ ဖြစ်သွားသည်။
ကောင်းကင်ဘုံ သိုင်းကျမ်း ကိုးအုပ်လုံးကလဲ ယခင်မူလနေရာ အသီးသီးသို့ ပြန်လည်ရောက်ရှိသွားကြသည်။
" ကဲ .. အခု ရွှေလက်ချောင်းလဲ ရောက်လာပြီဆိုတော့ သိုင်းကျမ်းတွေစပြီး လေ့ကျင့်ကြည့်တာပေါ့ "
လောထျန်းသည် တင်ပျင်ခွေထိုင်လိုက်ကာ ကောင်းကင်ဘုံ အသက်ရှုခြင်းပညာရပ်ကို စတင်လေ့ကျန်ရန် ပြင်လိုက်သည်။
" ကောင်းကင်ဘုံသိုင်းကျမ်းထဲမှာ ဒီပညာရပ်ကို ကောင်းကောင်းကြီး အမွှန်းတင်ထားတာဆိုတော့ ဒီအသက်ရှုပညာရပ်က ဘယ်လောက်အစွမ်းထက်လဲ ကြည့်ရမယ် "
လောထျန်းက စကားဆုံးသည်နှင့် စတင်၍ လေ့ကျင့်လိုက်သည်။
" အသက်ရှူသွင်း ... ရှူထုတ် ... "
လောထျန်း၏ အသက်ရှူသံများ စည်းချက်ညီလာသည်နှင့် သူ့အခန်းပတ်ပတ်လည် မီတာတစ်ရာ အကွာအဝေးတွင် ရှိနေသည့် စိတ်စွမ်းအင်များက ဆူနာမီလှိုင်းကြီးပမာ သူ့ဆီသို့သို့ တဟုန်ထိုး စီးဆင်းလာကြသည်။
ထိုစိတ်စွမ်းအင်များသည် လေထုထဲတွင် ပိုပို၍ သိပ်သည်းလာပြီး နောက်ဆုံး၌ အသန့်ရှင်း အစင်ကြယ်ဆုံးသော လေပြေအဖြစ် ပြောင်းလဲကာ လောထျန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။
ထို့နောက်တွင် တဝီဝီ မြည်သံများနှင့်အတူ စိတ်စွမ်းအင် အလင်းတန်းများ သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာ၏။
" ဟမ် .. ငါ ဘာလို့ အသက်ရှူသွင်းလို့ မရတော့တာလဲ "
လောထျန်း မျက်လုံးဖွင့်ကာ သူ့ခန္ဓာကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သည်။
" ဘုရားရေ ၊ ငါ .. ကိုယ်ခန္ဓာ သန့်စင်ခြင်းနယ် အဆင့်ကိုးရဲ့ ထိပ်ဆုံးကို ရောက်နေတာပါလား "
လောထျန် အလွန်အံ့အားသင့်သွားရသည်။
သူသည် လွန်ခဲ့သော မိနစ်ပိုင်းကပင် ကိုယ်ခန္ဓာသန့်စင်ခြင်းနယ်၏ ပထမအဆင့်၌သာ ရှိနေခဲ့သေးသည် မဟုတ်ပါလား ။
သူ အသက်ရှူလေ့ကျင့်ခန်း လုပ်နေစဥ် တခဏလေးအတွင်းမှာပင် ကိုယ်ခန္ဓာသန့်စင်ခြင်းနယ် အဆင့်ကိုး၏ ထိပ်ဆုံးကို ရောက်သွားခဲ့သည်လား .. ။
" ဒီကျင့်စဥ်ရဲ့ အမြန်နှုန်းကတော့ ပြိုင်ဘက်ကင်းပဲကွာ "
လောထျန်း အံ့သြတကြီး ရေရွတ်လိုက်သည်။
" ကြည့်ရတာ ငါ့ ရွှေလက်ချောင်းရဲ့ အစွမ်းက ထင်ထားတာထက်ပိုပြီး အစွမ်းထက်တဲ့ပုံပဲ "
" ဟမ် .. တခုခုတော့ မှားနေတယ် ။ ငါ့ရဲ့ ကျင့်စဥ်အဆင့်က သိပ်မတည်ငြိမ်ပါလား ၊ စွမ်းအင်တွေ စီးဆင်းတဲ့ သွေးကြောတွေကလဲ နည်းနည်း နာနေတယ်။ ငါ့တိုးတက်နှုန်းက မြန်လွန်းလို့ ငါ့ခန္ဓာကိုယ်နဲ့ သွေးကြောတွေက အမှီမလိုက်နိုင်တာများလား "
ဤအခြေနေသည် အလွန်အန္တရာယ်ကြီးသည်ကို လောထျန်း မှတ်ဉာဏ်များမှတဆင့် သိနေ၏။
အမှားယွင်းတစ်စုံတရာ ဖြစ်သွားပါက သူ့သွေးကြောများ ဒဏ်ရာပြင်းပြင်းထန်ထန် ရနိုင်ပြီး သူ့ကျင့်စဥ်များအားလုံးလဲ ပျက်စီးသွားနိုင်ပေသည်။
" ကောင်းကင်ဘုံ ခန္ဓာကိုယ်သန့်စင်ခြင်းပညာရပ်ကို ဆက်ပြီး လေ့ကျင့်ကြတာပေါ့ "
လောထျန်းသည် ကောင်းကင်ဘုံသိုင်းကျမ်း ကိုးအုပ်၏ အကျိုးကျေးဇူးများကို သိနေပြီးဖြစ်သည့်အတွက် ပညာရပ်များကို အလေးအနက်ထားကာ ဆက်လေ့ကျင့်လိုက်သည်။
ကောင်းကင်ဘုံ ခန္ဓာကိုယ်သန့်စင်ခြင်းပညာရပ်၏ ပထမပိုင်းတွင် ခန္ဓာကိုယ်လှုပ်ရှားပုံ နှစ်ဆယ့်လေးမျိုး ပါဝင်ပြီး လှုပ်ရှားမှုပုံစံ တစ်ခုစီတိုင်းက ထူးခြားနေ၏။
ထို့ကြောင့်လည်း လောထျန်း စတင်လေ့ကျင့်ချိန်တွင် လှုပ်ရှားမှုများက အတန်ငယ် နှေးကွေးလျက်ရှိသည်။
သို့သော် ထို လှုပ်ရှားပုံ နှစ်ဆယ့်လေးမျိုးလုံးကို လေ့ကျင့်ပြီးသွားသောအခါတွင်မူ သူ့ခန္ဓာကိုယ်ထဲမှ နာကျင်မှုများအားလုံး လုံးဝ ပျောက်ကွယ်သွားကြသည်။
" အိုး .. တစ်ကြိမ်ပဲ လေ့ကျင့်ရုံနဲ့တင် ခန္ဓာကိုယ်အစွမ်းက ခန္ဓာကိုယ်သန့်စင်ခြင်းနယ် အဆင့်ကိုးရဲ့ အလယ်လတ်အဆင့် ရောက်သွားတာဆိုတော့ နောက်ထပ်နည်းနည်းဆက်ပြီး လေ့ကျင့်လိုက်ရင် ဘာဖြစ်သွားမလဲ "
လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကာ ဒုတိယအကြိမ် ဆက်ပြီးလေ့ကျင့်လိုက်သည်။
ဤတစ်ကြိမ်တွင် သူ့လှုပ်ရှားမှုများက ပို၍ချောမွေ့လာပြီး ယခင်ပထမအကြိမ် လေ့ကျင့်ခဲ့ရသည့်အချိန်၏ တဝက်မျှနှင့်ပင် ပြီးဆုံးသွားသည်။
" လာစမ်းပါ .. "
ဤသို့ဖြင့် တတိယအကြိမ် ၊ စတုတ္ထအကြိမ် .. စသည်ဖြင့် အချိန်တခဏအတွင်းမှာပင် ဆယ်ကြိမ်မြှောက်သို့ ရောက်ရှိသွားသည်။
၎င်းဆယ်ကြိမ်မြှောက်၏ နောက်ဆုံး လှုပ်ရှားမှာ ပြီးသွားချိန်တွင် .. ဝှစ် ... ဆိုသော အသံနှင့်အတူ လောထျန်း၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းတစ်ခု ဖောက်ထွက်လာကာ ၎င်းက သူ့ခန္ဓာကိုယ်အား လွှမ်းခြုံထားလိုက်သည်။
" ဟမ် .. ရွှေရောင်အလင်းတန်းက ငါ့ခန္ဓာကိုယ်ကို ကာကွယ်ပေးနေတာပါလား .. "
လောထျန်း အံ့သြမှင်သက်သွားရသည်။