← Chapters

မျိုးစုံသော စွမ်းအားများ  

Vol. 1 Ch. 7

မျိုးစုံသော စွမ်းအားများ  

Vol. 1 Ch. 7

ကျန်းရွှယ်ဂိုဏ်း ၊ တောင်ထိပ်

.......

" အကိုဟွေ့နန် ၊ ဆိုးဆိုးရွားရွား ကိစ္စတစ်ခုတော့ ဖြစ်သွားခဲ့ပြီဗျာ "

မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ထိတ်လန့်တကြားဖြင့် ဧည့်ခန်းမဆောင်ထဲသို့ အပြေးအလွှား ဝင်လာခဲ့သည်။

ကျန်းရွှယ် ဂိုဏ်း၏ ခေါင်းဆောင် ဟွေ့နန် ၏ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာပြီး ဝင်လာသူကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

" ညီလေး ဟန်ဖုန်း၊ မင်း အသက်ဒီလောက်ကြီးနေပြီကို ခုချိန်ထိ အလောတကြီး လုပ်နေတုန်းပဲ။ ဘာဖြစ်လာတာလဲ "

သူက ဖြည်းညှင်းစွာ မေးလိုက်သည်။

ဟန်ဖုန်း က မျက်နှာပျက်စွာ စကားစသည်။

" အစ်ကို၊ လန် မိသားစုဆီက သတင်းပို့လာတယ်။ ညီငယ် ရှင်း က ပျောင်ပိုင် မြို့မှာရှိတဲ့ လော မိသားစုအိမ်မှာ အသတ်ခံလိုက်ရပြီတဲ့ "

" ဘာပြောတယ် "

ဟွေ့နန်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။

" ငါ့ကို အသေးစိတ်ပြောပြစမ်း "

  ဟွေ့နန် က စိုးရိမ်တကြီး မေးသည်။

" လန်ရှို့ က သတင်းပို့လာတာ။ မိန်းကလေးက စေ့စပ်ပွဲ ဖျက်သိမ်းဖို့အတွက် လော မိသားစုဆီ သွားတာမှာ မင်ရှင်း ကို ခေါ်သွားခဲ့တယ်။ ဒါပေမယ့် လော မိသားစုက ကျိုးကြောင်းရှင်းပြတာကို နားမလည်တဲ့ တဇွတ်ထိုးသမားတွေ ။ စေ့စပ်ပွဲ ဖျက်သိမ်းမယ့်အကြောင်း ကြားလိုက်တာနဲ့ အဲ့ဒီလူတွေက ပွဲဖျက်ဖို့ ငြင်းရုံတင် မကဘဲ ညီလေး မင်ရှင်း ကို အသေ သတ်ပြီးတော့ လန်ရှို့ ရဲ့ ကျင့်စဥ်ကိုပါ ဖျက်ဆီးပစ်ခဲ့ကြတယ် "

" ဒါတင်မကသေးဘူး ၊ လော မိသားစုရဲ့ သခင်လေး လောထျန်း ကလည်း သုံးလအတွင်းမှာ ကျုပ်တို့ ကျန်းရွှယ် ဂိုဏ်းကို တိုက်ခိုက်မယ်၊ ဂိုဏ်းရဲ့ တပည့်အားလုံးကို သတ်ပစ်ပြီးတော့ ကျုပ်တို့ဂိုဏ်းရဲ့ မျိုးရိုးကိုပါ ဖျက်ဆီးပစ်မယ်လို့လဲ ခြိမ်းခြောက်ခဲ့သေးတယ်တဲ့ "

ဟန်ဖုန်း က သူ ကြားခဲ့ရသမျှ သတင်းကို ​ရ

ပြောပြလိုက်သည်။

ဟွေ့နန် ၏ မျက်လုံးများတွင် အေးစက်သော အရိပ်ငွေ့များ ဖျတ်ခနဲ လက်သွားပြီး ခနအကြာတွင် မှိန်ဖျော့သွားခဲ့သည်။

" ဒီမိန်းကလေး ပြောတာတွေက အားလုံး အမှန်တွေတော့ မဖြစ်နိုင်ဘူး။ ကြည့်ရတာ သူရှာထားတဲ့ ဒုက္ခတွေကို ရှင်းပစ်ဖို့အတွက် တမင်သက်သက် ငါတို့ကို ရန်စ​နေတာ ဖြစ်နိုင်တယ် " 

ဟွေ့နန် ပြောလိုက်သည်။

ဟန်ဖုန်း အံ့အားသင့်သွားကာ ခေါင်းကုတ်လိုက်သည်။

" အစ်ကိုက တကယ်ကို ဉာဏ်ပညာကြီးတာပဲ ၊ ကျုပ် အဲ့ဒါကို မစဉ်းစားမိဘူး။ ဒီလိုသာဆိုရင် ကျုပ်တို့ ဒီတိုင်းပဲ လျစ်လျူရှုထားလိုက်ကြမလား "

ဟွေ့နန် ၏မျက်လုံးများ အရောင်လက်သွားကာ ပြောလိုက်သည်။

  " အဲ့လိုလဲ မဟုတ်သေးဘူး၊ မိန်းကလေး ပြောတာတွေက မမှန်နေရင်တောင် ညီငယ် မင်ရှင်း အသတ်ခံခဲ့ရတာတော့ အမှန်ပဲလေ။ ဒီတော့ သူ့အတွက် ပြန်ပြီး လက်စားချေရလိမ့်မယ် "

ဟန်ဖုန်း ကလည်း ချက်ချင်းပင် ထောက်ခံလိုက်သည်။

" မှန်တယ်ဗျာ ။ ကျုပ်တို့ ညီငယ်အတွက် လက်စားချေဖို့ အချိန်ရောက်ပြီ၊ ဒါဆို ကျုပ် လော မိသားစုကို ဖျက်ဆီးဖို့ အခုပဲ တောင်အောက် ဆင်းသွားလိုက်ရတော့မလား "

ဟွေ့နန် သည် ဟန်ဖုန်းအား စိတ်ပျက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည် ။

" ဟန်ဖုန်း၊ မင်းရဲ့ဦးနှောက်ကို ဘယ်အချိန်မှ သုံးမှာလဲကွ ။ ညီငယ် မင်ရှင်း က ကောင်းကင်ထိန်းချုပ်အဆင့် ရဲ့ ပဉ္စမအဆင့်မှာ ရှိတယ်။ သူ့ရဲ့ အစွမ်းက မင်းနဲ့တစ်တန်းတည်းပဲ ။ သူတောင် အသတ်ခံခဲ့ရတာဆိုတော့ မင်းအဲဒီကို ထပ်သွားရင် မင်းလည်း သေမှာပဲ "

ထိုသို့ ပြောလိုက်မှသာ ဟန်ဖုန်း စဥ်းစားမိသွားပြီး ခေါင်းညိတ်လိုက်သည်။

" ဟုတ်သားပဲ ၊ ဒါဆို ကောင်းကင်ထိန်းချုပ်အဆင့် မှာရှိတဲ့ ဂိုဏ်းက တပည့်တချို့ကို ရှာပြီးတော့ ကျုပ်နဲ့ အတူလိုက်ဖို့ ခေါ်သွားရမလား "

ဟွေ့နန် က ခေါင်းယမ်းကာ ပြောသည်။

" မဟုတ်သေးဘူး ၊ ပြိုင်ဘက်ရဲ့ အစွမ်းအစကို အခုထိ ငါတို့ မသိရသေးဘူးလေ ။ တကယ်လို့ ငါတို့သာ အလောတကြီး ပြုမူလိုက်ရင် ငါတို့အတွက် ဆိုးကျိုးပဲ ရလာလိမ့်မယ်။ နောက်တစ်ခုရှိတာက ခုချိန်မှာ ဂိုဏ်းထဲက လူအားလုံးက ဟိုကိစ္စနဲ့ အလုပ်ရှုပ်နေကြတာ။ အဲ့ဒီတော့ ကောင်းကင်ထိန်းချုပ်အဆင့်မှာရှိတဲ့ လူအနည်းစုကို တခြားနေရာဆီ လွှတ်ဖို့ မဖြစ်နိုင်သေးဘူး "

ဟန်ဖုန်း က စိတ်ညစ်လာဟန်ဖြင့်

" ဟိုဟာ အလုပ်မဖြစ်ဘူး၊ ဒါလည်းမဖြစ်ဘူး ဆိုတာချည်းပဲဗျာ ။ ဒါဆို ကျုပ်တို့  ဘာလုပ်သင့်သလဲ "

ဟွေ့နန် က တစ်ချက် ဝေ့ဝဲကြည့်လိုက်ရာ သူ့ဘေးနားတွင် ရှိနေသည့်  " ရှန်းဝူ " ဟု ရေးထိုးထားသော အဆောင်တစ်ခုပေါ်သို့ အကြည့်ရောက်သွားသည်။

" လန်ရှို့လေးက  ရှန်းဝူ မင်းသားရဲ့ မျက်နှာသာပေးခံရတာကို ငါ မှတ်မိတယ် "

ဟွေ့နန် က ပြောလိုက်သည်။

လောဖုန်း ခေါင်းညိတ်ပြလိုက်သည်။

" ကျွန်တော်လဲ အဲ့ဒီလိုပဲထင်တယ် "

ဟွေ့နန်က သက်ပြင်းတစ်ချက်ချကာ

" ဒါဆို ဒီကိစ္စကို ရှန်းဝူ နန်းတော်ပဲ ဖြေရှင်းပါစေ ။ ငါတို့က သူတို့အတွက် အလုပ်လုပ်ပေးနေတာဆိုတော့ သူတို့ဘက်ကလဲ ငါတို့အတွက် တစ်ခုခုလုပ်ပေးရမှာပေါ့ "

ဟု ဆိုလိုက်သည်။

ဟန်ဖုန်း ၏ မျက်လုံးများ အရောက်လက်သွားကာ လက်မထောင်ပြီး ပြောလိုက်သည်။

" အစ်ကိုကြီးက အတော်ဆုံးပဲ "

ထိုအချိန်တွင် ယဲ့ဖုန်းနိုင်ငံ ၏ မြို့တော်တွင်ရှိသော ဘုရင် ရှန်းဝူ ၏ နန်းတော်၌ .....

" အင်း... တော်တော် နေလို့ထိုင်လို့ ကောင်းတာပဲ "

ပိန်ပိန်ပါးပါး ရှန်းဝူ မင်းသားက ကန့်လန့်ကာနောက်မှ ပျင်းပျင်းရိရိ ထွက်လာသည်။

ကန့်လန့်ကာနောက်ကွယ်တွင် အသက်မရှိတော့သည့် မိန်းမပျို ခုနစ်ဦး  ၊ ရှစ်ဦးမျှ ရှိနေသည်ကိုလည်း ဝိုးတဝါး မြင်နိုင်ပေသည်။

" ဆရာကြီးရဲ့ စွမ်းအင်စုဆောင်းပြီး ပြန်ဖြည့်တင်းတဲ့နည်းက တကယ်ကို ထိရောက်ပါလား ။ တစ်ညလောက် ကြိုးစားလိုက်တာက တစ်လခွဲလောက် အပြင်းအထန် ကျင့်ကြံရတာနဲ့တောင် ညီနေတယ် "

" သူတို့အားလုံးက သာမန်မိန်းမတွေ ဖြစ်နေတာ နာတာပဲကွာ ၊ သူတို့မှာသာ စိတ်စွမ်းအင်တွေ ရှိလို့ကတော့..."

ရှန်းဝူ မင်းသားက တစ်ခုခုကို တွေးမိပြီး ပြုံးလိုက်သည်။

" လန်ရှို့လေးကိုတော့ နောက်ထပ် တစ်နှစ်ခွဲလောက် ကျင့်ကြံခိုင်းလိုက်ဦးမယ်။ ပြီးမှပဲ သူ့ရဲ့ စိတ်စွမ်းအင်တွေကို ခြောက်ကပ်သွားအောင် စုပ်ပစ်ရမယ်။ ဒါဆိုရင် ငါ စိတ်ဝိညာဉ် အသွင်ပြောင်းအဆင့်ကို ရောက်သွားနိုင်တယ် "

" ဟီးဟီး၊  ငါ အသက်နှစ်ဆယ်ရောက်ရင် မဟူရာလေပြင်း နိုင်ငံရဲ့ မျိုးဆက်သစ်လူငယ်တွေ အားလုံးက ငါ့ရှေ့မှာ အမှိုက်တွေချည်း ဖြစ်သွားကြလိမ့်မယ်။ ငါကသာ တကယ့်ပါရမီရှင်ပဲ "

သူသည် ခေါင်းကိုလှည့်ကာ ကြေးမုံမှန်ထဲမှ မိန်းမဆန်သည့် မျက်နှာကို ကြည့်ပြီး သူ့ကိုယ်သူ ပြန်သနားသွားသည်။

" အစီရင်ခံပါတယ် အရှင့်သား။ လန် မိသားစုနဲ့ ကျန်းရွှယ်ဂိုဏ်းက သတင်းစကား ရောက်လာပါတယ် "

အစေခံတစ်ဦးက အသံလွှင့် စာလွှာအား လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

" ဟင် .. "

ရှန်းဝူ မင်းသားက လက်ဖျောက်တစ်ချက် တီးလိုက်ရာ အသံလွှင့်စာလွှာက သူ့လက်ထဲသို့ ချက်ချင်း ရောက်လာသည်။

" ဘာ ....  လန်ရှို့ က သုံးစားမရတော့ဘူးတဲ့လား "

စာလွှာတွင် ပါသည့်အကြောင်းအရာများကို ဖတ်ပြီးသွားသည်နှင့် ရှန်းဝူမင်းသား၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။

" သေစမ်းကွာ ... ၊ ငါ့ အားဆေးလေးကို ငါတောင် မသုံးရသေးဘူး၊  အခုတော့ ပျက်စီးသွားပြီ..."

ထို့နောက်သူက အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေလိုက်သည်။ သူ၏ နဂို သိမ်မွေ့သော မျက်နှာမှာ ပျက်ယွင်းနေ၏။

" တစ်ယောက်ယောက် ဝူလန်ဖုန်း ကို သွားပြောကြစမ်း ၊ နတ်ဘုရားအစောင့်တပ်တွေကို ခေါ်ပြီး ပျောင်ပိုင် မြို့မှာရှိတဲ့ လူတိုင်းကို သတ်ပစ်ဖို့ ပြောလိုက် "

ရှန်းဝူ မင်းသားသည် ဒေါသူပုန်ထလျက် ရှိနေသည်။

အစေခံသည် အံ့သြထိတ်လန့်သွားကာ တုန်ယင်သောအသံဖြင့် မဝံ့မရဲ မေးလိုက်သည်။

" တစ်မြို့... တစ်မြို့လုံးကို သတ်ပစ်ဖို့ ပြောရမှာလား "

ရှန်းဝူ မင်းသားက ခေတ္တမျှ မှင်သက်သွားပြီး ထိုသူကို ဖမ်းဆွဲကာ ဒေါသတကြီး ​အော်လိုက်သည်။

" ဘာလဲ .. မင်းက ငါ့အမိန့်ကို မနာခံဘူးလား "

အစေခံမှာ ကမန်းကတန်း ငြိမ်ကုပ်သွားပြီး

" မဟုတ်ဘူးခင်ဗျာ ... ကျွန်တော်မျိုး မလုပ်ဝံ့ပါဘူး။ ကျွန်တော် ခုချက်ချင်း သွားလိုက်ပါမယ် "

ဟု ​ကြောက်လန့်တကြား ပြန်ဖြေရှာသည်။

" အခုချက်ချင်း ထွက်သွားစမ်း " 

ရှန်းဝူ မင်းသားက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“ ခန နေဦး ”

အစေခံသည် ရှန်းဝူမင်းသား၏ အဆောင်မှ ဆင်းခါနီးတွင် အသံတစ်ခုကြားလိုက်ရသည်။

မကြာခင်မှာပင် ထွားကျိုင်းသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး တံခါးအပြင်ဘက်တွင် ပေါ်လာ၏။

ထိုလူသည် ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်ကောက်ကောက်ဖြင့် အလွန်ကြမ်းတမ်းပုံရပြီး ရှန်းဝူ မင်းသား၏ မိန်းမဆန်သော အသွင်အပြင်နှင့် ဆန့်ကျင်ဘက် ခြားနားနေသည်။

" အဖေ "

မင်းသား ရှန်းဝူက ​ချက်ချင်းပင် ဒူးတစ်ဖက် ထောက်လိုက်သည်။

ယခု ရောက်လာသူမှာ အခြားသူ မဟုတ်ပေ။ ယဲ့ဖုန်းနိုင်ငံ၏ လက်ရှိ ရှန်းဝူဘုရင်ပင်ဖြစ်သည်။

ဘုရင် ရှန်းဝူ က အခန်းထဲသို့ ဝေ့ဝဲကြည့်လိုက်ရာ ကန့်လန့်ကာနောက်ကွယ်မှ အလောင်းကို မြင်သွားပြီး သူ့မျက်နှာတွင် ရွံရှာသော အကြည့် ပေါ်လာသည်။

" လာပြန်ပြီလား ဒီလို ပုံမှန်မဟုတ်တဲ့ ကိစ္စတွေ "

ထိုစကားကိုကြားလိုက်သည်နှင့် မင်းသားသည် မည်သို့မှ ပြန်မပြောဝံ့ဘဲ ခေါင်း အနည်းငယ်ငုံ့သွားသည်။

ဘုရင် ရှန်းဝူ က သားဖြစ်သူကို ကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းယမ်းပြီး ပြောလိုက်သည်။

" သားလေး၊ ငါပြောတာကို သေချာနားထောင်းစမ်း ။ အခုအချိန်က ငါတို့ရဲ့ ဘုရင်ရှန်းဝူ နန်းတော်အတွက် အရေးကြီးဆုံးကာလပဲ။ ဘယ်လို မတော်တဆမျိုးမှ ဖြစ်လို့မရဘူး "

" နန်းတော် အပြင်ဘက်မှာ ငါတို့ကို မျက်စိဒေါက်ထောက်ကြည့်နေတဲ့ သူတွေ မရေမတွက်နိုင်အောင်ရှိတယ်။ ခုလိုကြုံရာ နတ်ဘုရားအစောင့်တပ်ကို လွှတ်လိုက်ရင် ပြဿနာတွေ အများကြီး ဖြစ်သွားလိမ့်မယ်။ မင်းက တကယ်ပဲ မြို့တစ်မြို့လုံးကို အစုလိုက်အပြုံလိုက် သတ်ပစ်ချင်နေတာလား။ ငါတို့မိသားစုရဲ့ ရာစုနှစ်နဲ့ချီလာတဲ့ အစီစဥ်ကို ပျက်သွားစေချင်လို့လား "

မင်းသားမှာ ဖခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းခြင်းကို နားထောင်ပြီး တကိုယ်လုံး တုန်လှုပ်သွားသည်။

" ကျွန်တော်မှားပါတယ် အဖေ၊ ကျွန်တော် ဒါမျိုး ထပ်မလုပ်တော့ပါဘူး " 

သူက တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။

ဘုရင် ရှန်းဝူ က သူ့ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

" မင်း ဒီကိစ္စကို လောလောဆယ် သည်းခံသင့်တယ်။ အားလုံး ပြီးသွားတဲ့အခါမှ တစ်မြို့လုံးကို သွားသတ်ချင် သတ်လို့ရတယ်။ ငါ မင်းကို တားမှာမဟုတ်ဘူး "

သူက ထိုသို့ပြောပြီးသည်နှင့် လက်ကိုဝှေ့ယမ်းကာ ထွက်ခွာသွားခဲ့သည်။

ဘုရင် ရှန်းဝူ ထွက်သွားပြီးမှသာ မင်းသားက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။

ထွက်ခွာသွားသော ဖခင်ဖြစ်သူ၏ နောက်ကျောကို ကြည့်ကာ သူ့ နှုတ်ခမ်းထောင့်မှ မျိုသိပ်ထားသည့် စကားလုံးတချို့ ထွက်ကျလာသည်။

" မသေနိုင်တဲ့ အဘိုးကြီး..."

................

နောက်တစ်နေ့တွင် ထျန်းတန့် တောင်တန်းရှိ  နက်ရှိုင်းသော တောင်ကြားတစ်ခု၌ .....

ဘုန်း 

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။

" ဦးလေး နံပါတ်ငါး " 

လူငယ်တစ်ယောက်က တုန်ယင်နေသောအသံဖြင့် အော်လိုက်သည်။

" ငါ့ကိုထားပြီး မင်းတို့ သုံးယောက် ပြေးကြတော့ "

လွင့်တက်သွားသော နံပါတ်ငါးဦးလေးမှာ လူလတ်ပိုင်းတစ်ယောက်ဖြစ်သည်။  ထိုအချိန်တွင် သူ့တစ်ကိုယ်လုံး သွေးများ ရွှဲနေပြီး ဒဏ်ရာအပြင်းအထန် ရထား၏။

" တောက် ... ငါ တော်တော်ကံဆိုးတာပဲကွာ။ ငါတို့က ထျန်းတန့် တောင်ရဲ့အပြင်ဘက်မှာပဲ ရှိနေတာကို  ​​စိတ်ဝိဉာဥ် အသွင်ပြောင်းအဆင့်က နတ်ဆိုးဝံပုလွေတစ်ကောင် ဘာဖြစ်လို့ ဒီနေရာမှာပေါ်လာရတာလဲ " 

နံပါတ်ငါး ဦးလေးက စိတ်ထဲမှ မုန်းတီးစွာ ဆိုလိုက်သည်။

သူသည် သူ့တူနှစ်ယောက်နဲ့ တူမလေးတစ်ယောက်ကို အမဲလိုက်ရန် တောင်တန်းများဆီသို့ ယနေ့မှ ခေါ်လာခဲ့ခြင်းဖြစ်သည်။

သူသည် အကြွေးဆပ်ရန် ငွေလိုနေသည့်အတွက်   ဘီလူးများကို သတ်ရန် လာခဲ့ခြင်းဖြစ်ပြီး တစ်ချိန်တည်းမှာပင် ကလေးတွေ အနေဖြင့် တိုက်ရည်ခိုက်ရည် တိုးတက်နိုင်ရန် ခေါ်လာခဲ့ခြင်းဖြစ်သည်။

သို့သော် တောင်ခြေသို့ရောက်ပြီး မကြာခင်မှာပင် နတ်ဆိုးဝံပုလွေတစ်ကောင်၏ ပစ်မှတ်ထားခြင်း ခံရလိမ့်မည်ဟု မည်သူကမှ တွေးမိလိမ့်မည် မဟုတ်ချေ ။

သူတို့သည် နတ်ဆိုးဝံပုလွေကို ပြန်လည်တိုက်ခိုက်ရင်း ဆုတ်ခွာလာခဲ့ကြရာ နောက်ဆုံး ဤတောင်ကြားသို့ ဆုတ်လာပြီးမှသာ ဝံပုလွေက လိုက်မှီလာပြီး တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။

သို့သော် ယခုပွဲကို တိုက်ပွဲတစ်ခုဟုပင် မခေါ်နိုင်ချေ။

အဘယ်ကြောင့်ဆိုသော် အချိန်တခဏအတွင်းမှာပင် နံပါတ်ငါး ဦးလေးက ဒဏ်ရာအပြင်းထန် ရရှိခဲ့သောကြောင့်ဖြစ်သည်။

၎င်းကို တစ်ဖက်သတ် လူသတ်ပွဲဟုပင် ဆို၍ရပေသည်။

ဝူး ....

ကြီးမားလှသော နတ်ဆိုးဝံပုလွေက ကောင်းကင်ပေါ်သို့ ခေါင်းမော့ကာ ကျယ်လောင်စွာအူလိုက်သည်။

" အားလုံး တစ်ယောက်တစ်လမ်းစီ ထွက်ပြေးကြနော် ။ မင်းတို့ လွတ်နိုင်သမျှ လွတ်အောင်သာ ပြေးထားကြ ။ သူ့ကိုငါ ထိန်းထားမယ် "

ဦးလေး ဝူ က အသက်ပြင်းပြင်းရှိုက်ကာ အသေခံပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ....

" အိုး ... နည်းတဲ့ ခွေးကြီးမဟုတ်ပါလား "

တောင်ကြားအပေါ်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

All Chapters