အစိမ်းရောင်တိမ်စိုင်မြို့တော်သို့ ရောက်ရှိလာခြင်း
Vol. 132 Ch. 1966
ထျန်ကျစ်ရီက ပြောလိုက်၏။
“ဧကရာဇ်ဂူသင်္ချိုင်းက ကြောက်စရာကောင်းတဲ့ကျိန်စာကြောင့် မကြာသေးခင်နှစ်တွေထဲမှာ အဲ့ဒီဂူသင်္ချိုင်းထဲကို ဝင်ရောက်တဲ့ ပကတိအင်မော်တယ်တွေနဲ့ ဘုရင်အဆင့်ပညာရှင်တွေက မရှိသလောက်နီးပါးပဲ”
“ကျင့်ကြံမှုအဆင့်မြင့်မားလေ ကျိန်စာရဲ့သက်ရောက်မှုက ပိုပြီးကြီးမားလေဆိုတော့”
ဆူဇီမိုက လေးနက်စွာပြောလိုက်၏။
“ပြောရမယ်ဆိုရင် မဟူရာအင်မော်တယ်တစ်ယောက်က ဧကရာဇ်ဂူသင်္ချိုင်းထဲကိုဝင်မယ်ဆိုရင် သူတို့က ကျိန်စာရဲ့သက်ရောက်မှုအနည်းဆုံးကို ခံစားရမှာပေါ့”
“တကယ် အဲ့လိုပဲ”
ထျန်ကျစ်ရီက ပြောလိုက်၏။
“ဒါပေမယ့်... ကျိန်စာရဲ့ ပျက်စီးထိခိုက်မှုက သေးငယ်တယ်ဆိုရင်တောင်မှ ကျိန်စာက လုံးဝ သက်ရောက်မှုမရှိဘူးလို့တော့ မဆိုလိုဘူး... ဧကရာဇ်ဂူသင်္ချိုင်းထဲကိုဝင်ရောက်တဲ့ သက်ရှိတိုင်းက ဘယ်မျိုးနွယ်ကပဲ ဖြစ်ဖြစ် သူတို့က ကျိန်စာရဲ့စွန်းထင်းကြီးကိုခံရပြီးတော့ ဘယ်သူကမှ အဲ့ဒါကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး”
“အဲ့ဒီကျိန်စာက မဟူရာအင်မော်တယ်တွေပေါ်ကို သေစေနိုင်တဲ့ ခြိမ်းခြောက်မှုမရှိတာတော့အမှန်ပဲ”
ထျန်ကျစ်ရီ သွယ်ဝိုက်ပြောဆိုနေသည့်အရာကို ဆူဇီမိုက သတိထားမိပြီး မေးလိုက်၏။
“သေစေနိုင်တဲ့ခြိမ်းခြောက်မှုမရှိဘူးဆိုရင် အဲ့ဒီမှာတခြား ဘာသက်ရောက်မှုတွေရှိမှာလဲ”
“သေချာမပြောနိုင်ဘူး”
ထျန်ကျစ်ရီက ပြောလိုက်၏။
“နင်က... နင့်ရဲ့ခန္ဓာကိုယ်ပေါ်က အဲ့ဒီကျိန်စာကို မဖယ်ရှားနိုင်ဘူးဆိုရင် နင့်ရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံး ကမ္ဘာမြေအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့ ခက်ခဲသွားလိမ့်မယ်... နင့်ရဲ့ဘဝသက်တမ်းကလည်း လျော့ကျသွားပြီးတော့ နင့်ရဲ့ခန္ဓာကိုယ်ပေါ် အခြေအနေအမျိုးမျိုးသက်ရောက်လာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်”
ဆူဇီမိုက တဖြည်းဖြည်းနားလည်သဘောပေါက်လာ၏။
မင်းသားယွမ်ကျောသည် အခြားသောဂိုဏ်းကြီးများနှင့် ရှေးတော်ဝင်မိသားစုများမှ တပည့်ဂိုဏ်းသားများကို သွားရောက်မရှာဖွေခဲ့သည်မှာ မထူးဆန်းပေ။
အကြောင်းမှာ မည်သည့်ဂိုဏ်း၊ မည်သည့်မိသားစုကမှ ဧကရာဇ်ဂူသင်္ချိုင်းထဲကို သူတို့၏ တပည့်ဂိုဏ်းသားများနှင့် မျိုးဆက်များကို စေလွှတ်မည်မဟုတ်သောကြောင့်ပင်။
ကျိန်စာကို မဖယ်ရှားနိုင်ဘူးဆိုလျှင် အဲ့ဒါက ကျင့်ကြံသူတစ်ယောက်၏ ဘဝပေါ် သက်ရောက်မှုရှိလာပေလိမ့်မည်။
မျိုးဆက်တစ်ခု၏ ပြိုင်စံရှားတစ်ယောက်က ထိုနေရာမှာသေဆုံးပြီး လောကကနေပျောက်ကွယ်သွားတာ ဖြစ်နိုင်၏။
သို့သော်လည်း အောက်ဘုံကနေတက်လှမ်းလာသော ကျင့်ကြံသူများကြားမှာ မင်းသားယွမ်ကျောသည် သူအမိန့်ပေးစေခိုင်းနိုင်မည့်လူတစ်ရာကို သာမန်ကာလျှံကာ ရွေးချယ်နိုင်၏။
အောက်ဘုံမှ ဤကျင့်ကြံသူများက မင်းသားယွမ်ကျောကိုပင် ကျေးဇူးတင်နေကြဦးမည်ဖြစ်၏။
ထျန်ကျစ်ရီက ပြောလိုက်၏။
ကောင်းကင်အင်မော်တယ်နဲ့ ပကတိအင်မော်တယ်တွေလို ပညာရှင်တွေက ဧကရာဇ်လိုဏ်ဂူသင်္ချိုင်းထဲကို ဝင်ရောက်တာနဲ့ သူတို့က ကျိန်စာမိပြီးတော့ ပြန်လာနိုင်မှာမဟုတ်ဘူး”
“ငါတို့ကလဲ ဧကရာဇ်ဂူသင်္ချိုင်းထဲကို ဝင်ရောက်ပြီးရင် ကျိန်စာမိသွားမှာဆိုပေမယ့် ငါတို့က သက်ရောက်မှုအနဲဆုံးကို ခံရလိမ့်မယ်... အဲ့ဒီထဲမှာဆိုရင် ငါတို့က လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်ပြီးတော့ တိုက်ခိုက်နိုင်လိမ့်တယ်”
“ငါတို့က ဧကရာဇ်လိုဏ်ဂူသင်္ချိုင်းထဲမှာ သိပ်အကြာကြီးမနေဘူးဆိုလျှင် ငါတို့က အသင်ရှင်လျက်သေချာပေါက်ပြန်လာနိုင်တယ်”
ဆူဇီမိုက မေးလိုက်၏။
“ မင်းသားယွမ်ကျောက ငါတို့ကို ဧကရာဇ်လိုဏ်ဂူသင်္ချိုင်းထဲ ဘာအတွက်ဝင်ရောက်စေချင်တာလဲ”
“အဲ့ဒါနဲ့ပတ်သက်ပြီး ငါမသိဘူး”
ထျန်ကျစ်ရီက သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
ဆူဇီမိုက အတွေးနက်သွား၏။
ထျန်ကျစ်ရီပြောပုံအရ ဧကရာဇ်လိုဏ်ဂူသင်္ချိုင်းထဲတွင် အင်မော်တယ်ဧကရာဇ်တစ်ပါးကို တစ်ခါကမြှုပ်နှံထားခဲ့၏။ ထိုအင်မော်တယ်ဧကရာဇ် ဘဝတစ်သက်တာ စုဆောင်းထားသည့် ရှားရှားပါးပါး ရတနာများနှင့် လျှိုဝှက်အတတ်များကို အသာထား... ထိုနေရာမှာသေဆုံးသွားခဲ့သော ပကတိအင်မော်တယ်များနှင့် ဘုရင်များမှာပင်လျှင် မရေမတွက်နိုင်သောရတနာများ ရှိနေပေလိမ့်မည်။
မင်းသားယွမ်ကျောသည် ရတနာ သို့မဟုတ် အမွေအနှစ်တစ်ခုခုကို ရှာဖွေဖို့အတွက် သူတို့ကို ဧကရာဇ်လိုဏ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်စေချင်တာဖြစ်နိုင်၏။
သို့သော်လည်း မည်သို့ပင်ဆိုစေ... ဧကရာဇ်လိုဏ်ဂူသင်္ချိုင်းက သေချာပေါက် အန္တရာယ်များသော နေရာတစ်ခုဖြစ်ပေလိမ့်မည်။
အဲ့ဒါသည် ထူးဆန်းသော ကျိန်စာကြောင့်သာ မဟုတ်ပေ။
ယခု... ဧကရာဇ်လိုဏ်ဂူက ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်သို့ ဆင်းသက်လာခဲ့ပြီး သူတို့အပြင် အခွင့်အလမ်းများကိုရှာဖွေဖို့အတွက် အခြားသော အဆင့်မြင့်အင်မော်တယ်ပညာရှင်များကလည်း သူတို့ထိန်းချုပ်နိုင်သည့် မဟူရာအင်မော်တယ်များကို ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်စေပေလိမ့်မည်။
အခြားသောနေရာဒေသများကိုအသာထား ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေတစ်ခုတည်းမှာပင် အင်မော်တယ်နိုင်ငံသုံးနိုင်ငံနှင့် မရေမတွက်နိုင်သောဂိုဏ်းများရှိနေ၏။
သူတို့က အခြားသောအဖွဲ့အစည်းများနှင့် တွေ့ကြုံမည်ဆိုလျှင် တိုက်ပွဲတစ်ခုက မလွဲမသေဖြစ်ပွားလာပေလိမ့်မည်။
ထို့ကြောင့်ပင်လျှင် မင်းသားယွမ်ကျောသည် ကောင်းကောင်းတိုက်ခိုက်နိုင်ပြီး သန်မာသည့် အဆင့်-၉ မဟူရာအင်မော်တယ် အယောက်တစ်ရာကို အပင်ပန်းခံ ကြိုးစားအားထုတ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်လေသည်။
ဧကရာဇ်ဂူသင်္ချိုင်းကဲ့သို့ လျှို့ဝှက်ချက်တစ်ခုအကြောင်းကို သိရှိပြီးလျှင်တောင် ဆူဇီမိုသည် လုံးလုံးမလိုအပ်သရွေ့ ထိုနေရာသို့ စွန့်စားဝင်ရောက်လိမ့်မည် မဟုတ်ပေ။
သို့သော်ယခု... အအခြေအနေအရ သူ့မှာရွေးချယ်စရာမရှိပေ။
အင်မော်တယ်သင်္ဘောပေါ်မှာ လုံခြုံရေးကို တင်းကျပ်မထားပေ။ သို့သော်လည်း သူကထွက်ပြေးလွတ်မြောက်နိုင်မည်ဆိုလျှင်တောင် သူ၏ စိတ်ဝိညာဥ်အသိစိတ်အမှတ်အသားက အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်မှာ ကျန်နေခဲ့မည်ဖြစ်၏။
မင်းသားယွမ်ကျောအလိုရှိသည်နှင့် သူက မည်သည့်အချိန်မဆို ရှာဖွေဖမ်းဆီးခံရနိုင်၏။
အဲ့ဒါက ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်၏။
မင်းသားယွမ်ကျောက သူ၏ လည်ပင်းပေါ်မှာ ရစ်ဝဲ၍ အချ်ိန်မရွေး ခုတ်ပိုင်းကျဆင်းလာနိုင်သည့် ထက်ရှသောဓားတစ်လက်ကို ကိုင်ဆွဲထားသည့်အလားပင်။
သူသည် ဤကိစ္စကို ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခုကို စဥ်းစားရပေမည်။
ဆူဇီမို စဥ်းစားတွေးတောနေစဥ် သူ၏ အကြည့်က ထျန်ကျစ်ရီပေါ်သို့ ရောက်ရှိသွား၏။
ထျန်ကျစ်ရီ၏ ပစ်မှတ်က တကယ်ပဲ မင်းသားယွမ်ကျောဖြစ်မည်ဆိုလျှင် သူတို့နှစ်ယောက်က အတူပူးပေါင်းနိုင်၏။
သို့သော်လည်း သူတို့နှစ်ယောက်က အတူပူးပေါင်းလိုက်မည်ဆိုလျှင်တောင် သူတို့အနေဖြင့် မင်းသားယွမ်ကျောကို ကိုင်တွယ်ဖို့ခက်ခဲနေပေဦးမည်။
မင်းသားယွမ်ကျောသည် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်သည်ဟုသာ ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က ဝိုးတဝါးအာရုံခံမိနိုင်ပြီး သူ၏ အဆင့်အတိအကျကို ရှင်းလင်းစွာမထောက်လှမ်းနိုင်ပေ။
ဒါ့အပြင် မင်းသားယွမ်ကျောက မြင့်မြတ်သောအဆင့်အတန်းတစ်ခုရှိပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ ဘုရင်ကျင်း၏ မျိုးဆက်သွေးက လှည့်ပတ်စီးဆင်းနေ၏။ သူသည် ငယ်ရွယ်စဥ်ကတည်းက ထိပ်သီးပညာရှင်များနှင့် ထိတွေ့ဆက်ဆံခွင့်ရပြီး သူ့မှာ ဘာဝှက်ဖဲတွေရှိနေမလဲ ဘယ်သူကမှ မသိရပေ။
ဒါ့အပြင် ထျန်ကျစ်ရီက မာန်မာနကြီးပြီး တစ်ယောက်တည်းသာပြုမူလှုပ်ရှားတတ်၏။ သူမက သူနှင့်ပူးပေါင်းချင်မှ ပူးပေါင်းပေလိမ့်မည်။
“နင်ငါ့ကို ဒီလောက်အကြာကြီးစိုက်ကြည့်ပြီး ဘာတွေစဥ်းစားနေတာလဲ”
ရုတ်တရက် ထျန်ကျစ်ရီ၏ အသံက ဆူဇီမို၏ စိတ်ထဲမှာ ပေါ်ထွက်လာ၏။ သူမ၏ လေသံက ရန်လိုမှုတစ်စွန်းတစ်စနှင့်အတူ စိမ်းသက်နေ၏။
ဆူဇီမိုက သူ၏ မေးကိုပွတ်ပြီး အတန်ကြာသည့်အထိ သူမ၏ နောက်ကျောကို ငေးကြည့်နေ၏။
ဆူဇီမိုမှာ မကောင်းသောအတွေးအကြံတချို့ ရှိနေရမည်ဟု သူမက တွေးမိသွားပြီး စိတ်ထဲမှာ မချင့်မရဲခံစားလာရ၏။
“ဘာရယ်မဟုတ်ပါဘူး”
ဆူဇီမိုက သူ၏ အကြည့်ကို ရုပ်သိမ်းပြီး သာမန်ကာလျှံကာဖြေဆိုကာ လောလောဆယ်မှာ ဤကိစ္စကို ဖိနှိမ်ထားလိုက်၏။
ထျန်ကျစ်ရီက အဲ့ဒါကို တွေးမိသောအခါ ဆူဇီမိုသည် မလုံမလဲဖြစ်သွားသည်ဟု တွေးမိလိုက်ပြီး သူမက အေးစက်စွာပြောလိုက်၏။
“နင့်ပေါ်မှာ ငါအကြွေးတင်နေတယ်ဆိုတာ တကယ်ပဲ... ဒါပေမဲ့ နင်က ဘယ်လိုမဟုတ်မဟတ် အတွေးမျိုးမှ မထားဖို့ ငါအကြံပေးလိုက်မယ်”
ဆူဇီမိုက တွေဝေရှုပ်ထွေးသွားပြီး ဤအမျိုးသမီးက ဘယ်နေရာမှာ မှားယွင်းနေသလဲ သူမသိပေ။ သူက ပြန်မေးလိုက်၏။
“ဘယ်လိုမဟုတ်မဟတ်အတွေးကို ပြောတာလဲ”
“နင်...”
ထျန်ကျစ်ရီက ဆွံ့အသွား၏။ သူမက အံကိုတင်းတင်းကြိတ်ပြိး ထပ်မံ၍ စကားမပြောဆိုတော့ဖို့ ဆုံးဖြတ်လိုက်၏။
အင်မော်တယ်ယာဥ်ပျံက လူတိုင်းကို အလွန်တရာမြန်ဆန်စွာ သယ်ဆောင်ထားပြီး သုံးရက်မပြည့်ခင်မှာပင် ပကတိမိုးကြိုးမြို့တော်နှင့်အနီးဆုံးဖြစ်သော မူဖုန့်မြို့တော်သို့ ရောက်ရှိလာခဲ့၏။
အဲ့ဒီနောက် လူတိုင်းသည် မူဖုန့်မို့တော်သို့ ဝင်ရောက်ပြီး အစိမ်းရောင်တိုင်းပြည်၏ ဗဟိုချက်မြို့တော် အစိမ်းရောင်တိမ်စိုင်မြို့တော်သို့ ဆင်းသက်ရန် ပို့ဆောင်ရေးဝင်္ကပါကို အသုံးပြုခဲ့ကြ၏။
မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေမှာ စုစုပေါင်းတိုင်းပြည် ၁၆ခု ရှိပြီး တိုင်းပြည်တစ်ခုချင်းစီမှာ ဗဟိုချက်မြို့တော်တစ်မြို့စီရှိလေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် မင်းသားများနှင့် တိုင်းပြည်ဘုရင်ခံများက ဗဟိုချက်မြို့တော်များကို စောင့်ကြည့်နေကြပေလိမ့်မည်။
လူတိုင်းက အစိမ်းရောင်တိမ်စိုင်မြို့တော်သို့ ရောက်ရှိလာသည့်ခဏမှာပင် မြို့ထဲမှာရှိသောလေထုက တင်းကျပ်လေးလံနေသည်ကို ရှင်းလင်းစွာခံစားမိလိုက်၏။
မြို့တော်ကို တင်းကျပ်စွာစောင့်ကြပ်ထားလေသည်။
မြို့ရိုးပေါ်မှာ အချိန်တိုင်းကင်းလှည့်နေသော အစောင့်တပ်သားများရှိနေ၏။
မြို့ထဲမှာရှိသော ကျင့်ကြံသူများက ထိတ်ထိတ်ပျာပျာဖြစ်နေပြီး သူတို့၏ အကြည့်များက ဟိုဟိသည်သည်ရောက်ရှိနေကြ၏။
အာဏာပါးကွက်သား အစောင့်တပ်သားများ၏ အရိပ်အယောင်များကိုလည်း ရှေးဟောင်းမြို့တော်၏ နေရာတိုင်းမှာ တွေ့မြင်နေရ၏။
မိုးကြိုးဧကရာဇ်ထွက်ပြေးလွတ်မြောက်ခြင်းသွား၏ အကျိုးဆက်က တဖြည်းဖြည်းသိသာထင်ရှားလာခဲ့၏။
မိုးကြိုးဧကရာဇ်ကို မဖမ်းဆီးနိုင်သေးသရွေ့ မဟာကျင်းအင်မော်တယ်နိုင်ငံထဲရှိလူများစွာက အိပ်ပျော်စားဝင်ကြလိမ့်မည် မဟုတ်ပေ။
တကယ်တော့... ရှေးဟောင်းမြို့တော်ကို ဘယ်လောက်ပင် လုံခြုံရေး တင်းကျပ်ထားသည်ဖြစ်စေ မင်းသားယွမ်ကျော၏ ရထားလုံးကို မည်သူကမှ မတားဆီးရဲပေ။
ဆူဇီမိုနှင့် အခြားသူများသည် အင်မော်တယ်ယာဥ်ပျံကိုစီးနင်းပြီး မင်းသားယွမ်ကျော၏ ရထားလုံးနောက်ကနေ လိုက်ပါလာကြ၏။ ခရီးစဥ်က ချောမွေ့သလောက်နီးပါးဖြစ်ပြီး သူတို့သည် မင်းသား၏ ဂေဟာသို့ ရောက်ရှိလာကြ၏။
သူတို့အုပ်စုက အနားယူဖို့အတွက် အခွင့်အရေးမရခင်မှာပင် အစေခံအမျိုးသမီးတစ်ယောက်က သူတို့ကို ခန်းမတစ်ခုထဲသို့ ခေါ်ဆောင်သွား၏။
ခန်းမက ကြီးကျယ်ခမ်းနားပြီး ကျောက်မျက်ရတနာများဖြင့် တဖျတ်ဖျတ်လက်နေ၏။ နေရာတိုင်းမှာ တန်ဖိုးကြီးပစ္စည်းများကို တွေ့မြင်နေရ၏။
လူတိုင်းသည် ခန်းမထဲသို့ ဝင်ရောက်လာပြီး တုန်လှုပ်နေသောအမူအရာများဖြင့် လှည့်ပတ်ကြည့်ရှုကာ အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
ဆူဇီမိုနှင့် ထျန်ကျစ်ရီက အတော်လေးတည်ငြိမ်နေ၏။
အဲ့ဒါက ထျန်ကျစ်ရီ၏ ပင်ကိုသဘာဝဖြစ်၏။
သို့သော်လည်း ဆူဇီမိုအတွက်တော့ သူက တကယ်ပင် အထင်ကြီးမှုမရှိပေ။
သိပ်မကြာခင် မင်းသားယွမ်ကျောက ပေါ်ထွက်လာပြီး ခန်းမ၏ အမြင့်မားဆုံးပလ္လင်ပေါ်မှာထိုင်ကာ ဆူဇီမိုနှင့်အခြားသူများကို ငုံ့ကြည့်နေ၏။
သိပ်မကြာခင် လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်သွား၏။
“မင်းတို့တွေက ငါ့နောက်ကိုလိုက်ပြီး ငါ့ဘေးမှာနေချင်တယ်ဆိုရင် မင်းတို့တွေက ငါ့ကိစ္စကို ကောင်းကောင်းဆောင်ရွက်ပေးရမယ်”
မင်းသားယွမ်ကျောက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဲ့လိုမျိုးအခွင့်အလမ်းတစ်ခုက အခုရှိနေပြီ... မင်းတို့တွေထဲက ဘယ်သူမဆို ကြီးကြီးမားမား အကျိုးဆောင်နိုင်မယ်ဆိုရင် ငါက သူ့ကို ငါ့ရဲ့ကိုယ်ရံတော်အဖြစ်ထားပေးမယ်”
ခဏမျှရပ်တန့်ပြီးနောက် သူက ရယ်မောလိုက်၏။
“အဲ့ဒီလူက ငါ့ဘေးနားမှာရှိတဲ့ မိန်းမလှလေးတွေထဲက ဘယ်သူ့ကိုမဆို သူ့ရဲ့တာအိုလက်တွဲဖော်အဖြစ် ရွေးချယ်နိုင်မယ်”