← Chapters

ဘုရင်တစ်ပါး၏ ရုပ်အလောင်း

Vol. 132 Ch. 1968

ဘုရင်တစ်ပါး၏ ရုပ်အလောင်း

Vol. 132 Ch. 1968

အင်မော်တယ်ဧကရာဇ်တစ်ပါးကို မြှုပ်နှံထားခြင်း...။

ထိုစကားလုံးများက လက်ရှိကျင့်ကြံသူအများစုအတွက် တုန်လှုပ်စရာကောင်းလွန်းနေ၏။

ဆူဇီမိုသည် ဧကရာဇ်ဂူသင်္ချိုင်း၏ အကြောင်းကို ထျန်ကျစ်ရီထံမှ ကြားဖူးထားခဲ့လျှင်တောင် ယခုသူက ဤနေရာသို့ အမှန်တကယ်ရောက်ရှိလာသောအခါ ဖော်မပြတတ်သော ဖိအားတစ်ရပ်ကို ခံစားနေရဆဲဖြစ်၏။

အဲ့ဒါသည် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ စွမ်းပကားနှင့်ဆင်တူသော ဖော်မပြတတ်သည့်ခံစားချက်တစ်ခုဖြစ်၏။

အင်မော်တယ်ဧကရာဇ်က သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းသန်းချီကြာခဲ့ပြီဖြစ်သော်လည်း သူ၏ ဧကရာဇ်စွမ်းပကားက ကျန်ရှိနေဆဲပင်။

လူတိုင်းသည် မဟူရာအမြုတေနယ်ပယ်မှာသာရှိကြ၏။ သူတို့အတွက်တော့ ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များ၏ ဂူသင်္ချိုင်းများနှင့် လိုဏ်ဂူခန်းဝါထဲသို့ ဝင်ရောက်နိုင်ခြင်းကပင် ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ်ဖြစ်နေလေပြီ။

သို့သော်လည်း ဤနေရာက အင်မော်တယ်ဧကရာဇ်တစ်ပါး၏ ဂူသင်္ချိုင်းဖြစ်နေ၏။

အထက်ဘုံသို့ တက်လှမ်းလာနိုင်သော ကျင့်ကြံသူများသည် အရူးများမဟုတ်ကြဘဲ ဤဂူသင်္ချိုင်းက သေချာပေါက်ရင်းနှီးဖော်ရွေသော နေရာတစ်ခုမဟုတ်ကို ပြောနိုင်ကြ၏။

အဲ့ဒါက မင်းသားယွမ်ကျောပြောခဲ့သလို စဥ်းစားကြည့်၍ပင် မရနိုင်သော ရတနာများနှင့် အမွေအနှစ်လျှို့ဝှက်အတတ်များက ဤနေရာမှာရှိနေမည်ဆိုလျှင်တောင် အဲ့ဒီမှာ မည်သူကမှတောင့်မခံနိုင်သော အန္တရာယ်များ သေချာပေါက်ရှိနေနိုင်၏။

“ငါတို့က ဒီနေရာကိုရောက်နေပြီဆိုမှတော့ မင်းတို့ကို ငါပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်... မင်းတို့တွေအားလုံးက အခုချိန်မှာ ကျိန်စာမိနေကြပြီ... မင်းတို့က ရှင်သန်ချင်တယ်ဆိုရင် ကျောက်စိမ်းအဆောင်ကို တတ်နိုင်သမျှမြန်မြန် ရှာဖွေရမယ်”

“အဲ့ဒါကိုရှာတွေ့တာနဲ့... မင်းတို့တွေကို ငါက မင်းသားရဲ့ဂေဟာဆီ ပြန်​ခေါ်သွားပေးမယ်.... မင်းတို့ရဲ့ခန္ဓာကိုယ်ထဲက ကျိန်စာကို အရှင်မင်းသားက ကူညီပြီးတော့ ဖယ်ရှားပေးလိမ့်မယ်”

ပိန်ပိန်ပါးပါးအဖိုးအိုက အေးစက်စွာပြောလိုက်၏။

“ကျုပ်တို့က မင်းသားရဲ့ဂေဟာကို ဘယ်လိုပြန်နိုင်မှာလဲ”

ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။

ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် အဲ့ဒီမှာ မည်သည့်ထွက်ပေါ​က်မှမရှိကြောင်း သူက နားလည်သဘောပေါက်လိုက်၏။

မင်းသား၏ ဂေဟာမှာတုန်းက သူတို့သည် ဧကရာဇ်ဂူသင်္ချိုင်း၏ အဟန့်အတားကို ချိုးဖျက်ပြီး ဤနေရာသို့ဝင်ရောက်ဖို့အတွက် ပို့ဆောင်ရေးဝင်္ကပါ၏ စွမ်းအားကို အသုံးချခဲ့သည်။

သို့သော်လည်း ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ မည်သည့်ပို့ဆောင်ရေးဝင်္ကပါမှ မရှိပေ။

ဝဝဖိုင့်ဖိုင့်လူအိုက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“အဲ့ဒါနဲ့ပတ်သက်ပြီး မင်းမေးစရာမလိုဘူး... မင်းက ကျောက်စိမ်းအဆောင်ကို ရှာတွေ့တာနဲ့ ငါတို့မှာ မင်းတို့ကို ပြန်ခေါ်သွားပေးဖို့အတွက် နည်းလမ်းတစ်ခုရှိတယ်”

ထျန်ကျစ်ရီ၏ အသံက ဆူဇီမို၏ စိတ်ထဲမှာ ပေါ်ထွက်လာ၏။

“မဟူရာအင်မော်တယ်တွေတောင်မှ ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ တစ်နှစ်ထက်ကျော်ပြီးမနေနိုင်ဘူး... မဟုတ်ရင်တော့ သူတို့မှာ အရမ်းကိုထူးခြားတဲ့နည်းလမ်းတွေ ရှိနေမယ်ဆိုရင်တောင် သူတို့က သူတို့ရဲ့ခန္ဓာကိုယ်ထဲက ကျိန်စာကို ဖယ်ထုတ်နိုင်မှာ မဟုတ်တော့ဘူး”

“နောက်ပြီး... နင်က ဒီနေရာမှာ ရုတ်ရုတ်သဲသဲ အ​​ခြေအနေတစ်ရပ်ကို ခံစားမိမယ်ဆိုရင် ဧကရာဇ်ဂူသင်္ချိုင်းက ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်ကနေ ထွက်ခွာပြီး လေဟာနယ်ထဲမှာ နောက်တစ်ဖန်ပုန်းကွယ်သွားတော့မယ်ဆိုတဲ့အဓိပ္ပါယ်ပဲ... အဲ့ဒီအချိန်ကျရင် ငါတို့က တတ်နိုင်သမျှမြန်မြန် ထွက်ခွာဖို့လိုတယ်... မဟုတ်ရင် ငါတို့က ဧကရာဇ်ဂူသင်္ချိုင်းနဲ့အတူ မှောင်မည်းနေတဲ့ ​လေဟာနယ်ထဲမှာလွင့်မျောပြီးတော့ အချိန်မသိဘာမသိနဲ့ ဒီနေရာမှာ အရိုးဆွေးသွားရလိမ့်မယ်”

ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်က လူတိုင်းကိုရှေ့သို့ ဦးဆောင်သွား၏။

လူတိုင်းက မြန်မြန်ဆန်ဆန် လှုပ်ရှားရဲခြင်းမရှိဘဲ ရှေ့သို့လှုပ်ရှားရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေကြ၏။

ဆူဇီမိုက မော့ကြည့်လိုက်၏။

မိုးကောင်းကင်ထက်မှ ဝင်းလက်တောက်ပနေသော ကြယ်များရှိနေ၏။ အဲ့ဒါက ဂူသင်္ချိုင်းတစ်ခုနှင့်မတူဘဲ အခြားသောလောကတစ်ခုနှင့် တူနေ၏။

ကြယ်တာရာကောင်းကင်ထဲမှာ အတူတကွချိတ်ဆက်ထားသည့် ယိုယွင်းပျက်စီးနေသော ဧရာမရက်မတန်းများရှိနေ၏။ သူတို့ကိုမသတီစရာ စိမ်းဖန့်ဖန့်ရေညှိများက ဖုံးအုပ်နေပြီး အဲ့ဒီမှာ ကြိုကြားကြိုကြားဆိုသလို ငွားငွားစွင့်စွင့် မြင့်မားသော ဧရာမကျောက်တိုင်များကိုလည်း မြေပြင်ပေါ်မှာ စိုက်ထူထား၏။

ရက်မတန်းများနှင့် ကျောက်တိုင်များက အချိန်၏ တိုက်စားမှုဒဏ်ကို ခံခဲ့ရသည့် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာကာလတစ်ခုက ရှေးဟောင်း အဆောက်အအုံးများနှင့်တူနေ၏။

သို့သော်လည်း အဲ့ဒါက အရမ်းကိုတုန်လှုပ်စရာကောင်းနေဆဲဖြစ်၏။ ထိုရှေးဟောင်းအဆောက်အအုံများနှင့် နှိုင်းယှဥ်မည်ဆိုလျှင် လူတိုင်းသည် အပေါ်ကနေကွာကျလာသည့် ဖုန်မှုန့်များကဲ့သို့ ဖြစ်နေ၏။

ဘေးပတ်ဝန်းကျင်က မည်သည့်အသက်ဓာတ်လက္ခဏာ သို့မဟုတ် မည်သည့်အသံမှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေ၏။

အပျက်အစီးပုံများကြား လျှောက်လှမ်းသည့် လူတိုင်း၏ ခြေလှမ်းကို သူတို့၏ နားထဲမှာ ရှင်းလင်းစွာပြန်ကြားနေရ၏။

လူတိုင်းသည် မည်သည့်အဟန့်အတား သို့မဟုတ် မည်သည့်အန္တရာယ်မှ ကြုံတွေ့ရခြင်းမရှိဘဲ နေ့တစ်ဝက်ကြာအောင် လျှောက်လှမ်းလာခဲ့ကြ၏။ ကျင့်ကြံသူအချို့က တဖြည်းဖြည်းစိတ်လက်ပေါ့ပါးလာကြ၏။

“အဲ့ဒါဘာကြီးလဲ”

ရုတ်တရက် လူတစ်ယောက်က ရှေ့သို့ထိုးညွှန်ပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

လူတိုင်း၏ ရှေ့မှာ မြေပြင်ပေါ်တွင် ခြေချိတ်ထိုင်ပြီး သူတို့ကို ကျောပေးထားသည့် ပုံရိပ်တစ်ခုရှိနေ၏။ သူ၏ ဆံပင်ရှည်များကို သူ၏ ပခုံးပေါ်မှာ ဖြန့်ချထားပြီး သူက တလက်လက်တောက်နေသော ရွှေရောင်ဝတ်ရံတစ်ထည်ကို ဝတ်ဆင်ထား၏။

“အဲ့ဒါက လူသားတစ်ယောက်ဖြစ်လိမ့်မယ်... ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံမှုကို ငါမမြင်နိုင်ဘူး”

လီထျန်က မျက်မှောင်အနည်းငယ် ကြုတ်ပြီး တည်တံ့စွာဖြင့် ပြောလိုက်၏။

ပိန်ပိန်ပါးပါးလူအိုက မှင်သေ​​သေဖြင့်ပြောလိုက်၏။

“အားလုံးပဲ... ဘာမှ မကြောက်ကြနဲ့ ဧကရာဇ်ဂူသင်္ချိုင်းထဲကိုဝင်ရောက်နိုင်တဲ့ ကျင့်ကြံသူတွေအားလုံးနီးပါးက မဟူရာအင်မော်တယ်တွေပဲ”

ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။

ရှေ့မှာရှိသော ရွှေရောင်ဝတ်အမျိုးသားက လူသေတစ်ယောက်ဖြစ်ရပေလိမ့်မည်။

“တာအိုရောင်းရင်း... ခင်ဗျားက ဘယ်သူလဲ... ခင်ဗျားက ကျုပ်တို့ရဲ့လမ်းကြောင်းကို ဘာလို့ပိတ်ထားတာလဲ”

ကျင့်ကြံသူတစ်ယောက်က ရွှေရောင်ဝတ်အမျိုးသား၏ နောက်ကျောကို စိုက်ကြည့်ပြီး ကျယ်လောင်စွာမေးလိုက်၏။

ခဏနေပြီးနောက် ရွှေရောင်ဝတ်အမျိုးသားက ပြန်ဖြေမလာခဲ့ဘဲ ထိုကျင့်ကြံသူ၏ အသံကသာ လေထဲမှာပဲ့တင်ထပ်နေ၏။

“အဲ့ဒီလူက သေသွားခဲ့တာ ကြာနေလောက်ပြီ... ကြည့်ရတာတော့ သူ့ရဲ့ကျင့်ကြံမှုက သူအသက်ရှင်တုန်းကဆိုရင် အားမနည်းလောက်ဘူး”

ဝဝဖိုင့်ဖိုင့်လူအိုက တီးတိုးရေရွတ်လိုက်၏။

လူတိုင်းသည် အရမ်းချဥ်းကပ်ရဲခြင်းမရှိဘဲ ရှေ့သို့ ဂရုတစိုက်တက်လှမ်းလာကြ၏။

“မြေပြင်ပေါ်မှာ စာလုံးတွေရှိနေတယ်”

ကျန့်ယွီသည် ဓားတာအိုကိုကျင့်ကြံထားပြီး ရွှေရောင်ဝတ်အမျိုးသား၏ ရှေ့တွင်ရှိသောမြေပြင်ကို ထက်ရှသော အကြည့်ဖြင့် စိုက်ကြည့်နေ၏။

လူတိုင်းက ရှေ့သို့ အလောတကြီးတက်လာပြီး အာရုံစိုက်၍ ကြည့်လိုက်၏။

“ငါက... ဘုရင်ဖုန့်ရွှမ်ပဲ... ငါ့ရဲ့မိစ္ဆာနည်းစနစ်က အရမ်းကိုထူးခြားတယ်.. အခုတော့ငါက ဒီဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ပိတ်မိနေပြီးတော့ သေရတော့မယ်... ဘယ်လောက်တောင် ဆိုးဝါးလိုက်သလဲ”

“ငါ့ရဲ့ ကျင့်ကြံရေးနည်းစနစ်ကို လက်ဆင့်မကမ်းနိုင်တော့တာ နှမျောစရာပဲ... အဲ့ဒါက မိစ္တာမဟာနယ်မြေအတွက် တကယ့်ကိုဆုံးရှုံးမှုတစ်ရပ်ပဲ... အဲ့ဒါက လောကအတွက်လည်း ကြီးမားတဲ့နောင်တရစရာတစ်ခုပဲ”

အဲ့ဒီမှာ စကားလုံးများစွာမရှိသော်လည်း ပါဝင်နေသောအကြောင်းအရာက အရမ်းကိုတုန်လှုပ်စရာကောင်း၏။

ဤဂူသင်္ချိုင်းထဲမှာ ဘုရင်၂၀ ကျော်သေဆုံးခဲ့ကြောင်း ထျန်ကျစ်ရီက ဆူဇီမိုကို တစ်ခါပြောခဲ့ဖူး၏။

ယခု... သူတို့က ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာပြီး မကြာခင်မှာပင် ဘုရင်အဆင့်ပညာရှင်တစ်ဦး၏ ရုပ်အလောင်းနှင့်ကြုံတွေ့လာရ၏။

အဲ့ဒါက မိစ္ဆာမဟာနယ်မြေမှ မိစ္ဆာဘုရင်တစ်ပါးဖြစ်၏။

ဘေးပတ်လည်မှာရှိသော ကျင့်ကြံသူများစွာ၏ အသက်ရှူသံက သိပ်သည်းလေးလံလာပြီး သူတို့၏ အကြည့်များက တောက်လောင်ပြင်းပြလာသည်ကို ဆူဇီမိုက ရှင်းလင်းစွာ သတိထားမိလိုက်၏။

လူတိုင်း၏ အကြည့်များက ဘုရင်ဖုန့်ရွှမ်၏ ခါးပေါ်မှ သိုလှောင်အိတ်ပေါ်သို့ ရောက်ရှိသွား၏။

မိစ္ဆာဘုရင်၏ အမွေအနှစ်အပြင် ဘုရင်တစ်ပါး၏ သိုလှောင်အိတ်ထဲမှာ အခြားသော ရတနာများစွာကလည်း ရှိနေပေလိမ့်မည်။

ဘုရင်ဖုန့်ရွှမ်၏ အလောင်းကို မည်သူကမှ မထိတွေ့ရသေးသည်မှာ သိသာနေ၏။ တစ်နည်းအားဖြင့်ဆိုလျှင် ထိုသိုလှောင်အိတ်ကို ရရှိသောမည်သူမဆို ဘုရင်တစ်ပါး၏ ပြီးပြည့်စုံသော အမွေအနှစ်ကို ရရှိပေလိမ့်မည်။

ဆူဇီမိုက မဆင်မခြင်ပြုမူလှုပ်ရှားရဲခြင်း မရှိပေ။

ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်သည် ဘုရင်ဖုန့်ရွှမ်၏ သိုလှောင်အိတ်ကို လုံးဝစိတ်မဝင်စားသည့်အလား ရှေ့သို့တက်လှမ်းလိုခြင်းမရှိသည်ကို သူက သတိထားမိနေ၏။

မိစ္ဆာဘုရင်တစ်ပါး၏ အမွေအနှစ်၊ ရတနာများနှင့် ကြုံတွေ့ရချိန်မှာ မည်သူမဆို လောဘမတက်ဘဲနေဖို့ မဖြစ်နိုင်ပေ။

ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါး လူအိုနှစ်ယောက်၏ တုံ့ပြန်မှုက အလွန်တရာထူးဆန်းနေ၏။

သုက မလှမ်းကမ်းမှာရှိသော ထျန်ကျစ်ရီကို ကြည့်လိုက်၏။

ထျန်ကျစ်ရီ၏ အမူအရာကလည်း မှင်သေသေဖြင့်ရှိနေပြီး ရှေ့သို့တက်လှမ်းခြင်း မရှိပေ။

ခဏမျှငြိမ်သက်နေပြီးနောက် တစ်စုံတစ်ယောက်က နောက်ဆုံးမှာ မနေနိုင်တော့ဘဲ အကဲစမ်းကာမေးလိုက်၏။

“စီနီယာ... ဒီဘုရင်ဖုန့်ရွှမ်ရဲ့ သိုလှောင်အိတ်က....”

“ဧကရာဇ်ဂူသင်္ချိုင်းထဲမှာရှိတဲ့ ဘယ်ရတနာကိုမှ သူမလိုချင်ဘူးလို့ အရှင်မင်းသားက ပြောခဲ့တာပဲ... မင်းတို့တွေက အဲ့ဒါကို မင်းတို့ရဲ့အစွမ်းအစနဲ့ ရအောင်ယူနိုင်မယ်ဆိုရင် အဲ့ဒါက မင်းတို့အပိုင်ပဲ”

ဝဝဖိုင့်ဖိုင့်လူအိုက ပြုံး၍ပြောလိုက်၏။

အစကတော့လီထျန်သည် ရှေ့သို့တက်လှမ်းချင်၏။

သို့သော်လည်း ဝဝဖိုင့်ဖိုင့်လူအို၏ မျက်လုံးအနက်ပိုင်းထဲမှာ လှောင်ပြောင်သရော်လိုသော အရိပ်အယောင်ကို သူကတွေ့မြင်သွားပြီး ရင်တစ်ချက်ထိတ်ကာ သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။

သူက လူရမ်းကားတစ်ယောက်နှင့်တူသော်လည်း သူက အရမ်းကို စေ့စပ်သေချာလေသည်။

တစ်ဘက်မှာတော့... ကျန့်ယွီကလည်း ရှေ့သို့တက်လှမ်းခြင်း မရှိပေ။

ဝဝဖိုင့်ဖိုင့်လူအိုက ထိုသို့ပြောလိုက်သည့်ခဏမှာပင် ကျင့်ကြံသူနှစ်ယောက်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဘုရင်ဖုန့်ရွမ်၏ ခါးပေါ်မှ သိုလှောင်အိတ်က်ု ဖြုတ်ယူဖို့အတွက် ရှေ့သို့တက်လှမ်းလိုက်ကြ၏။

ထိုသူနှစ်ယောက်က ဘုရင်ဖုန့်ရွှမ်ရှေ့သို့ ရောက်ရှိလာစဥ် သူတို့က သိုလှောင်အိတ်ကို မထိတွေ့နိုင်ခင်မှာပင် အပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာခဲ့၏။

မြေပြင်ပေါ်ရှိ စာလုံးများက အေးစက်စက်အလင်းတစ်ခုနှင့်အတူ ရုတ်တရက်ပေါက်ကွဲထွက်သွား၏။ သူတို့က အရမ်းကို ထက်ရှနေပြီး ကျင့်ကြံသူနှစ်ယောက်ကို သွေးမြူများဖြစ်သည်အထိ နုတ်နုတ်စင်းပစ်လိုက်၏။

လူတိုင်းက တုန်လှုပ်သွားကြ၏။

ဖြစ်စဥ်တစ်ခုလုံးက အရမ်းကို လျင်မြန်စွာဖြစ်ပွားခဲ့ပြီး တစ်ခဏချင်းမှာပင် ကျင့်ကြံသူနှစ်ယောက်က အလောင်းပင်မကျန်ရှိတော့ဘဲ သေဆုံးသွားကြ၏။

သွေးမြူများက တဖြည်းဖြည်းအောက်သို့လွင့်မျောပြီး မြေကြီးထဲသို့ စိမ့်ဝင်သွား၏။

မြေပြင်က သွေးများဖြင့် စွန်းထင်းသွားပြီး နောက်ထပ်သွေးနီရောင်စာလုံးများက တဖြည်းဖြည်းပေါ်ထွက်လာ၏။

“မင်းတို့တွေက ငါ့ရဲ့မိစ္ဆာနည်းစနစ်ကို အမွေဆက်ခံယူချင်တယ်ဆိုရင် မင်းတို့တွေကလည်း ငါ့နဲ့အတူသေရလိမ့်မယ်... ဟားဟားဟားဟား”

ထိုစာလုံးများမှတစ်ဆင့် ဘုရင်ဖုန့်ရွှမ်မသေဆုံးခင် သူ၏ ရှုံ့မဲ့နေသောအမူအရာကို လူတိုင်းက မြင်ယောင်လာကြ၏။

သူသည် မည်သည့်အမွေအနှစ်ကိုမှ ချန်ထားရစ်ခဲ့ဖို့ စိတ်ကူးမရှိပေ။

မိစ္ဆာဘုရင်တစ်ပါးအနေဖြင့် သူသည် အဆုံးမဲ့မကျေမချမ်းမှုများနှင့်အတူ ဤနေရာမှာသေဆုံးခဲ့ရပြီး သူနှင့်အတူ နောက်ထပ်လူများကိုပါ သေစေချင်ခဲ့၏။

သို့သော်လည်း နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ပြီးနောက် သူချန်ထားရစ်ခဲ့သော နည်းလမ်းများ၏ စွမ်းပကားက သိသိသာသာ လျော့ကျသွားခဲ့ပြီဖြစ်၏။

သူသည် မဟူရာအင်မော်တယ်နှစ်ယောက်ကိုသာ သတ်ဖြတ်နိုင်ခဲ့ပြီး အေးစက်နေသောအလင်းရောင်များက ပျက်ပြယ်သွားခဲ့ပြီဖြစ်၏။

All Chapters