အစာ
Vol. 132 Ch. 1969
ပိန်ပိန်ပါးပါးလူအိုက ထိုသည်ကို တွေ့မြင်သောအခါ သူက လှောင်ရယ်လိုက်၏။
“မိစ္ဆာမဟာနယ်မြေက လူတွေက ဆိုးယုတ်တဲ့နှလုံးသားတွေရှိပြီးတော့ ရက်စက်ကြမ်းကြုတ်ကြတယ်... အဲ့ဒါက သူတို့ရဲ့ နည်းလမ်းတွေပဲ”
ဆူဇီမိုက ကြိတ်၍လှောင်ရယ်လိုက်၏။
ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါး လူအိုနှစ်ယောက်က သူတို့၏ အင်မော်တယ်မဟာနယ်မြေများ၏ နောက်ခံကို ကြွားလုံးထုတ်နေသော်လည်း အဲ့ဒါက ဘုရင်ဖုန့်ရွမ် ခင်းကျင်းထားသည့် ထောင်ချောက်တစ်ခုဆိုတာ သူတို့သိနေတာတောင် အခြားသူများကို ရှေ့သို့တက်လှမ်းဖြစ်စေရန် သူတို့နှစ်ယောက်က သွေးထိုးလှုံ့ဆော်ခဲ့၏။ သူတို့၏ အတွေးများက မိစ္ဆာမဟာနယ်မြေကနေလာသော ဘုရင်ဖုန့်ရွှမ်ထက်ပင် ပို၍ရက်စက်ကြမ်းကြုတ်နေပေလိမ့်မည်။
ဘုရင်ဖုန့်ရွမ် ချန်ထားရစ်ခဲ့သည့် ဝှက်ဖဲကို အလွန်ဆုံး လက်နက်တစ်ခုဖြင့်သာ သတ်မှတ်နိုင်မည်ဖြစ်၏။
မဟူရာအင်မော်တယ်နှစ်ယောက်ကို တကယ်တမ်းသတ်ဖြတ်ခဲ့သည့်အရာမှာ ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်၏ သွေးတောင်ဖြားယောင်းမှုဖြစ်၏။
“စီနီယာ... အခုလောက်ဆိုရင် ဘာအန္တရာယ်မှမရှိလောက်တော့ပါဘူးနော် ဟုတ်တယ်မလား”
မဟူရာအင်မော်တယ်တစ်ယောက်က သတိထား၍ မေးလိုက်၏။
“အဲ့ဒါတော့ ငါလည်းမသိဘူး”
ဝဝဖိုင့်ဖိုင့်လူအိုက ပြုံး၍ပြောလိုက်၏။
မည်သို့ပင်ဆိုစေ အဲ့ဒါက ဘုရင်တစ်ပါး၏ ရုပ်အလောင်းဖြစ်ပြီး သူ၏ သိုလှောင်အိတ်က သူတို့၏ ရှေ့တည့်တည့်မှာရှိနေ၏။ အဲ့ဒီထဲမှာ စဥ်းစားကြည့်၍ပင် ရမနိုင်သော ရတနာများရှိနေနိုင်၏။
လူတိုင်းက မချင့်မရဲဖြစ်၍ ဒီတိုင်းထွက်ခွာမသွားလိုကြပေ။
ခဏနေပြီးနောက် လူတစ်ယောက်က သူ၏ သိုလှောင်အိတ်ထဲကနေ ဓမ္မရတနာတစ်ခုကို ထုတ်ယူပြီး မလှမ်းမကမ်းမှာ မတ်တတ်ရပ်လိုက်၏။ သူက အဲ့ဒါကို ထိန်းချုပ်ပြီး ဘုရင်ဖုန့်ရွမ်၏ သိုလှောင်အိတ်ထံသို့ စေညွှန်လိုက်၏။
ထိုသူ၏ ဓမ္မရတနာက ပျံသန်းထွက်လာသည့်ခဏမှာပင် အဲ့ဒါက ဘုရင်ဖုန့်ရွမ်၏ ရုပ်အလောင်းနှင့် မထိတွေ့ခင်မှာပင် ၎င်း၏ စိတ်ဝိညာဥ်ချီကို ဆုံးရှူံးသွားရပြီဖြစ်၏။
အဲ့ဒါက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြိး ၎င်း၏ ကိုယ်ထည်ပေါ်မှာ အစိမ်းရောင် အစက်အပြောက်များရှိနေ၏။
“အား...”
ထိုလူက အံအားတသင့်ရေရွတ်လိုက်၏။
သူသည် သူ၏ ဓမ္မရတနာကို လုံးဝမထိန်းချုပ်နိုင်တော့ပေ။
ဆူဇီမိုသည် ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် အဲ့ဒါနှင့်ပတ်သက်၍ သိရှိထားပြီးပြီဖြစ်ပြီး အံ့အားသင့်သွားခြင်းမရှိပေ။
အခြားကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။
ပိန်ပိန်ပါးပါးလူအိုက အေးစက်စွာပြောလိုက်၏။
“ငါမင်းတို့တွေကို သတိပေးဖို့မေ့နေတယ်... ဒီဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဘယ်ဓမ္မရတနာကိုမှ သုံးလို့ရမှာ မဟုတ်ဘူး... အပြင်ဘက်ကို ထွက်ပေါ်လာတဲ့ ဘယ်ဓမ္မရတနာမဆို ဧကရာဇ်ဂူသင်္ချိုင်းရဲ့ကျိန်စာနဲ့ တိုက်စားခံရပြီးတော့ သတ္တုပျက်တွေဖြစ်သွားလိမ့်မယ်”
တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်လိုက်၏။
“ပြောရမယ်ဆိုရင်... ကျုပ်တို့က ကျုပ်တို့ရဲ့ခန္ဓာကိုယ်... မျိုးဆက်သွေး... နတ်ဘုရားစွမ်းအားနဲ့ လျှို့ဝှက်အတတ်တွေပေါ်ပဲ မှီခိုရတော့မှာပေါ့”
“ဟားဟား”
လီထျန်က အော်ဟစ်ရယ်မောလိုက်၏။
“အဲ့ဒါကောင်းတာပေါ့... ငါက ကောင်းကင်ဘုံကပ်ဘေး သုံးခုကိုဖြတ်ကျော်ပြီးမှ တက်လှမ်းလာခဲ့တာပဲ... ဒီဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဘယ်သူ့ရဲ့ကိုယ်ကာယနဲ့ မျိုးဆက်သွေးက ငါ့ကိုယှဥ်နိုင်မလဲ ကြည့်ရသေးတာပေါ့”
ကျန့်ယွီ၏ အမူအရာက အေးစက်နေပြီး အသံတိတ်နေ၏။
ပုံမှန်အားဖြင့် ဓားကျင့်ကြံသူများသည် ခန္ဓာမီးဆေးခြင်းမှာ သေချာပေါက်အထူးပြုထားပေလိမ့်မည်။ မဟုတ်ပါက သူတို့အနေဖြင့် ဓားတာအို၏ သတ်ဖြတ်ခြင်းစွမ်းအားကို အကန့်အသတ်ထိ ထုတ်ဖော်ဖို့ ခက်ခဲပေလိမ့်မည်။
သူတို့ဆွေးနွေးပြောဆိုနေစဥ် လူတစ်ယောက်က ဘုရင်ဖုန့်ရွမ်၏ နောက်ဘက်သို့ ခိုးကြောင်ခိုးဝှက် တက်လှမ်းသွား၏။
တစ်ခဏချင်းမှာပင် ထိုလူက ဘုရင်ဖုန့်ရွှမ်နှင့် အနည်းငယ်မျှသာ ကွာဝေးတော့၏။
တောက်လောင်ပြင်းပြသောအကြည့်နှင့်အတူ ထိုလူက လျှပ်စီးလိုအမြန်နှုန်းဖြင့် ဘုရင်ဖုန့်ရွမ်၏ သိုလှောင်အိတ်ထံသို့ လက်လှမ်းလိုက်၏။
“ငါရပြီကွ..”
ထိုသူက ဝမ်းသာအားရဖြစ်သွားပြီး သိုလှောင်အိတ်ကို ဖွင့်တော့မည့်ဆဲဆဲမှာပင် လက်သည်းခွံအရွယ် အစိမ်းရောင်တစ္ဆေမီးတောက်တစ်ခုက ဘုရင်ဖုန့်ရွှမ်၏ ရုပ်အလောင်းထဲကနေ ပျံသန်းထွက်ပေါ်လာ၏။
ထိုတစ္တေမီးက မဟူရာအင်မော်တယ်ပေါ်သို့ ဆင်းသက်သွားသောအခါ ၎င်းက သူ၏ ခန္ဓာကိုယ်တစ်လျှောက် လျင်မြန်စွာ ဖြန့်ကြက်သွား၏။
တစ်ခဏချင်းမှာပင် ထိုမဟူရာအင်မော်တယ်သည် တစ္ဆေအစိမ်းရောင်မီးဖြင့် လောင်ကျွမ်းခံလိုက်ရပြီး လူပုံသဏ္ဌာန် မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
ကျင့်ကြံသူများစွာက အလောတကြီးနောက်သို့ ဆုတ်ခွာသွားကြ၏။
“အား... အား..အား...”
မီးလုံးထဲကနေ စူးစူးဝါးဝါးအော်သံက ထွက်ပေါ်လာ၏။
အသက်ရှုချိန်အနည်းငယ်မှာပင် ထိုစူးစူးဝါးဝါးအော်သံက ပျောက်ကွယ်သွားပြီး မဟူရာအင်မော်တယ်၏ အသားများက ဘာမှမကျန်အောင်လောင်ကျွမ်းသွား၏။ အဲ့ဒီမှာ မြေပြင်ပေါ်သို့ လဲကျသွားသော အစိမ်းရောင်အစက်အပြောက်များဖြင့် ပြည့်နှက်နေသည့် အလောင်းတစ်လောင်းသာလျှင် ကျန်ရစ်ခဲ့၏။
ဤတစ်ခေါက်မှာတော့ ဆူဇီမိုပင်လျှင် တိတ်တဆိတ်ထိတ်လန့်သွားရ၏။
သူသည် မီးတာအိုမှာ အထူးပြုသော်လည်း တစ္ဆေအစိမ်းရောင်မီးတောက်မှာ ပါဝင်သောစွမ်းအားက သူ့ကိုပင် ရင်တလှပ်လှပ်ခံစားရစေ၏။
သူက ထိုမှးတောက်ဖြင့် စွန်းထင်းခြင်းခံရလျှင် သူသည်လည်းပဲ ရှင်သန်နိုင်ဖို့ မလွယ်ပေ။
“ဟမ်... အဲ့ဒါက ကျိန်စာတစ္ဆေမီးပဲ”
ပိန်ပိန်ပါးပါးလူအိုက အေးစက်စွာပြောလိုက်၏။
“ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ပညာရှင်တချို့ရဲ့ရုပ်အလောင်းတွေက အသွေးအသားကိုလောင်ကျွမ်းပြီး အမြုတေစိတ်ဝိညာဥ်ကို ပြာချပစ်နိုင်တဲ့ တစ္ဆေကျိန်စာမီးတွေကို ပျိုးထောင်ပေးနိုင်တယ်”
“ဒါက မင်းတို့တွေအတွက် သင်ခန်းစာတစ်ခုပဲ... ဒီဧကရာဇ်ဂူသင်္ချိုင်းထဲမှာ မင်းတို့တွေကို သတ်ဖြတ်ပစ်နိုင်တဲ့ အရာတွေ အများကြီးရှိတယ်”
ကျန့်ယွီက သူ၏ လက်ချောင်းကိုပူးကပ်ပြီး ဓားကွက်တစ်ခုကိုဆင့်ခေါ်ကာ ထိုသိုလှောင်အိတ်ထံသို့ ဓားအလင်းတန်းတစ်ခုဖြင့် ခုတ်ပိုင်းချလိုက်၏။
အချိန်၏ တိုက်စားမှုကြောင့်လား... သို့မဟုတ် ဧကရာဇ်ဂူသင်္ချိုင်းမှ ကျိန်စာ၏ တိုက်စားမှုကြောင့်လား မပြောတတ်ပေ။ ဘုရင်တစ်ပါး၏ သိုလှောင်အိတ်ပင်လျှင် ဓားအလင်းတန်းကိုခံနိုင်ရည်မရှိဘဲ ချက်ချင်းပင် ကြေမွသွား၏။
ဝေါ...
သိုလှောင်အိတ်ထဲရှိပစ္စည်းများက မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့၏။
လူတိုင်းက ထိုနေရာသို့ လှည့်ကြည့်လိုက်ကြ၏။
ဘုရင်တစ်ပါး၏ သိုလှောင်အိတ်ထဲမှာ တကယ်ပင် ရတနာများစွာရှိနေသည်ဟု ပြောရပေမည်။ အဲ့ဒီမှာ ဓမ္မရတနာများနှင့် စိတ်ဝိညာဥ်ရတနာများက အရေအတွက် တစ်သောင်းကျော်ရှိနေ၏။
သူတို့က စုပုံထပ်နေပြီး တောင်ပို့တစ်ခုကဲ့သို့ဖြစ်ပေါ်နေ၏။
ကံဆိုးစွာနှင့်ပင် ထိုဓမ္မရတနာများက အစိမ်းရောင်အစက်အပြောက်များနှင့် ပြည့်နှက်နေပြီး သူတို့၏ အသိစိတ်ကို ဆုံးရှုံးထားရပြီဖြစ်၏။
သူတို့က လုံးဝကို ချို့ယွင်းပျက်စီးနေလေပြီ။
သိုလှောင်အိတ်ထဲရှိ စိတ်ဝိညာဥ်ကျောက်တုံးကဲ့သို့ ကျင့်ကြံရေးအရင်းအမြစ်တချို့ကလည်း သူတို့၏အမြုတေချီကို ဆုံးရှုံးထားရပြီဖြစ်၏။
ဥပမာအားဖြင့် ဆေးလုံးအချို့မှာ ကျိန်စာများဖြင့် ပြည့်နှက်နေပြီး သူတို့မှာ အကျိုးအာနိသင်ရှိနေသေးသည်ဆိုလျှင်တောင် မည်သူကမှ အဲ့ဒါကိုစားသုံးရဲတော့မည် မဟုတ်ပေ။
ကျင့်ကြံသူများစွာက စိတ်ပျက်လက်ပျက်ဖြစ်သွားကြ၏။
အသက်သုံးသက်ရင်း၍ ဖွင့်လိုက်ရသော ထိုသိုလှောင်အိတ်ထဲမှာ တကယ်တမ်းအသုံးဝင်သော မည်သည့်ရတနာမှ ရှိမနေပေ။
“သွားကြရအောင်”
ပိန်ပိန်ပါးပါးလူအိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
လူတိုင်းက ပိန်ပိန်ပါးပါးနှင့် ဝဝဖိုင့်ဖိုင့် လူအိုနှစ်ယောက်နောက်သို့ လိုက်ပါသွားကြ၏။ ဆူဇီမိုက လိုက်ပါမလာခဲ့ပေ။ ထိုအစား သူက မလှမ်းမကမ်းမှာ မတ်တတ်ရပ်ပြီး တလက်လက်ထနေသော အကြည့်နှင့်အတူ ဓမ္မရတနာများနှင့် စိတ်ဝိညာဥ်တနာများ၏ တောင်ပုံငယ်ကို စိုက်ကြည့်နေ၏။
“မင်းအဲ့ဒီမှာ ဘာလုပ်နေတာလဲ”
ဆူဇီမိုက သူတို့နောက်သို့လိုက်ပါမလာသည်ကို သတိထားမိသောအခါ ပိန်ပိန်ပါးပါးလူအိုက မျက်မှောင်ကြုတ်၍ လှမ်းမေးလိုက်၏။
ဆူဇီမိုက ပိန်ပိန်ပါးပါးလူအိုကို လှည့်ပင်မကြည့်ဘဲ သာမန်ကာလျှံကာပြောလိုက်၏။
“ခင်ဗျားတို့တွေအရင်သွားနှင့်ကြ... ကျုပ်က ဒီနားလေးမှာ တစ်ချက်ကြည့်ပြီးမှ ခင်ဗျားတို့နောက်ကို မီအောင်လိုက်လာခဲ့မယ်”
“ဟမ့်...”
ပိန်ပိန်ပါးပါးလူအို၏ အမူအရာက ညိုမည်းသွား၏။
“ငါမင်းကို သတိမပေးဘူးလို့ အပြစ်မတင်နဲ့... မင်းက ငါတို့နဲ့ လူစုကွဲသွားမယ်ဆိုရင် ဒီဧကရာဇ်ဂူသင်္ချိုင်းထဲမှာ မြှုပ်နှံခံရလိမ့်မယ်”
ထိုသို့ပြောပြီးသည်နှင့် ပိန်ပိန်ပါးပါးလူအိုက လူတိုင်းကို ဦးဆောင်ကာ ဆူဇီမိုကို လျစ်လျူရှုထားခဲ့၏။
ရုတ်တရက် ထျန်ကျစ်ရီ၏ အသံက ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။
“မိစ္ဆာဘုရင်ရဲ့သိုလှောင်အိတ်ထဲမှာရှိတဲ့ရတနာတွေက နဲလွန်းတယ်လို့ နင်တွေးနေတာမလား”
“အမှန်ပဲ”
ဆူဇီမိုက မသိမသာခေါင်းညိတ်ပြလိုက်၏။
ထျန်ကျစ်ရီက အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ဘုရင်အဆင့် ပညာရှင်တွေက ကောင်းကင်လိုဏ်ဂူတွေကို စုဖွဲ့နိုင်တယ်... သူတို့ရဲ့ တကယ့်အစစ်အမှန်ရတနာတွေကို ကောင်းကင်လိုဏ်ဂူထဲမှာ ပြုစုပျိုးထောင်ပြီး နေ့နေညည သန့်စင်မွန်းမံနေတာ သူတို့က အဲ့ဒါတွေကို သိုလှောင်အိတ်ထဲမှာ ထည့်ထားမှာမဟုတ်ဘူး”
ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။
သူသည် မည်သည့်ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာကိုမှ ရှာမတွေ့ခဲ့သည်မှာ မထူးဆန်းတော့ပေ။
ထျန်ကျစ်ရီပြောပုံအရ ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာများကဲ့သို့ ရတနာများသည် ဘုရင်ဖုန့်ရွမ်၏ ကောင်းကင်လိုဏ်ဂူထဲမှာ ရှိနေပေလိမ့်မည်။
ထျန်ကျစ်ရီက ဆက်ပြောလိုက်၏။
“ဘုရင်ဖုန့်ရွှမ်က သေသွားပြီဆိုရင်တောင် ငါတို့က ငါတို့ရဲ့အစွမ်းအစနဲ့ဆို သူ့ရဲ့ကောင်းကင်လိုဏ်ဂူကို ဖွင့်နိုင်မှာ မဟုတ်ဘူး... နင်အဲ့ဒါကို ကြိုးစားကြည့်မနေနဲ့”
“အင်းပါ... မင်းတို့တွေ အရင်သွားနှင့်ကြ... ငါသိပ်မကြာခင် လိုက်လာခဲ့မယ်”
ဆူဇီမိုက ထပ်မံ၍ ရှင်းပြမနေတော့ပေ။
သူသည် ဘုရင်ဖုန့်ရွမ်၏ သိုလှောင်အိတ်ထဲမှာ ရှားရှားပါးပါးရတနာများအကြောင်း သိချင်စိတ်ရှိနေသည့်အပြင် သူနေခဲ့သည်မှာ နောက်ထပ်အရေးကြီးသော အကြောင်းရင်းတစ်ခုရှိနေ၏။
အဲ့ဒါသည် သူရှေ့မှာရှိသော ဓမ္မရတနာများနှင့် စိတ်ဝိညာဥ်ရတနာများ၏။ တောင်ပုံငယ်ဖြစ်၏။
အခြားသူများအတွက်တော့ ထိုဓမ္မရတနာများနှင့် စိတ်ဝိညာဥ်ရတနာများက သတ္တုပျက်များထက် မပိုပေ။ သို့သော်လည်း ဆူဇီမိုအတွက်တော့ ထိုသို့မဟုတ်ပေ။
အတိအကျဆိုရလျှင် အဲ့ဒါက ငရဲဖိနှိမ်မီးဖိုအတွက် ကြီးမားစွာအသုံးတည့်နေ၏။
ထိုသိုလှောင်အိတ်ကို ဖွင့်ပြီးနောက် ငရဲဖိနှိမ်မီးဖိုထံကနေ မျှော်လင့်စောင့်စားနေသော တုန်ခါသံတစ်ခု ထွက်ပေါ်လာခဲ့သောကြောင့်ဖြစ်၏။
အဲ့ဒါက ထိုလက်နက်များကို ဝါးမျိုသန့်စင်ချင်နေသော အရိပ်လက္ခဏာတစ်ခုဖြစ်၏။
ထိုလက်နက်များက ကျိန်စာဖြင့် စွန်းထင်းခံနေရသော်လည်း ငရဲဖိနှိမ်မီးဖိုက အဲ့ဒါကို ဂရုမစိုက်သည့်ပုံပင်။
၎င်းအတွက်တော့... ဤရတနာများက အစားအစာများသာဖြစ်၏။
သူတို့က အနည်းငယ်ညစ်ညမ်းနေရုံမျှသာဖြစ်၏။
ဆူဇီမိုသည် ပိန်ပိန်ပါးပါးလူနှင့် ဝဝဖိုင့်ဖိုင့်လူက လူတိုင်းကိုဦးဆောင်ကာ ထွက်ခွာသွားသည်ကို စောင့်ဆိုင်းနေခဲ့၏။ သူ၏ မြင်ကွင်းကနေ သူတို့ပျောက်ကွယ်သွားပြီးမှ သူက ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ထုတ်လိုက်၏။
ထင်မှတ်ထားသည့်အတိုင်းပင်... ။
ငရဲဖိနှိမ်မီးဖိုက ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ပေါ်ထွက်လာခဲ့သော်လည်း ၎င်း၏ ကိုယ်ထည်ပေါ်မှာ မည်သည့်အစိမ်းရောင်အစက်အပြောက်မှ ပေါ်မလာခဲ့ပေ။
ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာပင်လျှင် ငရဲဖိနှိမ်မီးဖိုကို မဖိနှိမ်နိုင်ပေ။