ထူးဆန်းသော သက်ရှိပုံစံများ
Vol. 132 Ch. 1970
ဆူဇီမိုသည် အလွန်တရာ သတိထားနေပြီး မဆင်မခြင် တက်လှမ်းရဲခြင်း မရှိပေ။ ထိုအစား သူက ငရဲဖိနှိမ်မီးဖိုကို ထိန်းချုပ်ပြီး ခပ်လှမ်းလှမ်းကနေ အဲဒါကို ဓမ္မရတနာပုံ ရှိရာသို့ ချဉ်းကပ်သွားစေ၏။
ထင်မှတ်ထားသည့်အတိုင်းပင်။
ငရဲဖိနှိမ်မီးဖိုက ဓမ္မရတနာများနှင့် ထိတွေ့မိသည့် ခဏမှာပင် ဘုရင်ဖုန့်ရွှမ်၏ ရုပ်အလောင်းကနေ အစိမ်းရောင်တစ္ဆေမီးတောက်များက လွင့်မျောထွက်လာခဲ့၏။
တစ္ဆေမီးတောက်များက အသိစိတ်တချို့ကို ပိုင်ဆိုင်ထားပုံရပြီး ချဉ်းကပ်လာသည့် မည်သည့် ပြင်ပပစ္စည်းကိုမဆို လောင်ကျွမ်းပြာချပစ်မည်ဖြစ်၏။
ဆူဇီမိုက ငရဲဖိနှိမ်မီးဖိုကို ထိန်းချုပ်ပြီး ရှောင်တိမ်းခြင်း မရှိပေ။ ထိုအစား သူက အဲဒါကို တစ္ဆေမီးတောက်များရှိရာသို့ ပစ်ဝင်သွားစေ၏။
တစ္ဆေမီးတောက်များက စတုရန်းကြေးမီးဖို၏ အပြင်ဘက်ပေါ်သို့ ဆင်းသက်လာသောအခါ သူတို့သည် ဟင်္သပဒါးငှက်ဝိညာဉ်၏ စုပ်ယူခြင်း ခံရပြီး ပျောက်ကွယ်သွားကြ၏။
ဘုန်း…
ငရဲဖိနှိမ်မီးဖိုက ရှေ့သို့ ဆက်တက်ပြီး ၎င်းရှေ့မှာ ရှိသော ဓမ္မရတနာအပုံကို ပစ်တိုက်ချလိုက်၏။ ချက်ချင်းပင် ဓမ္မရတနာများက လဲပြိုကျသွားပြီး နေရာတိုင်းမှာ ပြန့်ကျဲသွား၏။
ငရဲဖိနှိမ်မီးဖိုကနေ စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုက ပစ်လွင့်ထွက်ပေါ်လာခဲ့၏။ ဓမ္မရတနာ တစ်သောင်းကျော်ကြားမှာ လက်နက်တစ်ထောင်ကို ငရဲဖိနှိမ်မီးဖိုက ရွေးချယ်၍ ဆွဲယူသွင်းလိုက်၏။
ထိုလက်နက်များက အသိစိတ်ရှိ ဓမ္မရတနာများ ဖြစ်၏။
အသိစိတ်ရှိ ဓမ္မရတနာတစ်ခုသည် ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် ၎င်းက အသိစိတ် ရရှိလာပြီး ဓမ္မရတနာမှာ ပါဝင်သော ပစ္စည်းကလည်း အသွင်ပြောင်းလဲသွားပေလိမ့်မည်။ အဲဒါက ချို့ယွင်းပျက်စီးနေပြီး ၎င်း၏ အသိစိတ်ကို ဆုံးရှုံးထားရသည်ဆိုလျှင်တောင် ဤသတ္တုပျက်များသည် ငရဲဖိနှိမ်မီးဖိုအတွက် ကြီးမားစွာ အသုံးဝင်လေသည်။
သူသည် စိတ်ဝိညာဉ်ရတနာများ အားလုံးကို သန့်စင်မွမ်းမံနိုင်မည်ဆိုလျှင် ငရဲဖိနှိမ်မီးဖို၏ တတိယမြောက် အပြင်ဘက်နံရံကို ပြုပြင်နိုင်ဖို့ အခွင့်အရေးရှိ၏။
သူက မီးဖို၏ တတိယမြောက် နံရံကို ပြုပြင်နိုင်မည်ဆိုလျှင် တတိယမြောက် အထွတ်အမြတ်ဝိညာဉ်က နိုးထလာနိုင်မည်သာမက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကလည်း ပို၍ ပြီးပြည့်စုံလာပေလိမ့်မည်။
ဆူဇီမိုက ဤခရီးစဉ်မှာ ကျောက်စိမ်းအဆောင်ကို ရှာတွေ့နိုင်သည်ဖြစ်စေ.. ရှာမတွေ့နိုင်သည်ဖြစ်စေ.. သူက လုံလောက်သည့် အကျိုးအမြတ်ကို ရရှိသွားပြီဖြစ်၏။
ဤဧကရာဇ်ဂူသင်္ချိုင်းကြောင့်သာ မဟုတ်လျှင် ဤမျှ များပြားသည့် စိတ်ဝိညာဉ်ရတနာများကို စုဆောင်းဖို့ ဘယ်လောက် အချိန်ယူရမလဲ မသိနိုင်ပေ။
ငရဲဖိနှိမ်မီးဖိုကနေ အလွန်တရာ ကြောက်စရာကောင်းသော အပူလှိုင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး အထဲသို့ ဆွဲယူသွင်းထားသော စိတ်ဝိညာဉ်ရတနာများ အားလုံးကို အရည်ဖျော်ချကာ သိပ်မကြာခင် သူတို့ကို နီရဲနေသော သတ္တုရည်များအဖြစ် ပြောင်းလဲသွားစေ၏။
သတ္တုရည်များကြားမှာ ထူးဆန်းသော အစိမ်းရောင် ပူဖောင်းတချို့ ရှိနေသည်ကို ဆူဇီမိုက တွေ့ရှိလိုက်ရ၏။
သူထင်တာ မမှားဘူးဆိုလျှင် ထိုအစိမ်းရောင် ပူဖောင်းများသည် ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာ ဖြစ်ရပေမည်။
ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာကြောင့် ငရဲဖိနှိမ်မီးဖိုသည် ထိုစိတ်ဝိညာဉ်ရတနာများ အားလုံးကို စုပ်ယူသန့်စင်ဖို့အတွက် အချိန်ပိုယူရပေတော့မည်။
ဆူဇီမိုက အလောတကြီး ရှိမနေပေ။
နှစ်နာရီခန့် ကြာပြီးနောက် ငရဲဖိနှိမ်မီးဖိုက စိတ်ဝိညာဉ်ရတနာ တစ်ထောင်ကို ဝါးမျိုလို့ ပြီးစီးသွား၏။ သူက အဲဒါကို ပြန်လည်သိမ်းဆည်းပြီး ထျန်ကျစ်ရီနှင့် အခြားသူများ ရှိရာဘက်သို့ ပြေးလိုက်သွား၏။
ဤတစ်ခေါက်မှာတော့ ဆူဇီမိုသည် သူ၏ အာရုံခံသတိစိတ်ကို ထုတ်ဖော်ပြီး အရှိန်တင်လိုက်၏။ သိပ်မကြာခင် သူက ထျန်ကျစ်ရီနှင့် အခြားသူများကို လိုက်မီလာခဲ့၏။
အစကတော့ သူတို့ ထွက်ခွာသွားစဉ်က အဲဒီမှာ လူအယောက်ကိုးဆယ်ကျော် ရှိနေခဲ့၏။
နှစ်နာရီလောက်နှင့် သူတို့အုပ်စုမှာ လူငါးဆယ်ကျော်ကျော်သာလျှင် ကျန်ရှိတော့လေသည်။
ကျန်ရှိနေသော ကျင့်ကြံသူများထဲမှာ ထျန်ကျစ်ရီက လွဲလျှင် အခြားသူများသည် ကြီးမားစွာ တုန်လှုပ်နေသည့်အလား သူတို့၏ မျက်နှာများက ကြောက်ရွံ့မှုဖြင့် ဖြူဖပ်ဖြူရော် ဖြစ်နေကြ၏။
“ဘာတွေဖြစ်ခဲ့တာလဲ”
ဆူဇီမိုက အနားသို့ ချဉ်းကပ်လာပြီး မျက်မှောက်ကြုတ်၍ မေးလိုက်၏။
လူတစ်ယောက်က တံတွေးကို မျိုချပြီး အကြောက်မပြေသေးဟန်ဖြင့် ပြောလိုက်၏။
“ငါတို့က စောစောတုန်းက အရိုးဖြူ အပျက်အစီးနယ်မြေတစ်ခုကို ဖြတ်ကျော်လာခဲ့တာ.. အဲဒီ အရိုးဖြူတွေက အသက်ဝင်လာပြီးတော့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ.. ငါတို့က သူတို့ကို လုံးဝမဖိနှိမ်နိုင်ဘူး.. ငါတို့ထဲက အတော်များများက သေဆုံးကုန်ကြတယ်… ငါတို့ထဲက တချို့က အဲဒီ အရိုးဖြူတွေရဲ့ အမဲလိုက်ခြင်းတောင် ခံခဲ့ရတယ်.. အခုလောက်ဆို သူတို့က သွားရှာပြီ ထင်တယ်”
ဤနေရာမှာ သေဆုံးခဲ့သော ကျင့်ကြံသူ အများစုက ယခင်ပညာရှင်များ ဖြစ်ကြ၏။ ကျန်ရစ်ခဲ့သော အလောင်းများက နှစ်ပေါင်းသန်းချီ ကြာမြင့်တာတောင် ပုပ်သိုးဆွေးရိသွားခြင်း မရှိပေ။ သူတို့က ပြန်လည်သက်ဝင်လှုပ်ရှားလာမည်ဆိုလျှင် ကောင်းကင်အင်မော်တယ်များပင် သူတို့ကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။
“ငါ ပြန်ချင်တယ်.. ငါ ဒီမှာ မသေချင်သေးဘူး”
ကျင့်ကြံသူတစ်ယောက်က သူ၏ ဝမ်းဗိုက်ပေါ်မှာ ဒဏ်ရာကို လက်ဖြင့် အုပ်ကိုင်ပြီး သူ၏ အမူအရာက ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ သူက စိတ်ပိုင်းဆိုင်ရာ လဲပြိုတော့မည့်ဆဲဆဲဖြစ်ပြီး ထပ်တလဲလဲ ရေရွတ်နေ၏။
“ငါမပါဘဲ မင်းပြန်လို့ရမှာ မဟုတ်ဘူး”
ပိန်ပိန်ပါးပါး အဘိုးအိုက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
“ကျုပ် ဆက်ပြီးတော့ မသွားချင်တော့ဘူး.. ကျောက်စိမ်းအဆောင်ကိုလည်း ဆက်ပြီး မရှာချင်တော့ဘူး.. ခင်ဗျားတို့တွေ ကိုယ့်ဘာသာကိုယ်ပဲ သွားကြတော့”
ထိုလူက လာရာလမ်းအတိုင်း ပြန်လှည့်ချင်သည့်အလား ထိတ်လန့်တကြား အမူအရာဖြင့် နောက်သို့ ဆုတ်ခွာသွား၏။
သို့သော်လည်း သူက ခြေလှမ်း အနည်းငယ်သာ လျှောက်လှမ်းရသေးပြီး သူ၏ ခန္ဓာကိုယ်က စတင်၍ ဒယီးဒယိုင်ဖြစ်သွား၏။ သူသည် သိပ်သည်းပြင်းထန်သော နာကျင်မှုကို တွေ့ကြုံခံစားနေရသည့်အလား သူ၏ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲလာပြီး လက်နှစ်ဖက်ဖြင့် သူ၏ ဝမ်းဗိုက်ကို အုပ်ကိုင်ကာ ချောက်ချားဖွယ်ရာ ညည်းတွားအော်ဟစ်လိုက်၏။
အဲဒီနောက် ထိုလူက မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ ဝမ်းဗိုက်ဒဏ်ရာကနေ စီးကျလာသော သွေးများက အစိမ်းရောင်ပြောင်းသွားပြီး သူ၏ အရေပြားက ပုပ်သိုးဆွေးရိလာ၏။
စူးစူးဝါးဝါး အော်ဟစ်ပြီးနောက် ထိုလူက ပုံပျက်ပန်းပျက်ဖြစ်ကာ သူ၏ အသက်ဓာတ်အားကလည်း ငြိမ်းသေသွား၏။
ဝဝဖိုင့်ဖိုင့်လူကလည်း အနည်းငယ် ကြောက်လန့်သွားပုံရ၏။
“ဧကရာဇ်ဂူသင်္ချိုင်းထဲမှာရှိတဲ့ အလောင်းတွေက ပြီးခဲ့တဲ့ နှစ်တွေအားလုံးမှာ ဧကရာဇ်ဂူသင်္ချိုင်းရဲ့ ကျိန်စာနဲ့ စွန်းထင်းနေတာ.. သာမန်ကာလျှံကာ အရိုးအပိုင်းအစတစ်ခုကတောင်မှ မဟာသတ်ဖြတ်ခြင်းလက်နက်တစ်ခုပဲ.. အဲဒီအလောင်းတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ ဘယ်သူမဆို သေချာပေါက် သေရလိမ့်မယ်”
ထျန်ကျစ်ရီက ထိုလူကို တစ်ချက်မျှကြည့်ပြီးနောက် သူမ၏ အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။
သူမက အမူအရာ ကင်းမဲ့စွာ ရှိနေသေးသော်လည်း သူမ၏ ရင်ထဲမှာ ထိတ်ခနဲ ခံစားလိုက်ရဆဲဖြစ်၏။
“ဘာဖြစ်သွားတာလဲ”
ဆူဇီမိုက အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“အဲဒီ အရိုးဖြူတွေက ဘယ်လိုလုပ်ပြီး အသက်ဝင်လာတာလဲ”
ထျန်ကျစ်ရီက ပြောလိုက်၏။
“ဧကရာဇ်ဂူသင်္ချိုင်းက ပြီးခဲ့တဲ့နှစ်တွေ အားလုံးထဲမှာ ကျိန်စာစွမ်းအားနဲ့ ပြည့်နှက်နေတာ.. ဒါပေမဲ့ နှစ်ပေါင်းသန်းချီ ဆင့်ကဲပြောင်းလဲလာပြီးတဲ့နောက် ထူးဆန်းတဲ့ သက်ရှိတချို့က မွေးဖွားပေါ်ထွက်လာခဲ့တယ်”
“အဲဒီသက်ရှိတွေက အရမ်းကို သေးငယ်ပြီးတော့ ထောက်လှမ်းဖို့ မလွယ်ဘူး.. သူတို့က အရမ်းကို အားနည်းပေမဲ့ သူတို့က အရိုးဖြူတွေမှာ ကပ်တွယ်ပြီးတော့ အဲဒါကို ထိန်းချုပ်တိုက်ခိုက်နိုင်တယ်”
ကျယ်ပြောလှသော လောကမှာ သတ္တဝါပေါင်းစုံ၊ ပစ္စည်းပေါင်းစုံ ရှိနေ၏။
ထူးခြားသော ပတ်ဝန်းကျင်ဒေသများနှင့် ထူးဆန်းသော လောကများမှာ သက်ရှိများစွာက မွေးဖွားပေါ်ထွက်လာတတ်၏။
ထျန်ကျစ်ရီ ပြောသော သက်ရှိများသည် ဧကရာဇ်ဂူသင်္ချိုင်း၏ ပတ်ဝန်းကျင်ဒေသမှာသာ ရှင်သန်နိုင်မည် ဖြစ်၏။ သို့သော်လည်း သူတို့က အပြင်ဘက်သို့ ရောက်ရှိလာမည်ဆိုလျှင် တစ်ရက်တောင် ရှင်သန်နိုင်ချင်မှ ရှင်သန်နိုင်ပေလိမ့်မည်။
ခဏမျှ ငြိမ်သက်နေပြီးနောက် ထျန်ကျစ်ရီက ဆက်ပြောလိုက်၏။
“ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ အကြီးမားဆုံး ခြိမ်းခြောက်မှုက အဲဒီ ထူးဆန်းတဲ့ သက်ရှိတွေ မဟုတ်ဘူး… တစ္ဆေအင်မော်တယ်တချို့ပဲ”
ဆူဇီမိုက တုန်လှုပ်သွား၏။
သူသည် တစ္ဆေအင်မော်တယ်များအကြောင်း ပထမဆုံး ကြားဖူးခြင်း ဖြစ်သော်လည်း သူက အကြမ်းဖျင်း နားလည်သဘောပေါက်သွားပြီဖြစ်၏။
တစ္ဆေအင်မော်တယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက တမလွန်စစ်သားများနှင့် ဆင်တူပေလိမ့်မည်။
ထိုသူများသည် မဖြစ်သင့်သော ကပ်ဘေးများနှင့် ကြုံတွေ့ရခြင်း သို့မဟုတ် ကံဆိုးမိုးမှောင်ကျပြီးနောက် သေဆုံးခဲ့ကြသူများ ဖြစ်ပေမည်။ သူတို့၏ အငြိုးအတေးများနှင့် မကျေမချမ်းမှုများက ကာလအတော်ကြာအောင် စုဆောင်းလာပြီးနောက် တစ္ဆေအင်မော်တယ်များကို စုဖွဲ့လာစေပေလိမ့်မည်။
ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာသော မည်သည့်ပညာရှင်ကမှ ချမ်းသာရာရမည် မဟုတ်ပေ။ ထိုပညာရှင်များ၏ မကျေမချမ်းမှုများက ဘယ်လောက်တောင် သန်မာသလဲ သိသာနေ၏။
ထျန်ကျစ်ရီက ဆက်ပြောလိုက်၏။
“ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ရှိတဲ့ တစ္ဆေအင်မော်တယ်တွေက ပိုပြီးတော့ ကြောက်စရာကောင်းတယ်ဆိုတာ သူတို့က ဧကရာဇ်ဂူသင်္ချိုင်းရဲ့ ကျိန်စာနဲ့ စွန်းထင်းခံထားရတာမို့လို့ပဲ… ငါတို့က သူတို့နဲ့ တိုက်ခိုက်ဖို့နေနေသာ သူတို့နဲ့ ထိလို့တောင် မရဘူး”
ဆူဇီမို၏ အမူအရာက တည်တံ့လာခဲ့၏။
ဤဧကရာဇ်ဂူသင်္ချိုင်းက သူ တွေးထင်ထားသည်ထက်ပင် ပို၍ ကြောက်စရာကောင်းနေ၏။
သူက ကံဆိုးမိုးမှောင်ကျပြီး တစ္ဆေအင်မော်တယ်များနှင့် ကြုံတွေ့ရမည်ဆိုလျှင် သူက ဤနေရာမှာ သေသွားရနိုင်၏။
ပိန်ပိန်ပါးပါးလူနှင့် ဝဝဖိုင့်ဖိုင့်လူ၏ အမူအရာများကလည်း သုန်မှုန်လာခဲ့၏။
သူတို့သည် ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာပြီးနောက် တစ်ရက်မပြည့်ခင်မှာပင် သူတို့၏ ကျင့်ကြံသူများထဲမှ ထက်ဝက်နီးပါးက သေဆုံးသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဤနှုန်းထားနှင့်ဆိုပါက သူ့အနေဖြင့် ကျောက်စိမ်းအဆောင်ကို ရှာဖွေဖို့နေနေသာ.. ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ တစ်လပင် ရှင်သန်နေထိုင်ဖို့ မဖြစ်နိုင်တော့ပေ။
“အားလုံးပဲ… နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာခဲ့ကြ.. ဒီတစ်ခေါက် ကိုယ့်သဘောနဲ့ကိုယ် ဘာမှ မလုပ်ကြနဲ့တော့”
ပိန်ပိန်ပါးပါး အဘိုးအိုက ဆူဇီမိုကို စိုက်ကြည့်ပြီး တည်တံ့စွာ ပြောလိုက်၏။
ဝဝဖိုင့်ဖိုင့် အမျိုးသားက ဦးတည်ဘက်ကို ဆုံးဖြတ်ပြီး လူတိုင်းကို ရှေ့သို့ ဦးဆောင်သွား၏။
သိပ်မကြာခင် လူတိုင်း၏ ရှေ့မှာ အစိမ်းရောင်မြူခိုးများက ပေါ်ထွက်လာပြီး သူတို့ကို အုပ်မိုးလာခဲ့၏။
“အဲဒါက ကျိန်စာမြူခိုးတွေပဲ.. ပြေးကြတော့”
ဝဝဖိုင့်ဖိုင့်လူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး ခပ်စူးစူးအော်ပြောလိုက်၏။
သူ့စကား မဆုံးသေးခင်မှာပင် ထျန်ကျစ်ရီက အစိမ်းရောင်မြူခိုးများ၏ ဇာစ်မြစ်ကို မှတ်မိသိရှိသွားပြီဖြစ်ပြီး အနောက်သို့ လှည့်ပြေးလိုက်၏။
လူတိုင်းကလည်း ထိတ်လန့်တကြားဖြင့် လှုပ်ရှားလိုက်ကြ၏။