← Chapters

ရောင်စဉ် ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်း

Vol. 132 Ch. 1971

ရောင်စဉ် ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်း

Vol. 132 Ch. 1971

လူတိုင်းသည် ထိတ်လန့်တကြားဖြစ်သွားပြီး သူတို့၏ အစွမ်းကုန်ရှိသမျှနှင့် ပြေးလွှားလာကြ၏။ သူတို့သည် ကီလိုမီတာ ငါးဆယ်ကျော် ပြေးပြီးမှ ရပ်တန့်လိုက်ကြ၏။

သူတို့နောက်မှာ ရှိသော ကျိန်စာမြူခိုးက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ဝဝဖိုင့်ဖိုင့်လူနှင့် ပိန်ပိန်ပါးပါးလူက လူရေကြည့်လိုက်ပြီး လူဆယ်ယောက်ကျော်က ပျောက်ဆုံးသွားသည်ကို နားလည်သိရှိလိုက်၏။

သူတို့က လူစုကွဲသွားသလား သို့မဟုတ် ကျိန်စာမြူခိုး၏ ဝါးမျိုခြင်း ခံလိုက်ရသလား မသိရပေ။

သူတို့အုပ်စုသည် ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာပြီး နေ့တစ်ဝက် မကြာခင်မှာပင် လူအယောက်သုံးဆယ်ကျော်ကျော်သာလျှင် ကျန်ရှိတော့၏။ သူတို့က ကြီးမားသော ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရလေပြီ။

နေ့တစ်ဝက်စာ ကြုံတွေ့ပြီးနောက် လူတိုင်းက ထိတ်လန့်တကြားဖြစ်လာပြီး လီထျန်နှင့် ကျန့်ယွီကဲ့သို့ ရက်စက်ကြမ်းတမ်းသော လူများပင်လျှင် အသံတိတ်သွားကြ၏။

သူတို့က ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ.. သူတို့သည် မဟူရာအမြုတေနယ်ပယ်၏ အထွတ်အထိပ်မှာသာ ရှိပေလိမ့်မည်။

ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ သူတို့ကို သတ်ဖြတ်နိုင်သော အရာများစွာ ရှိနေ၏။

“စောစောက ကျိန်စာမြူခိုးက ဘာလဲ”

ကျင့်ကြံသူတစ်ယောက် မနေနိုင်ဘဲ အကြောက်မပြေသေးဟန်ဖြင့် မေးမြန်းလိုက်၏။

ပိန်ပိန်ပါးပါး အဘိုးအိုက တည်တံ့သော အမူအရာဖြင့် ပြောလိုက်၏။

“အကြောင်းအရင်း အမျိုးမျိုးကြောင့် ဧကရာဇ်လိုဏ်ဂူသင်္ချိုင်းရဲ့ ကျိန်စာတွေက စုစည်းပြီးတော့ သိပ်သည်းကျစ်လစ်လာတတ်တယ်”

“မင်းက ကျိန်စာမြူခိုးရဲ့ ဝါးမျိုခြင်း ခံရမယ်ဆိုရင် ကျိန်စာရဲ့ စွမ်းအားက မင်းတို့ရဲ့ အသွေးအသား၊ ကိုယ်တွင်းအင်္ဂါတွေနဲ့ ခြင်ဆီတွေအထဲထိ စိမ့်ဝင်သွားလိမ့်မယ်.. အဲ့ဒီအချိန်ကျရင် မင်းက ဒီနေရာကနေ အသက်ရှင်လျက် ထွက်ခွာနိုင်မယ်ဆိုရင်တောင်မှ မင်းက သေချာပေါက် သေရတော့မှာ”

ယခုဆို လူတိုင်းသည် ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာကာစဖြစ်၏။ သူတို့က ကျိန်စာမိထားသော်လည်း ထိုစွမ်းအားက သူတို့၏ ခန္ဓာကိုယ်ထဲသို့ ယခုအချိန်ထိ အမှန်တကယ် စိမ့်ဝင်ခြင်း မရှိသေးပေ။

ထို့ကြောင့်ပင်လျှင် သူတို့မှာ အဲဒါကို ခြေဖျက်ဖို့အတွက် အခွင့်အရေးတစ်ခု ရှိနေသေး၏။

“သွားကြရအောင်”

တစ်နာရီမျှ အနားယူပြီးနောက် ဝဝဖိုင့်ဖိုင့်လူအိုက ထရပ်ပြီး ကျန်ရှိနေသော လူသုံးဆယ်ကျော်နှင့်အတူ ရှေ့သို့ ဆက်လက်လျှောက်လှမ်းလိုက်၏။

တကယ်တော့ စောစောက ထွက်ပြေးလာကြစဉ် ဆူဇီမိုက တစ်ယောက်တည်း ထွက်ခွာသွားဖို့ အခွင့်အရေး ရှိခဲ့၏။

သို့သော်လည်း ဧကရာဇ်ဂူသင်္ချိုင်းထဲကနေ ထွက်ခွာဖို့ နည်းလမ်းသည် ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါး အဘိုးအိုနှစ်ယောက်ထံမှာသာ ရှိသောကြောင့် သူ့အနေဖြင့် ထိုသို့ပြုလုပ်ဖို့ မလိုအပ်ခဲ့ပေ။

ဒါ့အပြင် ဧကရာဇ်ဂူသင်္ချိုင်း၏ ပတ်ဝန်းကျင်က ရှုပ်ထွေးပွေလီပြီး အန္တရာယ်များဖြင့် ပြည့်နှက်ကာ သူက အဲဒါနှင့် ပတ်သက်၍ များစွာ မသိရှိထားပေ။ သူသည် လူအုပ်နှင့် ရောပါပြီး အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ဆိုလျှင် သူ့အနေဖြင့် ရှင်သန်နိုင်ဖို့ အခွင့်အရေး ပိုများလေသည်။

“အဲဒါ ဘာပါလိမ့်”

သိပ်မကြာခင် အမြင်အာရုံ ထက်ရှသော ကျင့်ကြံသူတစ်ယောက်က ခပ်လှမ်းလှမ်း တစ်နေရာသို့ လက်ညှိုးထိုးပြီး အော်ပြောလိုက်၏။

ထိုနေရာမှာ ဧရာမ ကြေးမုံတစ်ချပ်နှင့် ဆင်တူသော အရောင်အဝါတစ်ခု ရှိနေ၏။

ကြေးမုံပေါ်မှာ ပြိုးပြိုးပြက်ပြက်နှင့် ထူးဆန်းသော အလင်းရောင်များက တဖျပ်ဖျပ်ပင် လက်နေ၏။

ဆူဇီမို၏ အမြင်အာရုံက သန်မာပြီး အဲဒါက ဧရာမ ရေကန်ကြီးတစ်ခုဖြစ်သည်ဆိုတာကို တွေ့မြင်သွားပြီဖြစ်၏။ ရေကန်က လှိုင်းဂယက်ထ၍ အလင်းရောင်အချို့ကို ရောင်ပြန်ဟပ်ကာ လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်နေ၏။

ရေကန်ပေါ်ရှိ တဖျပ်ဖျပ် တလက်လက် အလင်းရောင်ကိုတော့ ဝေးကွာလွန်းသောကြောင့် သူက အဲဒါကို ရှင်းလင်းစွာ မတွေ့မြင်ရပေ။

“တစ်ချက်သွားကြည့်ကြတာပေါ့”

ပိန်ပိန်ပါးပါးလူအိုက လေးနက်သော အသံဖြင့် ပြောဆိုပြီး လူတိုင်းကို ထိုနေရာသို့ ဦးဆောင်သွား၏။

“အဲဒါက ရေကန်ပဲ”

ကျင့်ကြံသူအချို့က အဲဒါကို တွေ့မြင်သွားကြ၏။

“အဲဒီမှာ လူတော်တော်များများ ရှိနေကြတာပဲ”

သူတို့က ရေကန်သို့ မရောက်ခင်မှာပင် ရေကန်၏ ဘေးပတ်လည်မှာ ကျင့်ကြံသူများစွာ မတ်တတ်ရပ်နေကြသည်ကို လူတိုင်းက တွေ့ရှိလိုက်ကြ၏။ သူတို့သည် အသင်းအဖွဲ့များအဖြစ် စုဖွဲ့ထားပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ခပ်လှမ်းလှမ်းစီမှာ ရပ်နေကြ၏။

ဆူဇီမိုက တစ်ချက်ဝေ့၍ ကြည့်လိုက်၏။

ရေကန်၏ ဘေးပတ်လည်မှာ အဖွဲ့အစည်း ရှစ်ခုလောက် ရှိပြီး သူတို့၏ ကျင့်ကြံမှုအဆင့်များက မတိမ်းမယိမ်းမှာ ရှိကြ၏။

သူတို့အားလုံးက အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုး မဟူရာအင်မော်တယ်များ ဖြစ်ကြသည်။

သို့သော်လည်း ဤကျင့်ကြံသူများ၏ ခန္ဓာကိုယ်များပေါ်မှာ မှတ်မိသိရှိနိုင်သော မည်သည့်​ အမှတ်အသားမှ မရှိဘဲ သူတို့က ဘယ်နေရာက လာကြသည်ဆိုတာကို မသိရပေ။

ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်မလာခင်က မင်းသားယွမ်ကျောက အဲဒါကို ပြောခဲ့ပြီးသားဖြစ်၏။

သူတို့အပြင် အခြားသော အဖွဲ့အစည်းများကလည်း ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ သေချာပေါက် ဝင်ရောက်လာကြပေလိမ့်မည်။

“ဟမ်.. သူတို့က ဂိုဏ်းငယ်လေးတွေနဲ့ အဖွဲ့အစည်းငယ်လေးတွေကပဲ.. ဘာမှ ကြောက်စရာမရှိဘူး”

ပိန်ပိန်ပါးပါးလူအိုက အကြမ်းဖျင်း အကဲဖြတ်ပြီး သူ၏ အမူအရာက ပျော့ပြောင်းသွား၏။

“သွားကြတာပေါ့”

“စီနီယာ.. အဲဒီဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေမှာ ဘာအမှတ်အသား လက္ခဏာမှ မရှိဘူး.. ခင်ဗျား သူတို့ကို ဘယ်လိုအကဲဖြတ်လိုက်တာလဲ”

ကျင့်ကြံသူတစ်ယောက်က မေးလိုက်၏။

ပိန်ပိန်ပါးပါးလူအိုက ဝင့်ကြွားစွာ ပြောလိုက်၏။

“ဧကရာဇ်ဂူသင်္ချိုင်းထဲကို ဝင်ရောက်လာတဲ့ အစစ်အမှန် ဂိုဏ်းကြီးတွေနဲ့ အဖွဲ့အစည်းကြီးတွေက သူတို့ရဲ့ ခြေရာလမ်းကြောင်းကို သေချာပေါက် ဖုံးကွယ်ထားမှာ မဟုတ်ဘူး.. သူတို့က တခြားသူတွေကို ခြိမ်းခြောက်ဖို့အတွက် သူတို့ရဲ့ ထူးခြားတဲ့ အမှတ်အသားတွေကို ထုတ်ဖော်ပြသထားလိမ့်မယ်”

ထိုသို့ပြောရင်း ပိန်ပိန်ပါးပါးလူအိုက သူ၏ ခါးပေါ်မှ ရွှေညိုရောင် တံဆိပ်ပြားကို လက်ညှိုးထိုးပြလိုက်၏။

ထိုတံဆိပ်ပြားပေါ်မှာ ကျင်းဟူသော စာလုံးကို ကြီးမားစွာ ရေးထိုးထား၏။

“ဟိုမှာ ကြည့်စမ်း.. မဟာကျင်းအင်မော်တယ်နိုင်ငံက လူတွေကလည်း ဒီကို ရောက်လာကြတာပဲ”

“မဟာကျင်းအင်မော်တယ်နိုင်ငံအပြင် တခြားအင်မော်တယ်နိုင်ငံတွေကလည်း သူတို့ရဲ့ လူတွေကို စေလွှတ်လိုက်တယ်လို့ ငါကြားထားတယ်”

“အဲဒါတင်မကဘူး.. အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းကလည်း သူတို့ အစီအစဉ်နဲ့သူတို့ ဧကရာဇ်ဂူသင်္ချိုင်းထဲကို သူတို့ရဲ့လူတွေ စေလွှတ်လိုက်တယ်လို့ ငါကြားတယ်”

ရေကန်နားမှာ ရှိသော ကျင့်ကြံသူအချို့က ဆူဇီမိုတို့ အုပ်စုကို မှတ်မိသွားပြီး တီးတိုးပြောဆိုဆွေးနွေးလိုက်ကြ၏။

ကျင့်ကြံသူအချို့သည် သူတို့ကို ရန်မစလိုဘဲ ရှောင်လွှဲချင်ပုံရ၏။

အင်မော်တယ်နိုင်ငံ သုံးနိုင်ငံက ဂမ္ဘီရမိုးကောင်းကင်နယ်မြေ၏ ပိုင်နက်နယ်မြေများကို အုပ်ချုပ်ပြီး ပကတိ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့် အင်မော်တယ်ဘုရင်များ အသီးသီးရှိကြ၏။

အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းကလွဲလျှင် မည်သည့်ဂိုဏ်း၊ မည်သည့်​ အဖွဲ့အစည်းကမှ သူတို့ကို ဆန့်ကျင်နိုင်မည် မဟုတ်ပေ။

လောကတစ်ခုလုံးကို ဘုရင်များက ပိုင်ဆိုင်လေသည်။

အင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်းမှာ ဂိုဏ်းများ၊ ရှေးတော်ဝင်မိသားစုများ၊ ကျင့်ကြံသူများနှင့် သက်ရှိများ အားလုံးသည် အင်မော်တယ်နိုင်ငံများ၏ စည်းမျဉ်းစည်းကမ်းများကို နာခံကြရ၏။

ရေကန်၏ ဘေးပတ်လည်မှာ ရှိသော ကျင့်ကြံသူများသည် ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါး လူအိုနှစ်ယောက်၏ သရုပ်သကန်ကို မှတ်မိသိရှိသွားပြီး သူတို့နှင့် အတိုက်အခံပြုလုပ်လိုခြင်း မရှိကြပေ။

လီထျန်နှင့် အခြားသူများသည် ယခုတင် အန္တရာယ်များစွာကို တွေ့ကြုံလာခါစဖြစ်ပြီး အခြေအနေ သိပ်မကောင်းကြပေ။

ယခု သူတို့က ယုံကြည်မှုတချို့ကို ပြန်လည်ရရှိသွားပြီး သူတို့၏ ရင်ကို အလိုလိုကော့ကာ သူတို့၏ စိတ်အားမာန်ကို ပြန်လည်ရရှိလာ၏။

ဆူဇီမိုနှင့် အခြားသူများက ရေကန်အနီးသို့ ရောက်ရှိလာပြီး အာရုံစိုက်၍ ကြည့်လိုက်၏။

ရေကန်၏ အလယ်မှာ လှပ၍ တဖျပ်ဖျပ် တလက်လက် အလင်းရောင်များဖြင့် မကြာမကြာ တောက်ပနေသော အထီးကျန် ကျွန်းတစ်ကျွန်း ရှိနေ၏။

ဒါ့အပြင် အထီးကျန်ကျွန်း ရှိရာဘက်ကနေ ခပ်ဖျော့ဖျော့ ဆေးရနံ့တစ်ခုက ပျံ့လွင့်လာနေ၏။

“အဲဒါ ဖြစ်နိုင်တာက…”

ဝဝဖိုင့်ဖိုင့်လူက ကျွန်းပေါ်မှာ ရှိသော အလင်းရောင်ကို စိုက်ကြည့်ပြီး ပြူးကျယ်သော မျက်လုံးများနှင့် အံ့အားတသင့် ရေရွတ်လိုက်၏။

“အဲဒါက ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းပဲ”

ပိန်ပိန်ပါးပါးလူအိုကလည်း ထပ်တလဲလဲ ခေါင်းညိတ်လိုက်၏။

“အဲဒါက ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းဆိုတာ သေချာပေါက်ပဲ.. အဲဒါက မှားစရာ မရှိဘူး”

“ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းပင်တစ်ပင်က ဒီဧကရာဇ်ဂူသင်္ချိုင်းထဲမှာ လာပေါက်နေတာပဲ.. နောက်ပြီး အဲဒါက မတူညီတဲ့ အရောင်ခုနှစ်မျိုးနဲ့ လုံးဝကို ရင့်မှည့်နေပြီ”

ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်က စိတ်လှုပ်ရှားသွားပြီး သူတို့၏ ဣန္ဒြေပင် ပျက်သွားကြ၏။

ဆူဇီမိုက ထျန်ကျစ်ရီထံ အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းဆိုတာ ဘာလဲ”

“အဲဒါက အထက်ဘုံမှာ အကျော်ကြားဆုံး အင်မော်တယ်ဆေးပင်တွေထဲက တစ်ခုပဲ.. ဒဏ္ဍာရီအရဆို အဲဒါက ရင့်မှည့်လာတာနဲ့ မတူညီတဲ့ အရောင်အဝါခုနှစ်မျိုးကို ဖြာထုတ်ပြီး သေသူကိုတောင် ပြန်ရှင်စေနိုင်တယ်လို့ ပြောတယ်.. လူတစ်ယောက်က ဘယ်လောက်ပဲ ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိထားပါစေ.. သူတို့က လုံးဝကို ပြန်သက်သာလာလိမ့်မယ်”

“ရင့်မှည့်နေတဲ့ ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းပင်တစ်ပင်က အပြင်လောကမှာ ပေါ်ထွက်လာမယ်ဆိုရင် ပကတိအင်မော်တယ်တွေနဲ့ အင်မော်တယ်ဘုရင်တွေတောင်မှ အဲဒါအတွက် တိုက်ခိုက်ကြလိမ့်မယ်”

ခဏမျှ ရပ်တန့်ပြီးနောက် ထျန်ကျစ်ရီက ဆက်ပြောလိုက်၏။

“နောက်ပြီး ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းက ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝသက်တမ်းကိုလည်း တိုးမြှင့်ပေးနိုင်တယ်”

ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။

ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်က ဣန္ဒြေပျက်လောက်အောင် စိတ်လှုပ်ရှားသွားကြသည်မှာ မထူးဆန်းပေ။

သူတို့နှစ်ယောက်သည် သူတို့၏ ဘဝသက်တမ်းများ ကုန်ဆုံးတော့မည့်ဆဲဆဲ အချိန်မှာ ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာဖို့ ရွေးချယ်ခဲ့ကြ၏။ သူတို့က ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းကို ရရှိနိုင်မည်ဆိုလျှင် သူတို့သည် ဘဝသက်တမ်းကုန်ဆုံးမည့် ခြိမ်းခြောက်မှုက​နေ လွတ်မြောက်နိုင်မည်ဖြစ်၏။

ဆူဇီမိုကလည်း တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို သတိထားမိသွား၏။

ခါတိုင်းမှာ တည်ငြိမ်နေသော ထျန်ကျစ်ရီ၏ လေသံကပင်လျှင် ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းအကြောင်း ပြောချိန်မှာ အနည်းငယ် တုန်ယင်နေ၏။

ထျန်ကျစ်ရီ ပြောသည့်အရာက အမှန်ဆိုလျှင် ဤကဲ့သို့သော အင်မော်တယ်ဆေးပင်တစ်ပင်က တကယ့်ကို အန္တိမ ရတနာတစ်ခု ဖြစ်၏။

ဆူဇီမိုသည် အစကတည်းက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်ပြီး ဤအင်မော်တယ်ဆေးပင်က သူ့အတွက်လည်း ကြီးမားစွာ အသုံးဝင်ပေလိမ့်မည်။

သို့သော်လည်း သူက သူ၏ ဣန္ဒြေကို ထိန်းထားနိုင်ဆဲဖြစ်၏။

ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဤကဲ့သို့သော အင်မော်တယ်ဆေးပင်တစ်ပင် ပေါ်ထွက်လာတာတောင် ဘေးပတ်ဝန်းကျင်မှာ ရှိသော ကျင့်ကြံသူများက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်သေးသည့်အချက်သည် အဲဒါကို ရရှိဖို့ မလွယ်ကူကြောင်း သက်သေပြနေ၏။

ဆူဇီမို၏ အကြည့်က ရေကန်၏ မျက်နှာပြင်ပေါ်သို့ ဆင်းသက်သွား၏။

ရေကန်က ကြည်လင်၍ စိမ်းလဲ့နေ၏။ ဆူဇီမို၏ အမြင်အာရုံနှင့်ပင်လျှင် သူသည် ရေကန်အောက်ခြေတွင် ဘာရှိသည်ကို မတွေ့မြင်နိုင်ပေ။

သို့သော်လည်း အဲဒီမှာ အန္တရာယ်တစ်ခုခု ရှိမည်ဆိုလျှင် အဲဒါက ဤရေကန်ထဲကနေ လာဖို့များလေသည်။

သူက စဉ်းစားတွေးတောနေစဉ် ပိန်ပိန်ပါးပါးနှင့် ဝဝဖိုင့်ဖိုင့် လူအိုနှစ်ယောက်က သူတို့၏ ဣန္ဒြေကို ပြန်ဆည်နိုင်သွားပြီဖြစ်၏။

သူတို့၏ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရင်း ပိန်ပိန်ပါးပါးလူအိုက ရုတ်တရက် မေးလိုက်၏။

“အဲဒီ အင်မော်တယ်ဂျင်စင်းကို ဘယ်သူသွားယူချင်လဲ”

All Chapters