← Chapters

အမှောင်ထု

Vol. 132 Ch. 1974

အမှောင်ထု

Vol. 132 Ch. 1974

“အဲ့ဒီလူကတော့ တကယ်ကိုသွားရှာပြီ”

“ဘာဖြစ်သွားတာလဲ... သူက စောစောတုန်းက အဲ့ကနေဘယ်လိုထွက်လာတာလဲ”

“ငါသူ့ကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး... သူက တည်နေရာခုန်ကူးလိုက်တဲ့အတိုင်းပဲ... သူ့ရဲ့နောက်ခံက ဘာပါလိမ့်”

ရေကန်၏ ဘေးပတ်လည်မှာရှိသော လူအုပ်ကြီးက အဲ့ဒါကို တွေ့မြင်သောအခါ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာ၏။

ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်၏ အမူအယာများကလည်း တည်တံ့လာခဲ့၏။

သူတို့၏ အမြင်အာရုံနှင့်ပင်လျှင် ဆူဇီမိုက သွေးနီမဟူရာကင်းမွန်၏ အဟန့်အတားကနေ ဘယ်လိုရုန်းထွက်လာခဲ့သလဲ ရှင်းရှင်းလင်းလင်း မတွေ့မြင်လိုက်ရပေ။

“ဒီကောင်လေးက တော်တော်စွမ်းသားပဲ”

ပိန်ပိန်ပါးပါးလူအိုက ဝဝဖိုင့်ဖိုင့်လူအိုထံ အသံတစ်ခုကိုပို့လွှတ်လိုက်၏။

“ဒီကောင်လေးက ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကို တကယ်ပဲခူးယူနိုင်ခဲ့မယ်ဆိုရင်... ဟီးဟီး”

ဝဝဖိုင့်ဖိုင့်လူအိုက ဆက်လက်၍ မပြောဆိုလဲ တောင်လောင်ပြင်းပြသော အကြည့်နှင့် စိတ်လှုပ်ရှားတက်ကြွသောအမူအရာနှင့်အတူ ရယ်မောရုံသာရယ်မောနေ၏။

အထီးကျန်ကျွန်း၏ အထက်တွင်...။

ဆူဇီမိုသည် ဧရာမရွှေငှက်၏ တောင်ပံများကို ထိန်းချုပ်ပြီး ကျွန်းပေါ်ရှိအခြေအနေကို စစ်ဆေးဖို့အတွက် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။

ထျန်ကျစ်ရီက တစ်စုံတစ်ရာကို အရုံခံမိသွားသည့်အလား ဆူဇီမိုနှင့် ခပ်မြန်မြန်လူချင်းခွာပြီး သူမ၏ ခေါင်းကို တိတ်တဆိတ်ငုံ့လိုက်၏။

“ငါနင့်ပေါ်မှာ နောက်ထပ်အကြွေးတင်သွားပြန်ပြီ”

ခဏနေပြီးနောက် ထျန်ကျစ်ရီက ပြောလိုက်၏။

အစကတော့... သူမသည် ဆူဇီမိုကို အကြွေးတစ်ခုပြန်ဆပ်နိုင်ခဲ့ပြီးပြီဖြစ်၏။

သို့သော်လည်း သိပ်မကြာခင်မှာပင် သူမက နောက်ထပ်အကြွေးတစ်ခုတင်သွားပြန်လေပြီ။

ထျန်ကျစ်ရီက အနည်းငယ်မချင့်မရဲ ဖြစ်နေ၏။ သူမက ပေကပ်ကပ်နိုင်သောစိတ်နေစရိုက်ရှိပြီး အရမ်းကိုခေါင်းမာလေသည်။ သူမသည် မည်သူ့အပေါ်ကိုမှ အကြွေးမတင်လိုပေ။

အစကတော့... ဤလူ၏ သနားညှာတာမှုကို တတ်နိုင်သမျှ မြန်မြန်ပြန်ပေးဆပ်ပြီး ထိုသူနှင့် ပတ်သက်ဆက်နွယ်မှု ထပ်မံမပြုလုပ်တော့ဖို့ ရည်ရွယ်ထား၏။

သို့သော်လည်း ဘာ့ကြေင့်ရယ်မသိ ဤလူနှင့် သူမ၏ ဆက်ဆံရေးက ဆက်လက်၍ ပတ်သက်ငြိစွန်းနေပြီး ပို၍ပင် နက်ရှိုင်းလာခဲ့၏။

“ရပါတယ်”

ဆူဇီမိုက သာမန်ကာလျှံကာပြန်ဖြေလိုက်၏။

“ငါ့ရဲ့ပစ်မှတ်က ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းပဲ... ငါကစောစောက မင်းကိုလမ်းကြုံလို့ ဝင်ကယ်ခဲ့တာ...အဲ့ဒါကို စိတ်ထဲထားမနေနဲ့”

ထျန်ကျစ်ရီက သူမ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်လိုက်၏။

ဆူဇီမိုက ထိုသို့ပြောလေလေ သူမက အဲ့ဒါကိုပို၍ မမေ့ဖျောက်နိုင်လေဖြစ်၏။

“ဒီကျွန်းက နဲနဲတော့ ထူးဆန်းနေတယ်... သတိထားဦး”

ဆူဇီမို၏ အသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။

ထျန်ကျစ်ရီက ရင်တစ်ချက်ထိတ်သွားပြီး သူမ၏ အတွေးများကို အလျင်အမြန်တည်ငြိမ်စေလိုက်၏။

ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းက ကျွန်း၏ အလယ်မှာ တည်ရှိလေသည်။ သတိထားသည့်အနေဖြင့် ဆူဇီမိုက ကျွန်း၏ အစပ်သို့ ဆင်းသက်လိုက်၏။

သို့သော်လည်း အထီးကျန်ကျွန်းပေါ်သို့ သူဆင်းသက်လာပြီးနောက် မျက်လုံးမဲ့ငါးများနှင့် သွေနီမဟူရာကင်းမွန်က သူ့နောက်သို့ ဆက်လက်၍ လိုက်မလာခဲ့ပေ။

သွေးနီမဟူရာကင်းမွန်က အရမ်းကိုဒေါသတကြီးဖြစ်နေပြီး သူ၏ ကင်းမွန်လက်များဖြင့် ရေပြင်ကို တဘုန်းဘုန်းရိုက်ကာ ကျယ်လောင်သော လှိုင်းလုံးများကို ပေါ်ထွက်လာစေ၏။

သို့သော်လည်း ထိုသားရဲတောကောင်က အထီးကျန်ကျွန်းထံသို့ လုံးဝချဥ်းကပ်လာရဲခြင်း မရှိပေ။

ဆူဇီမိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး အထီးကျန်ကျွန်းကို စစ်ဆေးကြည့်လိုက်သောအခါ သူက မည်သည့်အသက်ဓာတ်ကိုမှ ရှာမတွေ့ပေ။

“ထူးဆန်းတယ်...”

ဆူဇီမိုက တီးတိုးရေရွတ်ပြီး ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းရှိရာသို့ ဂရုတစိုက်လျှောက်လှမ်းလာ၏။

ထျန်ကျစ်ရီကလည်း နောက်ကနေလိုက်ပါလာ၏။

ကျွန်းပေါ်မှာ လူ့တစ်ရပ်လောက်ရှိသော ချုံပုတ်များစွာရှိနေ၏။ သိပ်မကြာခင် သူတို့နှစ်ယောက်က ကျင့်ကြံသူများစွာ၏ မြင်ကွင်းကနေ ပျောက်ကွယ်သွား၏။

ကျွန်းက မကြီးမားပေ။ သို့သော်လည်း သတိထားသည့်အနေဖြင့် ဆူဇီမိုက အင်မော်တယ်ဂျင်ဆင်းရှိရာသို့ ရောက်ရှိဖို့ ၂နာရီလောက် အချိန်ယူလိုက်၏။

သူတို့နှစ်ယောက်က တစ်ချိန်လုံးမျာ မည်သည့်အန္တရာယ်ကိုမှ မတွေ့ခဲ့ရပေ။

ဆူဇီမိုသည် ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းနှင့် ပေတစ်ရာအကွာအဝေးမှာရပ်တန့်ပြီး ရှေ့သို့ဆက်မတက်တော့ပေ။

သူ့ရှေ့မှာရှိသော ချုံပုတ်များကနေတစ်ဆင့် မွေးကင်းစကလေးတစ်ယောက်၏ လက်မောင်းလုံးအရွယ်လောက်ရှိသော အင်မော်တယ်ဂျင်ဆင်းပင်ကို သူက တွေ့မြင်နေရ၏။

၎င်းက အလငာ်းရောင်စဥ်ခုနှစ်မျိုးဖြင့် တောက်ပနေပြီး ကြွယ်ဝသော ဆေးရနံ့တစ်ခုကို ဖြာထုတ်ကာ လွှမ်းမိုးခြယ်လှယ်နိုင်သော စိတ်ဝိညာဥ်ချီတစ်ခုရှိနေ၏။

“အဲ့ဒီမှာ ဘာအန္တရာယ်မှမရှိလောက်ဘူးမလား”

ထျန်ကျစ်ရီက ညင်သာစွာပြောလိုက်၏။

“တစ်ခုခုလွဲနေတယ်”

ဆူဇီမို၏ အမူအရာက တည်တံ့နေ၏။

သူသည် အနီးနားမှာ မည်သည့်အန္တရာယ်ကိုမှ ရှာမတွေ့ဘဲ သူ၏ အာရုံခံသတိစိတ်ကလည်း သူ့ကိုသတိပေးခြင်းမရှိသော်လည်း သူက တစ်စုံတစ်ရာလွဲမှားနေသည်ဟု ခံစားရ၏။

ဆူဇီမိုသည် သူ၏ ပတ်ဝန်းကျင်ကို အကြိမ်ရေအနည်းငယ် စစ်ဆေးကြည့်ရှုလိုက်သော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့သေးပေ။

“ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းလို ရတနာတစ်ခုကို မွေးထုတ်ပေးဖို့အတွက် ဘယ်လိုပတ်ဝန်းကျင်အမျိုးအစားတစ်ခု လိုအပ်လဲ”

ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။

ထျန်ကျစ််ရီကပြောလိုက်၏။

“အဲ့ဒါက ဒဏ္ဍာရီအင်မော်တယ်ဆေးပင်ပဲ... ငါလည်းသေချာမပြောတတ်ဘူး... ဒါပေမဲ့ ဒီလိုမျိုး အဆုံးစွန်ရတနာတစ်ခုကို ပျိုးထောင်ပေးဖို့ လိုအပ်တဲ့စွမ်းအင်ပမာဏက စဥ်းစားကြည့်လို့မရနိုင်အောင်ပဲ”

“ဒီအထီးကျန်ကျွန်းက ထူး​ခြားနေတာ ဘာမှမရှိပါဘူး... အဲ့ဒါနဲ့ပတ်သက်ပြီး တစ်ခုခုထူးခြားနေတာကို ငါမတွေ့ရဘူး... အဲ့ဒါက ဒီလိုမျိုး အင်မော်တယ်ဆေးပင်တစ်ပင်ကို ဘယ်လိုမျိုး ပျိုးထောင်ပေးနိုင်ခဲ့သလဲ ငါသိချင်မိတယ်”

ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောလိုက်သော်လည်း အကြောင်းရင်းကို ရှာမတွေ့ပေ။

ထျန်ကျစ်ရီက ပြောလိုက်၏။

“အဲ့ဒါကို ငါသွားခူးလိုက်မယ်လေ... ငါအဲ့ဒါကိုရလာရင် နင့်ကိုပြန်ပေးမယ်”

ဆူဇီမိုက ဘေးတိုက်တစ်ချက် စွေကြည့်ပြီး ရင်တစ်ချက်ထိတ်သွား၏။

ထျန်ကျစ်ရီက အဲ့ဒါကို ရှင်းလင်းစွာမပြောဆိုသော်လည်း သူမက သူ့ကို အကြွေးတစ်ခု ပြန်ဆပ်လိုနေခြင်းဖြစ်လေသည်။

“ငါပဲသွားလိုက်မယ်”

ဆူဇီမိုက ညင်သာစွာပြုံးပြလိုက်၏။

သူ့မှာ ရတနာအချို့နှင့်ဝှက်ဖဲများစွာရှိနေ၏။ သူက အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမယ်ဆိုလျှင်တောင် သူ့မှာထွက်ပြေးဖို့အတွက် အခွင့်အရေးတစ်ခု ရှိပေလိမ့်မည်။

အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဆူဇီမိုက သူ့ရှေ့မှာရှိသော ချုံပုတ်များကို တွန်းဖယ်ကာ ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းသွား၏။

ပေကိုးဆယ်... ။

ပေခုနှစ်ဆယ်...။

ပေငါးဆယ်....။

ဆူဇီမိုသည် ရောင်စဥ်ခုနှစ်သွယ် အင်းမော်တယ်ဂျင်ဆင်းနှင့်ပို၍နီးကပ်လာလေလေ ပို၍စိုးရိမ်ထိတ်လန့်လာလေလေဖြစ်၏။

သို့သော်လည်း သူ၏ အနီးနားတစ်ဝိုက်မှာ မည်သည့်သက်ဝင်လှုပ်ရှားမှုမှမရှိဘဲ ကြောက်စရာကောင်းလောက်အောင်ငြိမ်သက်နေ၏။

တစ်ခဏချင်းမှာပင် ဆူဇီမိုသည် ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းနှင့် ပေသုံးဆယ်သာကွာဝေးတော့၏။

အဲ့ဒီမှာ မည်သည့်အန္တရာယ်မှရှိမနေသေးပေ။

မဆင်မခြင်ပြုမူရဲခြင်းမရှိဘဲ ဆူဇီမိုက သူ၏ သတိဝီရိယကို ထိန်းသိမ်းထားကာ ဖြည်းဖြည်းချင်း ဆက်လက်ချဥ်းကပ်လာ၏။

ဆယ်ပေ...

သူက ခြေလှမ်းအနည်းငယ် ဆက်လှမ်းလိုက်သည်နှင့်အမျှ ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းနှင့် လက်တစ်ကမ်းအကွာသို့ရောက်ရှိလာပေလိမ့်မည်။

ဆူဇီမိုက စိတ်လှုပ်ရှားလာပြီး ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်၏။

ထိုစဥ်မှာပင် အပြောင်းအလဲတစ်ရပ်က ဖြစ်ပွားလာခဲ့၏။

ဘေးပတ်ဂန်းကျင်မှာရှိသောလေဟာနယ်က တုန်ခါသွားပုံရ၏။

ထို့နောက်... အလွန်တရာသန့်စင်၍ အေးစက်နေသော စွမ်းအားတစ်ခုက ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်း၏ ပတ်လည်မှာ ဖြန့်ကြက်လာခဲ့၏။

ဆူဇီမိုအတွက်တော့ သူ့ရှေ့မှာရှိသော လေဟာနယ်က မင်တစ်စက်နှင့် ဗလာစက္ကူတစ်ရွက်ကဲ့သို့ဖြစ်၏။

ထို့နောက်မင်က ပျံ့နှံ့သွားပြီး အဆက်မပြတ်ဖြန့်ကြက်လာခဲ့၏။

ဆူဇီမို၏ မျက်လုံးက ပြူးကျယ်သွား၏။

အမှောင်ထုက ပြန့်ကားလာပြီး ၎င်း၏ ဘေးပတ်လည်မှာရှိသည့်အရာရာတိုင်းကို ဝါးမျိုနေ၏။

ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်း၏ ဘေးပတ်လည်မှာရှိသော ​ချုံပုတ်များက အမှောင်ထု၏ တိုက်စားမှုအောက်မှာ လုံးဝပျောက်ကွယ်ကာ ၎င်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့၏။

သူတို့သည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား မျက်လုံးမဲ့ငါးများနှင့် သွေးနီမဟူရာကင်းမွန်က ရေကန်၏ အနက်ပိုင်းထဲသို့ ငုပ်လျှိုးကာ ပျောက်ကွယ်သွား၏။

ရေပြင်ကပင်လျှင် ထိုဖိအားဒဏ်ကို ခံနိုင်ရည်မရှိပေ။

စောစောက တလိပ်လိပ်ထိုးတက်နေသော လှိုင်းလုံးများက တစ်ခဏချင်းမှာပင် တည်ငြိမ်သွား၏။

“ကြည့်စမ်း”

လူတစ်ယောက်က ရေကန်ကိုလက်ညှိုးထိုးပြီး အံ့အားတသင့်ပြောဆိုလိုက်၏။

ရေကန်တစ်ခုလုံးက သိပ်သည်းသောမင်ရည်များဖြင့် ဖြန်းပက်ခြင်းခံလိုက်ရသည့်အလား နက်မှောင်သွားပြီး မကောင်းဆိုးဝါးဆန်သော အေးစက်စက်အော်ရာတစ်ခုဖြာထွက်လာ၏။

အထီးကျန်ကျွန်းပေါ်တွင်...။

ဆူဇီမို၏ ခြေနှစ်ဖက်က ရွှံ့ညွန်တောထဲသို့ ကျဆင်းသွားသည့်အလား သူက လုံးဝမလှုပ်ရှားနိုင်တော့ပေ။

အမှောင်ထုက သူ့ထံသို့တိုးဝင်လာပြီး သူ၏ အာရုံခံသတိစိတ်က သူ့ကိုသတိပေးလာသောအခါ ဆူဇီမိုသည် သူ၏ အဆုံးစွန်အလျင်အဟုန် နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီး ဧရာမရွှေငှက်တောင်ပံများကို စုဖွဲ့လိုက်၏။

ထိုသို့ဆိုလျှင်တောင် သူက မလွတ်မြောက်နိုင်ပေ။

သူ၏ ခန္ဓာကိုယ်သည် အဆုံးမဲ့ချောက်နက်တစ်ခုထဲသို့ ကျဆင်းသွားသည့်အလား သူသည် မည်သို့ပင် လှုပ်ရှားရုန်းကန်သည်ဖြစ်စေ... ရုန်းမထွက်နိုင်ပေ။

သူ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး သူက ငရဲဖိနှမ်မီးဖိုကို ဆင့်ခေါ်ထုတ်ချင်၏။

သို့သော်လည်း သူ၏ စိတ်ဝိညာဥ်အသိစိတ်သည် အမှောင်ထု၏ ဝါးမျိုခြင်းခံလိုက်ရပုံရပြီး ငရဲဖိနှိမ်မီးဖိုနှင့် ဆက်သွယ်မှုပျောက်ဆုံးသွား၏။

သူသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်နှင့် အခြားသော လျှို့ဝှက်အတတ်များစွာကိုလည်း မထုတ်ဖော်နိုင်တော့ပေ။

အမှောင်ထုက တလိပ်လိပ်တိုးဝင်လာနေသည်ကို သူက ဘာမှမတတ်နိုင်ဘဲ ကြည့်နေရ၏။

“ဆူဇီမို...”

ထျန်ကျစ်ရီ၏ ထိတ်လန့်တကြားအော်ခါ်သံက သူ၏ နောက်ဘက်ကနေ ထွက်ပေါ်လာ၏။

“ဒီကိုမလာခဲ့နဲ့”

ဆူဇီမိုက အော်ပြောလိုက်၏။

ယခုအချိန်မှာ ရှေ့သို့တက်လာသောမည်သူမဆို ဤကဲ့သို့သောအခြေအနေမှာ ပိတ်မိသွားပေလိမ့်မည်။

အမှောင်ထုက တိုက်ခတ်လာသောအခါ ဆူဇီမို၏ ဆန့်ထုတ်ထားသော ညာဘက်ခြေထောက်က အဲ့ဒါနှင့်အရင်ဆုံး ထိတွေ့မိသွား၏။

ဆူဇီမိုက ခေါင်းငုံ့ကာကြည့်ပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က မယုံကြည်နိုင်စွာတင်းကျပ်သွား၏။

သူ၏ ညာဘက်ခြေထောက်က အမှောင်ထုနှင့်တိုက်စားခြင်းခံရပြီးနောက် အရင်ဆုံးပျောက်ကွယ်သွား၏။

အဲ့ဒီမှာမည်သည့်နာကျင်မှုမရှိပေ။

အဲ့ဒီမှာ မည်သည့်သွေးမှ ထွက်မလာခဲ့ပေ။

သို့သော်လည်း သူ၏ ညာဘက်​ခြေထောက်က မရှိတော့သည်ကို ဆူဇီမိုက ရှင်းလင်းစွာသိရှိလိုက်၏။

အကြောင်းမှာ သူသည် အဲ့ဒီကနေ မည်သည့်ခံစားချက်ကိုမှ မရရှိတော့ပေ။

သူ၏ အသားနှင့် အရိုးများက ပျောက်ဆုံးသွားပြီး အမှောင်ထုထဲမှာ လုံးဝဝါးမျိုခံရကာ ၎င်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖြစ်သွားခဲ့၏။

ထို့နောက် အမှောင်ထုက သူ၏ ခြေသလုံးသို့ ရောက်ရှိလာခဲ့၏။

အမှောင်ထုက အလွန်တရာမြန်ဆန်စွာ ဝါးမျိုနေပြီး နောက်ခဏ၌ ဆူဇီမို၏ ညာဘက်ခြေထောက်တစ်ဖက်လုံးက ပျောက်ကွယ်သွား၏။

All Chapters