လွတ်မြောက်လာခြင်း
Vol. 132 Ch. 1975
အဲ့ဒီမှာ မည်သည့်နာကျင်မှုမှမရှိသော်လည်း ခံစားချက်က အရမ်းကိုကြောက်စရာကောင်းပြီး စိတ်ပျက်ဖွယ်ရာပင်။
အထက်ဘုံလောကမှာ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အဖြစ် ကျင့်ကြံပြီးမှသာ သူတို့၏ ခြေလက်များကို ပြန်ပေါက်စေနိုင်မည်ဖြစ်၏။
သို့သော်... ယခု ဆူဇီမိုသည် အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်၏။
ဒါ့အပြင် သူသည် အမှောင်ထု၏ ဝါးမျိုခြင်းခံရပြီးနောက် သွေးတစ်စက်ပင် ထွက်မလာခဲ့ပေ။ ကောင်းကင်အင်မော်တယ်တစ်ယောက်ရောက်လာလျှင်ပင် အဲ့ဒါက သုံးစားရမည် မဟုတ်ပေ။
အမှောင်ထုထဲတွင် တစ်ခုတည်းသော အလင်းရောင်မှာ သက်တံရောင်ထွက်နေသည့် အင်မော်တယ်ဂျင်ဆင်းပင်သာဖြစ်၏။
ထိုအခိုက်အတန့်မှာ အစက ကြွယ်ဝသော အသက်ဓာတ်အားဖြင့် ပြည့်နှက်နေသည့် အင်မော်တယ်ဂျင်ဆင်းပင်လျှင် ဆူဇီမို၏ မျက်လုံးထဲမှာ နတ်ဆိုးဆန်လာခဲ့၏။
အမှောင်ထုစွမ်းအားကို ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းပင်က ထုတ်ဖော်နေတာများလား။
“ငါဘာလုပ်ရမလဲ... အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ဒီနေ့ဒီနေရာမှာ တကယ်ပဲသေရတော့မှာလား”
အထက်ဘုံလောကက ထျန်ဟွမ်ကုန်းမြေတိုက်ထက် ပို၍အန္တရာယ်များကြောင်း တျဲယွဲ့နှင့် လူသားဧကရာဇ်က သူ့ကို ပြောခဲ့ဖူး၏။
သူသည် အထက်ဘုံလောကသို့ တက်လှမ်းလာပြီးနောက် မရေမတွက်နိုင်သော သေရေးရှင်ရေးပြဿနာများနှင့် ကြုံတွေ့ခဲ့ရပြီး တစ်ကြိမ်စီတိုင်းမှာ သေလုမတတ်ပင်။
နှစ်တစ်ထောင်ကျော်မှာ သူသည် မဟာလောကသုံးထောင်သို့ စွန့်စားသွားလာဖို့နေနေသာ ကောင်းကင်ဘုံကမ္ဘာ၏ နယ်မြေဒေသတစ်ခုဖြစ်သော မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေထဲကပင် စွန့်စားထွက်ခွာနိုင်ခြင်း မရှိပေ။
ဆူဇီမို၏ စိတ်ထဲသို့ အတွေးများစွာက တဖျတ်ဖျတ်ဝင်ရောက်လာပြီး သူက မချင့်မရဲခံစားနေရ၏။
ချက်ချင်းပင် အမှောင်ထုက သူ့ကိုလွှမ်းခြုံကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုသွား၏။
ရုတ်တရက်ဆိုသလို...။
ရုတ်တရက် ဆူဇီမို၏ ဘယ်ဘက်မျက်လုံးက ပိန်းပိတ်အောင်နက်မှောင်သွားပြီး သူ၏ သူငယ်အိမ်က ပျောက်ကွယ်သွား၏။ ထိုအစား အေးစက်နေသောအော်ရာတစ်ခုနှင့်အတူ ဧရာမနက်မှောင်နေသော ဝဲကတော့တစ်ခုက ပေါ်ထွက်လာခဲ့၏။
ဆူဇီမို၏ ဘယ်ဘက်မျက်လုံးကနေ ထုတ်လွှတ်လိုက်သောစွမ်းအားက ဘေးပတ်ဝန်းကျင်မှာရှိသော အမှောင်ထု၏ စွမ်းအားနှင့် အရမ်းကိုဆင်တူနေ၏။
တကယ်ဆို အဲ့ဒါက ပို၍ပင် သန့်စင်ပြီး ပို၍ပင် သိပ််သည်းကျစ်လစ်နေ၏။
အဲ့ဒါက တမလွန်မီးရောင်ကျောက်တုံးဖြစ်၏။
တမလွန်မီးရောင်မျက်လုံး၏ မူလဇာစ်မြစ်ကို မည်သူမှ မသိပေ။
ထိုကျောက်တုံးသည် အထက်ဘုံကနေလာသော ကောလဟာလများရှိခဲ့၏။
ထိုကျောက်တုံးသည် ပုံရိပ်ယောင်မဟာလောကကနေ လာသည်ဟုလည်း လူတချို့က ပြောကြသည်။
သို့သော်လည်း မည်သို့ပင်ဆိုစေ ထိုကျောက်တုံးသည် အဆုံးစွန်အမှောင်ထု၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဘေးပတ်ဝန်းကျင်ရှိ အမှောင်ထုကိုပင် ဝါးမျိုနေ၏။
သူ၏ ခန္ဓာကိုယ်ထဲရှိ အမှောင်ထု၏ စွမ်းအားက လျော့ကျလာပြီး ဆူဇီမို၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာ၏။
တမလွန်မီးရောင်ကျောက်တုံး၏ စုပ်ယူမှုနှုန်းက အရမ်းကိုနှေးကွေးနေသေး၏။
သို့သော်လည်း အမှောင်ထုစွမ်းအားက အဆက်မပြတ် တလိပ်လိပ်ထိုးတက်လာနေပြီး တမလွန်မီးရောင်ကျောက်တုံးသည် အမှောင်ထုစွမ်းအားများအားလုံးကို ဝါးမျိုသန့်စင်နိုင်ခြင်း မရှိပေ။
ထိုသို့ဖြင့် အမှောင်ထု၏ တိုက်စားမှုနှင့် တမလွန်မီးရောင်ကျောက်တုံး၏ ဝါးမျိုမှုက ဆူဇီမို၏ ခန္ဓာကိုယ်အတွင်းမှာ ယာယီမျှခြေတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဆူဇီမို၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာသော်လည်း အဲ့ဒါက တစ်စိတ်တစ်ပိုင်းမျှသာဖြစ်၏။
အတိအကျဆိုရလျှင် ကျောက်စိမ်းရောင်အရိုးစုတစ်ခုကသာ ပေါ်ထွက်လာခြင်းဖြစ်၏။
ဤအရိုးစုကို ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ မြေအောက်နန်းတော်ထဲမှာ ဖန်တီးခြင်းကြာပဒုမ္မာကို အသုံးပြု၍ ဖန်တီးခဲ့ခြင်းဖြစ်၏။
အရိုးများက ကျန်ရှိနေသေးသော်လည်း သူတို့ပေါ်ရှိအသားများက အပြီးတိုင်ပျောက်ကွယ်သွားပြီး အမှောင်ထု၏ ဝါးမျိုခြင်း ခံခဲ့ရ၏။
အခြားတစ်ဘက်မှာ ထျန်ကျစ်ရီက ညှိုးငယ်နေသောအကြည့်နှင့် ရှေ့တည့်တည့်အမှောင်ထုကို ကြည့်နေ၏။
လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် သူမသည် သွေးအေးရက်စက်သောနှလုံးသားရှိပြီး စိတ်ခံသားချက်များနှင့် ပြင်ပအရာများက သူမကို မချုပ်နှောင်နိုင်ပေ။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်သိရှိခဲ့သည်မှာ မကြာသေးပေ။
အစကတော့... ဆူဇီမိုသည် သူမ၏ ဘဝမှာ အနည်းငယ်ထူးခြားသော ခရီးသွားဟန်လွှဲတွေ့ဆုံသူတစ်ယောက်ဟုသာ ထျန်ကျစ်ရီက မှတ်ယူထား၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အမှောင်ထုထဲတွင် ဆူဇီမိုမြှုပ်နှံခံလိုက်ရသည်ကို တွေ့မြင်သောအခါ သူမသည် နှစ်ပေါင်းများစွာ မခံစားခဲ့ရသော ဝမ်းနည်းမှုကို ခံစားနေရ၏။
ထိုအခိုက်အတန့်မှာ ဆူဇီမိုနှင့် ထိတွေ့ဆက်ဆံခဲ့သော ပုံရိပ်များစွာက သူမ၏ စိတ်ထဲသို့ တဖျပ်ဖျပ်ဝင်ရောက်လာ၏။
အံ့အားသင့်ဖွယ်ကောင်းစွာပင် ဤလူနှင့်သူမပြောဆိုခဲ့သည့် စကားလုံးအရေအတွက်က ပြီးခဲ့သည့်နှစ်ပေါင်းရာဂဏန်းတချို့အတွင်း သူမပြောခဲ့သည့် စကားလုံးများအားလုံးထက် ပို၍များပြားနေသည်ကို နားလည်သိရှိလိုက်၏။
ထျန်ကျစ်ရီက အဲ့ဒါကို တွေးတောနေစဥ် သူမ၏ မျက်လုံးထဲမှာ မြူခိုးတစ်လွှာက တဖြည်းဖြည်းပေါ်ထွက်လာ၏။
ထိုစဥ်မှာပင် သူမ၏ မျက်လုံးထဲရှိ မြူခိုးများကြားမှာ အစိမ်းရောင်ခပ်ဖျော့ဖျော့အလင်းတစ်ခု တောက်ပလာ၏။
ထျန်ကျစ်ရီက အလိုလိုမော့ကြည့်လိုက်၏။
“အာ...”
ထျန်ကျစ်ရီ၏ အမူအရာက ပြောင်းလဲသွားပြီး အံအားတသင့်ရေရွတ်လိုက်၏။
သူမရှေ့မှာရှိသောမြင်ကွင်းက တုန်လှုပ်စရာကောင်းလွန်းလေသည်။
မတူညီသောအလင်းရောင်နှစ်ခုက အမှောင်ထဲမှာ တောက်ပနေ၏။
ရှေ့တည့်တည့်မှာရှိသည်က ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းပင်ကနေ ထုတ်လွှတ်ထားသည့် အလင်းရောင်ခြည် ၇ခု ဖြစ်၏။
ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းနှင့် ဆယ်ပေအကွာမှာ လူပုံသဏ္ဌာန်အရိုးစုတစ်ခုက မတ်တတ်ရပ်နေ၏။ အဲ့ဒါက ကျောက်စိမ်းရောင်ဖြစ်ပြီး အသက်ဓာတ်အားဖြင့် ပြည့်နှက်နေသည့် တဖျတ်ဖျတ်တလက်လက် အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးကာ အဲ့ဒါသည် ဘေးပတ်ဝန်းကျင်ရှိအမှောင်ထုနှင့် ဆန့်ကျင်တိုက်ခိုက်နေ၏။
“ဆူဇီမို...”
ထျန်ကျစ်ရီက ညင်သာစွာအော်ခေါ်လိုက်၏။
သို့သော်လည်း ရှေ့မှာရှိသောလမ်းကြောင်းကို အမှောင်ထုကလွှမ်းခြုံထားပြီး အသံပင်လျှင် ချက်ချင်းဝါးမျိုခံရပေလိမ့်မည်။
“သူက သေမသွားဘူးလား”
ထျန်ကျစ်ရီ၏ အမူအရာက တည်ကြည်လေးနက်လာခဲ့၏။
သူမသည် အဲ့ဒါကို သူမ၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိလျှင် ကျင့်ကြံသူတစ်ယောက်၏ အရိုးများက ဤမျှအတိုင်းအတာထိ ပြောင်းလဲလာလိမ့်မည်ဟု သူမက စဥ်းစားနိုင်လိမ့်မည် မဟုတ်ပေ။
အဲ့ဒါထက် အရိုးစုပေါ်ရှိအသားများက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း အဲ့ဒါက သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားတစ်ခုကို ဖြာထုတ်နေနိုင်ဆဲဖြစ်မည်ဟု သူမက စဥ်းစားကြည့်၍ပင် မရပေ။
အမှောင်ထုထဲမှာ...။
ဆူဇီမိုသည် တဖြည်းဖြည်းစုဝေးလာနေသော သူ၏ ဘေးပတ်လည်မှ အမှောင်စွမ်းအားကို ခံစားမိနေ၏။
တမလွန်မီးရောင်ကျောက်တုံး၏ စုပ်ယူမှုအမြန်နှုန်းက အမှောင်ထု၏ စုဖွဲ့မှုအမြန်နှုန်းထက် နိမ့်ကျနေ၏။
သူက ဤအမှောင်ထုထဲမှာ ဆက်လက်ကြန့်ကြာနေမည်ဆိုလျှင် တမလွန်မီးရောင်ကျောက်တုံးပင် သူ့ကိုကာကွယ်ပေးနိုင်တော့မည် မဟုတ်ပေ။
ဆူဇီမိုက အလိုလိုလှုပ်ရှားလိုက်၏။
ထို့နောက် သူက ကျေနပ်သဘောကျသွား၏။
အကြောင်းမှာ တမလွန်မီးရောင်ကျောက်တုံးသည် သူ၏ ခန္ဓာကိုယ်ထဲရှိ အမှောင်စွမ်းအားကို စုပ်ယူခဲ့ပြီး သူက လွတ်လပ်မှုတချို့ကို ပြန်ရလာပြီဖြစ်သောကြောင့်ပင်။
သူ၏ လှုပ်ရှားမှုက အမှောင်ထုအတွင်းမှာ နှေးကွေးနေသေးသော်လည်း အနည်းဆုံးတော့ သူက ရွေ့လျားသွားလာနိုင်ပြီဖြစ်၏။
ဆူဇီမိုသည် အမှောင်ထုထဲကနေ ထွက်ခွာဖို့ ပြင်ဆင်လိုက်၏။
သို့သော်လည်း သူ၏ အကြည့်က သက်တံရောင်တစ်ခုဖြာထုတ်ပေးနေသည့် အင်မော်တယ်ဂျင်ဆင်းပင်ပေါ်သို့ အလိုလိုဆင်းသက်သွား၏။
ငါ... ဒီနေရာထိရောက်လာပြီးမှတော့ အဲ့ဒီ အလောင်းအစားကို ပြုလုပ်ရတော့မှာပဲ”
ဆူဇီမို၏ မျက်လုံးထဲမှာ ပြတ်သားသည့်အကြည့်တစ်ခု ပေါ်ထွက်လာပြီး သူက ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။
သူ၏ အသားက အမှောင်ထုဖြင့် ဝါးမျိုခြင်းခံခဲ့ရပြီဖြစ်ပြီး သူက ဒီတိုင်းထွက်ခွာသွားမည်ဆိုလျှင် ကြီးမားသည့်ဆုံးရှုံးမှုတစ်ရပ်ဖြစ်လာပေလိမ့်မည်။
သူ၏ အသားများပြန်ပေါက်လာဖို့အတွက် အချိန်ဘယ်လောက်ယူရမလဲ သူမသိပေ။
ဒါ့အပြင် ယခု သူက လူသားမဟုတ် တစ္ဆေမဟုတ်သော အရိုးစုတစ်ခုမျှသာဖြစ်နေ၏။
အခြားသူများက သူ့ကိုတွေ့မြင်မည်ဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လျှို့ဝှက်ချက်က ပေါက်ကြားသွားဖို့ လွယ်ကူပေလိမ့်မည်။
ထိုသို့အတွေးဖြင့် ဆူဇီမို၏ အကြည့်က သိပ်သည်းကျစ်လစ်လာပြီး သူ၏ လက်ကို ဖြည်းဖြည်းချင်းဆန့်ထုတ်ကာ ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းပင်ကို ဖမ်းဆွဲလိုက်၏။
သူသည် ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းပင်ကနေ ဆယ်ပေကွာဝေးပြီး သူ၏ လက်က ထိုနေရာသို့ လုံးဝမရောက်နိုင်ပေ။
ကျွိ...
ရုတ်တရက် ဆူဇီမို၏ လက်ရိုးများက ဆယ်ပေဆန့်ထွက်သွားပြီး သူ၏ ကျောက်စိမ်းရောင်လက်ဖဝါးက ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းပင်ကို ချက်ချင်းပင်လှမ်းဆွဲလိုက်၏။
“လာခဲ့စမ်း”
ဆူဇီမိုက ဟိန်းဟောက်လိုက်ပြီး သူ၏ လက်ဆီသို့ ခွန်အားကိုပို့လွှတ်ကာ ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းပင်ကို မြေကြီးထဲကနေ ဆွဲနုတ်လိုက်၏။
အမြစ်များပေါ်မှာ ကြီးမားသည့်မြေစိုင်ခဲများရှိနေ၏။
ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းပင်ကို ဆွဲနုတ်လိုက်ခြင်းက မြေပြင်ပေါ်တွင် ကြီးမားသောတွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဆူဇီမိုသည် ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းပင်ကို ဆုပ်ကိုင်ပြီး ထွက်ခွာတော့မည့်ဆဲဆဲမှာပင် သူ၏ အကြည့်က တွင်းချိုင့်ထဲသို့ အမှတ်တမဲ့ရောက်ရှိကာ ရပ်တန့်သွား၏။
“ဒါက...”
သူက အာရုံစိုက်၍ ခဏမျှကြည့်ရှုလိုက်၏။ သူက တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား တုန်လှုပ်ချောက်ချားသွား၏။
ဘေးပတ်ဝန်းကျင်မှာရှိသော အမှောင်ထု၏ စွမ်းအားက တလိပ်လိပ်ထိုးတက်လာပြီး ပို၍ပင် အေးစက်ကာ ပို၍ပင် သန့်စင်လာခဲ့၏။
ဆူဇီမို၏ အသက်ရှုသံက အလွန်တရာလေးလံလာပြီး သူ၏ အရိုးများက တဖျောက်ဖျောက်မြည်လာ၏။
သူသည်ဆက်လက်၍ တွေဝေတုံ့ဆိုင်းရဲခြင်းမရှိတော့ဘဲ နောက်သို့အဆက်မပြတ် ဆုတ်ခွာလာခဲ့၏။
သူသည် ပေသုံးလေးဆယ်အကွာအဝေးသို့ ဆုတ်ခွာလာခဲ့ပြီးနောက် အမှောင်ထု၏ စွမ်းအားက တဖြည်းဖြည်းပျက်ပြယ်ကာ တွင်းချိုင့်ထဲသို့ တလိပ်လိပ်တိုးဝင်သွား၏။
စောစောက ဖြစ်ပျက်ခဲ့သောအရာက ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်နေ၏။
သို့သော်လည်း ဆူဇီမိုသည် အဲ့ဒါကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရပြီး ထိုအမှောင်ထုစွမ်းအားက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ သူကနက်ရှိုင်းစွာ နားလည်သဘောပေါက်ထား၏။
ဘေးပတ်ဝန်းကျင်မှာရှိသော ချုံပုတ်များက လုံးဝကိုပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ပေတစ်ရာပတ်လည်အဝန်းဝိုင်းတစ်ခုက လေဟာနယ်တစ်ခုအဖြစ်ပြောင်းလဲသွား၏။
တမလွန်မီးရောင်ကျောက်တုံးကြောင့်သာမဟုတ်လျှင် သူသည် စောစောကချုံပုတ်များကဲ့သို့ပင် ဤလောကကနေ အပြီးတိုင်ပျောက်ကွယ်သွားရပေလိမ့်မည်။