← Chapters

စုဝေးလာကြခြင်း

Vol. 132 Ch. 1976

စုဝေးလာကြခြင်း

Vol. 132 Ch. 1976

“နင်ဘယ်လိုနေလဲ”

ထျန်ကျစ်ရီ၏ အသံက နောက်ဘက်ကနေထွက်ပေါ်လာပြီး ဆူဇီမိုက လှည့်ကြည့်လိုက်၏။

ထျန်ကျစ်ရီက ထိတ်လန့်တကြားဖြစ်သွား၏။

ယခုအချိန်မှာ ဆူဇီမိုသည် မည်သည့်ရုပ်ရည်သွင်ပြင်နှင့် မည်သည့်အသားမှမရှိဘဲ လူပုံသဏ္ဌာန်အရိုးစုတစ်ခုသာဖြစ်နေ၏။ သူက အရမ်းကို ကြောက်စရာကောင်းနေ၏။

ထျန်ကျစ်ရီသည် အဲ့ဒါအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားဖြစ်၏။

ထိုသို့ဆိုလျှင်တောင် သူမက ဆူဇီမို၏ ဘယ်ဘက်မျက်လုံးကိုကြည့်ပြီး တုန်လှုပ်သွားရဆဲ ဖြစ်၏။

အဲ့ဒါသည် အေးစက်၍ နက်မှောင်နေသော အော်ရာတစ်ခုဖြာထွက်နေသည့် မဟူရာတွင်းပေါက်တစ်ခုကဲ့သို့ ဖြစ်နေ၏။ ၎င်းက ဆူဇီမို၏ မျက်တွင်းအိမ်ထဲမှာ အခိုင်အမာနေရာယူထားပြီး လူတစ်ယောက်၏ ဝိညာဥ်ကို အထဲသို့ စုပ်ယူသွင်းနိုင်ပုံရ၏။

ထျန်ကျစ်ရီသည် တစ်ချက်လောက်ကြည့်ရုံမျှနှင့် သူမ၏ အသိစိတ်က ဝေဝါးသွားသည်ဟု ခံစားလိုက်ရ၏။

သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ဆူဇီမိုက သူ၏ ခေါင်းကိုအလိုလိုငုံ့ပြီး ထျန်ကျစ်ရီကို ဆက်လက်၍ စိုက်ကြည့်မနေတော့ပေ။

ခဏနေပြီးနောက် သူ၏ ဘယ်ဘက်မျက်လုံးထဲရှိ အမှောင်ထုက တဖြည်းဖြည်း ပျက်ပြယ်သွား၏။

“အဲ့ဒီရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကို မြန်မြန်စားလိုက်”

ထျန်ကျစ်ရီက အလောတကြီးပြောလိုက်၏။

“ဒီအင်မော်တယ်ဆေးပင်က အသွေးအသားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီးတော့ သေသူကိုတောင် ပြန်ရှင်သန်စေနိုင်တယ်... နင်ဆုံးရှုံးထားတဲ့အသွေးအသားတွေကို ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းက သေချာပေါက်ပြန်အားဖြည့်ပေးလိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်၍ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တင်ပျဥ်ခွေထိုင်လိုက်၏။ သူက ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကို သူ၏ ပါးစပ်ထဲသို့ထည့်ပြီး ၎င်း၏ တစ်ဝက်ကို ကိုက်ချလိုက်၏။

ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းက ခါးသက်သောအရသာမရှိဘဲ ချိုမြနေ၏။

ဆူဇီမိုသည် သုံးလေးချက် ကိုက်ဝါးပြီးနောက် အဲ့ဒါကိုမျိုချလိုက်၏။ နွေးထွေးသောစီးကြောင်းတစ်ခုက စီးဆင်းသွားပြီး သိပ်သည်းပြင်းထန်သော အမြုတေစွမ်းအင်ပမာဏတစ်ခုက သူ၏ အစာအိမ်ထဲမှာ ပေါက်ကွဲထွက်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ လှည့်ပတ်စီးဆင်းသွား၏။

ထိုစွမ်းအင်က အရမ်းကိုစွမ်းအားကြီးမားလေသည်။ ဆူဇီမိုသည် သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်သောအခါ ရောင်ခြည်အလင်းတန်းများက လျှံထွက်လာ၏။

ထျန်ကျစ်ရီသည် အနီးနားမှာလျှံထွက်လာသော ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်း၏ အမြုတေချီတချို့ကို စုပ်ယူရုံမျှနှင့် သူမ၏ ဒဏ်ရာများက အနည်းငယ်သက်သာသွားသည်ဟု ခံစားလိုက်ရ၏။

ဆူဇီမို၏ ခန္ဓာကိုယ်က တောက်လောင်နေပြီး သူ၏ အရိုးတစ်ချောင်ချင်းစီက ယားယံလာသည်ကိုခံစားလိုက်ရ၏။

သူက ကျေနပ်သဘောကျသွားလေသည်။

ထိုယားယံမှုသည် အသွေးအသားအသစ်များ ပြန်လည်ပေါ်ထွက်လာတော့မည့် ပြောင်းလဲမှုတစ်ရပ်ဖြစ်ကြောင်း သူသိထား၏။

ဆူဇီမိုသည် သူ၏ ခေါင်းကိုငုံ့လိုက်ပြီး ကျောက်စိမ်းရောင်အရိုးများ၏ မျက်နှာပြင်ပေါ်မှာ ပါးလွှာသောအသွေးအသားမျှင်များ ပေါ်ထွက်လာသည်ကို တွေ့မြင်လိုက်ရ၏။ ကြွယ်ဝသော အမြုတေစွမ်းအင်က ၎င်းပေါ်မှာ ​ပွတ်တိုက်၍ စုဖွဲ့နေဆဲ ဖြစ်၏။

သူ၏ အသွေးအသားကို မြင်နိုင်သောနှုန်းထားဖြင့် ပြန်လည်ရရှိလာနေ၏။

ဆူဇီမိုက ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်း၏ ကျန်ရှိနေသောတစ်ဝက်ကို ဝါးမျိုတော့မည့်ဆဲဆဲမှာပင် သူကရပ်တန့်၍ ခဏမျှစဥ်းစားတွေးတောလိုက်၏။ သူက ကျန်ရှိနေသောတစ်ဝက်ကိုချိပ်ပိတ်ပြီး သူ၏ သိုလှောင်အိတ်ထဲမှာ သိမ်းဆည်းလိုက်လေသည်။

တကယ်တော့... ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းတစ်ဝက်၏ စွမ်းအင်က အရမ်းကိုကြောက်စရာကောင်းနေခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်ပြီး အပင်မျိုးနွယ်၏ အန္တိမနတ်ဘုရားဖြစ်နေခြင်းကြောင့်သာ မဟုတ်လျှင် အင်မော်တယ်ဂျင်ဆင်းတစ်ဝက်၏ စွမ်းအင်က သူ့ကိုပေါက်ကွဲထွက်သွားစေဖို့ လုံလောက်ပေလိမ့်မည်။

သို့သော်ယခု... အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အလျင်အမြန်ကြီးထွားလာပြီး ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်း၏ စွမ်းအင်ကို အဆက်မပြတ်စုပ်ယူနေ၏။

တကယ်တော့... ဆူဇီမိုသည် အဆင့်-၉ မဟူရာအင်မော်တယ်အဖြစ်သို့ ချိုးဖျက်တက်လှမ်းပြီး မကြာခင်မှာပင် သူက စိတ်ဝိညာဥ်သတ္တုတွင်းသွေးကပ်ဘေးနှင့် ကြုံတွေ့ခဲ့ရပြီး အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ဘုရင်ခံ၏ ခေါင်ဆောင်သွားခြင်းကိုခံခဲ့ရ၏။

သူက ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းချင်သည်ဆိုလျှင် အဲ့ဒါက အနည်းဆုံး နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်တစ်ထောင်လောက်ပင် ကြာပေလိမ့်မည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကောင်းကင်နှင့်မြေကြီး အမြတေချီကို မြန်ဆန်သောနှုန်ထားဖြင့် စုပ်ယူနေသော်လည်း ၎င်းအတွက်လိုအပ်သော အမြုတေချီစွမ်းအင်ပမာဏက အလွန်တရာတုန်လှုပ်စရာကောင်းနေ၏။

ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းတစ်ဝက်မှာပါရှိသည့် စွမ်းအင်ကို အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကနေ အကုန်အစင်စုပ်ယူပြီး သန့်စင်နိုင်မွန်းမံနိုင်မည်ဆိုလျှင် အဲ့ဒါက သူ၏ နှစ်ပေါင်းရာချီ ကြိုးစားအားထုတ်မှုနှင့် တူညီပေလိမ့်မည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်မည်ဆိုလျှင် ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားကလည်း သိသိသာသာ တိုးလာပေလိမ့်မည်။

အဲ့ဒါသည် ကျင့်ကြံမှုနယ်ပယ်မှာ တိုးမြင့်ခြင်းသာမဟုတ်ဘဲ ဖန်တီးခြင်းကြာပဒုမ္မာကိုယ်တိုင်ကပါ အသွင်ပြောင်းလဲမှုတစ်ရပ်ဖြစ်လာပေလိမ့်မည်။

သူသည် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ပြီး တက်လှမ်းခဲ့စဥ်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်-၉ထိ ကြီးထွားလာခဲ့ပြီး ခံစစ်နှင့်တိုက်စစ် နှစ်မျိုးစလုံးအသုံးချနိုင်သည့် အံ့မခန်းရတနာ ကောင်းကင်ဘုံကိုးလွှာ သ​က်ရှိမြေဆီလွှာကို ပေါ်ထွက်လာစေခဲ့၏။

ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာသည် အစကတည်းက ဖန်တီးခြင်းကြာပဒုမ္မာကနေ အရင်းခံလာခဲ့ခြင်းဖြစ်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်က တိုးမြင့်လာသည်နှင့်အမျှ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ၏ စွမ်းအားကလည်း တိုးတက်လာလိမ့်မည်ဟု အဓိပ္ပာယ်ရ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အဆင့် ၁၀ ထိ ကြီးထွားလာနိုင်မည်ဆိုလျှင် နောက်ထပ်ရတနာတစ်ခုကလည်း ပေါ်ထွက်လာပေလိမ့်မည်။

အဲ့ဒါက ဘယ်လိုပုံစံအတိအကျဖြစ်မည်ကို ဆူဇီမို မသိရှိပေ။

သူ၏ အသိစိတ်ထဲမှာ ငရဲဖိနှိမ်မီးဖိုကလည်း အဆက်မပြတ်သန့်စင်မွန်းမံနေ၏။

တတိယမြောက်နံရံပေါ်ရှိ အက်ကွဲ​ကြောင်းအများစုက ပြန်လည်ကောင်းမွန်လာခဲ့ပြီး ၎င်းပေါ်မှာရှိသော အရေးအကြောင်း အင်းကွက်များက ကနဦးပုံစံဖြစ်ပေါ်လာပြီကို သူက ရှင်းလင်းစွာတွေ့မြင်နေရ၏။

အထွတ်အမြတ်တောကောင်လေးကောင်ထဲမှ တစ်ကောင်ဖြစ်သော မဟူရာကုန်းလိပ်...။

ထိုအချိန်ကျလျှင် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်က ​ပို၍ပင် ပြီးပြည့်စုံလာပြီး မဟူရာကုန်းလိပ် အထွတ်အမြတ်တောကောင်က ၎င်း၏ အမွေအနှစ်ကို ချန်ထားပေးပေလိမ့်မည်။

ထိုအချိန်ကျလျှင် ဆူဇီမိုသည် ပကတိအသွင်ပြောင်းလဲမှုတစ်ရပ်ကို ကြုံတွေ့ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း သိသိသာသာ တိုးလာပေလိမ့်မည်။

တကယ်တော့... အဲ့ဒါအတွက် မဖြစ်မနေလိုအပ်ချက်တစ်ခုရှိ၏။ သူက ဧကရာဇ်ဂူသင်္ချိုင်းထဲကနေ အသက်ရှင်လျက်ပြန်ထွက်နိုင်ဖို့ပင်။

အချိန်ကြာလာသည်နှင့်အမျှ ဆူဖီမို၏ အသွေးအသားများက ပြန်လည်ပြည့်တင်းလာခဲ့၏။

နေ့တစ်ဝက်ကြာပြီးနောက် သူ၏ ရုပ်ရည်သွင်ပြင်နှင့် ပုံပန်းသဏ္ဌာန်က တဖြည်းဖြည်းပေါ်ထွက်လာခဲ့၏။

တစ်ရက်ကြာပြီးနောက် သူ၏ အသားများက အဆက်မပြတ်ကြီးထွားလာပြီး သူ၏ အရေပြားကလည်း ပြန်လည်ပြည့်တင်းလာခဲ့၏။ အဲ့ဒါက မွေးကင်းစကလေးတစ်ယောက်ကဲ့သို့ ဖြူဖွေးနုနယ်နေပြီး ၎င်းပေါ်မှာ အစိမ်းရောင်အရောင်အဝါတစ်ခုက စီးဆင်းနေ၏။

ထျန်ကျစ်ရီ၏ မျက်လုံးထဲမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ချို့ယွင်းချက်ကင်းမဲ့ပြီး ကြည်လင်တောက်ပနေ၏။ တင်ပျဥ်ခွေထိုင်နေရင်း အဲ့ဒါကအစိမ်းရောင်ကြာပင်တစ်ပင်နှင့် တူနေသည်။

ထျန်ကျစ်ရီက သူမ၏ အကြည့်ကို ရုပ်သိမ်းလိုက်၏။

ဆူဇီမို၏ ခန္ဓာကိုယ်က တစ်မူထူးခြားသည်ကို သူမပြောနိုင်သော်လည်း သူမ၏ အတွေ့အကြုံအရ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မူလဇာစ်မြစ်ကို သူမက မှတ်မိသိရှိနိုင်ခြင်း မရှိပေ။

ရေကန်၏ ဘေးပတ်လည်မှာရှိသော ကျင့်ကြံသူများက လူစုခွဲမသွားကြဘဲ ပို၍ပင်စုစည်းလာကြ၏။

အမျိုးမျိုးသောအဖွဲ့အစည်းများမှ ကျင့်ကြံသူများကလည်း ဤနေရာသို့ ရောက်ရှိလာကြ၏။

ရေကန်၏ အနောက်မြောက်အရပ်မှာ ကျင့်ကြံသူများက စုဝေးနေကြ၏။ သူတို့၏ ခေါင်းဆောင်က အသက်မကြီးသေးဘဲ ဖော်မပြတတ်သော မြင့်မြတ်သည့်အော်ရာတစ်ခုကို ပိုင်ဆိုင်ထား၏။

“အဲ့ဒီမှာ ဘာတွေဖြစ်နေတာလဲ”

ထိုသူက သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ညင်သာစွာမေးလိုက်၏။

သူ၏ မျက်လုံးများက ထက်ရှနေ၏။

ခေါင်းဆောင်တပ်မှူးယွင်ထင်... အဲ့ဒီရေကန်ထဲက အထီးကျန်ကျွန်းပေါ်မှာ ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းပေါ်ထွက်လာတယ်လို့ ကျုပ်ကြားတယ်”

ဘေးမှာရှိသော ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။

ယွင်ထင်က လှုပ်ရှားယိမ်းယိုင်သွားခြင်း မရှိပေ။

“ဒီလိုမျိုးရတနာပေါ်လာရင် မျှားခေါ်ထားတဲ့ အန္တရာယ်တွေရှိနေလိမ့်မယ်”

ကျင့်ကြံသူကပြောလိုက်၏။

“ခေါင်းတောင်တပ်မှူး... ခင်ဗျားပြောတာမှန်တယ်... အဲ့ဒီမှာ မျက်လုံးမဲ့ငါးတွေနဲ့ သွေးနီမဟူရာကင်းမွန်က အဲ့ဒီရေကန်ကို စောင့်ကြပ်နေတယ်... လူတော်တော်များများက အဲ့ဒီနေရာမှာသေဆုံးသွားကြပြီ... ဒါပေမဲ့...”

ထိုလူက ခဏမျှရပ်တန့်လိုက်၏။

“မဟာကျင်းအင်မော်တယ်နိုင်ငံက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကတော့ အမျိုးအမည်မသိရတဲ့ နည်းလမ်းတချို့ကိုသုံးပြီး အဲ့ဒီအဟန့်အတားကို ချိုးဖျက်ပြီးတော့ အထီးကျန်ကျွန်းပေါ်ကို ဆင်းသက်သွားပြီလို့ ကျုပ်ကြားတယ်”

“အို...”

ယွင်ထင်က အံအားသင့်စွာဖြင့် မျက်လုံးအနည်းငယ်ပင့်လိုက်၏။

ကျင့်ကြံသူက ဆက်ပြောလိုက်၏။

“အဲ့ဒီအမျိုးသားနဲ့ အမျိုးသမီးက ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကို ရရှိသွားလောက်ပြီ... ဒါပေမဲ့ တစ်ရက်ကြာပြီးတာတောင် သူတို့က အဲ့ဒီထဲကနေ ပြန်ထွက်မလာကြသေးဘူး”

“သူတို့နှစ်ယောက်က ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းကို တစ်ခါထဲ စားသုံးနေကြတာများလား”

နောက်ထပ်လူတစ်ယောက်က မေးလိုက်၏။

“လုံးဝမ​ဖြစ်နိုင်ဘူး”

ယွင်ထင်က သူ၏ ခေါင်းကို ညင်သာစွာခါပြီးပြုံးလိုက်၏။

“ငါ့ရဲ့ခန္ဓာကိုယ်တောင်မှ ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းမှာပါတဲ့ စွမ်းအင်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး... သူတို့နှစ်ယောက်က အဲ့ဒါကို တကယ်ပဲစားသုံးရဲမယ်ဆိုရင် သူတို့က သက်သက်သေချင်နေတာပဲ”

“တစ်ချက်လောက်သွားကြည့်ရအောင်”

ယွင်ထင်က လေးနက်စွာပြောဆိုလိုက်ပြီး ရေကန်ရှိရာဘက်သို့ ဦးတည်လိုက်၏။

ညင်သာသောလေပြေတစ်ချက်တိုက်ခတ်သွားပြီး သူ၏ ခါးပေါ်မှတံဆိပ်ပြားက တဖျပ်ဖျပ်ခါသွား၏။ ထိုပေါ်မှာ စာလုံးနှစ်လုံးကိုရေးထိုးထားသည်။

ကျိရွှမ်...။

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ အင်မော်တယ်နိုင်ငံသုံးနိုင်ငံထဲမှ တစ်နိုင်ငံဖြစ်သော ကျိရွှမ်အင်မော်တယ်နိုင်ငံ...။

အခြားတစ်ဘက်မှာတော့ နောက်ထပ်ကျင့်ကြံသူတစ်အုပ်စုကလည်း လျှောက်လှမ်းလာနေကြ၏။

သူတို့၏ ခေါင်းဆောင်က တောင်ဝှေးတစ်ချောင်းကို ကိုင်ဆွဲထားသည့် အဖိုးအိုတစ်ယောက်ဖြစ်ပြီး သူ၏ ခါးထက်ရှိ တံဆိပ်ပြားပေါ်မှာ 'ယန်ယန်း'ဆိုသော စကားလုံးကို ရေးထိုးထား၏။

ယန်ယန်းအင်မော်တယ်နိုင်ငံ..။

“အကြီးအကဲကော... ခင်ဗျားက ကျုပ်ကို အဲ့ဒီအင်မော်တယ်ဂျင်ဆင်းကို လုယူစေချင်လား”

နောက်ဘက်မှာရှိသော အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်က ညင်သာစွာမေးလိုက်၏။

“အဲ့ဒီနေရာမှာ လူတွေအများကြီးစုဝေးနေကြတယ်... အခြေအနေက ဘာမှန်းမသိရဘူး... မင်းက ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကို တကယ်ပဲလုယူမယ်ဆိုရင် မင်းက ဘုံရန်သူတစ်ယောက်ဖြစ်လာလိမ့်မယ်”

လူအိုကြီးကောက မှင်သေသေဖြင့်ပြောလိုက်၏။

“ကျုပ်က ဘုံရန်သူတစ်ယောက်ဖြစ်လာတော့ရော ဘာဖြစ်လဲ”

အနက်ရောင်ဝတ်လူက လှောင်ရယ်လိုက်၏။

“ကျုပ်... ဖန်းရွှမ်က အောက်ဘုံမှာ ပြိုင်ဘက်ကင်းပြီးတော့ ကောင်းကင်ဘုံကပ်ဘေးလေးခုကို ဖြတ်ကျော်ပြီး တက်လှမ်းလာတာ... မဟူရာအမြုတေနယ်ပယ်မှာ ကျုပ်ကိုယှဥ်နိုင်တဲ့ပြိုင်ဘက် တစ်ခါမှ မတွေ့ဖူးသေးဘူး... သူတို့ပူးပေါင်းတိုက်ခိုက်ကြမယ်ဆိုရင်တောင် ကျုပ်မကြောက်ဘူး”

“ဟီးဟီး”

လူအိုကြီးကောက ထူးဆန်းစွာရယ်မောလိုက်၏။

“ဒီနေရာမှာ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်နေတာပဲ... လူတော်တော်များများကလည်း စုစည်းနေကြတယ်... အင်မော်တယ်နိုင်ငံသုံးနိုင်ငံ စုစည်းရောက်ရှိလာတဲ့အချက်ကိုမပြောနဲ့ဦး.. အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကတောင်မှ ပေါ်ထွက်လာခဲ့ပြီ... ငါတို့က နှိမ့်နှိမ့်ချချနေသင့်တယ်”

All Chapters