← Chapters

ဓားပညာရပ်

Vol. 132 Ch. 1979

ဓားပညာရပ်

Vol. 132 Ch. 1979

ပိန်ပိန်ပါးပါးလူအိုမှာ မင်းသားယွမ်ကျောနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ နောက်ခံရှိထား၏။ မည်သူကမှ အင်မော်တယ်နိုင်ငံတစ်နိုင်ငံ၏ စွမ်းအားကို စိန်မခေါ်နိုင်ပေ။

ကျင့်ကြံသူများစွာသည် ပြတ်သားစွာ သတ်ဖြတ်ဖို့ နေနေသာ အဲ့ဒါကို စဥ်းစားကြည်ဖို့ပင် မရဲပေ။

“မင်း... မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”

ကျင့်ကြံသူတစ်ယောက်က တုန်လှုပ်နေသောအမူအရာနှင့် ဆူဇီမိုကို လက်ညှိုးထိုးလိုက်၏။

ဖောက်...

ထိုစဥ်မှာပင် အခြားတစ်ဘက်ကနေ နောက်ထပ်ထူးဆန်းသောအသံတစ်သံထွက်ပေါ်လာ၏။

လူတိုင်းက လှမ်းကြည့်လိုက်ပြီး ပင့်သက်ကိုရှိုက်လိုက်ကြရ၏။

မလှမ်းမကမ်းတွင်... ဝဝဖိုင့်ဖိုင့်လူအို၏ နှာရောင်ပေါ်မှာ လခြမ်းကွေးလက်သည်းခွံရာဒဏ်ချက်တစ်ခုက ပေါ်ထွက်လာပြီး နီရဲနေသောသွေးများက တဖြည်းဖြည်းစီးကျလာ၏။

ဝဝဖိုင့်ဖိုင့်လူအို၏ သွေးချီက မှေးမှိန်သွားပြီး သူ၏ အသက်ဓာတ်အားက အလျင်အမြန်ယိုယွင်းကာ ဆက်လက်၍ အသက်မရှင်နိုင်တော့ပေ။

အဲ့ဒါသည် လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ် ဖျက်ဆီးချေမှုန်းခံလိုက်ရခြင်း၏ အမှတ်သင်္ကေတဖြစ်၏။

“အဲ့ဒါကို ဘယ်သူလုပ်လိုက်တာလဲ”

ကျင့်ကြံသူများစွာက တုန်လှုပ်သွားပြီး ဝဝဖိုင့်ဖိုင့်လူအိုနှင့် ပိန်ပိန်ပါးပါးလူအို၏ အလောင်းများကို နေရာမှာပင် ချန်ထားရစ်ကာ နောက်သို့ဆုတ်ခွာလိုက်ကြ၏။

လူတိုင်း၏ စိတ်အာရုံသည် စောစောက ဆူဇီမိုပေါ်သို့ ကျရောက်နေပြီး ပိန်ပိန်ပါးပါးလူအိုကို သတ်ဖြတ်ပြီးနောက် သူက ထပ်မံ၍ တိုက်ခိုက်ခြင်းမရှိသည်ကို သူတို့က ရှင်းလင်းစွာ တွေ့မြင်နေရ၏။

ဒါဆို... ဝဝဖိုင့်ဖိုင့်လူအိုကို ဘယ်သူသတ်ခဲ့တာလဲ။

အဲ့ဒါက ကြောက်စရာကောင်းသော အပိုင်းဖြစ်၏။

အဲ့ဒါကို ဘယ်သူလုပ်ခဲ့သည်ဆိုတာကို မည်သူကမှ သတိထားမိခြင်းမရှိဘဲ တစ်စုံတစ်ယောက်က လူတိုင်း၏ ရှေ့မှောက်မှာ သေဆုံးသွားခဲ့လေပြီ။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

အခြားသူများက အဲ့ဒါကို သတိထားမိနိုင်ချင်မှ ထားမိမည်ဖြစ်သော်လည်း သူကတော့ အဲ့ဒါကိုပြောနိုင်လေသည်။

လက်ရှိလူတိုင်းကြားမှာ ထျန်ကျစ်ရီကသာလျှင် မည်သူမှ သတိထားမိစေခြင်းမရှိဘဲ ဝဝဖိုင့်ဖိုင့်လူအိုကို သတ်ဖြတ်နိုင်ပေလိမ့်မည်။

ထျန်ကျစ်ရီ၏ အချိန်ကိုက်လှုပ်ရှားမှုက ပြီးပြည့်စုံလုနီးပါးပင်။

ထိုအချိန်တုန်းက ပိန်ပိန်ပါးပါးလူအိုသည် သတ်ဖြတ်ခြင်းခံခဲ့ရပြီး ရုတ်ရုတ်သဲသဲဖြစ်နေခဲ့၏။

လူတိုင်းနီးပါး၏ စိတ်အာရုံက ဆူဇီမိုအပေါ် ကျရောက်နေ၏။

ဝဝဖိုင့်ဖိုင့်လူအိုသည် သူ၏ ဘေးကနေ သူ့ကို တိုက်ခိုက်ရဲမည့် နောက်ထပ်လူတစ်ယောက် ပေါ်ထွက်လာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

အပိုအလို မည်သည့်လှုပ်ရှားမှုမှမရှိဘဲ အဲ့ဒါကတစ်ခါတည်း အပြီးသတ် သတ်ဖြတ်ခြင်းဖြစ်၏။

သူသေဆုံးသည့်အချိန်ထိတောင် ဝဝဖိုင့်ဖိုင့်လူအိုသည် တိုက်ခိုက်သည့်သူကို တွေ့မြင်မသွားခဲ့ပေ။

တကယ်တော့... သူက မသေဆုံးခဲ့ဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို အောင်မြင်စွာထုတ်ဖော်နိုင်ခဲ့မည်ဆိုလျှင်တောင် သူသည် ဆူဇီမိုကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းသွားခဲ့ပြီဖြစ်ပြီး သူတို့နှစ်ယောက်ထက် သာလွန်လေသည်။

ဒါ့အပြင် သူ၏ အမြုတေစိတ်ဝိညာဥ်ကို ဖန်တီးခြင်းကြာခုံက ကာကွယ်ပေးထားပြီး... တစ်ဖက်လူ၏ ကျင့်ကြံမှုနယ်ပယ်က များစွာမြင်မားခြင်းမရှိသရွေ့ သူ့ကို ထိခိုက်အောင်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

တကယ်တော့... ထျန်ကျစ်ရီ၏ တိုက်ခိုက်မှုက သူ့ကို ပြဿနာတချို့ သက်သာသွားစေ၏။

အဲ့ဒီမှာ ကျင့်ကြံသူများစွာရှိသော်လည်း ဖြစ်ပျက်ခဲ့သည့်အရာများကို တကယ်တမ်းတွေ့မြင်ခဲ့သည့်သူက မရှိသလောက်နီးပါးပင်။

မလှမ်းမကမ်းကနေ ယွင်ထင်က ပြုံးလိုက်၏။

“အဲ့ဒီလူနဲ့ အဲ့ဒီအမျိုးသမီးက တကယ့်ကို ရဲတင်းကြတာပဲ... သူတို့က မင်းသားယွမ်ကျောရဲ့ အစေခံတွေကို သတ်ဖြတ်ပြီးရင် သိပ်ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်လောက်တော့ဘူး”

“မင်းသားယွမ်ကျောက ဒီမှာမရှိဘူးဆိုတော့... သူက အဲ့ဒါကိုသိချင်မှသိမှာပေါ့... ဟုတ်တယ်မလား”

ကျင့်​ကြံသူတစ်ယောက်က တွေဝေစွာဖြင့် မေးမြန်းလိုက်၏။

ယွင်ထင်က ပြောလိုက်၏။

“မင်းသားယွမ်ကျော တိုက်ခိုက်စရာမလိုတော့ဘူး... အဲ့ဒီလူအိုနှစ်ယောက်က မဟာကျင်းအင်မော်တယ်နိုင်ငံကို ကိုယ်စားပြုတာပဲ... အဲ့ဒါကြောင့်ပဲ တခြားဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေက လှုပ်ရှားဖို့အတွက် မရဲကြတာပဲ”

အခု... သူတို့နှစ်ယောက်က သေသွားပြီဆိုတော့... တခြားအဖွဲ့အစည်းတွေက ထပ်ပြီးတော့ ငဲ့ကွက်ထိန်ချန်နေမှာ မဟုတ်တော့ဘူး... တကယ်ဆို သူတို့က မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ သစ္စာဖောက်နှစ်ယောက်ကို ဖယ်ရှားရှင်းပစ်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့နှစ်ယောက်ကို တိုက်ခိုက်ပြီး ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကို လုယူလို့ရပြီလေ”

ထိုစဥ်မှာပင် ဖန်းရွှမ်က အခြားတစ်ဘက်ကနေ ရုတ်တရက်ထုတ်ဖော်ကြေညာလိုက်၏။

“အဲ့ဒီအဆင့်မြင့်အင်မော်တယ်ကို သတ်ဖြတ်ခဲ့တဲ့လူက မင်းတို့ကြားက ခရမ်းရောင်ဝတ်အမျိုးသမီးပဲ”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ဖန်းရွှမ်ကို လှည့်ကြည့်လိုက်၏။

ဖန်းရွှမ်က အကြောက်အလန့်မရှိဘဲ လှောင်ပြောင်ရန်စလိုသောအပြုံးနှင့် သူ၏ ခေါင်းကို အနည်းငယ်မော့လိုက်၏။ သူက သူ၏ လက်ဖဝါးကိုပင် ဆန့်ထုတ်ပြီး သူ၏ လည်ပင်းပေါ်မှာ ကန့်လန့်ဖြတ်တင်ကာ ခေါင်းဖြတ်သည့်လက်ဟန်အမူအရာတစ်ခု ပြုလုပ်ပြလိုက်၏။

ထျန်ကျစ်ရီကလည်း ဖန်းရွှမ်ကို တစ်ချက်ကြည့်ပြီးနောက် သူမ၏ အကြည့်ကို အလျင်အမြန်ရုပ်သိမ်းလိုက်၏။

သူမမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ သို့မဟုတ် အတွေးများရှိနေမည်ဆိုလျှင်တောင် သူမက အဲ့ဒါကိုထုတ်ဖော်ပြသလိမ့်မည် မဟုတ်ပေ။

“အဲ့ဒါမင်းလား”

ကျန့်ယွီနှင့် အခြားသူများက စိုးရိမ်ပူပန်သောအမူအရာများနှင့်အတူ ထျန်ကျစ်ရီကိုကြည့်ပြီး နောက်သို့ခပ်မြန်မြန်ဆုတ်ခွာလိုက်ကြ၏။

သူမ၏ တိုက်ခိုက်မှုက ပေါက်ကြားသွားပြီဆိုမှတော့... ထျန်ကျစ်ရီက ဆက်လက်၍ ပုန်းရှောင်မနေတော့ပေ။ မည်သည့်စကားမှမဆိုတော့ဘဲ သူမက ဝဝဖိုင့်ဖိုင့်လူအို၏ အလောင်းဆီသို့ တန်း၍လျှောက်သွားပြီး တစ်စုံတစ်ရာကိုရှာဖွေဖို့အတွက် သူ၏ သိုလှောင်အိတ်ကို ဖြုတ်ယူလိုက်၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုကလည်း ပိန်ပိန်ပါးပါးလူအို၏ သိုလှောင်အိတ်ကိုဖြုတ်ယူပြီး အဲ့ဒါကို ရှာဖွေကြည့်လိုက်၏။

သိပ်မကြာခင် သူသည် ပိန်ပိန်ပါးပါးလူအို၏ သိုလှောင်အိတ်ထဲမှာ ပို့ဆောင်ရေးအဆောင်တစ်ခုကို တွေ့ရှိသွား၏။

သူက အဆောင်ကိုသိမ်းဆည်းပြီး ထျန်ကျစ်ရီကို လှမ်းကြည့်လိုက်၏။

ထျန်ကျစ်ရီကလည်း သူ့ကို လှမ်းကြည့်လာ၏။

သူတို့နှစ်ယောက်သည် အလိုအလျောက်နားလည်မှုတစ်ခုနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

သူတို့နှစ်ယောက်စလုံးမှာ တူညီသောအတွေးများရှိနေ၏။

သူတို့သည် ဝဝဖိုင့်ဖိုင့်လူအိုနှင့် ပိန်ပိန်ပါးပါးလူအို၏ သိုလှောင်အိတ်များကိုရှာဖွေခဲ့သည်မှာ ရတနာတစ်စုံတစ်ရာအတွက် မဟုတ်ပေ။

အဲ့ဒါသည် ဧကရာဇ်လိုဏ်ဂူထဲကနေထွက်ခွာနိုင်မည့်နည်းလမ်းအတွက်ဖြစ်၏။

သူတို့မှာသာလျှင် ဧကရာဇ်ဂူသင်္ချိုင်းထဲကနေ ထွက်ခွာနိုင်မည့်နည်းလမ်းရှိသည်ဟု ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်က ပြောခဲ့ဖူး၏။

အကြီးမားဆုံး ဖြစ်နိုင်ခြေမှာ အဲ့ဒါက တည်နေရာရွှေ့ပြောင်းအဆောင်တစ်ခုဖြစ်ရပေမည်။

ယခု... သူတို့နှစ်ယောက်က တည်နေရာရွှေ့ပြောင်းအဆောင်များကို ရရှိသွားကြပြီဖြစ်ပြီး အနည်းဆုံးတော့ သူတို့သည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ပိတ်မိနေတော့မည် မဟုတ်ပေ။

“အဲ့ဒါကိုပေး...”

ကျန့်ယွီနှင့် အ​ခြားသူမျာသည် ဆူဇီမိုနှင့် ထျန်ကျစ်ရီ၏ အပြုအမူကို တွေ့မြင်သောအခါ သူတို့က ခဏမျှစဥ်းစားတွေးတောပြီးနောက် အကြောင်းအရင်းကို နားလည်သဘောပေါက်သွားကြ၏။

လူတိုင်းက ရှေ့သို့တက်လှမ်းလာပြီး ဆူဇီမိုနှင့် ထျန်ကျစ်ရီကို ဝိုင်းပတ်လိုက်၏။

“မင်းတို့တွေ... ဘာလုပ်နေကြတာလဲ”

​ဆူဇီမိုက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး မှင်သေသေဖြင့် မေးလိုက်၏။

ကျန့်ယွီက အေးစက်စွာပြောလိုက်၏။

“ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းနဲ့ တည်နေရာရွှေ့ပြောင်းအဆောင်ကို ပေးခဲ့”

ဆူဇီမိုက ကျန့်ယွီ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှူလိုက်၏။

“မင်းတို့တွေက... ဧကရာဇ်ဂူသင်္ချိုင်းထဲက ထွက်ခွာချင်တယ်ဆိုရင် ငါ့ဘေးမှာနေကြ... အချိန်တန်ရင် ငါမင်းတို့ကို ခေါ်ထုတ်သွားပေးမယ်”

“ဟမ့်... မင်းတို့တွေက အင်မော်တယ်နိုင်ငံရဲ့ အဆင့်မြင့်အင်မော်တယ်တွေကို သတ်ဖြတ်ခဲ့ကြတယ်... မင်းတို့က မကြာခင်သေရတော့မှာပဲ... ဒါတောင် မင်းတို့က ငါတို့ကို ဦးဆောင်ချင်သေးတာလား”

“ဆူဇီမို....မင်းက အဆင့်မြင့်အင်မော်တယ်ကို သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတာ... စောစောက မင်းက သူ့ကို အငိုက်ဖမ်းပြီး တိုက်ခိုက်ခဲ့လို့ပဲ..

ငါတို့အားလုံးက ပကတိတစ်ဆယ်ငရဲကနေ သတ်ဖြတ်ခြင်းနဲ့ ဖောက်ထွက်လာကြတာ... ငါတို့က မင်းကိုကြောက်နေမယ်လို့ ထင်လို့လား”

ကျန်ရှိနေသော ကျင့်ကြံသူများက ဆူဇီမိုနှင့် ထျန်ကျစ်ရီကို ရန်လိုခက်ထန်သောအော်ရာများနှင့်အတူ ဝိုင်းပတ်လိုက်ကြ၏။

“အငိုက်ဖမ်းပြီး တိုက်ခိုက်တာတဲ့လား”

ဆူဇီမိုကပြုံး၍ ပြောလိုက်သောသူကို ခေါင်းခါပြလိုက်၏။

“မင်းကတော်တော်နုံအနေသေးတာပဲ... ငါမင်းကိုသတ်ချင်တယ်ဆိုရင် ငါက မင်းကို ပေါ်ပေါ်တင်တင်ပြောထားမယ်ဆိုရင်တောင် မင်းငါ့ကို တားနိုင်မှာမဟုတ်ဘူး”

“တော်တော်မောက်မာနေတာပဲ”

ထိုသူက ဒေါသထွက်သွားပြီး အရင်ဆုံးစ၍ တိုက်ခိုက်လိုက်၏။ သူက လက်တစ်ဖက်စီဖြင့် သာမန်နတ်ဘုရားစွမ်းအားတစ်ခုစီကို ထုတ်ဖော်ပြီး အော်ဟစ်လိုက်၏။

“ဆူဇီမို... သေတော့”

ထိုသူ၏ သာမန်နတ်ဘုရားစွမ်းအားနှစ်ခုက တိုက်ခိုက်ရေးနတ်ဘုရားစွမ်းအားဖြစ်ပြီး သူက လုံးဝထိန်ချန်ထားခြင်း မရှိပေ။

ဆူဇီမို၏ အမူအရာက တည်​ငြိမ်နေပြီး ထိုသူ့ထံသို့ လှုပ်ရှားလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ လက်ညှိုးကို လှုပ်ခါလိုက်၏။

ဇီ... ဇီ...

ဓားချီကလေထုကို ဆုတ်ဖြဲလာခဲ့၏။ အဖြူရောင်ဓားချီနှစ်ခုက ချက်ချင်းပင်ရောက်ရှိလာပြီး ထိုသူ၏ လက်ထဲမှာ စုဖွဲ့လာသည့် သာမန်နတ်ဘုရားစွမ်းအားနှစ်ခုကို ထိုးဖောက်လိုက်၏။

ထိုသူက အဲ့ဒါကိုထုတ်ဖော်လိုက်သည့်အချိန်မှာ သူ၏ လက်ထဲတွင် ပျက်စီးထိခိုက်မှုမရှိသော ကောင်းကင်နှင့်မြေကြီး အမြုတေချီလုံးနှစ်လုံးကသာလျှင် ကျန်ရစ်ခဲ့၏။

“ဟမ်...”

ခပ်လှမ်းလှမ်းတွင် ထိုဓားချီကို တွေ့မြင်သောအခါ ယွင်ထင်၏ မျက်လုံးနှစ်ဖက်က ဝင်းလက်သွား၏။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီး တီးတိုးရေရွတ်လိုက်၏။

“အဲ့ဒီဓားချီရဲ့ အော်ရာက...”

“အရှင်မင်းသား ဘာများဖြစ်လို့လဲ”

နောက်ထပ်ကျင့်ကြံသူတစ်ယောက်က တီးတိုးပြောဆိုလိုက်၏။

“အဲ့ဒီဓားချီနှစ်ခုရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သန်မာတယ်ဆိုပေမယ့် သူတို့က အရှင်မင်းသားရဲ့ဓားချီကို ယှဥ်နိုင်မှာမဟုတ်ဘူး”

“ဟားဟားဟားဟား...”

ယွင်ထင်က သူ၏ ခေါင်းကိုမော့၍ ကျေနပ်နှစ်ခြိုက်သောအမူအရာဖြင့် ဟားတိုက်ရယ်မောလိုက်၏။

“ကောင်းကင်ဘုံက ငါ့ဘက်မှာ တကယ်ရှိနေပြီပဲ... ဒီခရီးစဥ်က အလဟဿမဖြစ်တော့ဘူး”

အခြားသူများ၏ မျက်လုံးများထဲမှာ ဆူဇီမို၏ ဓားချီနှစ်ခုသည် သန်မာသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုနှင့် အလွန်တရာစွန်းအားကြီးမားရုံမျှသာဖြစ်၏။

သို့သော်လည်း ထိုဓားချီနှစ်ခုသည် သူကျင့်ကြံထားသော ဓားချီနှင့် တူညီသောဇာစ်မြစ်ကနေလာခြင်းဖြစ်သည်ကို ယွင်ထင်က သိလိုက်၏။

သူသည် အထက်ဘုံလောက၏ အကျော်ကြားဆုံး ဓားပညာရပ်သုံးခုထဲမှတစ်ခုဖြစ်သော လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ကို ကျင့်ကြံထား၏။

အခြားဓားပညာရပ်နှစ်ခုက ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဖြစ်၏။

ဓားပညာရပ်သုံးခုကြားမှာ လူသားသတ်ဖြတ်ခြင်းဓားပညာရပ်က အသန်မာဆုံးဖြစ်၏။ ၎င်း၏ အထွတ်အထိပ်မှာ အဲ့ဒါသည် လောကကို မှောက်လှန်ပစ်နိုင်သော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို စုဖွဲ့နိုင်မည်ဖြစ်၏။

ဓားပညာရပ်သုံးခုသည် ဓားကမ္ဘာကနေလာခြင်းဖြစ်၏။

လူတစ်ယောက်က ဓားပညာရပ်သုံးခုစလုံးကို နားလည်ဆင်ခြင်ပြီး သူတို့ကို ကျွမ်းကျင်တတ်မြောက်သွားမည်ဆိုလျှင် ထိုသူသည် မကြုံစဖူးအံ့မခန်း အစားထိုး၍မရနိုင်သော ဓားတာအို၏ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို စုဖွဲ့နိုင်ဖို့ အခွင့်အရေးရှိသည်ဟု ဆိုလေသည်။

All Chapters