ရုန်းရင်းဆန်ခတ်တိုက်ပွဲ
Vol. 132 Ch. 1980
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး ထိုကျင့်ကြံသူဆင့်ခေါ်ထားသည့် သာမန်နတ်ဘုရားစွမ်းအားနှစ်ခုကို အလွယ်တကူဖျက်ဆီးပစ်လိုက်၏။
“မင်းက... ငါ့အသက်ကိုယူနိုင်ဖို့ အဝေးကြီးလိုသေးတယ်”
ဆူဇီမို၏ လေသံက တည်ငြိမ်နေပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်က အလွန်တရာမြန်ဆန်၏။ ဓားချီနောက်ကနေလိုက်ပါလာပြီး သူက ထိုကျင့်ကြံသူ၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။
ဘန်း...
ထိုသူက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ အကြည့်က တောင့်တင်းသွား၏။ သူသည် အပေါ်ယံအားဖြင့် ဒဏ်ရာမရရှိသည့်ပုံပေါ်သော်လည်း သူ၏ စိတ်က ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ကြေမွသွားပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကလည်း ဖျက်ဆီးခံလိုက်ရ၏။
အဲ့ဒါသည် မတိုက်ခိုက်ခင် ဆူဇီမိုပြောခဲ့သည့်အတိုင်းပင်။
သူက သူတို့ကို ပေါ်ပေါ်တင်တင်သတ်ဖြတ်ချင်သည်ဆိုလျှင်တောင် သူတို့က သူ့ကိုတားဆီးနိုင်မည် မဟုတ်ပေ။
ကျန့်ယွီနှင့် အခြားသူများသည် ပကတိတစ်ဆယ်ငရဲမှာ တိုက်ခိုက်သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်ခဲ့ကြသော်လည်း ဆူဇီမိုက အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်မှာ လုံးဝနာမည်မရှိခဲ့ပေ။
ထို့ကြောင့် သူတို့၏ စိတ်ထဲမှာ လူတိုင်းသည် ဆူဇီမိုကို အတည်အတံ့မှတ်ယူထားခြင်း မရှိပေ။
ဆူဇီမိုသည် သူတို့သုံးယောက်ကို သတ်ဖြတ်လိုက်ပြီးနောက် အခြားသောကျင့်ကြံသူများက နောက်သို့ လုံးဝဆုတ်ခွာမသွားပေ။ ထိုအစား သူတို့၏ စိတ်က ကြွတက်လာပြီး ကျန့်ယွီ၏ အမိန့်အောက်ကနေ ရှေ့သို့တက်လှမ်းလာကြ၏။
အဆင့်-၉ မဟူရာအင်မော်တယ်များ၏ ပူးပေါင်တိုက်ခိုက်မှုက အတော်လေးစွမ်းအားကြီးမား၏။
သာမန်နတ်ဘုရားစွမ်းအားများ၊ အင်မော်တယ်ပညာရပ်များနှင့် လျှို့ဝှက်အတတ်များအားလုံးက ဖြစ်ပေါ်လာပြီး အမြုတေချီများက တလိပ်လိပ်ထိုးတက်လာ၏။
ဖောက်...
မိုးကြိုးလျှပ်စီး အလင်းတန်းတစ်ခုက လူအုပ်ကြားထဲမှာ တဖျတ်ဖျတ်လက်သွား၏။
သူတို့ထဲမှတစ်ယောက်က ရှေ့သို့ပြေးဝင်လာစဥ်မှာပင် သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ၏ ရင်ဘတ်ပေါ်မှာ လက်မောင်းလုံးလောက်တုတ်ခိုင်သော အပေါက်တစ်ပေါက်ပေါ်ထွက်လာခဲ့၏။ ထိုဒဏ်ရာက လောင်ကျွမ်းတူးချစ်၍ အစိမ်းရောင်မီးခိုးများ အူထွက်နေ၏။
ထိုသူ၏ ရင်ဘက်က မိုးကြိုးစွမ်းအားဖြင့် ထိုးဖောက်ခြင်းခံလိုက်ရ၏။
“အား...”
ထိုလူက စူးစူးဝါးဝါး အော်ဟစ်ပြီး လဲကျသွား၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးမခံလိုက်ရသော်လည်း သူ၏ ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး သူ၏ အသက်ဓာတ်အားက ဆုတ်ယုတ်သွားခဲ့လေသည်။ သူ၏ ကျန်ရှိနေသော အမြုတေစိတ်ဝိညာဥ်နှင့်အတူ သိပ်ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။
သူ၏ နောက်ဘက်မှာ ထျန်ကျစ်ရီ၏ ပုံရိပ်က ရိပ်ခနဲလှုပ်ရှားသွား၏။
ကျင့်ကြံသူတစ်ယောက်သည် ထျန်ကျစ်ရီကို ခြေရာကောက်ချင်သော်လည်း သူက ထိုသို့မလုပ်နိုင်ကြောင်း နားလည်သဘောပေါက်သွား၏။
သူ၏ စိတ်ဝိညာဥ်အသိစိတ်သည် ထျန်ကျစ်ရီနောက်သို့ တစ်ချိန်လုံး မလိုက်ပါနိုင်ပေ။
ဆူဇီမို၏ ကမ္ဘာမြေအင်မော်တယ် စိတ်ဝိညာဥ်အသိစိတ်ပင်လျှင် ထျန်ကျစ်ရီကို မျက်ခြည်မပြတ် စောင့်မကြည့်နိုင်ပေ။
သူတို့နှစ်ယောက်က လိုဏ်ဂူထဲမှာ တိုက်ခိုက်ခဲ့စဥ် ဆူဇီမိုသည် အသာစီးရရှိပြီး ထျန်ကျစ်ရီကို ဖိနှိမ်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ သူ၏ အာရုံခံသတိစိတ်နှင့် အစစ်အမှန်နဂါး လျှပ်စီးကိုးချက်ကြောင့်ဖြစ်၏။
ဇီ... ဇီ... ဇီ...
ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့်ရှိနေပြီး သူ၏ လက်ကိုညင်သာစွာ ဝေ့ယမ်းလိုက်၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီတစ်ရာက ပစ်လွင့်ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ နေရာတိုင်းမှာပြန့်ကျဲသွား၏။
သူက အဆင့်-၉ မဟူရာအမြုတေနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်အတူ အဆင့်တူခြင်းမှာ သူ၏ အမြုတေချီက အခြားသောကျင့်ကြံသူများထက် အဆများစွာ ပိုမိုသန့်စင်၏။
ထို့ကြောင့် ဓားချီတစ်ခုချင်းစီ၏ သတ်ဖြတ်ခြင်းစွမ်းအားက နတ်ဘုရားစွမ်းအားတစ်ခု သို့မဟုတ် လျှို့ဝှက်အတတ်တစ်ခုကို ချေဖျက်နိုင်၏။
ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီတစ်ထောင်ကို ထုတ်ဖော်မည်ဆိုလျှင် အဲ့ဒါသည် ကမ္ဘာဖျက်ကပ်ဘေးတစ်ခုဖြစ်လာပြီး ရေကန်၏ ဘေးပတ်လည်မှာရှိသော ကျင့်ကြံသူများစွာက ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
ခပ်လှမ်းလှမ်းကနေ ယွင်ထင်က ထိုသည်ကိုတွေ့မြင်သောအခါ အနည်းငယ်ခေါင်းညိတ်လိုက်၏။
“ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်က သူ့ရဲ့လက်ထဲမှာ အလဟဿဖြစ်မနေခဲ့ဘူးပဲ”
“ကောင်းကင်ရဲ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာတဲ့အခါ ကြယ်တွေက နဂိုနေရာကနေ ရွေ့လျားကုန်လိမ့်မယ်... အဲ့ဒါက တကယ့်ကို ထူးခြားပါပေတယ်”
ယွင်ထင်၏ နောက်မှာရှိသော ကျင့်ကြံသူက ပြုံး၍ပြောလိုက်၏။
“အဲ့ဒီလူကျင့်ကြံထားတဲ့... ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်က ဘယ်လောက်ပဲသန်မာသန်မာ သူက အရှင်မင်းသားရဲ့ လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ကို ယှဥ်နိုင်မှာမဟုတ်ဘူး “
“အဲ့ဒါတော့ဟုတ်တယ်”
ယွင်ထင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
“ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကိုမပြောနဲ့ အဲ့ဒီလူက ကောင်းကင်သတ်ဖြတ်ခြင်းနဲ့ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်နှစ်ခုကို ပိုင်ဆိုင်ထားမယ်ဆိုရင်တောင် သူက ငါ့ရဲ့လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ရဲ့ ထက်ရှမှုကို ခုခံနိုင်မှာ မဟုတ်ဘူး”
“အခွံမာသီးကိုခွဲဖို့အတွက် ပေါင်တူမလိုပါဘူး... ကျုပ်တို့လက်ကိုသာ အပ်လိုက်စမ်းပါ”
နောက်ထပ်လူတစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“သူ ခြေကုန်လက်ပန်းကျသွားတဲ့အခါ ကျုပ်တို့က သူ့ကို အသက်ရှင်လျက်ဖမ်းဆီးပြီး အရှင်မင်းသားထံ အပ်ပေးမယ်”
“မလိုတော့ဘူး”
ယွင်ထင်က မှင်သေသေဖြင့်ပြောလိုက်၏။
“ငါကိုယ်တိုင် ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကို လုယူမယ်”
“အရှင်မင်းသား.... သူက နိမ့်ကျသက်ရှိပဲ... ခင်ဗျားဘာလို့...”
ထိုသူစကားမပြီးဆုံးသေးခင်မှာပင် သူ့ကို ယွင်ထင်က ဖြတ်ပြောလိုက်၏။
“ငါ့ရဲ့အဆင့်အတန်းကရော ဘာမို့လို့လဲ”
ယွင်ထင်က ထိုသူကို စိုက်ကြည့်လိုက်၏။
“ငါက ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်ကို လိုချင်တယ်ဆိုရင်... အဲ့ဒါကို ငါကိုယ်တိုင်ပေါ်ပေါ်တင်တင်တိုက်ခိုက်ယူရမယ်... အခြေအနေအပေါ် အမြတ်ထုတ်တာတွေ... ဒါမှမဟုတ် အရေအတွက်နဲ့အနိုင်ကျင့်တာတွေ အဲ့လိုမျိုးစက်ဆုပ်စရာကောင်းတဲ့အရာတွေကို ငါလုပ်မှာမဟုတ်ဘူး”
အခြားသောကျင့်ကြံသူများက သူတို့၏ ခေါင်းများကိုငုံ့ပြီး မပြောဆိုရဲတော့ပေ။
အခြားတစ်ဘက်မှာတော့... ယန်ယန်းအင်မော်တယ်နိုင်ငံတွင်...။
ဖန်းရွှမ်၏ တိုက်ပွဲဝင်လိုစိတ်က တဖွားဖွားထွက်ပေါ်လာပြီး သူက စိတ်လက်၍ မချုပ်တည်းနိုင်တော့ဟန်ဖြင့် လေးနက်စွာပြောလိုက်၏။
“အဆင့်မြင့်အင်မော်တယ်... ကျုပ်တိုက်ခိုက်ပါရစေ... ကျုပ်အဲ့ဒီလူကို သေချာပေါက်သတ်ဖြတ်ပြီး ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကို ယူလာခဲ့ပေးမယ်”
“နေပါဦး... အလောတကြီးမလုပ်စမ်းပါနဲ့”
လူအိုကြီးကောက ပြောလိုက်၏။
“ဒီကောင်လေးမှာ ဝှက်ဖဲတချို့ရှိနေတယ်... အဲ့ဒီကျင့်ကြံသူတွေက သူ့ကိုယှဥ်နိုင်မှာ မဟုတ်ဘူး.... ခဏလောက်စောင့်ပြီး သူခြေကုန်လက်ပန်းကျသွားမှ မင်းတိုက်ခိုက်မယ်ဆိုရင် အနိုင်ရဖို့အခွင့်အရေးပိုများတယ်”
ဖန်းရွှမ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဆက်လက်စောင့်ကြည့်နေ၏။
တိုက်ပွဲနယ်မြေတွင်...။
ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကို ထုတ်လွှတ်ပြီး နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များအားလုံးကို ခြေမွှပစ်လိုက်၏။
ကောင်းကင်ဘုံခြေလှမ်းနှင့် ကန့်သတ်မဲ့ရွှေအလင်းပေါ်မှီခိုပြီး သူက လူအုပ်ကြားထဲမှာ သက်တောင့်သက်သာလှုပ်ရှားသွားလာနေ၏။ သူ၏ ထိုးချက်တစ်ချက်ချင်း ကန်ချက်တစ်ချက်ချင်းစီမှာ ကြောက်စရာကောင်းသော ရုန်းကန်ပေါက်ကွဲအားတစ်ခု ပါဝင်နေပုံရ၏။
သူ၏ မျိုးဆက်သွေးကို အသုံးပြုခြင်းမရှိလျှင်တောင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မူလမဟူရာအဆင့် ဓမ္မရတနာများကို ထိပ်တိုက်ရင်ဆိုင်နိုင်၏။
ကျင့်ကြံသူများသည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဓမ္မရတနာများနှင့် လက်နက်များကို အသုံးမပြုနိုင်ပေ။
သို့သော်လည်း ဆူဇီမိုသည် လူပုံသဏ္ဌာန် မူလမဟူရာအဆင့်ဓမ္မရတနာတစ်ခုဖြစ်၏။ သူ၏ တိုက်ခိုက်မှုကို ဘယ်သူက ခုခံနိုင်ပါ့မလဲ။
ဘန်း... ဘန်း.... ဘန်း...
သူက အေးအေးလူလူလျှောက်လှမ်းနေသည့်အလား ဆူဇီမိုသည် ဘယ်သို့ညာသို့ ပစ်ဝင်နေကာ မည်သူကမှ သူ့ကို မတားဆီးနိုင်ပေ။
တစ်ခဏချင်းမှာပင် အဆင့်-၉ မဟူရာအင်မော်တယ်များထဲမှ ထက်ဝက်ကျော်သည် သတ်ဖြတ်ခြင်း ခံလိုက်ရ၏။
သူတို့ထဲမှ တချို့တလေသည် ရုန်းရင်းဆန်ခတ်အခြေအနေကြားမှာ သေဆုံးသွားပြီး သူတို့ကို ဘယ်သူသတ်ဖြတ်သွားသလဲပင် မသိခဲ့ပေ။
ဆူဇီမိုနှင့် ထျန်ကျစ်ရီက ပထမဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သော်လည်း သူတို့က အတော်လေးကို အချိတ်အဆက်မိနေ၏။
ဆူဖိမိုသည် ကျင့်ကြံသူများစွာကို ထိပ်တ်ိုက်ရင်ဆိုင်တိုက်ခိုက်နေ၏။
အခြားတစ်ဖက်မှာတော့ ထျန်ကျစ်ရီသည် သူမ၏ ကြိုတင်ခန့်မှန်း၍မရသော လှုပ်ရှားမှုနှင့် ဖုံးကွယ်ခြင်းနည်းစနစ်များပေါ်မှီခိုပြီး လူအုပ်ကြားထဲမှာ ရောနှောနေ၏။ သူမက ရံဖန်ရံခါမှသာ ပေါ်ထွက်၍ တိုက်ခိုက်တတ်၏။
သို့သော်လည်း သူမတစ်ကြိမ်တိုက်ခိုက်တိုင်း ကျင့်ကြံသူတစ်ယောက်က သေဆုံးသွားရမည်ဖြစ်၏။
သူတို့နှစ်ယောက်သည် အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်မှာ မရှိခဲ့ပေ။ သို့သော်ယခု... အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်မှ ကျင့်ကြံသူအားလုံးနီးပါးက သတ်ဖြတ်ခြင်းခံနေရ၏။
ကျန်ရှိနေသောလူတချို့က နောက်ဆုံးမှာ အကြောက်တရားကိုခံစားလာရပြီး နောက်သို့ဆုတ်ခွာသွားကြ၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အစက စောင့်ကြည့်နေခဲ့ကြသော များစွာသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများမှ ကျင့်ကြံသူများက ဒီရေလှိုင်းတစ်လှိုင်းကဲ့သို့ ပြေးဝင်လာကြပြီဖြစ်၏။
သူတို့ထဲမှ အများစုက ဂိုဏ်းငယ်များနှင့် အဖွဲ့အစည်းငယ်များမှဖြစ်ကြ၏။
ယခင်က... ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်သည် မဟာကျင်းအင်မော်တယ်နိုင်ငံမှလာပြီး သူတို့ကို အဆင့်မြင့်အင်မော်တယ်များဟု သတ်မှတ်နိုင်၏။ သူတို့သည် ဘယ်လောက်ပင်ရဲတင်းသည်ဖြစ်စေ စိုးရိမ်ပူပန်နေရပြီး မဆင်မခြင်တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။
သို့သော်ယခု... ဝဝဖိုင့်ဖိုင်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်က သေဆုံးသွားခဲ့ပြီး ဆူဇီမိုနှင့် အခြားသူများသည် အောက်ဘုံမှလာသော မဟူရာအင်မော်တယ်များသာဖြစ်၏။
ဒါ့အပြင်... သူတို့သည် ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်ကို သတ်ဖြတ်ခဲ့သူဖြစ်၏။
ထိုသို့ဖြင့် ကျင့်ကြံသူများစွာသည် ယခုအခါ ဝင်ရောက်တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်ရသွားပြီး ရုန်းရင်းဆန်ခတ်အခြေအနေကြားကနေ ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကို လုယူဖို့ကြိုးစားကြမည်ဖြစ်၏။
ခပ်လှမ်းလှမ်းကနေ လူအိုကြီးကောက ထူးဆန်းစွာရယ်မောလိုက်၏။
“ဒီလောက်လူတွေအများကြီး ဝင်ပါလာမှတော့... ဆူဇီမိုမှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိရင်တောင် မထိမခိုက်လွတ်မြောက်နိုင်ဖို့ မလွယ်တော့ဘူး”
“ဖန်းရွှမ်... ငါအမိန့်ပေးတာနဲ့ အချိန်မရွေးဝင်ရောက်တိုက်ခိုက်ဖို့ အသင့်ပြင်ထား”
“နားလည်ပါပြီ”
ဖန်းရွှမ်က လေးနက်သောအသံဖြင့် ပြန်ဖြေလိုက်၏။
အခြားတစ်ဘက်မှာ ကျိရွှမ်အင်မော်တယ်နိုင်ငံမှ ကျင့်ကြံသူများက မျက်မှောင်ကြုတ်လိုက်ကြ၏။
“အရှင်မင်းသား... ဆူဇီမိုကတော့ သွားရှာပြီထင်တယ်”
ယွင်ထင်က တိတ်တဆိတ်ဖြင့် သူ၏ လက်နှစ်ဖက်ကို နောက်သို့ပစ်ထား၏။
တိုက်ပွဲနယ်မြေမှာ ဆူဇီမိုက ဘက်ပေါင်းစုံမှဝင်ရောက်လာသော ကျင့်ကြံသူများကို ကြည့်ပြီး သူ၏ အမူအယာက တည်ငြိမ်နေကာ တကယ်ဆို သူ၏ မျက်လုံးထဲမှာ ဝဲဂယက်တစ်ခုပင် ရှိမလာခဲ့ပေ။
“ဟေး... အရင်ဆုံးနောက်ဆုတ်ကြရအောင်.. ငါတို့သူတို့ကို ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ဘူး”
ထျန်ကျစ်ရီ၏ အသံက ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။
“မင်းအရင်ထွက်သွားနှင့်... ဂရုစိုက်ဦး”
ဆူဇီမိုက ပြန်ဖြေလိုက်၏။
အပြင်ကနေလာသော ထိုကျင့်ကြံသူများအားလုံးသည် ထိပ်သီးမဟူရာအင်မော်တယ်များဖြစ်ပြီး မည်သည့်ကန့်သတ်ချုပ်နှောင်မှုမှမရှိဘဲ သူတို့၏ တိုက်ခိုက်ရည်ခွန်အားအထွတ်အထိပ်ကို ထုတ်ဖော်နိုင်မည်ဆိုလျှင် သူသည် ဓမ္မရတနာအချို့နှင့် ဝှက်ဖဲအချို့ကို စိုးရိမ်ပူပန်နေရပေဦးမည်။
သို့သော်လည်း ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဆူဇီမိုသည် သူ၏ ကိုယ်ကာယ၊ အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများနှင့်အတူ အရာရာတိုင်းကို ဖယ်ရှားရှင်းလင်းပစ်နိုင်သည်ဟု ယုံကြည်မှုရှိလေသည်။
ဒါ့အပြင်... ဧကရာဇ်ဂူသင်္ချိုင်း၏ နေရာဒေသပတ်ဝန်းကျင်က ရှုပ်ထွေးဆန်းကြယ်ပြီး ခြေလှမ်းတိုင်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေ၏။ သူတို့က နောက်သို့ဆုတ်ခွာရင်း ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ အမျိုးအမည်မသိ သက်ရှိတချို့နှင့် ကြုံတွေ့ရမည်ဆိုလျှင် သူတို့က ပို၍ပင် အန္တရာယ်ရှိလာနိုင်၏။