အခန်း (၂၇၆)
Vol. 19 Ch. 276
"ကောင်လေး.. မင်းက အတော် ယုံကြည်မှုရှိတဲ့ပုံပဲ"
ကျန်းချန်၏ မောက်မာသော စကားများကို ကြားရသောအခါတွင် ရှာကျုံးသည် အပြစ်တင်ဖို့ ဝေးစွ၊ ရှားရှားပါးပါး ပြုံးပင် ပြုံးပြလိုက်သေး၏။
"အသေးစိတ်အချက်အလက်တွေကို ဧကရာဇ်က ရှင်းရှင်းလင်းလင်း စုံစမ်းပြီးသား ဖြစ်မှာပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဧကရာဇ်ရှားက ကျွန်တော်မျိုးမှာ အဲဒီလိုစွမ်းရည် မရှိဘူးလို့ ထင်နေလား"
"ဟားဟား... မင်းရဲ့ ဓားပါရမီနဲ့ အဂ္ဂိရတ်ပါရမီက ဒီဧကရာဇ်ကို တကယ်ပဲ အံ့အားသင့်စေခဲ့တယ်.. ဆယ်နှစ်အတွင်း မင်းက မဟာရှားနိုင်ငံရဲ့ နံပါတ်တစ် ဖြစ်လာမှာ သေချာပါတယ်.. ဒါပေမဲ့ တော်ဝင်မိသားစု၏ ဘိုးဘေး အစဥ်အလာအရ မဟာရှားနိုင်ငံရဲ့ ထီးနန်းဆက်ခံသူကို ဧကရာဇ်က သတ်မှတ်လို့ မရဘူး"
ရှားကျုံးက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောဆိုလိုက်သည်။
"သုံးရက်အကြာမှာ ဒီဧကရာဇ်က တော်ဝင်မိသားစုရဲ့ ဘိုးဘွားနယ်မြေမှာ ဧကရာဇ် အကဲဖြတ်ခြင်းကို စတင်မယ်.. မင်းက တတိယမင်းသား နန်းတက်နိုင်အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ဧကရာဇ် အကဲဖြတ်ခြင်း။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ဘာစကားမျှ ထပ်မပြောဆိုခဲ့ပေ။
လူအများက သူ့ကို တစ်ပေ လေးစားလျှင် သူသည်လည်း အခြားသူများကို တစ်ပေ လေးစားမည် ဖြစ်သည်။
တတိယမင်းသား ရှားရွှယ်သည် သူ့အတွက် ဧကရာဇ်ရှားကို အကူအညီပေးရန် တောင်းဆိုခဲ့သောကြောင့် သူသည်လည်း ရှားရွှယ် နန်းတက်နိုင်အောင် ကူညီပေးလိုခဲ့သည်။
"သွားလို့ရပြီ"
ရှားကျုံးသည် လက်ကို ဝှေ့ယမ်းပြီး မျက်လုံးများကို တိုက်ရိုက် မှိတ်ထားလိုက်သည်။
ထိုအပြုအမူကို မြင်လျှင် ကျန်းချန်သည် ခန်းမထဲကနေ တိုက်ရိုက် ထွက်ခွာလာခဲ့သည်။
"မင်းက ထီးနန်းကို တတိယမင်းသား ရှားရွှယ်ဆီ လွှဲပြောင်းပေးဖို့ စီစဉ်နေတဲ့ပုံပဲ.. ဒါပေမဲ့ အင်အားနဲ့ ပတ်သက်လာရင်တော့ အကြီးဆုံးမင်းသား ရှားလင်က သူ့ထက် အများကြီး ပိုကောင်းတယ်"
ကျန်းချန် ထွက်ခွာသွားပြီး ခဏအကြာမှာပင် တိုးညင်းသော အသံတစ်သံသည် ခန်းမထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"ဒီကောင်လေးက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ အပြင် ယန်ချင်းရွှယ်နဲ့လည်း ထူးခြားတဲ့ ဆက်ဆံရေးရှိတယ်.. သူ အကူအညီပေးသရွေ့ တတိယမင်းသားရဲ့ အင်အားက အားနည်းမှာ မဟုတ်ဘူး"
ရှားကျုံးက ရုတ်တရက် မှိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။
"ဒါ့အပြင်... ဒီကောင်လေးက နှစ်ပေါင်းတစ်သောင်းမှာ တစ်ယောက်ပေါ်လာဖို့ မလွယ်တဲ့ တုနှိုင်းမဲ့ပါရမီရှင်ပဲ.. တိမ်တိုက်ဂိုဏ်းလိုမျိုး ပါရမီရှင်တွေ ပေါများတဲ့ ဂိုဏ်းမှာတောင် သူက ထင်ရှားနိုင်တယ်"
"ငါ့အမြင်အရ သူက အနာဂတ်မှာ မြောက်ပိုင်း တောရိုင်းနိုင်ငံ ကိုးနိုင်ငံရဲ့ ကံကြမ္မာကို လွှမ်းမိုးမဲ့သူ ဖြစ်လာလိမ့်မယ်"
"မဟာရှားနိုင်ငံရဲ့ ဧကရာဇ်ကို သူ့နှင့် ဆက်ဆံရေးကောင်းတဲ့ တတိယသားတော်ကို လွှဲပေးနိုင်မှသာ ငါ စိတ်အေးရလိမ့်မယ်"
..............
နန်းတော်မှ ထွက်လာပြီးနောက် ကျန်းချန်သည် နန်းတော်ဘေးရှိ တတိယမင်းသား၏ နေအိမ်သို့ တိုက်ရိုက် သွားရောက်လိုက်သည်။
"သခင်လေး ကျန်းချန်... ရောက်လာတာကိုး.. ကြွပါ"
တံခါးဝတွင် ကျန်းချန်ကို မြင်သောအခါ အစောင့်တစ်ဦးသည် ပျာပျာသလဲ ဆီးကြိုလိုက်သည်။
ကျန်းချန်က လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
"တတိယမင်းသား အိမ်တော်မှာ ရှိနေလား"
"ရှိပါတယ်... တတိယမင်းသားက အထူးမှာထားပါတယ်.. သခင်လေး ကျန်းချန် ရောက်လာခဲ့ရင် သတင်းပို့ရန် မလိုပါဘူး.. ကျွန်တော်မျိုး တစ်ခါတည်း ခေါ်သွားပေးပါမယ်"
အစောင့်က ပြောရင်းဆိုရင်း ကျန်းချန်ကို လက်ဟန်ဖြင့် ကြိုဆိုလိုက်သည်။
"သခင်လေး ကျန်းချန်... အိမ်တော်ထဲကို ကြွပါ"
အစောင့်၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်သည် မကြာခင်မှာပင် အိမ်တော်၏ ခန်းမကြီးသို့ ရောက်ရှိသွားခဲ့သည်။
ခန်းမကြီးထဲတွင် တတိယမင်းသား ရှားရွှယ်သည် ဝတ်ကောင်းစားလှ ဝတ်စားထားသော လူငယ်အနည်းငယ်နှင့် တစ်စုံတရာကို ဆွေးနွေးနေဟန် ရသည်။
"တတိယမင်းသား... တောင်းပန်ပါတယ်.. အကြောင်းကိစ္စ တချို့ကြောင့် သုံးရက်အကြာမှာ ပြုလုပ်မဲ့ ဧကရာဇ် အကဲဖြတ်ခြင်းမှာ တတိယမင်းသားကို အကူအညီမပေးနိုင်တော့မှာ ကျွန်တော်မျိုး စိုးရွံ့မိပါတယ်"
"တတိယမင်းသား... ကျွန်တော်မျိုးမှာ စွမ်းရည် အကန့်အသတ်ရှိလို့ တတိယမင်းသားကို ထီးနန်းရရှိအောင် အကူအညီ မပေးနိုင်ဘူးလို့ ထင်ပါတယ်"
"............."
ခန်းမကြီးထဲမှ လူငယ်များ၏ စကားများကို ကြားရသောအခါ ကျန်းချန်သည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ဤလူငယ်များအားလုံးသည် တတိယမင်းသားက ဧကရာဇ် အကဲဖြတ်ခြင်း၌ အကူအညီပေးရန် တောင်းဆိုထားသော လူများဖြစ်သည်မှာ ထင်ရှားနေ၏။
သို့သော်လည်း ယခုအခါတွင် တတိယမင်းသားကို ကူညီရန် ကတိပေးထားသော ဤလူများအားလုံးသည် တတိယမင်းသားကို စွန့်ပစ်ရန် စီစဥ်နေခဲ့သည်။
ကျန်းချန်က တစ်ချက် စဥ်းစားလိုက်သည်နှင့် တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ လျှို့ဝှက်စွာ ကစားနေမှန်း သိလိုက်သည်။
ကျန်းချန်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွား၏။
သူက ခန်းမကြီးထဲသို့ တိုက်ရိုက် လှမ်းဝင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ အေးစက်သော အသံသည် လူတိုင်း၏ နားထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"ဟမ့်.. မင်းတို့က တတိယမင်းသားရဲ့ အဖွဲ့ထဲကို ဝင်ရောက်ချင်ရင်တောင် ငါ သဘောတူမတူ မေးမြန်းရဦးမယ်.. တတိယမင်းသားရဲ့ အဖွဲ့ထဲမှာ မင်းတို့လို အမှိုက်တွေ မလိုအပ်ဘူး.. မင်းတို့အားလုံး ငါ့ရှေ့ကနေ ခုချက်ချင်း ထွက်သွားကြစမ်း"
အခန်း(၂၇၆) ပြီး၏