← Chapters

အခန်း (၂၈၀)

Vol. 19 Ch. 280

အခန်း (၂၈၀)

Vol. 19 Ch. 280

"ကောင်လေး.. ဒါက မင်းအတွက် ပဥ္စမအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားပဲ"

ချင်ချန်ရန်သည် အံ့သြ တုန်လှုပ်မှုကနေ သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ထို့နောက်တွင် ပဥ္စမအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ထုတ်ယူကာ ကျန်းချန်ထံ ပစ်ပေးလိုက်သည်။

"ဥက္ကဋ္ဌချင်ကို ကျေးဇူးတင်ပါတယ်... ကျွန်တော်က ကတိကြမ္မာ ဆေးလုံးကို အထူးပြု လေ့လာနေတဲ့ ဆရာကြီးတို့ကို အနှောင့်အယှက် မပေးတော့ပါဘူး"

ကျန်းချန်က အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ပြုံးရွှင်စွာ လက်ခံလိုက်ပြီးနောက် အခန်းထဲမှ ထွက်ခွာလာခဲ့သည်။

အလွန်လျင်မြန်စွာပင် ကျန်းချန်သည် အဂ္ဂိရတ်ပညာရှင် အစည်းအရုံး၏ ဧည့်ခန်းမသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ကျန်းချန်က ဤမျှ မြန်မြန်ဆန်ဆန် ထွက်လာသည်ကို မြင်လျှင် ဧည့်ခန်းမထဲတွင် ကျန်းချန်ကို စောင့်ဆိုင်းနေသော တတိယမင်းသား၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန်သည် အဂ္ဂိရတ်ပညာရှင်များ အစည်းအရုံးသို့ ရောက်ရှိလာပြီးနောက်တွင် စတုတ္ထအဆင့် အဂ္ဂိရတ်သခင် အဖြစ် အကဲဖြတ်မှုကို ခံယူရမည် ဖြစ်သည်။

အကဲဖြတ်ခြင်းကို အောင်မြင်ရန် ကျန်းချန်သည် အနည်းဆုံး စတုတ္ထအဆင့် ဆေးလုံးတစ်လုံးကို သန့်စင်ရမည် ဖြစ်၏။

အဂ္ဂိရတ်သခင် အများစုသည် စတုတ္ထ အဆင့် ဆေးလုံးတစ်လုံးကို သန့်စင်ရန် အနည်းဆုံး တစ်နာရီ သို့မဟုတ် ထိုထက်ပိုသော အချိန် လိုအပ်သည်။

သို့ဆိုလျှင် အဘယ်ကြောင့် ကျန်းချန်က ဤမျှ မြန်မြန်ဆန်ဆန် ထွက်လာရပါသနည်း။

တတိယမင်းသား ရှားရွှယ်က စဉ်းစားမရဖြစ်နေပြီး မေးခွန်းများ မေးတော့မည့်အချိန်တွင် သူ၏ အကြည့်သည် ကျန်းချန်၏ လက်ထဲမှ ကြယ်ငါးပွင့် သင်္ကေတပါသည့် ငွေရောင် အဂ္ဂိရတ်သခင် တံဆိပ်ပြားဆီသို့ မတော်တဆ ရောက်ရှိသွားခဲ့သည်။

ရှားရွှယ်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

သူ့ နှုတ်ခမ်းဖျားဆီ ရောက်ရှိလာသော မေးခွန်းသည် ချက်ချင်းပင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်မှု အဖြစ် ပြောင်းလဲသွားခဲ့သည်။

"ညီနောင် ကျန်းချန်.. မင်း... မင်းက ပဥ္စမအဆင့် အဂ္ဂိရတ်သခင် အကဲဖြတ်မှုကို အောင်မြင်သွားပြီလား"

သူက အဂ္ဂိရတ်ပညာရပ်တွင် ကျန်းချန်၏ ပါရမီက အလွန် ထူးချွန်သည်ကို သိရှိထားသော်လည်း ဤမျှအထိ နတ်ဆိုးဆန်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အသက်ဆယ့်ခြောက်နှစ်ဖြင့် ပဥ္ဧမအဆင့် အဂ္ဂိရတ်သခင်။

ယင်းက အလွန်ပင် ကြောက်စရာကောင်းသော ဂုဏ်ပုဒ် ဖြစ်၏။

"သွားကြစို့... နောက်တစ်နေရာက အစီအရင်အစည်းအရုံးပဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားခဲ့သည်။

ဆယ်မိနစ်ကျော်ကြာပြီးနောက်တွင် ကျန်းချန်တို့သည် အင်ပါယာမြို့တော်ရှိ အစီအရင် ပညာရှင်များ အစည်းအရုံးသို့ ရောက်ရှိလာသည်။

ဤနေရာတွင် သူနှင့် ရင်းနှီးသည့် အစီအရင်သခင် မရှိသောကြောင့် ဤတစ်ကြိမ်တွင် ကျန်းချန်သည် အဆင့်တစ် အစီအရင်ကို တည်ဆောက်ကာ တစ်ဆင့်ချင်းစီ အကဲဖြတ်မှုကို ခံယူခဲ့ရ၍ အချိန်အတော်ကြာခဲ့သည်။

သူ၏ အစီအရင်အပေါ် နားလည်နိုင်စွမ်း အဆင့်သည် စီရင်စုကိုးခု သိုင်းပြိုင်ပွဲကတည်းကပင် စတုတ္ထအဆင့် သို့ ရောက်နေခဲ့ပြီ ဖြစ်၏။

အကဲဖြတ်မှု လုပ်ငန်းစဥ်က အချိန်အတော်ကြာသော်လည်း မည်သို့သော အခက်အခဲမျှ မကြုံတွေ့ခဲ့ပေ။

နှစ်နာရီ ကြာပြီးနောက်တွင် ကျန်းချန်သည် နောက်ဆုံး အကဲဖြတ်မှုကို ချောချောမွေ့မွေ့ အောင်မြင်ခဲ့ပြီး စတုတ္ထအဆင့် အစီအရင်သခင် တံဆိပ်ပြားကို အောင်မြင်စွာ ရရှိခဲ့သည်။

ကျန်းချန်က စတုတ္ထအဆင့် အစီအရင်သခင် တံဆိပ်ပြားနှင့်အတူ ပြန်လည် ရောက်ရှိလာသည်ကို​ မြင်လျှင် ရှားရွှယ်သည်နောက်ထပ်တဖန် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့သည်။

ရှားရွှယ် မှင်တက်နေရာကနေ မသက်သာမီမှာပင် ကျန်းချန်သည် ရှားရွှယ်ကို အစီအရင်ပညာရှင်များ အစည်းအရုံးကနေ သားရဲသခင် အစည်းအရုံးသို့ ခေါ်သွားခဲ့၏။

သားရဲသခင်အပေါ် အကဲဖြတ်ခြင်းသည် အဂ္ဂိရတ်သခင်နှင့် အစီအရင်သခင် တို့ကို အကဲဖြတ်ခြင်းထက် အများကြီး ပိုမို ရိုးရှင်းသည်။

အဘယ်ကြောင့်ဆိုသော် သားရဲသခင် အဖြစ် အကဲဖြတ်ရန်အတွက် အဆင့် မတူညီသည့် သားရဲများအား ယဥ်ပါးနိုင်စွမ်း အပေါ်တွင် မူတည်သောကြောင့်ပင်။

ထို့ကြောင့် ဤတစ်ကြိမ်တွင် ကျန်းချန်သည် အချိန်အများကြီး မကုန်ခဲ့ဘဲ သားရဲသခင် တံဆိပ်ပြားနှင့အတူ ရှားရွှယ် ရှေ့တွင် ပေါ်လာခဲ့သည်။

ကျန်းချန်က လိုအပ်သော တံဆိပ်ပြား သုံးခုကို တစ်ခုပြီးတစ်ခု ရယူသည်ကို ကြည့်ရင်း တတိယမင်းသား ရှားရွှယ်သည် လုံးဝ မှင်တက်နေခဲ့၏။

မဟာရှားနိုင်ငံ၏ ထောင်စုနှစ် သမိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တချို့ ရှိသည်။

သို့သော် ကဏ္ဍတိုင်းတွင် ကျန်းချန်ကဲ့သို့ အလွန် နတ်ဆိုးဆန်သော ပါရမီရှင်မျိုးတော့ ရှားရွှယ် လုံးဝ မကြားဖူးပေ။

ပဥ္စမအဆင့် အဂ္ဂိရတ်သခင်၊ စတုတ္ထ အဆင့် အစီအရင်သခင်၊စတုတ္ထအဆင့် သားရဲသခင်။

ရှားရွှယ်က ဤသို့သော ကြောက်မက်ဖွယ် အထောက်အထား သုံးခုသည် တစ်နေ့တွင် လူတစ်ယောက်တည်းထံ၌ တွေ့ရလိမ့်မည်ဟု မည်သည့်အခါမျှ မထင်ခဲ့ပေ။

ယင်းအပြင် ဤအထောက်အထား သုံးခုနှင့် လူသည် ယခုမှ အသက်ဆယ့်ခြောက်နှစ်သာ ရှိသေး၏။

လက်ရှိအချိန်တွင် ရှားရွှယ်သည် ဧကရာဇ် အကဲဖြတ်ခြင်းတွင် သူ့ကို ကူညီရန်အတွက် ကျန်းချန်၏ ယုံကြည်မှုသည် လေလုံးထွားရုံ သက်သက် မဟုတ်ကြောင်း အဆုံးသတ်၌ ယုံကြည်သွားခဲ့သည်။

ဆိုရလျှင် သူ့ရှေ့မှ ကောင်လေးသည် တကယ်ကို မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသော စွမ်းရည် ရှိပေသည်။

အခန်း(၂၈၀) ပြီး၏

All Chapters