← Chapters

အခန်း (၂၈၂)

Vol. 19 Ch. 282

အခန်း (၂၈၂)

Vol. 19 Ch. 282

"ဧကရာဇ် ရှားကို ဂါရဝပြုပါတယ်"

လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသော ဧကရာဇ် ရှားကျုံးကို မြင်လျှင် ကျယ်လောင်သော အသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

လူတိုင်းက လေထဲမှ ဧကရာဇ် ရှားကို ဦးညွှတ်ပြီး အရိုအသေပေးလိုက်ကြ၏။

"အားလုံးပဲ ထကြပါ"

ဧကရာဇ်ရှားက လက်ကို ဝှေ့ယမ်းလိုက်သည်။

သူက ကွင်းပြင် ထဲမှ မင်းသားများကို အကဲခတ်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဧကရာဇ် အကဲဖြတ်ခြင်းမှာ ပါဝင်မဲ့ မင်းသားအားလုံးအနေနဲ့ မင်းတို့ရဲ့ ကိုယ်ပိုင်အဖွဲ့ကို ငါ့ဆီ ခေါ်ဆောင်လာပေးပါ"

ဧကရာဇ်ရှား၏ စကားသံ ထွက်ပေါ်လာသည်နှင့်အမျှ မြင်ကွင်းသည် ချက်ချင်းပင် အလွန်တရာ တိတ်ဆိတ်သွားသည်။

အကြည့်အားလုံးက ဧကရာဇ် အကဲဖြတ်ခြင်းတွင် ပါဝင်သော မင်းသားခုနစ်ယောက် ဆီသို့ ရောက်ရှိသွားကြ၏။

မင်းသားခုနစ်ယောက်ကလည်း တုံ့ဆိုင်းမနေဘဲ သူတို့၏ အဖွဲ့ဝင်များကို ဧကရာဇ်ရှား ရှေ့မှောက်သို့ ခေါ်သွားကြသည်။

တတိယမင်းသား ရှားရွှယ်မှလွဲ၍ မင်းသားအားလုံးသည် တိုက်ပွဲဝင်ကျင့်ကြံသူ၊ အစီအရင်သခင်၊ အဂ္ဂိရတ်သခင်၊သားရဲသခင်တို့ဖြင့် လေးယောက်ပါအဖွဲ့ကို ဖွဲ့စည်းထား၏။

ထို့ကြောင့် တတိယမင်းသား ရှားရွှယ်က ကျန်းချန် တစ်ယောက်တည်း ကိုသာ ခေါ်သွားခြင်းသည် အထူးတလည် ထင်ပေါ်နေခဲ့သည်။

"တတိယမင်းသားက ဘာလို့ လူတစ်ယောက်တည်းကို ခေါ်ဆောင်သွားရတာလဲ"

"တတိယမင်းသားက ပညာရပ်လေးခု အထူးပြုပါဝင်တဲ့ အဖွဲ့ကို မစုစည်းနိုင်ရင် ဧကရာဇ် အကဲဖြတ်ခြင်းကို ဝင်နွှဲဖို့ အရည်အချင်း မပြည့်မီတာကို မသိတာများလား"

"ဒီအတိုင်းဆို ဧကရာဇ် ရှားက ဧကရာဇ် အကဲဖြတ်ခြင်းမှာပါဝင်ဖို့ သူ့ကို ထူးထူးခြားခြား အခွင့်အရေးပေးရင်တောင် သူက အနိုင်ရဖို့ မဖြစ်နိုင်တော့ဘူး"

တတိယမင်းသား ရှားရွှယ်က လူတစ်ယောက်တည်းကိုသာ ရှေ့သို့ ခေါ်ဆောင်လာသည်ကို မြင်လျှင် လူတိုင်း အံ့သြ တုန်လှုပ်သွားကြသည်။

"တတိယမင်းသား ရှားရွှယ်က ဘာတွေလုပ်နေတာလဲ"

-----------

"ဧကရာဇ် အကဲဖြတ်ခြင်း အတွက် ဒီဧကရာဇ်က ဧကရာဇ် တံဆိပ်ပြားကိုးခု ပြုလုပ်ထားတယ်.. ဧကရာဇ် တံဆိပ်ပြား ကိုးခုကို တော်ဝင်မိသားစု ဘိုးဘွားမြေရဲ့ မတူညီတဲ့ နေရာတွေမှာ ဖြန့်ကျက်ထားတယ်.. ဧကရာဇ် တံဆိပ်ပြား တစ်ခုစီကို အစီအရင် ယန္တရား တစ်ခုစီက ကာကွယ်ထားတယ်"

"ဘယ်မင်းသားမဆို ဧကရာဇ် တံဆိပ်ပြား ကိုးခုကို စုစည်းနိုင်သရွေ့ ဧကရာဇ် အကဲဖြတ်ခြင်းကို အနိုင်ရပြီး ဒီဧကရာဇ် ထီးနန်းကို ဆက်ခံနိုင်မယ်"

ကွင်းပြင် ထဲမှ အခြေအနေနှင့် ပတ်သက်ပြီး ဧကရာဇ်ရှားက မည်သို့မျှ အာရုံမစိုက်ဘဲ ဧကရာဇ် အကဲဖြတ်ခြင်း၏ စည်းမျဉ်းများကို တိုက်ရိုက် ကြေညာလိုက်သည်။

"ခမည်းတော်ရဲ့ အလိုတော်အရ ဧကရာဇ် အကဲဖြတ်ခြင်းကို ပါဝင်ဖို့အတွက် ပညာရပ်လေးခုပါ အဖွဲ့ကို ဖွဲ့စည်းရမယ်.. ဒါပေမဲ့ တတိယညီတော်က ဒီတစ်ကြိမ် လူတစ်ယောက်တည်းကိုပဲ ခေါ်ဆောင်လာခဲ့တယ်.. စည်းမျဥ်းအရဆို တတိယညီတော်က ဧကရာဇ် အကဲဖြတ်ခြင်းကို ပါဝင်ဖို့ အရည်အချင်း မပြည့်မီဘူး"

ဧကရာဇ် ရှားက စည်းမျဉ်းများကို ကြေညာပြီးနောက် ခဏအကြာတွင် ပထမမင်းသား ရှားလင်းသည် တိုက်ရိုက် စကားပြောဆိုလိုက်သည်။

"တတိယမင်းသားက ငါတစ်ယောက်တည်းကို ခေါ်ဆောင်လာတာနဲ့ပဲ ဧကရာဇ် အကဲဖြတ်ခြင်းမှာ ပါဝင်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ ပြောဆိုရတာလဲ"

မင်းသား၏ မေးခွန်းကို ရင်ဆိုင်ရင်း တတိယမင်းသား မပြောဆိုမီတွင် ကျန်းချန်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဧကရာဇ်ရှားက ပညာရပ်လေးခုပါ အဖွဲ့ကို စုစည်းဖို့သာ ပြောဆိုခဲ့တယ်.. လူလေးယောက် လိုအပ်တယ်လို့ မပြောဆိုခဲ့ဖူးဘူး"

"တတိယမင်းသားဘေးက လူက ဘယ်သူလဲ.. ဘာလို့ လေသံက ဒီလောက်တော င်မောက်မာနေရတာလဲ"

"သူက ကျန်းချန်၊ စီရင်စုကိုးခု သိုင်းပြိုင်ပွဲရဲ့ ဗိုလ်စွဲသူ"

"သူ ဖြစ်နေတာကိုး.. ဒါပေမဲ့ သူက အင်အားကြီးရင်တောင် သူတစ်ယောက်တည်းနဲ့ ပညာရပ်လေးခုကို ပိုင်ဆိုင်ဖို့တော့ မဖြစ်နိုင်ဘူး"

လူတိုင်းက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြသည်။

"ကျန်းချန်... မင်းက တစ်ယောက်တည်းနဲ့ ပညာရပ် လေးခုလုံးကို တတ်မြောက်ထားတယ်လို့တော့ ငါ့ကို မပြောနဲ့နော်"

ကျန်းချန်၏ စကားများကို ကြားရသောအခါ ပထမမင်းသားသည် မထီမဲ့မြင် မဲ့ပြုံး ပြုံးလိုက်၏။

ကျန်းချန်က အဂ္ဂိရတ်ပညာရပ်နှင့် အစီအရင်ပညာရပ် အစရှိသည့် ကဏ္ဍအားလုံးတွင် ပါဝင်ပတ်သက်နေသည်ကို သိရှိထားသော်လည်း ကဏ္ဍအားလုံးတွင် စတုတ္ထအဆင့်သို့ ရောက်ရှိနိုင်မည်ဟု သူ မယုံကြည်ခဲ့ပေ။

"ပညာရပ်လေးခုကို တစ်ယောက်တည်းက တတ်မြောက်ထားရင်ရော အကြုံးမဝင်ဘူးလား"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူ၏ လက်ဖဝါး လှုပ်ရှားသွားသည်နှင့် မတူညီသော သင်္ကေတ သုံးခုပါသည့် ငွေရောင် တံဆိပ်ပြား သုံးခုသည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

ဤတံဆိပ်ပြား သုံးခု ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

ကျန်းချန်ကို ကြည့်ရင်း လူတိုင်း၏ အကြည့်များသည် ချက်ချင်းပင် အေးခဲသွားခဲ့၏။

အခန်း(၂၈၂) ပြီး၏

All Chapters