← Chapters

အခန်း (၂၈၇)

Vol. 20 Ch. 287

အခန်း (၂၈၇)

Vol. 20 Ch. 287

"ကျန်းချန်က ဧကရာဇ် တံဆိပ်ပြားကို ဒီလောက် လွယ်လွယ်ကူကူ ရရှိသွားတာလား"

"ဒါ.. ဒါက အရမ်း အင်အားကြီးလွန်းတယ်"

ကျန်းချန်က အတားအဆီးမရှိဘဲ ပုံရိပ်လေးပါး ရှုပ်ထွေးခြင်း ဝိညာဉ် အစီအရင် ထဲသို့ ဝင်ပြီး ဧကရာဇ် တံဆိပ်ပြား ရယူသွားသည်ကို မြင်လျှင် တော်ဝင်မိသားစု ဘိုးဘွားမြေ အပြင်ဘက်မှ လူတိုင်းသည် အံ့အားသင့်သွားကြသည်။

မင်းသားကြီး ရှားလင်းနှင့် အခြားသူများ အတွက်မူ သူတို့၏ မျက်လုံးထဲတွင် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မယုံနိုင်လောက်သည့် ထိတ်လန့်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

အထူးသဖြင့် စတုတ္ထအဆင့် အစီအရင်သခင် ကုန်းလင်းသည် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ကုန်းလင်းက ပုံရိပ်လေးပါး ရှုပ်ထွေးခြင်း ဝိညာဉ် အစီအရင်ကို သဘာဝကျကျ ကောင်းစွာ သိသည်။

ပုံရိပ်လေးပါး ရှုပ်ထွေးခြင်း အစီအရင်၏ တစ်ခုတည်းသော အားနည်းချက်သည် အစီအရင် မျက်လုံး နေရာဖြစ်သည်။

အစီအရင် မျက်လုံးမှ တဆင့် အစီအရင်ထဲ ဝင်ရောက်ခြင်းကသာ အစီအရင်ကို အသက်မဝင်စေမည် ဖြစ်ပြီး ရုပ်တုလေးခု၏ တိုက်ခိုက်ခြင်းကို ရှောင်ရှားနိုင်မည် ဖြစ်၏။

သို့သော်လည်း ဤပုံရိပ်လေးပါး ရှုပ်ထွေးခြင်း အစီအရင်သည် စတုတ္ထအဆင့်၊ အဆင့်မြင့် အစီအရင်ဖြစ်၍ အစီအရင် မျက်လုံးနေရာကို ရှာဖွေရန်မှာ မလွယ်ကူပေ။

သူ့အနေဖြင့် အစီအရင် မျက်လုံးနေရာကို တိကျစွာ ရှာဖွေချင်ခဲ့လျှင် အချိန်နှင့် ခွန်အားအချို့ကို သုံးရပေလိမ့်မည်။

ကုန်းလင်းက မည်သို့မှ စဉ်းစား၍ မရခဲ့ပေ။

"ကျန်းချန်က တခဏအတွင်း အစီအရင်မျက်လုံးနေရာကို ရှာဖွေနိုင်ခဲ့တာလား"

"ဒီကောင်လေးက အစီအရင်ကို ဖြိုခွင်းတဲ့နေရာမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဟုန်ကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားတာလဲ"

------------

"ညီနောင် ကျန်းချန်က တကယ်ကို သာမန်အသိနဲ့ မဆုံးဖြတ်နိုင်တဲ့ ထူးဆန်းတဲ့လူတစ်ယောက်ပဲ"

ကျန်းချန်က သူ၏ ရှေ့မှ ပုံရိပ်လေးပါး ရှုပ်ထွေးခြင်း ဝိညာဉ် အစီအရင်ကို ခပ်လွယ်လွယ်ပင် ဖျက်ဆီးပြီး အစီအရင်ထဲမှ ဧကရာဇ် တံဆိပ်ပြားအား ရယူလိုက်သည်ကို မြင်လျှင် တတိယမင်းသား ရှားရွှယ်သည် စိတ်လှုပ်ရှားသွားခဲ့သည်။

သူက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမတွင် ကျန်းချန်နှင့် တွေ့ဆုံခဲ့သည်ကိုပင် သူ့ကိုယ်သူ အနည်းငယ် ကျေးဇူးတင်နေမိ၏။

ကျန်းချန်ကို သိကျွမ်းနိုင်ခြင်းသည် သူ၏ ဘဝတွင် သူလုပ်ခဲ့သော အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်သည်မှာ သေချာသည်။

လူတိုင်းက ကျန်းချန်၏ လုပ်ဆောင်ချက်ကြောင့် တုန်လှုပ်နေသောအချိန်တွင် ကျန်းချန်သည် ပန်းခြံ ထဲတွင် လမ်းလျှောက်နေသကဲ့သို့ ဧကရာဇ် တံဆိပ်ပြားကို ယူကာ အစီအရင်ထဲကနေ လျှောက်ထွက်လာခဲ့သည်။

"မင်းသားကြီး.. ဒီကောင်လေးက အစီအရင်ကို ဖြိုခွဲပြီး ဧကရာဇ် တံဆိပ်ပြားကို ယူသွားပြီ.. ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ"

ဟုန်ခိုင်ယန်က အစီအရင်ထဲမှ ထွက်လာသော ကျန်းချန်ကို ကြည့်ကာ တံဆိပ်ပြားကို လုယူလိုသော အမူအရာဖြင့် မင်းသားကြီး ရှားလင်းကို ခပ်တိုးတိုး ပြောဆိုလိုက်သည်။

"မလိုတော့ဘူး"

"ဒီမင်းသားက အရာအားလုံးကို ပြောဆိုပြီးပြီ.. တရားမျှတတဲ့ ယှဉ်ပြိုင်မှုလို့ ပြောဆိုပြီးကတည်းက ဘယ်လိုလုပ်ပြီး လုယူလို့ ကောင်းပါ့မလဲ"

"သူတို့က ဧကရာဇ် တံဆိပ်ပြားကို ရရှိသွားရင်လည်း သူတို့ကို အရင် ထိန်းသိမ်းခိုင်းထားလိုက်တဲ့ သဘောပါပဲ.. မကြာခင် ငါတို့ လက်ထဲ ပြန်ရောက်လာပါလိမ့်မယ်"

ပထမမင်းသား၏ မျက်လုံးများက တောက်ပနေသည်။

သူက ဆန့်ကျင်ဘက်မှ ရှားရွှယ်ကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်လေသည်။

"ရှားရွှယ်.. မင်း ဒီတစ်ကြိမ်တော့ ကံကောင်းသွားတယ်.. ဒီဧကရာဇ် တံဆိပ်ပြားကို မင်း ဆက်လက် ထိန်းသိမ်းထားနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"

"ငါက ဧကရာဇ် တံဆိပ်ပြားကို ဆက်လက် ထိန်းထားနိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီး မင်းဘာမှ စိတ်ပူနေဖို့ မလိုဘူး"

ရှားရွှယ်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"မင်းအနေနဲ့ ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်သင့်တယ်"

"သွားကြစို့"

ပထမမင်းသားက အေးစက်စက် အော်ဟစ်လိုက်ပြီး သူ၏ အဖွဲ့နှင့်အတူ လှည့်ထွက်သွားခဲ့သည်။

"ညီနောင် ကျန်းချန်.. မင်းရဲ့ အစီအရင် ပညာရပ်အပေါ် ကျွမ်းကျင်မှုက အဂ္ဂိရတ်ပညာရပ် အပေါ် ကျွမ်းကျင်မှုအောက် လုံးဝ နိမ့်ကျမနေဘူးပဲ.. ငါတကယ်မထင်မိဘူး.. ဒါကြောင့်လည်း ပုံရိပ်လေးပါး ရှုပ်ထွေးခြင်း ဝိညာဥ်အစီအရင်ကို ဒီလောက်ထိ မြန်မြန်ဆန်ဆန် ဖျက်ဆီးနိုင်ခဲ့တာ ဖြစ်မယ်"

ပထမမင်းသား ရှားလင်း ထွက်ခွာသွားပြီးနောက်တွင် ရှားရွှယ်က တအံတသြ ရေရွတ်လိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

"ဒါက ကံကောင်းသွားလို့ပါ"

"ဒါနဲ့ ဒီဧကရာဇ် တံဆိပ်ပြားက တခြား ဧကရာဇ် တံဆိပ်ပြားတွေရဲ့ တည်နေရာကို အာရုံခံနိုင်တယ် မဟုတ်လား"

"ဟုတ်တယ်လေ.. အခုငါတို့ ဘယ်နေရာကို သွားကြမလဲ"

"ဧကရာဇ် တံဆိပ်ပြားက တခြား ဧကရာဇ် တံဆိပ်ပြား ရှစ်ခုရဲ့ အရှိန်အဝါကို အာရုံခံနိုင်တာ ကောင်းတဲ့အချက်ပဲ"

"ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ တခြား ဧကရာဇ် တံဆိပ်ပြား ရှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ရယူချင်ရင် မလွယ်ကူမှာကို စိုးရိမ်မိတယ်"

"ဒါကြောင့် ကျွန်တော်တို့ ဘယ်ကိုမှ မသွားဘူး.. ဒီနေရာမှာပဲ စောင့်ဆိုင်းနေမယ်.. တခြား တံဆိပ်ပြားတွေကို တံခါးဝထိ နာခံမှုရှိရှိ လာပို့ပေးမဲ့သူတွေ ရှိလာပါလိမ့်မယ်"

အခန်း(၂၈၇) ပြီး၏

All Chapters