အခန်း (၂၈၈)
Vol. 20 Ch. 288
ကျန်းချန်၏ စကားများကို ကြားလျှင် ရှားရွှယ်သည် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ပေ။
သို့သော်လည်း သူက ကျန်းချန်၏ ရည်ရွယ်ချက်ကို မြန်မြန်ဆန်ဆန်ပင် နားလည်သွားခဲ့သည်။
သူတို့က ယခုအခါတွင် အခွင့်အရေးကို ဆုပ်ကိုင်ထားပြီး ပထမဆုံး ဧကရာဇ် တံဆိပ်ပြားကို ရရှိထားသည်။
သို့သော်လည်း တခြားမင်းသားများ၏ ရှာဖွေတွေ့ရှိမှု မပါဘဲ ဧကရာဇ် တံဆိပ်ပြား အားလုံးကို ရှာဖွေရန်မှာ မဖြစ်နိုင်ပေ။
ထို့အပြင် တံဆိပ်ပြားကို လက်ဝယ်ရရှိရန် အတွက် အင်အားအများကြီး သုံးနေခြင်းသည် နောက်ပိုင်းတွင် ကြုံတွေ့ရမည့် တံဆိပ်ပြား တိုက်ပွဲများတွင် အန္တရာယ် ဖြစ်လာပေလိမ့်မည်။
ဧကရာဇ် အကဲဖြတ်ခြင်း၏ နောက်ဆုံးရလဒ်မှာ အနိုင်ရရှိရန်အတွက် ဧကရာဇ် တံဆိပ်ပြား ကိုးခုကို စုစည်းရမည် ဖြစ်သည်။
ယခု သူတို့ လက်ထဲတွင် ဧကရာဇ် တံဆိပ်ပြား တစ်ခု ရှိနေခဲ့ရာ အဆုံးသတ်တွင် ဧကရာဇ် အကဲဖြတ်ခြင်းကို အနိုင်ရရှိချင်သော မင်းသားတိုင်းသည် သူတို့ဆီမှ ဧကရာဇ် တံဆိပ်ပြားကို ရယူရမည် ဖြစ်၏။
ထို့ကြောင့် တံဆိပ်ပြားကို တခြား မင်းသားများနှင့် အပြိုင် လိုက်လံ လုယက်ခြင်းထက် မင်းသားများ ရောက်ရှိလာမည်ကို စောင့်ဆိုင်းခြင်းကသာ ပိုကောင်းသည် မဟုတ်ပါလား။
"တတိယမင်းသား.. ဒီဧကရာဇ် တံဆိပ်ပြားကို ထိန်းသိမ်းဖို့ အရှင့်သားကို လွှဲပေးထားမယ်.. ငါက ဒီမှာ ခဏ လေ့ကျင့်ဖို့ စီစဉ်ထားတယ်.. ဧကရာဇ် တံဆိပ်ပြားကနေ တဆင့် ဒီနေရာကို ချဉ်းကပ်လာတာ သတိထားမိရင် ငါ့ကို ခေါ်လိုက်ပါ"
ထို့နောက်တွင် ကျန်းချန်သည် ဧကရာဇ် တံဆိပ်ပြားကို ရှားရွှယ်ဆီ လွှဲပေးလိုက်သည်။
ဤတစ်ကြိမ် ဧကရာဇ် အကဲဖြတ်ခြင်းတွင် မင်းသားကြီးရှားလင်း၏ အဖွဲ့သည် တကယ်ကို အင်အားကြီး၏။
ထို့အပြင် သိုသိပ်ပြီး လျှို့ဝှက်ဆန်းကြယ်သော သတ္တမမင်းသားလည်း ရှိနေသေးသည်။
ဖြစ်နိုင်ခြေအတွက် ကျန်းချန်သည် တခြားမင်းသားများ ဧကရာဇ် တံဆိပ်ပြားကို ရှာဖွေနေသောအချိန်ကို အခွင့်ကောင်းယူကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပါပြီ.. ညီနောင်ကျန်းချန်.. အေးဆေးသာ လေ့ကျင့်ပါ"
ရှားရွှယ်က ဧကရာဇ် တံဆိပ်ပြားကို လက်ခံပြီးနောက် တည်ကြည်သော အမူအရာဖြင့် တုံ့ပြန်လိုက်သည်။
ဧကရာဇ် တံဆိပ်ပြားကို တတိယမင်းသားထံ လွှဲပေးပြီးနောက်တွင် ကျန်းချန်သည် ပုံရိပ်လေးပါး ရှုပ်ထွေးခြင်း ဝိညာဉ် အစီအရင်ထဲသို့ တစ်ဖန် ဝင်ရောက်လာပြီး ကျောက်စင်မြင့်၏ အလယ်တွင် ပေါင်ပေါ်လက်တင်ပြီး တင်ပျဥ်ခွေ ထိုင်နေခဲ့၏။
မကြာခင်မှာပင် သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ပြီး လဲ့ဟောင်ခုံး သူ့ကို လက်ဆောင် ပေးခဲ့သော ပိုင်လင် သန့်ရှင်းစမ်းရေကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
ရှန်းဝူတိုက်ကြီး၏ အကြီးကျယ်ဆုံး စမ်းရေသုံးခုထဲမှ တစ်ခုဖြစ်သော ပိုင်လင် သန့်ရှင်း စမ်းရေသည် သတ္တမအဆင့် သို့မဟုတ် ထိုထက်မြင့်သော ဆေးလုံးကို သန့်စင်ရာတွင် အသုံးပြုသည့် ရှားပါးသော ပစ္စည်းတစ်ခု ဖြစ်သည်။
ပိုင်လင် သန့်ရှင်း စမ်းရေတွင် အင်အားကြီးသော စွမ်းအားများ ပါဝင်သော်လည်း သူ၏ ဆေးဖက်ဝင် ဂုဏ်သတ္တိသည် ကောင်းကင် ပစ္စည်းများနှင့် ကမ္ဘာ့ရတနာ အများစုထက်ပင် ပိုအားပျော့ပြီး တိုက်ရိုက် သောက်သုံးနိုင်သော ဆေးဝါး အနည်းငယ်များ ထဲမှ တစ်ခု ဖြစ်သည်။
ကျန်းချန်က ပိုင်လင် သန့်ရှင်း စမ်းရေကို ထုတ်ယူပြီး တစ်ငုံ သောက်သုံးကြည့်လိုက်သည်။
"ဒင်.. သင်က ပိုင်လင် သန့်ရှင်း စမ်းရေကို တစ်ငုံ သောက်သုံးပြီး အတွေ့အကြုံရမှတ် ၄၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
သူ၏ စိတ်ထဲတွင် ရင်းနှီးသော သတိပေးချက်ကို ကြားလိုက်ရလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
ပိုင်လင် သန့်ရှင်းစမ်းရေသည် အကြီးကျယ်ဆုံး စမ်းရေသုံးခုထဲမှ တစ်ခုအဖြစ် ထိုက်တန်ပေသည်။
သူက တစ်ငုံသာ သောက်သုံးလိုက်သော်လည်း သူရရှိသော အတွေ့အကြုံ ရမှတ်သည် စတုတ္ထအဆင့် ဆေးလုံးတစ်လုံးကို မျိုချခြင်းနှင့် နှိုင်းယှဉ်နိုင်၏။
ကျန်းချန်သည် နောက်ထပ် မတွန့်ဆုတ်တော့ဘဲ ပိုင်လင် သန့်ရှင်း စမ်းရေကို အားပါးတရ မော့သောက်လိုက်တော့သည်။
"ဒင်.. သင်က ပိုင်လင် သန့်ရှင်း စမ်းရေကို တစ်ငုံ သောက်သုံးပြီး အတွေ့အကြုံရမှတ် ၄၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က ပိုင်လင် သန့်ရှင်း စမ်းရေကို တစ်ငုံ သောက်သုံးပြီး အတွေ့အကြုံရမှတ် ၄၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"............."
"ဒင်...သင်က မူလဘူတနယ်ပယ် အဆင့်ကိုးကို အောင်မြင်စွာ ထိုးဖောက်သွားပါပြီ"
သူ၏ နားထဲတွင် စနစ်၏ သတိပေးချက်များ ဆက်တိုက် ထွက်ပေါ်လာသည်နှင့်အမျှ ကျန်းချန်သည် ပိုင်လင် သန့်ရှင်းစမ်းရေ တစ်ပုလင်းလုံးကို မြန်မြန်ဆန်ဆန်ပင် သောက်သုံးလိုက်သည်။
သူ၏ အင်အားသည် မူလဘူတ နယ်ပယ် အဆင့်ခုနစ်မှ အဆင့်ကိုးအထိ တစ်ဖန် မြင့်တက်လာခဲ့သည်။
"ငါရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် ဒီတော်ဝင်မိသားစု ဘိုးဘွားမြေထဲမှာ ဘယ်သူမှ ငါ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး"
သူ၏ အင်အား တိုးတက်လာသည်ကို ခံစားရင်း ကျန်းချန်သည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
မူလဘူတနယ်ပယ် အဆင့်ကိုးသို့ တိုးတက်လာခြင်းနှင့်အတူ နဂါးပျံ လျှို့ဝှက်နည်းစနစ် နှင့် ဓားဆန္ဒတို့၏ စွမ်းရည်များသည်လည်း အလိုအလျောက် တိုးတက်လာခဲ့သည်။
ကျန်းချန် ကိုယ်တိုင်ပင် သူ၏ တိုက်ခိုက်ရေး စွမ်းအားက ယခုအခါတွင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနိုင်မှန်း မသိတော့ပေ။
အနည်းဆုံး သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်၄ အောက်ရှိ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အစောပိုင်း အဆင့် ကျင့်ကြံသူသည် သူ၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
"ညီနောင် ကျန်းချန်.. ဘယ်ဘက် အရှေ့ကနေ ဧကရာဇ် တံဆိပ်ပြား အရှိန်အဝါက ငါတို့ဆီကို ချဉ်းကပ်လာနေတယ်.. ငါတို့နဲ့ မီတာ ၅၀၀ အောက်ပဲ ဝေးတော့တယ်"
ကျန်းချန် အဆင့်တက်ပြီး သိပ်မကြာမီမှာပင် တတိယမင်းသား ရှားရွှယ်၏ အသံသည် သူ၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
အခန်း(၂၈၈) ပြီး၏