← Chapters

အခန်း (၂၉၀)

Vol. 20 Ch. 290

အခန်း (၂၉၀)

Vol. 20 Ch. 290

"ဟားဟား"

"ကျန်းချန်.. ကျန်းချန်.. မင်းလေလုံးထွားရဲသေးလား.. မင်းကအခု ငါ့ရဲ့ ကောင်းကင်ဖွင့်ဓား အစီအရင် ထဲမှာ ပိတ်မိသွားပြီကွ"

သူ၏ အစီအရင်ထဲသို့ ကျရောက်သွားသော ကျန်းချန်ကို ကြည့်ရင်း စတုတ္ထအဆင့် အစီအရင်သခင်က အားပါးတရ ရယ်မောနေခဲ့သည်။

ကျန်းချန်က ခေါင်းကို မော့ပြီး အစီအရင်ကို အကဲခတ် ကြည့်လိုက်သောအခါ စနစ်က အဆတစ်ရာ နားလည်မှုကို အလျင်အမြန် ဖြစ်ပေါ်စေပြီး အစီအရင်ကို ဖျက်ဆီးသည့် နည်းလမ်းအား သူ၏ စိတ်ထဲသို့ ယူဆောင်လာခဲ့၏။

"ကျန်းချန် ဒီကောင်းကင်ဖွင့်ဓားအစီအရင်က အင်အားကြီးမားတဲ့ စတုတ္ထအဆင့်၊ အဆင့်မြင့် သတ်ဖြတ်ခြင်း အစီအရင် အမျိုးအစားပဲ.. အ​ခြေအနေကို သဘောပေါက်ရင် ဧကရာဇ် တံဆိပ်ပြားကို လိမ်လိမ်မာမာ လွှဲပေးလိုက်ပါ... ဒါဆို ဒီမင်းသားက မင်းကို အသက်ချမ်းသာပေးဖို့ စဉ်းစားပေးမယ်.. မဟုတ်ရင်တော့ ဒီမင်းသားက မင်းအပေါ် ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့"

စတုတ္ထမင်းသား ရှားယန်က ကျေနပ်စွာ ပြုံးလိုက်သည်။

သူ၏ အဖွဲ့ထဲမှ လေးယောက်တွင် သုံးယောက်က အရမ်း အင်အားမကြီးသော်လည်း အစီအရင် သခင်ကမူ အလွန် အင်အားကြီးပြီး သူ၏ တိတ်တဆိတ် လုပ်ကြံရေးသမား ဟုပင် သတ်မှတ်နိုင်၏။

ယခုအခါ ကျန်းချန်သည် စတုတ္ထ အဆင့်၊ အဆင့်မြင့် သတ်ဖြတ်ခြင်း အစီအရင်ထဲတွင် ပိတ်မိနေပြီ ဖြစ်သည်။

သူက အစီအရင်၏ ချုပ်နှောင်မှုကို အတင်းအကျပ် ခုခံနေလျှင် သေချာပေါက် သေဆုံးရလိမ့်မည် ဖြစ်၏။

"ဒါက စတုတ္ထအဆင့် အစီအရင်လေးပါပဲ"

ကျန်းချန်က ခနဲ့လိုက်သည်။

"မင်းက ဒီအစီအရင်လောက်နဲ့ ငါ့ကို ကိုင်တွယ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"

"ကောင်လေး မင်းက ကောင်းကင်ကြီး ဘယ်လောက်ထိ ကျယ်ပြန့်လဲဆိုတာ မသိသေးတဲ့ပုံပဲ.. ကောင်းပြီလေ ဒီနေ့ ငါက မင်းကို ငါ့ရဲ့ ကောင်းကင်ဖွင့်ဓားအစီအရင် ဘယ်လောက် အင်အားကြီးလဲ ဆိုတာကို ပြသမယ်"

ကျန်းချန်က သူ၏ ကောင်းကင်ဖွင့်ဓားအစီအရင်ကို မထီမဲ့မြင်ပြုနေသည်ကို မြင်လျှင် စတုတ္ထအဆင့် အစီအရင်သခင်သည် ချက်ချင်းပင် ဒေါသအိုးပေါ​က်ကွဲကာ ကြုံးဝါးလိုက်၏။

သူက လက်ဟန်များကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်၏ ဦးခေါင်းထက်ရှိ ကောင်းကင်သည် ချက်ချင်းပင် လှုပ်ရှားသွားခဲ့သည်။

ပတ်ဝန်းကျင် ဆယ်မီတာ အချင်းဝက်အတွင်းမှ ကောင်းကင်နှင့် မြေကြီးတွင် ရှိသော အသက်စွမ်းအင်အားလုံးသည် ကျန်းချန်၏ ဦးခေါင်း ထက်တွင် အရူးအမူး စုဝေးလာကြ၏။

မျက်တောင်တစ်ချက် ခတ်သည့်အချိန်အတွင်း ကြောက်စရာကောင်းသော ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင်များသည် ကျန်းချန်၏ ခေါင်းပေါ်တွင် အလျား မီတာများစွာရှိသော ဧရာမ ဓားကြီးအဖြစ်သို့ တိုက်ရိုက် ဖွဲ့စည်းသွားခဲ့သည်။

ဧရာမ ဓားကြီး ပုံစံ ဖြစ်ပေါ်လာသည်နှင့် အောက်ဘက်ရှိ ကျန်းချန်ကို တိုက်ရိုက် ခုတ်ချလိုက်၏။

"ညီနောင် ကျန်းချန်.. ဂရုစိုက်ပါ"

ဤအစီအရင်၏ ကြောက်စရာကောင်းသော အင်အားကို မြင်လျှင် တတိယမင်းသား ရှားရွှယ်သည် အော်ဟစ်၍ သတိပေးလိုက်သည်။

"ဒါက ဘယ်လိုအစီအရင်လဲဟ.. သိပ်ကြောက်ဖို့ကောင်းလိုက်တာ"

"စတုတ္ထအဆင့်၊ အဆင့်မြင့် သတ်ဖြတ်ခြင်း အစီအရင်ဖြစ်တဲ့ ကောင်းကင်ဖွင့်ဓားအစီအရင်က အသက်စွမ်းအင်တွေကို စုဝေးပြီး ကောင်းကင်ဖွင့်ဓားအဖြစ် ဖန်တီးနိုင်တယ်လို့ အဆိုရှိကြတယ်"

"ဒီအစီအရင်ရဲ့ အင်အားက သဘာဝစွမ်းအားဖွင့်ခြင်း နှောင်းပိုင်း အဆင့် ကျင့်ကြံသူရဲ့ အပြည့်အဝ တိုက်ခိုက်မှုနဲ့တောင် နှိုင်းယှဉ်နိုင်တယ်"

"စတုတ္ထမင်းသားဘေးမှာရှိတဲ့ အစီအရင်သခင်က ဒီလောက် အင်အားကြီးလိမ့်မယ်လို့ ငါမထင်ထားဘူး.. အခုအတိုင်းဆို ကျန်းချန်အတွက် အန္တရာယ်အရမ်းများတယ်"

တော်ဝင်မိသားစု ဘိုးဘွားမြေ အပြင်ဘက်မှ လူတိုင်းသည် အင်အားကြီးမားသော အစီအရင်ထဲကို ရောက်နေသည့် ကျန်းချန်ကို မြင်လျှင် ခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်ကြ၏။

ကျန်းချန်၏ ကိုယ်ခံပညာ ပါရမီက နတ်ဆိုးဆန်တော့ရော ဘာအရေးနည်း။

အဆုံးသတ်တွင် ​ကျန်းချန်၏ အင်အားသည် မူလဘူတနယ်ပယ် အဆင့်တွင်သာ ရှိနေပါသေးသည်။

၎င်းက တိုက်ပွဲဝင်စွမ်းအား သာလွန်လျှင်ပင် သဘာဝစွမ်းအင်ဖွင့်ခြင်း နယ်ပယ် နှောင်းပိုင်းအဆင့်မှ ကျင့်ကြံသူ၏ အင်ပြည့်အားပြည့် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ပေ။

လူတိုင်းက ကျန်းချန်အတွက် စိတ်မကောင်းဖြစ်နေသောအချိန်တွင် လေထဲမှ ကောင်းကင်ဖွင့် ဓားကြီးသည် ကျန်းချန်၏ ခေါင်းပေါ်သို့ ချက်ချင်း ဆင်းသက်လာခဲ့၏။

ထိုခဏတွင် ကျန်းချန်၏ ခန္ဓာကိုယ်သည် အင်အားကြီးမားသော ဓားကြီးမှ ပေါက်ကွဲထွက်လာသည့် တောက်ပသော အလင်းထဲတွင် ချက်ချင်း နစ်မြုပ်သွားခဲ့သည်။

"ဟားဟား... တတိယအကိုတော်.. ကျန်းချန် သေသွားခဲ့ပြီ.. ဧကရာဇ် တံဆိပ်ပြား ငါ့ကို ခပ်မြန်မြန် ပေးလိုက်စမ်း"

ကျန်းချန်က ကောင်းကင်ဖွင့်ဓားကြီး၏ တောက်ပသောအလင်းအောက်တွင် နစ်မြုပ်သွားသည်ကို မြင်လိုက်ရလျှင် စတုတ္ထမင်းသား ရှားယန်သည် ရှားရွှယ်ကို အထက်စီးကနေ ပြောလိုက်သည်။

သို့သော်လည်း စတုတ္ထမင်းသား၏ ရယ်မောသံက မကြာလိုက်ပေ။

အကြောင်းရင်းမှာ တိုးညင်းသော အသံတစ်သံသည် သူ၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသောကြောင့်ပင်။

"စတုတ္ထမင်းသား မင်းက အရမ်းအပျော် မြန်တာပဲ.. ဒီခွေး အစီအရင်လောက်နဲ့ ငါ့ကို တကယ်ပဲ သတ်နိုင်မယ်လို့ ထင်နေတာလား"

အလွန် ရင်းနှီးသော အသံကို ကြားလိုက်ရလျှင် စတုတ္ထမင်းသား ရှားယန်၏ တစ်ကိုယ်လုံးသည် ချက်ချင်းပင် တောင့်တင်းသွားခဲ့၏။

အခန်း(၂၉၀) ပြီး၏

All Chapters