← Chapters

အခန်း (၂၉၃)

Vol. 20 Ch. 293

အခန်း (၂၉၃)

Vol. 20 Ch. 293

"မမျှော်လင့်ဘဲ စတုတ္ထမင်းသားက အရင်ဆုံး ထွက်သွားရပြီ"

"ကျန်းချန်က အရမ်းကြမ်းတယ်ဝ.. သူက ပထမ မင်းသားရဲ့ အဖွဲ့ကို နောက်ဆုတ်စေပြီး အခုတစ်ခါလည်း စတုတ္ထမင်းသားရဲ့ အဖွဲ့ကို ပြိုင်ပွဲက တစ်ခါထဲ နှုတ်ထွက်သွားအောင် ဖိအားပေးနိုင်ခဲ့တယ်"

"တတိယမင်းသားက သူတစ်ယောက်တည်းကို ဧကရာဇ်အကဲဖြတ်ခြင်းမှာ ပါဝင်ဖို့ ခေါ်ဆောင်လာရဲတာ အံ့ဩစရာ မရှိတော့ဘူး.. ဒီကောင်လေးက တကယ်ကို မွန်းစတားတစ်ကောင်ပဲ"

တော်ဝင်မိသားစု ဘိုးဘွားမြေ အပြင်ဘက်တွင် လူတိုင်းသည် ကျန်းချန်က စတုတ္ထမင်းသားကို ဧကရာဇ် အကဲဖြတ်ခြင်းအား လက်လျှော့ရန် အတင်းအကျပ် ဖိအားပေးနိုင်ခဲ့သည်ကို မြင်လျှင် မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။

ဧကရာဇ် အကဲဖြတ်ခြင်း မစတင်မီတွင် ကျန်းချန်သည် ပညာရပ်လေးခုတွင် စတုတ္ထအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သက်သေခံ တံဆိပ်ပြားများကို ပြသခဲ့သော်လည်း လူတိုင်းသည် ကျန်းချန်နှင့် တတိယမင်းသားအပေါ် သိပ်ပြီး အကောင်းမမြင်ထားကြချေ။

အဆုံးသတ် ပြောရလျှင် လူတစ်ယောက်၏ အင်အားသည် အကန့်အသတ် ရှိပေသည်။

ကျန်းချန်က တတိယမင်းသား ရှားရွှယ်ကို ဧကရာဇ် တံဆိပ်ပြား ကိုးခု ရရှိရန်အတွက် သူတစ်ယောက်တည်းအားနှင့် ကူညီချင်သည်မှာ လက်တွေ့တွင် မဖြစ်နိုင်သလောက်ပင်။

သို့သော်လည်း ဧကရာဇ်အကဲဖြတ်ခြင်းတွင် ကျန်းချန်၏ စွမ်းဆောင်ရည်သည် သူတို့ မမျှော်လင့်ထားသည်အထိ သူတို့ကို အံ့အားသင့်စေခဲ့သည်။

ကျန်းချန်က ပထမမင်းသား၏ အဖွဲ့နှင့် ရင်ဆိုင်ရသော်လည်း ပထမဆုံး ဧကရာဇ် တံဆိပ်ပြားကို အနိုင်ရရှိခဲ့သည်။

ယခုတဖန် သူသည် စတုတ္ထမင်းသား၏ အဖွဲ့ကို လုံးဝ အနိုင်ယူပြီး ဒုတိယမြောက် ဧကရာဇ် တံဆိပ်တော်ကို လွယ်လွယ်ကူကူပင် ရရှိခဲ့၏။

ကျန်းချန်၏ အင်အားကြီးသော ကူညီမှုအောက်တွင် တတိယမင်းသားသည် ဧကရာဇ် တံဆိပ်ပြား နှစ်ခုကို ပိုင်ဆိုင်သော တစ်ဦးတည်းသောသူ ဖြစ်လာခဲ့သည်။

ကျန်းချန်က စတုတ္ထမင်းသားကို ဧကရာဇ် အကဲဖြတ်ခြင်းအား စွန့်လွှတ်ရန် အတင်းအကျပ် ခိုင်းစေပြီးနောက်တွင် ယခင်အတိုင်းပင် တံဆိပ်ပြားကို တတိယမင်းသားကိုသာ ထိန်းသိမ်းစေခဲ့ပြီး သူက တင်ပျဥ်ခွေထိုင်၍ တစ်ဖန် ကျင့်ကြံနေခဲ့သည်။

နေ့တစ်ဝက် အကြာတွင် ဧကရာဇ် တံဆိပ်ပြား တစ်ခုကို ရရှိထားသော နဝမင်းသား၏ အဖွဲ့က ရောက်လာပြန်၏။

ကျန်းချန်က လျှပ်စီးကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်ပြီး နဝမမင်းသား၏ အဖွဲ့ကို နှိပ်ကွပ်လိုက်သည်။

ဤသို့ဖြင့် နဝမင်းသားသည်လည်း ဧကရာဇ် အကဲဖြတ်ခြင်းကို လက်လျှော့ရန်မှတပါး အခြား မတတ်နိုင်ခဲ့ပေ။

ကျန်းချန်တို့က အခြေအနေကို အခွင့်ကောင်းယူပြီး တတိယမြောက် ဧကရာဇ် တံဆိပ်ပြားကို စုဆောင်းနိုင်ခဲ့ပြန်၏။

တတိယမြောက် ဧကရာဇ် တံဆိပ်ပြားကို ရရှိပြီး နောက်တစ်ရက်တွင် ကျန်းချန်တို့သည်် ငြိမ်းချမ်းသော ဘဝဖြင့် နေထိုင်ခဲ့ကြရပြီး မည်သည့်မင်းသားကမှ ဧကရာဇ် တံဆိပ်ပြားဖြင့် ဤနေရာသို့ ရောက်မလာခဲ့ကြပေ။

နောက်တစ်နေ့ မနက်တွင် တတိယမင်းသားသည် အဆုံးသတ်၌ ကျင့်ကြံနေသော ကျန်းချန်ကို နိုးလိုက်သည်။

"ညီနောင် ကျန်းချန်.. ကျန်ရှိတဲ့ ဧကရာဇ် တံဆိပ်ပြား ခြောက်ခုက တစ်နေရာထဲမှာ ပေါ်လာတယ်.. ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားရင် ငါ့အစ်ကိုကြီးက ဧကရာဇ် တံဆိပ်ပြား ခြောက်ခုကို စုစည်းထားပြီးလောက်ပြီ"

ကျန်းချန်က ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။

သူက မတ်တပ်ရပ်ပြီး ကိုယ်လက် အနည်းငယ် ဆန့်လိုက်၏။

ထို့နောက် သူက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"ရှားလင်းက ကျန်ရှိတဲ့ ဧကရာဇ် တံဆိပ်ပြား ခြောက်ခုကို စုစည်းထားပြီးပြီ ဆိုတော့ ဒီဧကရာဇ် အကဲဖြတ်ခြင်း ပြိုင်ပွဲကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ"

ဤသို့ဖြင့် ကျန်းချန်တို့ နှစ်ယောက်သည် ထိုင်စောင့်မနေတော့ဘဲ လက်ကျန် ဧကရာဇ်တံဆိပ်ပြားများကို ရယူရန် ခြေလှမ်းကျဲကြီးများနှင့် ထွက်ခွာသွားကြ၏။

ဆယ်မိနစ်ကျော် အကြာတွင် ကျန်းချန်တို့ နှစ်ယောက်သည် အချင်း မီတာတစ်ရာရှိသော ချိုင့်ဝှမ်းတစ်ခုကို ရောက်ရှိလာခဲ့သည်။

ကျန်းချန်က အနည်းငယ် အကဲခတ် ကြည့်လိုက်သည်နှင့် ချိုင့်ဝှမ်း၏ အလယ်တွင် ရွှေရောင် ဧကရာဇ် တံဆိပ်ပြား တစ်ခုကို တွေ့ရှိလိုက်ရသည်။

ချိုင့်ဝှမ်း၏ အဝင်ဝတွင် မင်းသားကြီး ရှားလင်း၏ အဖွဲ့သည်လည်း ရောက်ရှိနေပြီ ဖြစ်၏။

ရှားလင်းတို့ အဖွဲ့ထဲမှ စတုတ္ထအဆင့် အစီအရင်သခင် ကုန်းလင်းသည် ယခုအခါတွင် ချိုင့်ဝှမ်း ပတ်ပတ်လည်၌ တစ်စုံတစ်ခုကို စစ်ဆေးနေသလိုမျိုး အာရုံစူးစိုက်နေခဲ့သည်။

"မင်းသား.. ကျွန်တော်မျိုး အထပ်ထပ်အခါခါ စစ်ဆေးပြီးပြီ.. ဒီချိုင့်ဝှမ်းမှာ အစီအရင် အစောင့်အရှောက် မရှိတဲ့ပုံပဲ.. ကျွန်တော်တို့ တံဆိပ်ပြားကို တိုက်ရိုက် ယူလိုက်သင့်လား"

ကုန်းလင်းက ခဏမျှ စစ်ဆေးပြီးနောက်တွင် ခေါင်းကို မော့ကာ ရှားလင်းကို ပြောဆိုလိုက်သည်။

မင်းသားကြီး ရှားလင်းက စကားပြောရန် ပြင်နေစဥ်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်၏။

သူက ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်ရာ မီတာတစ်ရာအကွာတွင် ကျန်းချန်တို့ နှစ်ယောက်ကို တွေ့ရှိလိုက်ရ၍ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

"ကျန်းချန်.. မင်းက တတိယညီတော်ကို ဧကရာဇ် တံဆိပ်ပြား သုံးခု ရယူဖို့ အမှန်တကယ် ကူညီပေးနိုင်ခဲ့တာပဲ"

"ငါ့ရဲ့ ရည်မှန်းချက်က တတိယမင်းသားကို တံဆိပ်ပြား သုံးခု ရယူရုံ ကူညီပေးဖို့ မဟုတ်ဘူး.. တံဆိပ်ပြား ကိုးခုလုံးကို စုစည်းဖို့ပဲ.. မင်းသားကြီး.. မင်းဆီမှာရှိတဲ့ ဧကရာဇ် တံဆိပ်ပြား အားလုံးကို ငါ့ဆီ လွှဲပေးပါ"

ကျန်းချန်က မဲ့ပြုံး ပြုံး၍ ပြောလိုက်သည်။

အခန်း(၂၉၃) ပြီး၏

All Chapters