← Chapters

အခန်း (၂၉၇)

Vol. 20 Ch. 297

အခန်း (၂၉၇)

Vol. 20 Ch. 297

"ကောင်းတယ်.. သိပ်ကောင်းတယ်"

"မင်းက ကိုယ့်ဘာသာ သေလမ်း ရှာနေမှတော့ ငါက မင်းကို ဖြည့်ဆည်းပေးရမှာပေါ့"

မာကျုံက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ထို့နောက်တွင် သူက လက်ဟန်များကို လှုပ်ရှားလိုက်ရာ ထူးဆန်းသော စွမ်းအင် အနည်းငယ်သည် သူ၏ လက်ဖဝါးထဲတွင် စုစည်းလာခဲ့သည်။

"သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းစနစ်"

မာကျုံက ကြွေးကြော်လိုက်ပြီး သူ၏ လက်ဖဝါးမှ ထူးဆန်းသော စွမ်းအင်ကို ကမ္ဘာမြေတုန်ဟီး လူဝံ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

"ဝူးး.. ဂရားး"

ကမ္ဘာမြေတုန်ဟီး လူဝံက ရုတ်တရက် ကြောက်စရာကောင်းသော ကြွေးကြော်သံကို ထုတ်လွှတ်လိုက်သည်။

သူ၏ ပုံမှန်မဟုတ်ဘဲ အလွန်မြင့်မားသော ခန္ဓာကိုယ်သည် ချက်ချင်းပင် ထပ်မံ မြင့်တက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် နဂါးကြီး နိုးထလာသလိုမျိုး ပြင်းထန်သော အရှိန်အဝါတစ်ခုသည် ကမ္ဘာမြေတုန်ဟီး လူဝံဆီကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

"ကျန်းချန် မင်းမှာ ဆဋ္ဌမအဆင့် မီးလျှံသားရဲရှိတော့ရော ဘာအရေးလဲ.. ဟားဟား.. မင်းရဲ့ မီးလျှံသားရဲက ပေါက်စလေး ဖြစ်နေတာ ဝမ်းနည်းစရာပဲ.. ဒီအရွယ်က တတိယအဆင့်သားရဲ အင်အားထက် မပိုဘူး.. ငါ့ရဲ့ ကမ္ဘာမြေတုန်ဟီး လူဝံက သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းစနစ်ရဲ့ ကောင်းချီးပေးမှုအောက်မှာ စတုတ္ထအဆင့် သားရဲအင်အားကို ပိုင်ဆိုင်သွားခဲ့ပြီ.. မင်းငါ့ကို ဘယ်လို တိုက်နိုင်တော့မှာလဲ"

မာကျုံက သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်ပြီးနောက်တွင် ကျန်းချန်ကို ခနဲ့လိုက်၏။

"မင်းက ကမ္ဘာမြေတုန်ဟီး လူဝံရဲ့ အင်အားကို ဘယ်လို မြှင့်တင်ရမလဲ သိနေတယ် ဆိုတော့ မင်းက နည်းနည်းပါးပါးတော့ စွမ်းဆောင်နိုင်သားပဲ... ဒါပေမဲ့ မင်းရဲ့ လျှို့ဝှက်နည်းစနစ်က တကယ်ကို အမှိုက်ဆန်လွန်းတယ်.. ဒါက ကမ္ဘာမြေတုန်ဟီး လူဝံရဲ့ အသက်သွေးကို အတင်းအကျပ် လောင်ကျွမ်းစေပြီး သူ၏ အင်အားကို မြှင့်တင်တဲ့ နည်းစနစ်ပဲ"

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

"ဒါပေမဲ့ ဒီတိုက်ပွဲပြီးရင် မင်းရဲ့ ကမ္ဘာမြေတုန်ဟီး လူဝံက အသုံးမကျတဲ့လူဝံ ဖြစ်သွားမှာ အသေအချာပဲ"

"ဟမ့်.. မင်းသားကြီးအတွက် ဒီပြိုင်ပွဲကို အနိုင်ရနိုင်သရွေ့ ကမ္ဘာမြေတုန်ဟီး လူဝံတစ်ကောင်ကို စတေးရတာက ဘာမှအရေးမပါဘူး.. အခြေအနေကို နားလည်ရင် အရှုံးပေးလိုက်တော့ ကောင်လေး"

မာကျုံက အေးစက်စွာ ပြောလိုက်သည်။

ဤပြိုင်ပွဲတွင် အောင်မြင်မှုကို ရရှိနိုင်သရွေ့၊ မင်းသားကြီးကို ထီးနန်း ဆက်ခံနိုင်ဖို့ အောင်မြင်စွာ ကူညီပေးနိုင်သ၍ သူသည် နောက်ပိုင်းတွင် ဆုလဒ်များစွာကို ရရှိနိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ သူ့အနေဖြင့် ကမ္ဘာမြေတုန်ဟီး လူဝံတစ်ကောင်လောက်ကို အဘယ်ကြောင့် နှမြောရပါမည်နည်း။

"ဟားဟား... ငါ့ကို အရှုံးပေးခိုင်းတဲ့ အရည်အချင်း မင်းမှာရှိတယ်လို့ ထင်နေတာလား.. မင်းက လျှို့ဝှက်နည်းစနစ် သုံးပြီး ကမ္ဘာမြေတုန်ဟီး လူဝံရဲ့ စွမ်းအားကို မြှင့်တင်ထားရင်တောင် ငါ့ကို အနိုင်ရနိုင်မှာ မဟုတ်ဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ၏ လက်များကို လှုပ်ရှားကာ လေထဲတွင် မီးလျှံရောင် ပဉ္စဂံ အမှတ်အသားတစ်ခုကို ပုံဖော်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ မောက်မာသော လေသံသည် မာကျုံ၏ နားထဲသို့ ချက်ချင်း ဝင်ရောက်လာခဲ့၏။

"မင်းရဲ့ လျှို့ဝှက်နည်းစနစ် ငါ့အတွက်တော့ အမှိုက်တကာ့ အမှိုက်ပဲ.. မင်းရဲ့ မျက်လုံးကို သေချာ ဖွင့်ထား.. ငါက မင်းကို အစစ်အမှန် သားရဲ ထိန်းချုပ်ခြင်း လျှို့ဝှက်နည်းစနစ်က ဘယ်လိုလဲဆိုတာ ပြသပေးမယ်.. ဒြပ်စင်ငါးပါး တော်ဝင်သားရဲအတတ်ရဲ့ မီးလျှံစိတ်ဝိညာဉ်"

ကျန်းချန်က စကားပြောနေရင်း လက်ဟန်များကို လှုပ်ရှားလိုက်ပြီး အနီရောင် ပဉ္စဂံ အမှတ်အသားကို မီးလျှံသားရဲ၏ ခန္ဓာကိုယ်ထဲသို့ ရိုက်ထည့်လိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် မီးလျှံသားရဲ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် ရုတ်တရက် မြင့်တက်လာခဲ့၏။

စတုတ္ထအဆင့် အခြေခံ၊ စတုတ္ထအဆင့် အလယ်အလတ်၊ စတုတ္ထအဆင့် အထွတ်အထိပ်။

မျက်တောင်တစ်ခတ် အတွင်း မီးလျှံသားရဲ၏ အရှိန်အဝါသည် တတိယအဆင့် အထွတ်အထိပ်မှ စတုတ္ထအဆင့် အထွတ်အထိပ်အထိ တိုက်ရိုက် မြင့်တက်သွားခဲ့သည်။

"ရှေးဟောင်း ဒြပ်စင်ငါးပါး တော်ဝင်သားရဲ အတတ်ပါလား...မင်း... မင်းက ရှေးဟောင်း သားရဲထိန်းချုပ်ရေး လျှို့ဝှက်နည်းစနစ်တွေကို ဘယ်လိုလုပ်ပြီး တတ်မြောက်ထားတာလဲ"

ကျန်းချန်က ဒဏ္ဍာရီလာ ရှေးဟောင်း သားရဲထိန်းချုပ်ရေး လျှို့ဝှက်နည်းကို ထုတ်ဖော်ပြီး မီးလျှံသားရဲ၏ အင်အားကို အဆင့်ကြီး တစ်ခုလုံး မြှင့်တင်ပေးခဲ့သည်ကို မြင်လျှင် မာကျုံ၏ မျက်လုံးထဲတွင် မကြုံစဖူး ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာပြီး မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူဖျော့သွားခဲ့သည်။

"ငါ ဘယ်လို တတ်မြောက်နေလဲ မင်း သိဖို့ မလိုဘူး.. မင်းအရေးနိမ့်တော့မယ် ဆိုတာပဲ သိထားရင် လုံလောက်ပြီ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ၏ ညာဘက်လက်ဖြင့် ကမ္ဘာမြေတုန်ဟီး လူဝံကို ညွှန်ပြလိုက်သည်။

"ရှောင်ဟော် ဒီအကောင်ကြီးကို ငါ့အတွက် ဖယ်ရှားလိုက်"

အခန်း(၂၉၇) ပြီး၏

All Chapters