အခန်း (၂၉၉)
Vol. 20 Ch. 299
မင်းသားကြီးရှားလင်းထံမှ အမိန့်ကိုရသည်နှင့် ကုန်းလင်းသည် လျှပ်စီးသင်္ကေတများ တောက်ပနေသည့် အစီအရင်စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။
သူက သူ၏ လက်ချောင်းကို ကိုက်ပြီး စာရွက်ပေါ်တွင် သွေးတစ်စက်ကို ခပ်မြန်မြန် ချလိုက်ကာ လေထဲသို့ ပစ်လွှတ်လိုက်၏။
ချက်ချင်းဆိုသလို အစီအရင်စာရွက်သည် လေထဲတွင် အနီရင့်ရောင်ကို စွမ်းအင်များ ထုတ်လွှတ်နေသော အစီအရင်တစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားပြီး ကျန်းချန်နှင့် တတိယမင်းသားကို ဖုံးအုပ်လိုက်သည်။
"ဟားဟား... ကျန်းချန်.. ဒီပဥ္စမအဆင့် အစီအရင်က ငါ ပြင်ဆင်ထားသော အကြီးမားဆုံး ဝှက်ဖဲပဲ.. မင်း မသေချင်ရင် ဧကရာဇ် အကဲဖြတ်ခြင်းကို စွန့်လွှတ်ပြီး တော်ဝင်မိသားစု ဘိုးဘွားမြေကနေ ထွက်သွားလိုက်ပါ... ဟက်.. ဒီမင်းသားက ဧကရာဇ် အကဲဖြတ်ခြင်းရဲ့ တစ်ဦးတည်းသော အနိုင်ရသူဖြစ်လာမယ်လို့ မင်းကို မပြောခဲ့ဘူးလား"
ကုန်းလင်း၏ ပဥ္စမအဆင့် အစီအရင်ထဲတွင် ကျန်းချန်တို့ နှစ်ယောက် ပိတ်မိသွားသည်ကို မြင်လျှင် ရှားလင်းသည် ဝမ်းသာအားရ ရယ်မောလိုက်၏။
ဤဧကရာဇ် အကဲဖြတ်ခြင်းအတွက် မင်းသားကြီး ရှားလင်သည် လုံလောက်သော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။
သူက သူ့အဖွဲ့ထဲမှ သားရဲသခင်အတွက် သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းစနစ်ကို ပေးအပ်ခဲ့ပြီး ကုန်းမိသားစုမှ အစွမ်းထက် အစီအရင် သခင် တစ်ယောက်ကိုလည်း ပဥ္ဧမအဆင့် အစီအရင်ကို ထုတ်ဖော်နိုင်သည့် အစီအရင်စာရွက်ကို ကြိုတင် ဖန်တီးစေခဲ့သည်။
အရေးကြီးဆုံးအချက်မှာ ထိုအစီအရင်ကိုထုတ်ဖော်ရန် ကုန်းလင်း၏ သွေးဖြင် ချက်ချင်းလက်ငင်း အသက်သွင်းနိုင်ခြင်းပင်။
ဆိုရလျှင် ဤပဥ္စမအဆင့် အစီအရင်သည် မင်းသားကြီးရှားလင်း၏ အကြီးမားဆုံး ဝှက်ဖဲ ဖြစ်သည်။
ယခုအခါတွင် သူသည် ကျန်းချန်၏ အလွန်အကျွံ ဖိအားပေးမှုကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ ထိုဝှက်ဖဲကို အသုံးပြုခဲ့ရခြင်း ဖြစ်၏။
"မင်းသားကြီးက တကယ်ကို အကြံကြီးတာပဲ.. ပဥ္စမအဆင့် အစီအရင်ကိုတောင် ကြိုတင် ပြင်ဆင်ထားခဲ့တယ်.. ပြီးသွားပြီ.. ကျန်းချန်နှင့် တတိယမင်းသား အတွက် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး"
တော်ဝင်မိသားစု ဘိုးဘွားမြေ အပြင်ဘက်တွင် လူတိုင်းသည် ခေါင်းကို ခါယမ်းကာ ကျန်းချန်နှင့် တတိယမင်းသား အတွက် သက်ပြင်းချခဲ့ကြသည်။
မင်းသားကြီးက သဘောတူညီချက်အတိုင်း ဧကရာဇ် တံဆိပ်ပြားကို မပေးရုံတင်မကဘဲ ပဥ္ဧမအဆင့် အစီအရင်ဖြင့်ပါ တိုက်ခိုက်ခဲ့သည်ကို သူတို့တွေ့ခဲရ၏။
ထိုအချိန်တွင် တတိယမင်းသား ရှားရွှယ်သည် ဒေါသတကြီး ပြောဆိုလိုက်သည်။
"ရှားလင်း မင်းကိုယ်တိုင် သုံးပွဲ ယှဥ်ပြိုင်မယ်လို့ အဆိုပြုပြီး ကတိဖျက်တာ မင်းမရှက်ဘူးလား"
"တတိယညီတော်.. မင်းက တကယ်ကို ရိုးအလွန်းတာပဲ.. ထီးနန်းအတွက် တိုက်ခိုက်မှုတွေက အမြဲတစေ ရက်စက်ကြမ်းကြုတ်လေ့ ရှိတာ သဘာဝပဲ.. ထီးနန်းအတွက် ငါကတော့ ငါတတ်နိုင်သမျှ အားလုံးကို လုပ်မှာပဲ.. ဘာပဲဖြစ်ဖြစ် မင်းမှာ အခု အခွင့်အရေး မရှိတော့ဘူး.. ဒါကြောင့် ဧကရာဇ်အကဲဖြတ်ခြင်းကို လိမ်လိမ်မာမာ စွန့်လွှတ်လိုက်ပါ"
ရှားလင်းက အောင်နိုင်သူအပြုံးဖြင့် ဝင့်ကြွားစွာ ပြောလိုက်သည်။
"ဟမ့်.. အရှက်မရှိတဲ့ဆင်ခြင်တွေ ပေးမနေနဲ့ ရှားလင်း.. ဒီပဥ္စမအဆင့် အစီအရင်လောက်က ငါ့ကို ကိုင်တွယ်နိုင်မယ်လို့ ထင်နေတာလား"
ထိုခဏတွင် ကျန်းချန်၏ အေးစက်သော စကားသံသည် လေထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ပဥ္စမအဆင့် အစီအရင်ကို ဂရုမစိုက်သည့် လေသံဖြင့် ပြောဆိုနေသည်ကို ကြားလျှင် ကုန်းလင်းက မရယ်ဘဲ မနေနိုင်တော့ပေ။
"ကျန်းချန် ဒါက ဘာအစီအရင်လဲ ဆိုတာတောင် မင်း သိလို့လား"
ကျန်းချန်က ခပ်ပေါ့ပေါ့ပင် အဖြေပေးလိုက်၏။
"ဒါက အဆိပ်ငါးပါးနဂါး ထောင်ချောက် အစီအရင်ပဲ.. ဘာများ ကြီးကျယ်တဲ့ အစီအရင်မို့လို့လဲ"
"မင်းက အဆိပ်ငါးပါး နဂါးထောင်ချောက် အစီအရင်မှန်း သိရင် ဒီအစီအရင်က မြေကမ္ဘာနဂါးကိုတောင် သေတဲ့အထိ အကျဥ်းချနိုင်တဲ့ ပဥ္စမအဆင့် အစီအရင် ဆိုတာကိုပါ သိထားသင့်တယ်.. အခုချက်ချင်း ဧကရာဇ် အကဲဖြတ်ခြင်းကို စွန့်လွှတ်လိုက်ပါ.. ဒီလိုမှမဟုတ်ရင် အစီအရင်ထဲမှာ အကျဥ်းချခံရပြီး သေဆုံးသွားရလိမ့်မယ်.. မင်းမှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး"
ကုန်းလင်းက ကျန်းချန်ကို အထင်သေးစွာ ကြည့်၍ ပြောလိုက်သည်။
မြေကမ္ဘာနဂါးကိုပင် အကျဥ်းချနိုင်သော အဆိပ်ငါးပါး နဂါးထောင်ချောက် အစီအရင်သည် တကယ်ကို ရက်စက်ကြမ်းကြုတ်သော ပဥ္စမအဆင့် အစီအရင် ဖြစ်သည်။
သာမန် ပဥ္စမအဆင့် အစီအရင်သခင် တစ်ယောက်ပင် ထိုအစီအရင်ကို ဖျက်ဆီးရန် လွယ်ကူမည် မဟုတ်ပေ။
သို့ဖြစ်ရာ ကျန်းချန်လို စတုတ္ထအဆင့် အစီအရင်သခင် တစ်ယောက်က အဆိပ်ငါးပါး နဂါးထောင်ချောက် အစီအရင်ကို ဖြိုခွင်းရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
"ဟားဟား... မင်းက ရွေးချယ်စရာ မရှိဘူးလို့ ပြောခဲ့ပေမဲ့ ငါ့မှာ ရွေးချယ်ခွင့်ရှိပါသေးတယ်.. မြေကမ္ဘာနဂါးကို အကျဥ်းချနိုင်တဲ့ အဆိပ်ငါးပါး နဂါးထောင်ချောက် အစီအရင်က ဘာမို့လို့လဲ.. လက်သီးတစ်ချက်ထဲနဲ့တင် ငါဖျက်ဆီးနိုင်တယ်"
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်၏။
သူ၏ မောက်မာသော လေသံသည် လေထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
အခန်း(၂၉၉) ပြီး၏