Chapters

အခန်း (၃၀၀)

Vol. 20 Ch. 300

အခန်း (၃၀၀)

Vol. 20 Ch. 300

ကျန်းချန်က မောက်မာစွာ ပြောဆိုလိုက်သည်။

ထို့နောက် သူက ရုတ်တရက် လက်သီးကို ဆုပ်လိုက်ပြီး အစီအရင်ဆီသို့ ထိုးချလိုက်သည်။

လက်သီးစွမ်းအားက မတူညီသော အရပ်မျက်နှာ ငါးခုဆီ ပေါက်ကွဲထွက်သွားခဲ့၏။

"ဝုန်း"

ကျန်းချန်၏ လက်သီးချက် ထိမှန်သည်နှင့် အဆိပ်ငါးပါး နဂါးထောင်ချောက် အစီအရင်သည် ရုတ်ခြည်း ရပ်တန့်သွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် ခြေတစ်ချက် ဆောင့်လိုက်ပြီး လေထဲသို့ ခုန်တက်ကာ ကောင်းကင်ဖျက်ဆီး နဂါးလက်သီးဖြင့် အစီအရင်ကို ထိုးချလိုက်သည်။

"ပျက်စီးစမ်း"

ကျန်းချန်၏ နက်နဲမှု အဆင့်မြင့် ကောင်းကင်ဖျက်ဆီးနဂါးလက်သီးအောက်တွင် အဆိပ်ငါးပါး နဂါးထောင်ချက် အစီအရင်သည် ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။

"ဝုန်း.. ဝုန်း"

လက်သီးတွင် ပါဝင်သော ပြင်းထန်သည့် စွမ်းအားများသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း အစီအရင်ကို လုံးဝ ချေမှုန်းပစ်လိုက်၏။

တစ်ချိန်တည်းမှာပင် ကျန်းချန်နှင့် တတိယမင်းသားကို ဝန်းရံထားသော အနီရင့်ရောင် အလင်းလွှာသည် အလင်းစက်များ အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က အဆိပ်ငါးပါး နဂါးထောင်ချောက် အစီအရင်ကို ဤမျှ လွယ်လွယ်ကူကူ ဖျက်ဆီးလိုက်သည်ကို မြင်လျှင် ပထမမင်းသားတို့ အဖွဲ့ဖြစ်စေ၊ တော်ဝင်မိသားစု၏ ဘိုးဘွားမြေ အပြင်ဘက်မှ လူများဖြစ်စေ၊ ၎င်းတို့၏ မျက်လုံးထဲတွင် အံ့သြထိတ်လန့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

ဤအချိန်တွင် သူတို့သည် ကျန်းချန်က မည်မျှ နတ်ဆိုးဆန်သည်ကို ဖော်ပြရန် စကားလုံးများပင် မရှိတော့ပေ။

မင်းသားကြီး ရှားလင်းနှင့် သုံးပွဲ ယှဉ်ပြိုင်အပြီးတွင် ကျန်းချန်၏ စွမ်းဆောင်ရည်သည် အံ့မခန်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည်ကို အားလုံးက သိလိုက်ကြသည်။

သူက ခြေလှမ်းတစ်ဝက် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ နှင့် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်နေသည့်သားရဲသခင်ကို အပြတ်အသတ် အနိုင်ယူခဲ့ပြီးယခုတစ်ခါတွင်လည်း ကုန်းမိသားစုမှ အစီအရင်သခင်၏ ပဥ္ဧမ အဆင့်အစီအရင်ကို ဖျက်ဆီးပြခဲ့ပြန်သည်။

"ဒီကောင် ဒီလောက်ထိတောင် ဘယ်လိုလုပ် အစွမ်းထက်နေပါလိမ့်"

----------------

"မဖြစ်နိုင်ဘူး...မင်း... မင်းက ငါ့ရဲ့ အဆိပ်ငါးပါး နဂါးထောင်ချောက် အစီအရင်ကို ဘယ်လိုလုပ် ဖျက်ဆီးနိုင်မှာလဲ"

ကုန်းလင်းက ဤမြင်ကွင်းကို ကြည့်ပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

အဆိပ်ငါးပါး နဂါးထောင်ချောက်အစီအရင်သည် စစ်မှန်သော ပဥ္စမအဆင့် အစီအရင် တစ်ခုပင်။

ကျန်းချန်လို စတုတ္ထအဆင့် အစီအရင်သခင်တစ်ယောက်က သူ၏ အဆိပ်ငါးပါး နဂါးထောင်ချောက် အစီအရင်ကို အဘယ်ကြောင့် ဤမျှ လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်ရပါသနည်း။

သိထားရမည်မှာ သာမန် ပဥ္ဧမ အဆင့် အစီအရင်သခင် တစ်ယောက်ပင် ဤမျှ တိုတောင်းသော အချိန်အတွင်း အဆိပ်ငါးပါး နဂါးထောင်ချောက်ကို ဘယ်လိုနည်းနဲ့မှ မဖျက်ဆီးနိုင်သော အချက်ပင်။

"ဒီကမ္ဘာကြီးမှာ အစီအရင်တွေ အမျိုးမျိုး ရှိတယ်.. အားနည်းချက်မရှိတဲ့ အစီအရင်ဆိုတာ မရှိဘူး.. အစီအရင်ရဲ့ အားနည်းချက်ကို ရှာဖွေနိုင်သ၍ ဖျက်ဆီးဖို့ ဘာမှ မခက်ခဲဘူး"

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး ကုန်းလင်းကို လျစ်လျူရှုလိုက်သည်။

သူက မင်းသားကြီး ရှားလင်းကို တိုက်ရိုက် ကြည့်ကာ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။

"မင်းသားကြီး.. အခု မင်းက နောက်ဆုံးဝှက်ဖဲကို သုံးပြီသွားပြီဆိုတော့ ဧကရာဇ် တံဆိပ်ပြားကို နာခံမှုရှိရှိ လွှဲပေးသင့်ပြီ"

"မဖြစ်နိုင်ဘူး...ဧကရာဇ် တံဆိပ်ပြားက ငါ့ဟာပဲ.. ဘယ်သူ့ကိုမှ ငါ့ရဲ့ ဧကရာဇ် တံဆိပ်ပြားကို မပေးနိုင်ဘူး.. ငါကပဲ ဧကရာဇ် အကဲဖြတ်ခြင်းရဲ့ အနိုင်ရသူ ဖြစ်ရမယ်.. မဟာရှားနိုင်ငံရဲ့ ထီးနန်းကို ဆက်ခံပြီး ဧကရာဇ် ဖြစ်လာရမယ်

မင်းသားကြီးရှားလင်းက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

"မင်း မပေးဘူးလား.. ဒါဆိုလည်း မင်း ပေးချင်လာတဲ့အထိ ငါ တိုက်ရတော့မှာပေါ့"

ကျန်းချန်က အေးစက်စွာ ရေရွတ်လိုက်ပြီးနောက် မင်းသားကြီးရှားလင်း၏ ဘေးတွင် တစ္ဆေတစ်ကောင် ကဲ့သို့ ပေါ်လာခဲ့သည်။

မင်းသားကြီး ရှားလင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ခုခံရန် ပြင်လိုက်သော်လည်း ကျန်းချန်က မင်းသားကြီး၏ ပုခုံးကို ဆုပ်ကိုင်ကာ သဲအိတ်တစ်လုံးကဲ့သို့ ပစ်ထုတ်လိုက်သည်။

"ဝုန်း"

မင်းသားကြီးရှားလင်းက အတော် ဝေးဝေးသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ခွေးကျဝက်ကျ ပြုတ်ကျသွားခဲ့သည်။

ရှားလင်းက သူ၏ ပုံရိပ်ကို တည်ငြိမ်အောင် မလုပ်ရသေးခင်မှာပင် ကျန်းချန်သည် သူ၏ ဘေးတွင် တစ္ဆေတစ်ကောင် ကဲ့သို့ တစ်ဖန် ပေါ်လာခဲ့ပြီး ရှားလင်းကို ဘောလုံးကဲ့သို့ ကန်ထုတ်လိုက်သည်။

အခန်း(၃၀၀) ပြီး၏