← Chapters

စိတ်ဝိဥာဥ် သခင်ကြီးများ အဖွဲ့

Vol. 2 Ch. 17

စိတ်ဝိဥာဥ် သခင်ကြီးများ အဖွဲ့

Vol. 2 Ch. 17

" သခင်ကြီး .. ဒီလူငယ်လေးကို ကျုပ်ကိုယ်တိုင် တောင်ပေါ်ခေါ်လာတာပါ "

အကြီးကဲဟွမ်က အချိန်ကိုက် ရောက်လာကာ အပြုံးဖြင့် ဆိုလိုက်သည်။

ဤဂုဏ်ကို အခြားမည်သူ့ကိုမှ သူ မပေးနိုင်ပါ။

သို့သော်……

ဘုန်း

တီမင်းဂိုဏ်းခေါင်းဆောင်က အကြီးကဲဟွမ်၏ ခေါင်းအား ရိုက်လိုက်သည်။

" မင်းက ဘာဖြစ်လို့ သူ့ကို လူငယ်လေးလို့ ခေါ်နေတာလဲ ၊ မင်း အဲ့လိုခေါ်ဖို့ ထိုက်တန်လို့လား။ ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ မင်းမသိဘူးလား။ သူ့ကို သခင်လေးလို့ပဲခေါ်  "

သူက အော်ပြောလိုက်သည်။

" ဟုတ်... ဟုတ်ကဲ့ပါ သခင်လေး " 

အကြီးအကဲ ဟွမ်က လောထျန်းဘက်သို့ ချက်ချင်းလှည့်ကာ အရိုအသေပေးလိုက်သည်။

လောထျန်းမှာ ထိုအချိန်တွင် စကားပင် မပြောနိုင်ဘဲ ဖြစ်သွားသည်။

" အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး အကြီးကဲဟွမ် ၊ ကျုပ်တို့ရဲ့သဘောတူညီချက် ဆက်ရှိနေသေးတယ်မလား "

လောထျန်း က မေးလိုက်သည်။

" ဒါပေါ့ဗျာ "

အကြီးကဲဟွမ် က ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

" သဘောတူညီချက် ဟုတ်လား ..  ဘာသဘောတူညီချက်လဲ " 

တီမင်ဂိုဏ်းခေါင်းဆောင် အံ့အားသင့်သွားပုံရသည်။

အကြီးအကဲဟွမ်က လောထျန်း တီမင်ဂိုဏ်းသို့ လာရခြင်းအကြောင်းကို ချက်ချင်းရှင်းပြလိုက်သည်။

" ဂိုဏ်းခေါင်းဆောင် သခင်ကြီး ၊ ကျုပ်ကို ဒီနှစ်တစ်ထောင် သက်တမ်းရှိတဲ့ ကျောက်စက်ပန်းဆွဲ  ပေးနိုင်မလား " 

လောထျန်းက သူ့ကိုကြည့်ကာ ပြုံးပြုံးလေး မေးလိုက်သည်။

တီမင်ဂိုဏ်းခေါင်းဆောင်က ချက်ချင်းပင် တုန်တုန်ယင်ယင်ဖြစ်သွားကာ ဦးညွှတ်လျက်

" ကျုပ်ကို သခင်ကြီးလို့ မခေါ်ပါနဲ့ဗျာ ၊ မခံယူဝံ့ပါဘူး ။ ကျုပ်က တီမင်ဂိုဏ်းရဲ့ခေါင်းဆောင် တစ်ယောက်ပါ ။ ကျုပ်နာမည်က ဝေ့ရှ လို့ ခေါ်ပါတယ်။ ကျုပ် သခင်လေးကို ဒီနှစ်တစ်ထောင်ကျောက်စက်ပန်းဆွဲ အခုပဲ ပေးပါရစေ ။ ဒါပေမယ့်  ကျုပ် သခင်လေးနာမည်ကို ခုထိ မသိရသေးဘူး..."

လောထျန်းက မည်သို့မှ မပြောရသေးခင်မှာပင် စိတ်ဝိဉာဥ်ဆရာကြီး ဆုလောင်သည်လည်း  လောထျန်းရှေ့၌ ဒူးထောက်ချလိုက်သည်။

" သခင်လေး .. ကျုပ်က မဟူရာလေပြင်းနိုင်ငံ ၊ စိတ်ဝိဉာဥ် သခင်ကြီးများအဖွဲ့က အကြီးကဲ ဆုလောင်ပါ ။ သခင်လေး ဘယ်သူလဲဆိုတာ ကျုပ်တို့ သိခွင့်ရှိမလားဗျာ။ ထျန်းယန်အင်ပါယာက စိတ်ဝိဉာဥ် ဆရာကြီးတစ်ယောက်လား.. ဒါမှမဟုတ် စိတ်ဝိဉာဥ်ဆရာကြီးများ ဌာနချုပ်ကများလား ... "

သူက လောထျန်းရှေ့တွင် အလွန်ယဥ်ကျေးလျက် ရှိနေသည်။

သူ့နှုတ်ခမ်းထောင့်တွင် ပေနေသည့် သွေးကိုပင် အရိုအသေမဲ့ရာ ကျသွားမည်စိုး၍ မသုတ်ရဲသည်အထိဖြစ်သည်။

ထိုစကားကို ကြားသောအခါ အခြားသူများ တုန်လှုပ်သွားကြသည်။

" ထျန်းယန် အင်ပါယာဆိုတာ ဖုန်းလင်းကျိုးက အကြီးဆုံး အင်ပါယာ သုံးခုထဲက တစ်ခုလား "

" ဟုတ်တယ် ၊ အဲ့လိုနေရာမျိုးမှာပဲ ခုလိုအစွမ်းထက်တဲ့ ဝိဉာဥ်သခင်ကြီးမျိုး ရှိနိုင်တာ "

အားလုံး သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

သို့သော် လူအုပ်ထဲတွင် ရှိနေသည့် လောထျန်းကမူ စိတ်ရှုပ်ထွေးသွား၏။

" ဘာတွေ ပြောနေကြတာလဲဗျာ ၊ ကျုပ်နာမည်က လောထျန်း ၊ ကျုပ်က ပျောင်ပိုင်မြို့က "

လောထျန်းက သူ့အကြောင်းကို ဖုံးကွယ်ထားခြင်းမပြုဘဲ တည်တည်ငြိမ်ငြိမ် ပြောပြလိုက်သည်။

" ပျောင်ပိုင်မြို့ က တဲ့လား "

အားလုံးပင် ကြားလိုက်ရသည့်စကားကို မယုံကြည်နိုင်ဖြစ်သွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့ အချိန်အတန်ကြာ စဥ်းစားပြီးသွားသည့်တိုင် ​ပျောင်ပိုင်မြို့က မည်သည့် အဖွဲ့ကြီးထဲတွင် ပါသည်ကို မမှတ်မိပေ။

ထိုစဥ် အဘိုးအိုတစ်ယောက်တည်းကသာ သတိရသွားဟန်ဖြင့်

" ပျောင်ပိုင်မြို့ဆိုတာ ကျုပ်တို့ မဟူရာလေပြင်းနိုင်ငံရဲ့ မြောက်ဘက်ပိုင်းကလား "

ဟု သတိကြီးစွာထား၍ မေးလိုက်သည်။

လောထျန်းက ခေါင်းညိတ်ကာ

" ဟုတ်ပါတယ် "

ဟု ပြန်ဖြေသည်။

" ဟင် .. "

အားလုံး တစ်ယောက်ကိုတစ်ယောက် ထပ်ကြည့်လိုက်ကြပြန်သည်။

ပျောင်ပိုင်မြို့မှာ ယဲ့ဖုန်းနိုင်ငံအတွင်းမှ မြို့ငယ်လေးတစ်မြို့ဖြစ်သည်။

ထိုမြို့တွင် နာမည်ကျော် အစွမ်းထက်ကျင့်ကြံသူမဆိုထားဘိ ၊ အင်အားကြီးသော အဖွဲ့ပင် မရှိသည်မှာ နှစ်ပေါင်းထောင်နှင့်ချီ ကြာသွားခဲ့ပြီဖြစ်သည်။

" သခင်လေး လောထျန်း ၊ သခင်လေးက စိတ်ဝိဉာဥ် သခင်ကြီးများအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် မဟုတ်ဘူးမလား "

ဆုလောင်က လောထျန်းပြာခဲ့သော စကား၏ အဓိပ္ပါယ်ကို ရိပ်စားမိကာ သတိဖြင့် မေးလိုက်သည်။

" မဟုတ်ဘူး ၊ စိတ်ဝိဉာဥ် သခင်ကြီးများအဖွဲ့ဆိုတာ ဘာလဲ "

လောထျန်းမှာ အမှန်တကယ်လည်း ထိုအဖွဲ့ကို မသိချေ။

အဘိုးကြီးဆုက အံ့သြသွားဟန်ဖြင့် ပြောပြလိုက်သည်။

" သခင်လေးလို အစွမ်းထက်တဲ့ စိတ်ဝိဉာဥ် သခင်ကြီးတစ်ယောက်က စိတ်ဝိဉာဥ် သခင်ကြီးများအဖွဲ့ကို တကယ် မသိဘူးလား ။ ကျုပ်တို့ရဲ့ စိတ်ဝိဉာဥ် သခင်ကြီးများအဖွဲ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်ထောင်လောက်က အဆင့်ကိုးရှိတဲ့ စိတ်ဝိဉာဥ်သခင်ကြီး လီထျန်းရှောင်က တည်ထောင်ဖွဲ့စည်းခဲ့တယ် ။ တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်က တစ်ကမ္ဘာလုံးက စိတ်ဝိဉာဥ်သခင်ကြီးတွေ စုစုစည်းစည်း ဆုံနိုင်စေဖို့ပဲ "

" ဒီအဖွဲ့က စိတ်ဝိဉာဥ်သခင်ကြီးတွေရဲ့ အဆင့်တွေကို ခွဲခြားပေးပြီးတော့ အသိမှတ်ပြု လက်မှတ်လည်း ထုတ်ပေးတယ်။ အသိအမှတ်ပြု စိတ်ဝိဉာဥ် သခင်ကြီးတစ်ယောက် ဖြစ်သွားပြီဆိုတာနဲ့ အဖွဲ့ကပေးတဲ့ အကျိုးအမြတ်လဲ ရဦးမှာ ။ အဆင့် မြင့်လာလေလေ ၊ အကျိုးအမြတ် များလာလေပဲ ။

" အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တော့ အဖွဲ့က ပေးအပ်လာတဲ့ တချို့အလုပ်တွေကို ပြီးမြောက်အောင် လုပ်ပေးရတာမျိုး ရှိတာပေါ့ဗျာ ။ဥပမာ တစ်နှစ်ကို အနည်းဆုံး အဖွဲ့က တာဝန်ပေးတဲ့ အလုပ်တစ်ခုကိုတော့ လုပ်ပေးရတယ်။ ဒါပေမယ့် အလုပ်ပြီးသွားရင် တခြားဆုလက်ဆောင်တွေ ရသေးတယ် "

လောထျန်း၏ စိတ်ဝိဉာဥ်က မည်မျှအစွမ်းထက်သည်ကို သခင်ကြီး ဆုလောင် မြင်တွေ့ထားပြိးဖြစ်သည်။

သို့ဖြစ်ရာ အကယ်၍ လောထျန်းကိုသာ အဖွဲ့ထဲသို့ ဝင်အောင် ခေါ်နိုင်ပါက သူတို့၏စိတ်ဝိဉာဥ် သခင်ကြီးများအဖွဲ့မှာ များစွာပို၍ အင်အားကြီးလာမည်ဖြစ်သည် ။

ထို့အပြင် ခေါ်လာပေးသူ အနေနှင့်လည်း သူ အကျိုးအမြတ်များစွာ ရနိုင်သေး၏။

" အင်း .. အဖွဲ့ထဲကို ဝင်ရင် ရမယ့်လစာက ဘာလဲ ၊ စိတ်ဝိဉာဥ် ကျောက်တုံးတွေလား "

လောထျန်းက မေးလိုက်သည်။

ဆုလောင်က လျင်မြန်စွာပြုံးကာ

" စိတ်ဝိဉာဥ် ကျောက်တုံးတွေတင် မကဘူး ၊ သခင်လေး လိုသမျှ သိုင်းကျမ်းတွေ ၊ မသေဆေးပင်တွေ ၊ မှော်ဆေးရည်တွေနဲ့ တခြား ကျင့်ကြံခြင်းပစ္စည်းတွေလည်း အားလုံးရှိတယ် ။ ကျုပ် ကြွားနေတာ မဟုတ်ပါဘူး ၊ စိတ်ဝိဉာဥ် သခင်ကြီးများအဖွဲ့က အင်အားကြီးတော့  ပစ္စည်းတော်တော်များများကို လွယ်လွယ်ရှာနိုင်တယ် "

" ဒါဆိုလဲ ကောင်းပြီလေ ၊ ကျုပ် အဖွဲ့ထဲ ဝင်မယ် "

လောထျန်းက အဘိုးကြီးဆုကို ကြည့်ကာ ပြောလိုက်သည်။

၎င်းက အဖွဲ့အစည်းတစ်ခုသာဖြစ်ရာ သူ အဖွဲ့ဝင်လိုက်ခြင်းဖြင့် မည်သည့်ဆိုးကျိုးမှ ဖြစ်သွားစရာအကြောင်း မရှိပေ။

ထို့အပြင် ကျင့်ကြံခြင်းအတွက် လိုအပ်သည့် ပစ္စည်းများကိုပါ ရနိုင်သည်ဟု အဘိုးကြီးက ပြောခဲ့သည် မဟုတ်ပါလား ။

ကိုယ်ခန္ဓာသန့်စင်ခြင်းနှင့် ချီ စုဆောင်းခြင်းအတွက် လိုအပ်သည့် ပစ္စည်းများကပင် အလွန်ရှုပ်ထွေးနေပြီဖြစ်ရာ နောက်အဆင့်အတွက်ဆိုလျှင် ပို၍ရှုပ်ထွေးနိုင်ပေသည်။

အဆင့်တစ်ခု တက်လိုတိုင်း ယခုကဲ့သို့ တစ်နေရာမှ တစ်နေရာ အပြေးအလွှား သွားနေရခြင်းက အလုပ်မဖြစ်လှချေ။

သို့ဖြစ်ရာ အဖွဲ့စည်းတစ်ခု ရှိထားခြင်းက လိုအပ်သော ပစ္စည်းများ စုဆောင်းရာတွင် အကူညီပေးနိုင်မည် ဖြစ်ပြီး သူ့ဘဝပို၍ လွယ်ကူသွားနိုင်ပေသည်။

" တကယ်လား သခင်လေး "

ဆုလောင် သူ့နားသူ မယုံနိုင်ဘဲ ဖြစ်သွားသည်။

အစွမ်းထက် သခင်ကြီးတစ်ယောက်ကို ထိုသို့ အလွယ်တကူ စည်းရုံးလိုက်နိုင်သည့်အတွက် သူ့ကိုယ်သူပင် မယုံကြည်နိုင်ပဲ ဖြစ်နေ၏။

" ဒါဆို .. တခြား ဘာမေးချင်တာ ရှိသေးလဲ "

လောထျန်းက မေးလိုက်သည်။

" မရှိတော့ပါဘူး .. ခန ..ခနလေး စောင့်ပေးပါဦး "

ဆုလောင်သည် လောထျန်းက သူ့စကားကို မတည်ဘဲ နောက်ပိုင်းမှ စိတ်ပြောင်းသွားမည်ကို စိုးသည့်အတွက် ချက်ချင်းပင် သူ့လက်မောင်းမှ အမှတ်အသားကဒ်တစ်ခုကို ဆွဲယူကာ ၎င်းအပေါ်၌ သူ့ စိတ်ဝိဉာဥ်အစွမ်းဖြင့် ကိုယ်ပိုင်အမှတ်သားတစ်ခု ရေးထွင်းလိုက်သည်။

" သခင်လေး .. စိတ်ဝိဉာဥ်အစွမ်းကို သုံးပြီးတော့ ဒီပေါ်မှာ အမှတ်အသားလုပ်လိုက်ပါ "

သူက ပြော​ကာ အမှတ်အသားကဒ်အား လက်နှစ်ဖက်ဖြင့် ကိုင်၍ပေးလိုက်သည်။

လောထျန်းက သူပြောသည့်အတိုင်း ကဒ်ပေါ်တွင် စိတ်ဝိဉာဥ်အစွမ်းဖြင့် အမှတ်သားတစ်ခု ရေးထွင်းလိုက်သည်။

ထို့နောက်မှသာ ဆုလောင်က စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

" သခင်လေး ကျုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာက အကန့်အသတ်ရှိတာကြောင့်မို့ သခင်လေးကို ပထမအဆင့် စိတ်ဝိဉာဥ်သခင် ကဒ်ပဲ ထုတ်ပေးနိုင်ဦးမယ် ။ တကယ်လို့ သခင်လေးသာ အချိန်ရမယ်ဆို မဟူရာလေပြင်းနိုင်ငံရဲ့ မြို့တော်မှာရှိတဲ့ စိတ်ဝိဉာဥ် သခင်ကြီးများ ရုံးကို သွားပြီးတော့ စစ်ဆေးကြည့်လို့ရတယ်။ သခင်လေးရဲ့ လက်ရှိအစွမ်းနဲ့သာဆို အဆင့်လေး .. မဟုတ်သေးဘူး အဆင့် ငါး စိတ်ဝိဉာဥ်သခင်ကြီးတစ်ယောက် ဖြစ်လာနိုင်တယ် "

ဆုလောင်သည် အဆင့်ငါး စိတ်ဝိဉာဥ် သခင်ကြီးတစ်ယောက်အား အဖွဲ့ထဲ ခေါ်လာနိုင်သူ ဖြစ်လာတော့မည်ကို တွေးကြည့်ကာ စိတ်လှုပ်ရှားသွားသည်။

" ကောင်းပြီလေ ၊ ကျုပ် အချိန်ရတဲ့အခါ သွားလိုက်မယ် "

လောထျန်းက ခေါင်းညိတ်ကာ အမှတ်အသားကဒ်အား သိမ်းထားလိုက်သည်။

" သခင်ကြီး .. နှစ်တစ်ထောင် ကျောက်စက်ပန်းဆွဲ ဒီမှာပါ "

ထိုအချိန်တွင် တီမင်ဂိုဏ်းမှ တစ်ပည့်တစ်ယောက် ဝေ့ရှဆီသို့ ရောက်လာသည်။

" ဟား ဟား ကောင်းတယ်ကွာ ၊ သခင်လေး လောထျန်း ဒါ သခင်လေး လိုချင်နေတဲ့ နှစ်တစ်ထောင် ကျောက်စက်ပန်းဆွဲပဲ ။ ပြီးတော့ သခင်လေးရဲ့ ကျေးဇူးကို တုန့်ပြန်တဲ့အနေနဲ့ တီမင် ဂိုဏ်းက ဒီ အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံးပေါင်း သန်းငါးဆယ်ကို ပေးချင်ပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ "

ဝေ့ရှက အပြုံးဖြင့် ပြောလိုက်သည်။

" ဒါဆိုလဲ ကျုပ် လက်ခံပါ့မယ် "

လောထျန်းက အပိုစကားများ ပြောမနေဘဲ နှစ်တစ်ထောင် ကျောက်စက်ပန်းဆွဲနှင့် စိတ်စွမ်းအင်ကျောက်တုံးများကို ယူကာ သိမ်းထားလိုက်သည်။

" သခင်လေး .. ကျေးဇူးပြုပြီး ကျုပ်တို့ကို ကူညီတဲ့အနေနဲ့ ဒီမှာ ရက်နည်းနည်းလောက် ဆက်နေပါလား ။ ကျုပ်တို့ တစ်ခုခု မေးစရာရှိရင် သခင်လေးရဲ့ အကြံဥာဏ် တောင်းလို့ရတာပေါ့ '

ဝေ့ရှက ပြောသည်။

အမှန်တွင်မူ သူ ထိုသို့ ပြောရခြင်းမှာ ဂူထဲတွင် ထူးဆန်းသောအရာများ ထပ်ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

သို့သော် လောထျန်းက ခေါင်းယမ်း၍

" မဟုတ်သေးဘူးဗျ ၊ ကျုပ် တခြားကို အရေးတကြီး သွားစရာလေး ရှိနေသေးလို့ပါ ။ နောက်မှ တွေ့ကြတာပေါ့ဗျာ "

ဟု ပြောလိုက်သည်။

ထို့နောက် သူက ကြောက်ရွံ့ထိန်လန့်ပုံ ပေါ်နေသည့် အကြီးအကဲ ဝူဘက်သို့ လှည့်ကြည့်လိုက်သည်။

" အကိုကြီး ၊ ခင်ဗျားက ကျုပ်ကို တောင်ပေါ်ခေါ်လာတာဆိုတော့ အခုရော တောင်အောက်ကို ပြန်ပို့ပေးလို့ ရမလား "

လောထျန်း မေးလိုက်သည်။

" ဟင် ... ဟုတ်ကဲ့ "

အကြီးအကဲဝူက စက်ရုပ်တစ်ခုကဲ့သို့ ခေါင်းညိတ်လိုက်သည်။

အစောပိုင်းတွင် သူသည် လောထျန်းအား အနည်းငယ်သာ ကြောက်ရွံ့ခဲ့သော်လည်း ယခုတွင်မူ အလွန်တရာ ကြောက်ရွံ့နေပြီဟုပင် ပြော၍ရလေသည်။

များမကြာမီ လောထျန်းနှင့် အကြီးကဲဝူတို့ ထွက်သွားသည်ကိုကြည့်ကာ တီမင်ဂိုဏ်းမှလူများ သက်ပြင်းချလိုက်ကြသည်။

" သခင်ကြီး .. နှစ်တစ်ထောင် ကျောက်စက်ပန်းဆွဲ တစ်ခုတည်းကတောင် တော်တော်အဖိုးတန်နေပြီ၊ဒါကို သခင်ကြီးက စိတ်စွမ်းအင် အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံးတွေ အများကြီး ထပ်ပေးလိုက်သေးတယ်။ သူက စိတ်ဝိဉာဥ် သခင်ကြီးတစ်ယောက်ပဲလေ ၊ ဘာတွေ အဲ့လောက် အရေးကြီးလို့လဲ "

တီမင်ဂိုဏ်း၏ လက်ရွေးစင်တပည့်တစ်ယောက်က မကျေနပ်သည့်မျက်နှာဖြင့် ဝေ့ရှအား မေးလိုက်သည်။

ဖျန်း ..

ဝေ့ရှက ထိုတပည့်၏ ခေါင်းနောက်သို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်လိုက်ရာ ထိုသူ သတိမေ့လဲကျမတတ်ပင် ဖြစ်သွားသည်။

" ငတုံးကောင်  ၊ သူဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်း မမြင်လိုက်ဘူးလား "

ဝေ့ရှက အေးစက်စက် ပြောလိုက်သည်။

" ဘယ်လောက် .. ဘယ်လောက် အစွမ်းထက်လို့လဲ "

လက်ရွေးစင်တပည့်က အံ့အားသင့်နေဟန်ဖြင့် မေးလိုက်သည်။

ဝေ့ရှက သက်ပြင်းတစ်ချက်ချကာ

" တကယ်လို့ သူ သုံးသွားခဲ့တဲ့ ဝိဉာဥ်ဖိနှိပ်သံချောင်းတွေကသာ ငါတို့ကို ရွယ်ထားတာဆိုရင် အခုဆို ငါတို့ တီမင်ဂိုဏ်းတစ်ခုလုံး ပျက်စီးနေလောက်ပြီ "

ဟု ပြောလိုက်သည်။

လက်ရွေးစင်တပည့်မှာ ထိုစကားကြောင့် အံ့သြတုန်လှုပ်သွားသည်။

" သခင်ကြီး ဒါ နည်းနည်း ချဲ့ကားလွန်းရာများ ကျမနေဘူးလား "

ဝေ့ရှက ဆက်၍

" ငါအခုပြောတာတောင် နည်းနေသေးတယ် "

All Chapters