← Chapters

တိတ်ဆိတ်ငြိမ်သက်သွားခြင်း

Vol. 133 Ch. 1981

တိတ်ဆိတ်ငြိမ်သက်သွားခြင်း

Vol. 133 Ch. 1981

“အင်မော်တယ်ဂျင်ဆင်းကို ထုတ်ပေးစမ်း”

“အဲ့လိုမျိုး အဆုံးစွန်ရတနာတစ်ခုက မင်းယူထားသင့်တဲ့အရာမဟုတ်ဘူး”

ကျင့်ကြံသူအချို့က သူတို့၏ လှုပ်ရှားမှုများကို ဖုံးကွယ်ထားခြင်းမရှိဘဲ အော်ဟစ်ပြောဆိုလိုက်ကြ၏။

ကျင့်ကြံသူများစွာက ရန်လိုခက်ထန်သော အော်ရာများနှင့်အတူ ရှေ့သို့ပြေးဝင်လာကြ၏။

သူတို့က မည်သည့်ဓမ္မရတနာများ သို့မဟုတ် လက်နက်များကို အသုံးပြုခြင်းမရှိလျှင်တောင် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာ၏ တစ်ချိန်တည်းမှာဆင်းသက်လာခြင်းက ကမ္ဘာတုန်လောက်ဖွယ်ရာဖြစ်ပြီး ကြောက်မက်ဖွယ်ရာကောင်းလေသည်။

“အား...”

စူးရှသောဟိန်းဟောက်သံက ရုတ်တရက်လူအုပ်ကြားထဲကနေထွက်ပေါ်လာ၏။ အဲ့ဒါက အလွန်တရာစူးရှလွန်းပြီး ကျင့်ကြံသူများစွာ၏။ နားစည်ကို ဆုတ်ဖြဲပစ်နိုင်ပုံရ၏။

အဲ့ဒါက အင်မော်တယ်ဝေလသံဖြစ်၏။

ထျန်ကျစ်ရီက ထွက်ခွာမသွားခဲ့ပေ။

ထျန်ကျစ်ရီကို ဝန်းရံထားသော ကျင့်ကြံသူများက သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်သွားသည်ဟု ခံစားလိုက်ကြရပြီး သူတို့၏ နားများက စူးရှနာကျင်ကာ သွေးများက စီးထွက်လာ၏။

အနည်းငယ်ကွာဝေးသော ကျင့်ကြံသူများပင်လျှင် တုန်လှုပ်သွားကြ၏။

ယခုတင်စုဖွဲ့လာသော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကလည်း တည်ငြိမ်မှုမရှိတော့ဘဲ အနည်းငယ်ယိမ်းထိုးသွားလေသည်။

ဒဏ္ဍာရီအရဆို... တဗူးခွန်ဖန်း၏ မျိုးဆက်သွေးက အင်မော်တယ်ဝေလငါး၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေပြီး အဲ့ဒါက အလွန်ကြီးမားလေသည်။ ဝေလငါးသံကို ထုတ်ဖော်လိုက်သည်နှင့် အဲ့ဒါကအလွန်တရာကြောက်စရာကောင်းသော သေစေနိုင်စွမ်းအားကို ​ထုတ်ဖော်ပေးနိုင်၏။

ထျန်ကျစ်ရီက လေထဲမှာမတ်တတ်ရပ်ပြီး ကောင်းကင်ထက်သို့ ဟိန်း​ဟောက်လိုက်၏။

ဧရာမအင်မော်တယ်ဝေလငါးတစ်ကောင်က သူမ၏ ဦးခေါင်းထက်မှာ ပေါ်ထွက်လာပြီး ဒီရေလှိုင်းများအကြားမှာ ကူးခတ်နေသည့်အလားပင်။

အင်မော်တယ်ဝေလငါးသံက သိပ်သည်းစုဖွဲ့လာပြီး ထျန်ကျစ်ရီကို ဗဟိုပြု၍ အဘက်ဘက်သို့ ဖြန့်ကြက်သွား၏။

“ကျွီး...”

ထိုစဥ်မှာပင် အသင်္ချေဆင်များက တစ်ချိန်တည်းမှာပင် အော်မြည်လိုက်သည့်အလား အင်အားကြီးမားသော စွမ်းပကားတစ်ခုနှင့်အတူ မလှမ်းမကမ်းကနေ ထူးဆန်းသော ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာ၏။

ယွင်ထင်က ဘေးသို့တစ်ချက်ကြည့်လိုက်၏။

ခပ်လှမ်းလှမ်းမှာ ယန်ယန်းအင်မော်တယ်နိုင်ငံမှ အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်က ရှေ့သို့ခုန်ထွက်လာခဲ့၏။ သူ၏ အနက်ရောင်​ဆံပင်များက ကခုန်နေပြီး ထျန်ကျစ်ရီရှိရာဘက်သို့ ဟိန်းဟောက်လိုက်၏။

အဲ့ဒါက ဖန်းရွှမ်ဖြစ်၏။

ဖန်းရွှမ်၏ ခြေဖဝါးအောက်မှာ အသင်္ချေဧရာမဆင်များက ဝိုးတဝါးပေါ်ထွက်လာ၏။ သူတို့၏ နှာမောင်းများကို လွှဲယမ်းပြီး သူတို့၏ ဧရာမဆင်စွယ်များကို လေထဲသို့မြှောက်တင်ကာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။

အင်မော်တယ်ဝေလက ပင်လယ်မှာ အရှင်သခင်ဖြစ်၏။

သို့သော်လည်း နတ်ဆင်က ကုန်းမြေတိုက်မှာ နတ်ဘုရားဖြစ်၏။

အင်မော်တယ်ဝေလသံနှင့် အသင်္ချေဆင်ဟိန်းသံက လေထဲမှာ ပြင်းထန်စွာထိတွေ့ရိုက်ခတ်သွား၏။

မည်သည့်ဘက်ကမှ အလျှော့မပေးလိုပေ။

ထိုအသံပိုင်း လျှို့ဝှက်အတတ်နှစ်ခုကြားမှာ ဘယ်ဘက်က ပိုမိုသန်မာသလဲ ပြောဖို့ခက်လေသည်။ သို့သော်လည်း ဖန်းရွှမ်၏ တိုက်ခိုက်မှုကြောင့် အစက ဆူဇီမိုကို ဝန်းရံထားသော ကျင့်ကြံသူများက စိတ်အားတက်ကြွသွားပြီး အင်မော်တယ်ဝေလငါးအသံကနေ ရုန်းထွက်လာနိုင်ခဲ့၏။

“စိတ်ဝင်စားဖို့တော့ကောင်းလာပြီ”

အစက... ယွင်ထင်သည် အဝေးကနေစောင့်ကြည့်နေပြီး ဝင်ရောက်တိုက်ခိုက်ဖို့ စိတ်ကူးမရှိပေ။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အသံပိုင်းလျှို့ဝှက်အတတ်နှစ်ခု၏ ထိတွေ့ရိုက်ခတ်မှုက သူ၏ မျိုးဆက်သွေးကို လှုပ်ခတ်စေပြီး သူက ဒီတိုင်းအငြိမ်မနေနိုင်တော့ပေ။

“ငါက... မဟူရာအမြုတေနယ်ပယ်မှာ ပြိုင်ဘက်ကောင်းတချို့နဲ့ ကြုံတွေ့ရပြီပဲ”

ယွင်ထင်က ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ ဓားလက်ညှိုးကို ဝေ့ယမ်းကာ တိုက်ပွဲနယ်မြေရှိရာသို့ ခုတ်ပိုင်းချလိုက်၏။ သူက သုံးကြိမ်ဆက်တိုက်အော်ပြောလိုက်၏။

“ပျက်စမ်း... ပျက်စမ်း.... ပျက်စမ်း...”

ယွင်ထင်၏ အသံက အင်မော်တယ်ဝေလသံနှင့် အသင်္ချေဆင်ဟိန်းသံနှင့် နှိုင်းစာလျှင် အတော်လေးအားနည်းနေ၏။ သို့သော်လည်း သူ၏ အသံ သုံးသံက လေထဲမှာ ထက်ရှ၍ ကြမ်းကြုတ်ခက်ထန်သော ဓားသုံးလက်ကို စုဖွဲ့သွားစေ၏။

အသံကိုအသုံးချပြီ ဓားကိုစုဖွဲ့ခြင်း။

ဓားတာအိုမှာ သူ၏ ပါရမီအရည်အချင်းက တကယ့်ကို တုန်လှုပ်စရာကောင်းပြီး စဥ်းစားကြည့်၍ မရနိုင်အောင်ပင်။

ဖန်းရွှမ်၏ အမူအရာပင်လျှင် တည်တံ့သွားပြီး သူ၏ မျက်လုံးထဲရှိ အထင်အမြင်သေးမှုက ပျက်ပြယ်သွား၏။

အစကတော့... သူသည် ယွင်ထင်ကို အတည်အတံ့မှတ်ယူထားခြင်း မရှိပေ။

သို့သော်လည်း ယခုအခါမှသာ အဲ့ဒါက အလွန်တရာစွမ်းအားကြီးမားသော ပြိုင်ဘက်တစ်ယောက်ဆိုတာကို သူက နားလည်လက်ခံသွား၏။

အသံသုံးသံက လေထုကိုဆုတ်ဖြဲပြီး အင်မော်တယ်ဝေလသံနှင့် အသင်္ချေဆင်ဟိန်းသံကို စိုးရိမ်ထိတ်လန့်မှုမရှိဘဲ ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။

ရှဲ....

အဲ့ဒါသည် ပိတ်စတစ်စက ထက်ရှသောလက်နက်တစ်ခုဖြင့် ဆုတ်ဖြဲခံလိုက်ရသည့်အလားပင်။

အင်မော်တယ်ဝေလသံနှင့် အသင်္ချေဆင်ဟိန်းသံက ယွင်ထင်၏ ဓားသံသုံးသံဖြင့် ရှင်းလင်းစွာ ပိုင်းဖြတ်ခံလိုက်ရ၏။

ဆူဇီမို၏ မျက်လုံးထဲမှာ ကြမ်းကြုတ်ခက်ထန်သောအလင်းတစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။

အစကတော့... သူသည် နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို အသုံးပြုဖို့ စိတ်ကူးမရှိခဲ့ပေ။

အဲ့ဒါက သူ၏ ဝှက်ဖဲများထဲမှတစ်ခုဖြစ်၏။ သူသည် တခြားရွေးချယ်စရာမရှိသရွေ့ အဲ့ဒါကို ထုတ်ဖော်အသုံးပြုလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ အသံပိုင်းလျှို့ဝှက်အတတ်သုံးခုက တစ်ချိန်တည်းမှာ ဆင်းသက်လာခဲ့ပြီး သူ၏ နားစည်ကို ရိုက်ခတ်ကာ သူ၏ ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးက ဆူပွက်လာခဲ့၏။

ဤတိုင်းသာဆက်သွားလျှင် သူ၏ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးက ပေါ်ထွက်လာပေတော့မည်။

ဒါ့အပြင် ဆူဇီမို၏ နှလုံးသားအနက်ပိုင်းထဲမှာ မာန်မာနတစ်ခုကလည်းရှိနေ၏။

သူသည် ဤလောကမှာရှိသော ပြိုင်စံရှားများအားလုံးနှင့် ရင်ဆိုင်ဆိုက်ခိုက်ချင်၏။

“မင်းတို့တွေအားလုံး သွားကြစမ်း”

ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူ၏ နောက်ဆုံး စကားသံမှာ နဂါးဟိန်းသံလျှို့ဝှက်အတတ်၏ ဓမ္မအစီအရင်ပါဝင်နေ၏။

ချက်ချင်းပင် လောကက လှုပ်ခါသွား၏။

အစိမ်းရောင် ကြေးခွံများဖြင့် တလက်လက်တောက်ပနေသော နတ်နဂါးတစ်ကောင်က ဆူဇီမို၏ ဘေးမှာ ပေါ်ထွက်လာခဲ့၏။ ၎င်း၏ ဦးချိုနှစ်ဖက်က ငွားငွားစွင့်စွင့်ဖြစ်နေပြီး ၎င်း၏ စွမ်းပကားက ကြောက်စရာကောင်းကာ ကောင်းကင်ထက်သို့ နွယ်တက်သွားပြီး ဟိန်းဟောက်လိုက်၏။

နတ်နဂါးက သက်ဝင်လှုပ်ရှားနေ၏။ ၎င်းဟိန်းဟောက်လိုက်စဥ်... ၎င်း၏ နှုတ်ခမ်းမွေးများက ကခုန်နေပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများက အနည်းငယ်ပေါက်ကွဲထွက်ကာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ပြန့်ကားထွက်လာခဲ့၏။

နဂါးဟိန်းသံက အရမ်းကိုကြောက်စရာကောင်းပြီး အဲ့ဒီမှာ အန္တိမစိတ်ဆန္ဒတစ်ခုပါဝင်နေသည့်အလားပင်။

လေထဲရှိ အင်မော်တယ်ဝေလက ရုတ်တရက်ပင်လယ်ထဲသို့ခုန်ဆင်းပြီး ပျောက်ကွယ်သွား၏။

ဆူဇီမို၏ ထိန်းချုပ်မှုအောက်မှာ နဂါးဟိန်းသံလျှို့ဝှက်အတတ်သည် ထျန်ကျစ်ရီအပေါ် ထိတွေ့ရိုက်ခတ်မှုအနည်းဆုံးဖြစ်၏။

ဖန်းရွှမ်၏ ခြေဖဝါးအောက်ရှိ အသင်္ချေဧရာမဆင်များကတော့ သူတို့သည် နဂါးဟိန်းသံ၏ တုန်ခါလှိုင်းအောက်မှာ ကြေမွပျက်ပြယ်သွားလေသည်။

ဖန်းရွှမ်၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးသွားသော်လည်း သူက သူ့ကိုယ်သူ လျင်မြန်စွာတည်ငြိမ်စေလိုက်၏။

ဓားသံသုံးသံက အနည်းငယ်ကြာကြာတောင့်ခံနိုင်ခဲ့သော်လည်း အဲ့ဒါကလည်း ကြေမွကာပျက်ပြယ်သွား၏။

နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၊ နဂါးဖီးနစ်အသံနှင့် မိုးပြာနဂါးဟိန်းသံအပါအဝင် လျှို့ဝှက်အတတ်များစွာဖြင့် ပေါင်းစည်းထား၏။

ထိုအသံပိုင်းလျှို့ဝှက်အတတ်တစ်ခုချင်းစီက ကျင့်ကြံမှုအဆင့်တူခြင်းမှာ မည်သူ့ကိုမဆို ဖိနှိမ်ဖို့လုံလောက်နေ၏။

ထိုလျှို့ဝှက်အတတ်များ၏ ပေါင်းစည်းစွမ်းအားက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ စဥ်းစားကြည့်နိုင်၏။

နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို ​ထုတ်ဖော်လိုက်သည့်အခါ လောကက တိတ်ဆိတ်ငြိမ်သက်သွား၏။

“နဂါးဟိန်းသံလျှို့ဝှက်အတတ်လား”

ယွင်ထင်က လုံးဝယိမ်းယိုင်သွားခြင်းမရှိပေ။ သူက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းပြီး တီးတိုးရေရွတ်လိုက်၏။

သို့သော် မကြာခင် ယွင်ထင်က သူ၏ ခေါင်းကို ခါလိုက်၏။

“နည်းနည်းတော့လွဲနေတယ်.. အဲ့ဒီအသံပိုင်းလျှို့ဝှက်အတတ်က တခြားဓမ္မအစီအရင်တွေနဲ့ ပေါင်းစည်းထားတဲ့ပုံပဲ... ဟမ့်... အဲ့ဒီမှာ မိုးကြိုးစွမ်းအားလည်းပါနေတယ်”

ဖန်းရွှမ်ဖြစ်စေ... ယွင်ထင်ဖြစ်စေ... သူတို့က ဆူဇီမိုနှင့် ခပ်လှမ်းလှမ်းမှာရှိနေကြ၏။ သူတို့၏ စွမ်းအားကြီးမားသောသွေးချီနှင့် ကိုယ်ကာယတို့ကြောင့် ဆူဇီမို၏ နဂါးဟိန်းသံအတတ်က သူတို့အပေါ်မှာ သက်ရောက်မှု မရှိသလောက်နီးပါးပင်။ သို့သော်လည်း တိုက်ပွဲနယ်မြေမှာ ဆူဇီမိုကိုတိုက်ခိုက်နေသော ကျင့်ကြံသူများစွာက ထိခိုက်မှုကို ခံစားလိုက်ရ၏။

အရင်ဆုံး... သူတို့သည် အင်မော်တယ်ဝေလသံ၏ ဆေးကြောသန့်စင်မှုကိုခံယူနေရ၏။ ထို့နောက်ချက်ချင်း... အသင်္ချေဆင်ဟိန်းသံက သူတို့ပေါ်ကို သက်ရောက်လာခဲ့၏။

အဲ့ဒီနောက် ယွင်ထင်၏ ဓားသံသုံးသံကလည်း ရိုက်ခတ်လာခဲ့၏။

တိုက်ပွဲနယ်မြေ၏ ကျင့်ကြံသူအများစုသည် ထိုအသံပိုင်းလျှို့ဝှက်အတတ်သုံးခု၏ ဆင်းသက်မှုမှာ သိပ်ကြာကြာတောင့်မခံနိုင်တော့ပေ။

နဂါးဟိန်းသံလျှို့ဝှက်အတတ်က ပို၍ပင်ကြောက်စရာကောင်းနေ၏။

၎င်းက ထွက်ပေါ်လာသည့်ခဏမှာပင် ဆူဇီမိုနှင့် အနီးဆုံးမှာရှိသော ကျင့်ကြံသူများက နေရာမှာပင်ပေါက်ကွဲထွက်ကာ သေဆုံးသွား၏။

ထိုကျင့်ကြံသူများ၏ ကိုယ်ကာယနှင့်မျိုးဆက်သွေးများက အသံပိုင်းလျှို့ဝှက်အတတ်သုံးခုဖြင့် အပြင်းအထန်ဒဏ်ရာရရှိထား၏။ သူတို့က အချိန်မီနောက်ဆုတ်မည်ဆိုလျှင် အဲ့ဒီကနေရုန်းထွက်နိုင်ကောင်းရုန်းထွက်နိုင်ပေဦးမည်။

သို့သော်လည်း နဂါးဟိန်းသံလျှို့ဝှက်အတတ်က ပြင်းထန်ကြမ်းတမ်းသော မုန်တိုင်းတစ်ခုကဲ့သို့ သူတို့ကို မွှေနှောက်ဖျက်ဆီးပစ်လိုက်၏။

ခပ်ဝေးဝေးမှာရှိသော ကျင့်ကြံသူအချို့ကလည်း လေထဲကနေပြုတ်ကျလာခဲ့၏။

သူတို့ထဲမှအချို့သည် သွေးသံရဲရဲမျက်နှာများနှင့်အတူ မြေပြင်ပေါ်သို့ပျော့ခွေစွာလဲကျသွားပြီး နဂါးဟိန်းသံလျှို့ဝှက်အတတ်၏ စွမ်းအားက သူတို့ကိုဖျက်ဆီးပစ်လုနီးပါးပင်။

လေထဲရှိ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက ဆင်းသက်မလာခင်မှာပင် သူတို့သည် အသံပိုင်းလျှို့ဝှက်အတတ်လေးခု၏ ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရ၏။

ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာနိုင်သော ထိုသူများသည် မဟူရာအမြုတေနယ်ပယ်မှာ ရွေးချယ်ခြင်းခံထားရသော ထိပ်တန်းပညာရှင်များဖြစ်၏။

သို့သော်လည်း သူတို့တကယ်တမ်းတိုက်ခိုက်ကြသည့်အခါ သူတို့အားလုံးက အဆင့်-၉ မဟူရာအင်မော်တယ်များ ဖြစ်ကြသည်ဆိုလျှင်တောင် သူတို့ကြားကွာဟချက်က ကောင်းကင်နှင့်မြေကြီးလို ကွာဟနေကြောင်း ကျင့်ကြံသူများစွာက နားလည်သဘောပေါက်သွားကြ၏။

ဖန်းရွှမ်၏ မျက်လုံးက တိုက်ခိုက်လိုသောစိတ်ဝိညာဥ်ဖြင့် ပြည့်နှက်လာပြီး ဆူဇီမိုဆီသို့ ပြေးဝင်သွား၏။

ကျင့်ကြံသူလေးယောက်ဖြစ်သော အမျိုးသားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက်ကလည်း ဦးတည်ဘက်လေးခုကနေ ဆူဇီမိုကို ဝိုင်းပတ်လာခဲ့၏။

အသံပိုင်းလျှို့ဝှက်အတတ်လေးခုအပြီး၌ တိုက်ခိုက်ရည်ခွန်အားကျန်ရှိနေသေးသော ကျင့်ကြံသူများစွာ မရှိတော့ပေ။ ထိုအမျိုးသားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက်က ဘယ်လောက်တောင်သန်မာနေသလဲ သိသာနေ၏။

“သတိထားဦး... အဲ့ဒီလူတွေက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကလူတွေပဲ”

ထျန်ကျစ်ရီ၏ အသံက ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။

All Chapters