ဖော်ကောင်
Vol. 133 Ch. 1982
ဆူဇီမိုသည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းအကြောင်း များစွာမသိရှိထားဘဲ သူသည် နဂါးအသူရာချောက်နက်ကြယ်တိုက်ပွဲမှသာ သူတို့အကြောင်း ပထမဆုံး ကြားဖူးခြင်းဖြစ်လေသည်။
ကောင်းကင်ဘုံကမ္ဘာမှာ ဂိုဏ်းများကို မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်ဟူ၍ အဆင့်သုံးဆင့်ခွဲခြားထား၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အောက်ဘုံကနေတက်လှမ်းလာသောကျင့်ကြံသူများသည် မဟူရာအဆင့်ဂိုဏ်းများသို့ပင် ဝင်ရောက်ဖို့အခွင့်အရေးမရှိပေ။
အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကတော့... သူတို့သည် ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်၏ ကောင်းကင်အဆင့်ဂိုဏ်းများဖြစ်ပြီး သူတို့၏ ခွန်အားကို စဥ်းစားကြည့်နိုင်၏။
အမျိုးသားသုံယောက်ကြားမှာ တစ်ယောက်က ကိုယ်တော်တစ်ပါးကဲ့သို့ နဖူးမောက်မောက် နားရွက်ကားကားနှင့် ကတုံးပြောင်ဖြစ်လေသည်။
အခြားတစ်ယောက်က နက်မှောက်သောအသားအရေ၊ ရှည်လျားသောအရပ်အမောင်းနှင့် ဆံပင်တိုတိုဖြစ်ပြီး လမ်းလျှောက်နေသော သံမဏိမျှော်စင်တစ်ခုနှင့်ဆင်တူနေ၏။
တတိယမြောက်တစ်ယောက်က သူ၏ ဦးခေါင်းမှာ တာအိုသရဖူကို ဆောင်းထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်၏။ သူ၏ အင်္ကျီလက်စက တဖျပ်ဖျပ်လှုပ်၍ သူ၏ အမူအရာက တည်ငြိမ်နေ၏။
အမျိုးသမီးက အပြာရောက်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ နှုတ်ခမ်းများက နီရဲကာ ခရမ်းရောင်တစ်စွန်းတစ်စရောထွေးနေ၏။ သူမက အနည်းငယ်ကြောက်စရာကောင်းသည့်ပုံပေါ်လေသည်။
သူတို့လေးယောက်သည် အသံပိုင်းလျှို့ဝှက်အတတ်လေးခု၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိသည့်အချက်ပင် သူတို့၏ ခွန်အားကို သက်သေပြပေးနေ၏။
ဆူဇီမိုသည် အဆင့်တူခြင်းမှာ ပြိုင်ဘက်များကို စီးပိုးခြယ်လှယ်နိုင်သည်ဟု ယုံကြည်မှုရှိသော်လည်း သူက မဆင်မခြင်မပြုမူရဲပေ။ သံရှည်ဆွဲဟိန်းဟောက်သံနှင့်အတူ သူ၏ အော်ရာက သိပ်သည်းစုဖွဲ့လာခဲ့၏။
အခြားတစ်ဘက်မှာတော့ ထိတ်ထိတ်ပျာပျာဖြစ်နေသော လူတစ်ယောက်က ယွင်ထင်ထံသို့ ဒယီးဒယိုင်လျှောက်လှမ်းလာ၏။
အဲ့ဒါက ယခုတင်သေဘေးကနေ ထွက်ပြေးလွတ်မြောက်လာသော ကျန့်ယွီဖြစ်လေသည်။
ထျန်ကျစ်ရီ၊ ဖန်းရွှမ်နှင့် ယွင်ထင်၏ အသံပိုင်းလျှို့ဝှက်အတတ်များက သူတောင့်ခံနိုင်သောအကန့်အသတ်ထိ ရောက်ရှိနေခဲ့လေပြီ။
ဆူဇီမိုက နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို ထုတ်ဖော်သည့်အခါ သူ၏ ခန္ဓာကိုယ်ထဲရှိမျိုးဆက်သွေးက ကပြောင်းကပြန်ဖြစ်လာခဲ့၏။ သူ၏ ကိုယ်တွင်းအင်္ဂါများက တုန်ခါ၍ သူက နေရာမှာပင် သေလုမတတ်ဖြစ်ခဲ့ရ၏။
“အရှင်မင်းသား... ကျုပ်ကိုကယ်ပါဦး”
ကျန့်ယွီက ယွင်ထင်ကို မသိသော်လည်း ယွင်ထင်၏ ခန္ဓာကိုယ်ပေါ်ရှိ တံဆိပ်ပြားကို မှတ်မိသိရှိသွား၏။ အဲ့ဒါသည် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ တောင်ဝင်မျိုးနွယ်မှ မျိုးဆက်များသာလျှင် ချိတ်ဆွဲထားဖို့ အဆင့်မီသော ပစ္စည်းတစ်ခုဖြစ်၏။
ကျန့်ယွီက အကူညီတောင်းအော်ဟစ်၍ ယွင်ထင်ရှိရာသို့ ရောက်ရှိလာခဲ့၏။
ယွင်ထင်က ကျန့်ယွီကို မှင်သေသေဖြင့် တစ်ချက်ကြည့်လိုက်၏။
“သူက မင်းတို့တွေအားလုံးကို လုံးဝလျစ်လျူရှုပေးခဲ့တာပဲ... မင်းတို့ကသာ သူ့ကို ရန်သွားမစဘူးဆိုရင် မင်းတို့က အခုလိုမျိုး သတ်ဖြတ်ခံရမှာ မဟုတ်ဘူး”
“အရှင်မင်းသား... ကျေးဇူးပြုပြီး သနားညှာတာပါ... သူက ဘာကိုမှ မငဲ့ကွက်ဘဲနဲ့ မင်းသားယွမ်ကျောထံမှာ အမှုထမ်းနေတဲ့ အဆင့်မြင့်အင်မော်တယ်တွေကိုတောင် သတ်ဖြတ်ရဲတယ်... သူ မလုပ်နိုင်တာ တခြားဘာများရှိဦးမှာလဲ”
မချင့်မရဲအမူအရာနှင့်အတူ ကျန့်ယွီက မုန်းတီးစွာပြောလိုက်၏။
“ကျုပ်က... မဟာကျင်းအင်မော်တယ်နိုင်ငံကိုပြန်ရောက်ရင် ဒီကိစ္စကို မင်းသားယွမ်ကျောထံ သေချာပေါက်အစီရင်ခံတင်ပြပေးပါမယ်”
ယွင်ထင်က လှောင်ရယ်၍ ရုတ်တရက်တိုက်ခိုက်လိုက်၏။
ကျန့်ယွီသည် သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေသည်ဆိုလျှင်တောင် သူသည် ယွင်ထင်၏ တိုက်ခိုက်မှုကို လုံးဝခုခံနိုင်လိမ့်မည် မဟုတ်ပေ။ ယခုသူက ဒဏ်ရာအပြင်းအထန် ရရှိထား၏။
“အရှင်မင်းသား... ခင်ဗျား...”
ကျန့်ယွီကို ယွင်ထင်က လည်ဂုတ်ကနေကိုင်၍ မလိုက်ပြီး ကြက်တစ်ကောင်ကိုဖမ်းထားသကဲ့သို့ လေထဲမှာကိုင်မြှောက်ထား၏။ သူက ထိတ်လန့်တကြားအမူအရာရှိနေပြီး လုံးဝရုန်းကန်နိုင်ခြင်းမရှိပေ။
ယွင်ထင်က မှင်သေသေဖြင့် ပြောလိုက်၏။
“ငါ့ဘဝမှာ... ဖော်ကောင်လုပ်တဲ့သူတွေကို အမုန်းဆုံးပဲ”
“မင်းအတွက် ဓားတစ်လက်ကိုသုံးဖို့တောင် မထိုက်တန်ဘူး”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ယွင်ထင်က သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ခုတ်ပိုင်းချလိုက်၏။
ဇီ...
သွေးသံရဲရဲ ဦးခေါင်းက ယွင်ထင်၏ လက်ချောင်များဖြင့် ပိုင်းဖြတ်ခြင်းခံလိုက်ရ၏။
သူ၏ ဓားလက်ညှိုးက အစစ်အမှန်ဓားတစ်လက်ထက်ပင် ပို၍ထက်ရှနေ၏။
အခြားတစ်ဘက်မှာတော့... အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ လူများက ဆူဇီမိုနှင့် စတင်တိုက်ခိုက်နေပြီဖြစ်၏။
ကတုံးပြောင်ကိုယ်တော်က အရင်ဆုံးရောက်ရှိလာပြီး ရယ်မောကာ ဟိန်းဟောက်လိုက်၏။
“ဒကာ... ငါမင်းကို သန့်စင်ပြီး တမလွန်ကိုပို့ပေးဖို့အတွက် ဒီနေရာကို ရောက်လာတာပဲ”
သူက သူ၏ လက်နှစ်ဖက်ကို မြှောက်ပြီး သူတို့က ရွှေဆိုင်းပြားတစ်လွှာဖြင့် ဖုံးအုပ်ထားသည့်အလား ဝင်းလက်တောက်ပနေကာ ဆူဇီမိုရှိရာသို့ ပစ်ရိုက်ချလိုက်၏။
သူ၏ လက်နှစ်ဖက်က တုတ်ခိုင်၍ မာကြောသော တုတ်တစ်ချောင်းကဲ့သို့ သိပ်သည်းပြင်းထန်သောခွန်အားနှင့်အတူ မနှိုင်းယှဥ်သာအောင် ကြမ်းကြုတ်ခက်ထန်နေ၏။
ထို့နောက် ချက်ချင်း... သံမဏိမျှော်စင်လိုလူကလည်း ချဥ်းကပ်လာခဲ့၏။
သူ၏ ခန္ဓာကိုယ်က ဖြောင့်မတ်နေပြီး သူ၏ ခန္ဓာကိုယ်တစ်ပိုင်းက ဆူဇီမိုထက်ပင် ပို၍မြင့်မားနေ၏။
“ဟားဟား”
သံမဏိမျှော်စင်လိုလူ၏ အသံက သူ၏ နားထဲမှာ မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာ၏။
သူက သူ၏လက်ကို ဆန့်ထုတ်ပြီး လက်သီးတစ်လုံးအဖြစ်ဆုပ်ကာ ဆူဇီမို၏ ဦးခေါင်းကို ပစ်ထိုးချလိုက်၏။
သံမဏိမျှော်စင်လိုလူက သူ၏ လက်သီးကို မဟူရာတူတစ်လက်ကဲ့သို့ဆုပ်ပြီး အဲ့ဒါက သတ္တုရောင်တလက်လက်ဖြင့် တောက်ပနေ၏။
ကတုံးပြောင်ကိုယ်တော်ဖြစ်စေ... သံမဏိမျှော်စင်လိုလူဖြစ်စေ... သူတို့နှစ်ယောက်စလုံးသည် ခန္ဓာမီးဆေးခြင်းပညာရှင်များဖြစ်ပြီး သူတို့၏ ကိုယ်ကာယများက တုန်လှုပ်စရာကောင်းလောက်အောင် သန်မာနေ၏။
အခြားတစ်ဘက်မှာတော့... သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်က သူ၏ ကျယ်ပြန့်သော အင်္ကျီလက်စကို ဝေ့ယမ်းပြီး ညင်သာစွာ အော်ဟစ်လိုက်၏။
“ငြိမ်သက်စမ်း”
သာမန်နတ်ဘုရားစွမ်းအား ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်...။
ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်သည် အသုံးအများဆုံး သာမန်နတ်ဘုရားစွမ်းအားများထဲမှ တစ်ခုဖြစ်၏။ ၎င်း၏ အကန့်အသတ်မှာ အဲ့ဒါသည် အန္တိမနတ်ဘုရားစွမ်းအား လေဟာနယ်ရပ်တန့်ခြင်းအဖြစ်သို့ပင် အသွင်ပြောင်းလဲနိုင်၏။
ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်က အသုံးများသော်လည်း လူတိုင်း၏ အမြုတေစိတ်ဝိညာဥ်က သန့်စင်မှု၊ ကျင့်ကြံမှုအဆင့်နှင့် ခွန်အားအရ အမျိုးမျိုးကွာခြားကြ၏။ ထွက်ပေါ်လာသော သက်ရောက်မှုများကလည်း အမျိုးမျိုးကွဲပြားသွားလေသည်။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။ ထို့ကြောင့် ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်သည် သူ့အပေါ်မှာ သက်ရောက်မှုမရှိသလောက်နီးပါးပင်။
သက်လတ်ပိုင်းအရွယ်အမျိုးသားက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထဲမှ လာသည်ဆိုလျှင်တောင် သူ့ကို မခြိမ်းခြောက်နိုင်ပေ။
သို့သော်လည်း သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်မှာ ဝှက်ဖဲတစ်ခုရှိနေဆဲ ဖြစ်၏။ သူက ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်ကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် သူ၏ ကျယ်ပြန့်သော အင်္ကျီလက်စနှစ်ဖက်က ချက်ချင်းပင် ရောက်ရှိလာပြီး ဆူဇီမိုကို ရစ်ပတ်လိုက်၏။
ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်က ပထမဆုံး လှုပ်ရှားကွက်ဖြစ်ပြီး သတ်ဖြတ်ကွက်က နောက်ကနေ လိုက်ပါလာ၏။
အပြာရောင်ဝတ်အမျိုးသမီးသည် တိုက်ခိုက်ရာမှာအနှေးဆုံးဖြစ်သော်လည်း သူမ၏ လက်သည်းချွန်ဆယ်ဖက်က ခရမ်းရောင်သန်း၍ ညှီစို့စို့အနံ့တစ်ခုကို ထုတ်ဖော်ပေးနေ၏။
အဆိပ်...
အပြာဝတ်အမျိုးသမီးက သူမ၏ ထက်ရှသော လက်သည်းချွန်များကို ဆန့်ထုတ်ပြီး အဆိပ်ရှိမြွေဆယ်ကောင်ကဲ့သို့ ဆူဇီမိုထံသို့ ဖမ်းဆွဲလိုက်၏။
အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ပညာရှင်များက ကြောက်စရာကောင်းသောတိုက်ခိုက်မှုများကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်ကြ၏။
သူတို့လေးယောက်သည် တစ်ယောက်ကိုတစ်ယောက် မသိရှိဘဲ ဤတိုက်ခိုက်မှုက သူတို့၏ ပထမဆုံးအကြိမ် ပူးပေါင်းတိုင်ခိုက်ခြင်းဖြစ်သော်လည်း သူတို့၏ အချိတ်အဆက်က လွန်စွာလိုက်ဖက်နေ၏။
အဲ့ဒါသည် ထိပ်သီးပညာရှင်များကြား လိုက်လျောညီထွေရှိမှုဖြစ်လေသည်။
အဲ့ဒါကို တွေ့မြင်သောအခါ ယွင်ထင်က မသိမသာခေါင်းညိတ်၍ ပြောလိုက်၏။
“သူတို့လေးယောက်က အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက အစေခံတွေဆိုပေမယ့် သူတို့ရဲ့နည်းလမ်းတွေက တကယ့်ကိုအားမနဲဘူးပဲ”
“ဒီလိုမျိုးတိုက်ခိုက်မှုတစ်ရပ်ကို ငါတစ်ယောက်ပဲ ဖြေရှင်းနိုင်မယ်ထင်တယ်”
တိုက်ပွဲနယ်မြေတွင်... ။
ထျန်ကျစ်ရီက ထိုသည်ကိုတွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွား၏။
သူမ၏ အမြင်အာရုံအရ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ပညာရှင်များ၏ ပူးပေါင်းတိုက်ခိုက်မှုက ဘယ်လောက်ကြောက်စရာကောင်းသလဲ သူမပြောနိုင်လေသည်။
အနည်းဆုံးတော့ သူမသည် ဆူဇီမို၏ နေရာမှာ ရောက်ရှိနေမည်ဆိုလျှင် သူမအနေဖြင့် အဲ့ဒီကနေ မထိမခိုက်လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ဖျတ်ခနဲဆို... ထျန်ကျစ်ရီက သူမ၏ အော်ရာကိုရုပ်သိမ်းပြီး သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်ရှိရာသို့ ခိုးကြောင်ခိုးဝှက် ပြေးဝင်သွား၏။
သူမသည် သူတို့ထဲမှတစ်ယောက်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင် ဆူဇီမိုအနေဖြင့် ကျန်ရှိနေသောသုံးယောက်ကို ကိုင်တွယ်ဖို့ ပို၍လွယ်ကူသွားပေလိမ့်မည်။
“ဟီးဟီး... နင်ဘာလုပ်နေတာလဲ”
ထိုစဥ်မှာပင် ဘေးဘက်ကနေ လှောင်ရယ်သံတစ်သံက ထွက်ပေါ်လာ၏။
ထို့နောက်ချက်ချင်း ထျန်ကျစ်ရီသည် သူမ၏ နားကိုပင် နာကျင်သွားစေသော သန်မာသောလေပြင်းတစ်ချက်ကို ခံစားလိုက်ရ၏။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ ဤလူ၏ တိုက်ခိုက်မှုက ထျန်ကျစ်ရီ၏ ထွက်လမ်းများအားလုံးကို ပိတ်ဆို့လိုက်ခြင်းပင်။
ပညာရှင်တစ်ဦး...။
ထျန်ကျစ်ရီက မဆင်မခြင်မပြုမူရဲဘဲ တစ်ဖက်လူ၏ သတ်ဖြတ်ကွက်ကို ရှောင်တိမ်းဖို့အတွက် ခပ်မြန်မြန်ရပ်တန့်ပြီး အာရုံစိုက်၍ကြည့်လိုက်၏။
အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်က သူမ၏ လမ်းကြောင်းကိုပိတ်ဆို့ထား၏။ အဲ့ဒါသည် ယန်ယန်းအင်မော်တယ်နိုင်ငံမှ ဖန်းရွှမ်ဖြစ်၏။
ထျန်ကျစ်ရီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူတို့နှစ်ယောက်က ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ကြမည်ဆိုလျှင် အချိန်တိုအတွင်းမှာ အနိုင်ရလဒ်ကို ဆုံးဖြတ်နိုင်ဖို့ မလွယ်ပေ။
ထို့နှောင့်နှေးကြန့်ကြာမှုက တိုက်ပွဲနယ်မြေမှာ ဆူဇီမိုကို ပညာရှင်လေးဦး၏ သိပ်သည်းပြင်းထန်သော တိုက်ခိုက်မှုများကြား ကျဆင်းသွားစေမည်ဖြစ်၏။
တောက်လောင်ပြင်းပြသောအကြည့်နှင့်အတူ ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ၏ ရင်ဘက်က မို့မောက်လာ၏။ သူသည် နေနှင့်လကို ဝါးမျိုချင်သည့် အနာကွန်ဒါတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည့်အတိုင်းပင်။
အဲ့ဒါသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီကျင့်စဥ်မှလာသော လျှို့ဝှက်အတတ်တစ်ခုဖြစ်၏။
ရှဲ....
ချက်ချင်းပင် ဆူဇီမို၏ အင်္ကျီလက်စနှစ်ဖက်က စုတ်ပြဲသွားပြီး အပိုင်းပိုင်းအတစ်တစ်ဖြစ်သွားသော ပိတ်စများက မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းလာ၏။
သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်က မှင်တက်သွား၏။ သူ၏ ဤလှုပ်ရှားကွက်ဖြင့် မရေမတွက်နိုင်သော ပြိုင်စံရှားများကို သတ်ဖြတ်ခဲ့ဖူး၏။ ယခု... အဲ့ဒါသည် အလွယ်တကူချေဖျက်ခံလိုက်ရ၏။
“သွားစမ်းပါကွာ..”
ဆူဇီမို၏ ရင်ဘတ်ထဲမှာ စုစည်းထားသော သိပ်သည်းပြင်းထန်သည့် အမြုတေချီပမာဏတစ်ခုက ပေါက်ကွဲထွက်လာခဲ့၏။
ဆူဇီမိုသည် သူ၏ ဘယ်ဘက်လက်ဖြင့် မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ထုတ်ဖော်ပြီး ကတုံးပြောင်ကိုယ်တော်၏ လက်နှစ်ဖက်ထံသို့ ဧရာမကြိတ်ဆုံကျောက်တစ်ခုကဲ့သို့ ပစ်ရိုက်ချလိုက်၏။
တစ်ချိန်တည်းမှာပင် သူက သူ၏ ညာဘက်လက်ကို သူ၏ ရင်ဘတ်ရှေ့မှာလွှဲယမ်းပြီး လက်သီးတစ်လုံးအဖြစ် ဖမ်းဆုပ်လိုက်၏။ သူ၏ လက်သီးက ပြန့်ကားသွားပြီး ကြီးမားသောချိပ်စည်းတစ်ခုအဖြစ် အသွင်ပြောင်းလဲကာ သံမဏိမျှော်စင်လိုလူ၏ သံမဏိလက်သီးထံသို့ ပစ်ဝင်သွား၏။
ဘုန်း...
ကျယ်လောင်သောမြည်သံနှင့်အတူ ကတုံးပြောင်ကိုယ်တော်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး နောက်သို့ဆုတ်ခွာသွားရ၏။
သူ၏ လက်နှစ်ဖက်ပေါ်မှ ရွှေစိုင်းပြားများကလည်း မဟာကစဉ့်ကလျားအမြုတေလက်ဝါးဖြင့် ကြေမွပျက်စီးသွား၏။
ဘန်း...
လက်သီးချင်းထိတွေ့ရိုက်ခတ်ပြီး အရိုးများက ကြိတ်ချေသွား၏။
သိပ်မကြာခင် သံမဏိမျှော်စင်လိုလူ၏ မျက်နှာက နီမြန်းသွား၏။
“အား...”
သံမဏိမျှော်စင်လိုလူက နာကျင်သောအမူအရာဖြင့် နက်ရှိုင်းစွာအော်ဟစ်လိုက်ပြီး နောက်သို့ခြေသုံးလှမ်း ဒယီးဒယိုင်ဆုတ်လိုက်ရ၏။