ကြေးမီးအိမ်
Vol. 133 Ch. 1985
ဆူဇီမိုသည် သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
ဤဘေးဘက်ခန်းမက ဆေးလုံးများဖြင့် ပြည့်နှက်နေ၏။ ငရဲဖိနှိမ်မီးဖိုက ဤကဲ့သို့သော တုံ့ပြန်မှုတစ်ခု ဘာကြောင့် ရှိလာရတာလဲ။
ငရဲဖိနှိမ်မီးဖိုသည် အမြဲတမ်း စိတ်ဝိညာဉ်ရတနာများကိုသာ ဝါးမျိုသန့်စင်ခဲ့ပြီး မည်သည့်ဆေးလုံးကိုမှ စိတ်မဝင်စားခဲ့ဖူးပေ။
ဒါ့အပြင် ဤနေရာမှာ ရှိသော ဆေးလုံးများက ကျိန်စာဖြင့် စွန်းထင်းခံထားရပြီး ဆေးအာနိသင် ပျောက်ဆုံးကာ မည်သည့်တန်ဖိုးမှ မရှိတော့ပေ။
သို့သော်လည်း သူ၏ အသိစိတ်ထဲရှိ လှုပ်ခတ်မှုက အရမ်းကို သိသာထင်ရှားနေပြီး အဲဒါက ထင်ယောင်ထင်မှား ခံစားချက်တစ်ခု မဟုတ်နိုင်ပေ။
အတိအကျဆိုရလျှင် ဤလှုပ်ခတ်မှုသည် ငရဲဖိနှိမ်မီးဖိုက ယခင် စိတ်ဝိညာဉ်ရတနာများနှင့် ကြုံတွေ့ခဲ့စဉ်ကထက်ပင် ပို၍အားကောင်းနေ၏။
ဆူဇီမိုက အပျက်အစီးပုံအောက်မှာ ဂရုတစိုက် ရှာဖွေကြည့်လိုက်၏။
သူ၏ ခြေဖဝါးအောက်မှာ သုံးစားမရသော အပျက်အစီးတစ်ပုံကို မြုပ်နှံထားသည့် ဖုန်အလိမ်းလိမ်းတက်နေသော အပျက်အစီးပုံတစ်ခု ရှိနေ၏။ ဆေးလုံးများ အားလုံးက ဖုန်မှုန့်များနှင့် ရောနှောနေပြီး သူတို့ကို ခွဲခြားဖို့ မဖြစ်နိုင်သလောက်နီးပါးပင်။
ဆူဇီမိုသည် ကိုယ်ကိုကိုင်းညွှတ်ပြီး ဂရုတစိုက် ရှာဖွေကြည့်လိုက်၏။
နေရာက မကြီးမားသော်လည်း အဲဒီမှာ အကျိုးအပဲ့ အစအနများစွာ ရှိနေ၏။ အဲဒီမှာ ကြေမွနေသော ကျောက်စားပွဲတစ်လုံး၊ ယိုယွင်းပျက်စီးနေသော ခုံတစ်လုံး၊ စွန့်ပစ်ထားသော ကြေးမီးအိမ်တစ်လုံးနှင့် ကြွေခွက် အကျိုးအပဲ့များစွာ…..
အတန်ကြာ စစ်ဆေးကြည့်ရှုပြီးနောက် ဆူဇီမိုသည် ငရဲဖိနှိမ်မီးဖို၏ စိတ်ဝင်စားမှုနှင့် ထိုက်တန်သော မည်သည့်အရာကိုမှ ရှာမတွေ့ပေ။
ခဏမျှ စဉ်းစားတွေးတောပြီး သူ၏ အကြည့်က ယခင်တွေ့ရှိခဲ့သော ရှေးဟောင်းကြေးမီးအိမ်ထံသို့ ပြန်လည်ရောက်ရှိသွား၏။
ကြေးမီးအိမ်က တွေ့ရအများဆုံး ရိုးရှင်းသောပုံစံဖြစ်လေသည်။ အဲဒါနှင့် ပတ်သက်၍ မည်သည့် လှပကြော့ရှင်းမှုမှ မရှိဘဲ ၎င်း၏ ကိုယ်ထည်အများစုက မြေကြီးထဲမှာ နစ်မြုပ်နေ၏။ အဲဒါသည် ဘေးဘက်ခန်းမ၏ နံရံထဲမှာ အစက ထည့်သွင်းထားခဲ့သော အလင်းရောင်ပေးသည့် သာမန်ပစ္စည်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။
ဒါ့အပြင် ကြေးမီးအိမ်၏ ပေါ်ထွက်နေသော အပိုင်းကို အစိမ်းရောင် အစက်အပြောက်တစ်လွှာက ဖုံးအုပ်နေ၏။ အဲဒါက ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာဖြင့် တိုက်စားခံထားရသည်မှာ သိသာလေသည်။
ထို့ကြောင့် ဆူဇီမိုသည် ကြေးမီးအိမ်ကို ပထမဆုံး တွေ့စဉ်က သူက အဲဒါကို အလေးအနက်မထားဘဲ ချက်ချင်းပင် အကြည့်လွှဲခဲ့၏။
ထိုအခိုက်အတန့်မှာ သူသည် ကြေးမီးအိမ်ရှေ့သို့ ရောက်ရှိလာပြီး သူ၏ ကိုယ်ကို ကိုင်းညွှတ်ကာ အဲဒါကို မြေကြီးထဲကနေ ဆွဲထုတ်ချင်၏။
သူ၏ လက်ချောင်းများက ကြေးမီးအိမ်နှင့် ထိတွေ့မိစဉ်မှာပင် သူက ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ အသိစိတ်က ဝေဝါးသွား၏။
ရုတ်တရက် စွမ်းအားကြီးမား၍ ထူးဆန်းသော စုပ်ယူအားတစ်ခုက ကြေးမီးအိမ်ထံကနေ ပစ်လွင့်ထွက်ပေါ်လာ၏။
ဆူဇီမိုသည် သူ၏ အသိစိတ်ထဲမှာ ရှိသော အမြုတေစိတ်ဝိညာဉ်က သူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာပြီး ကြေးမီးအိမ်ထဲသို့ ဝင်ရောက်တော့မည့်အလား ခံစားလာရ၏။
အန္တရာယ်ကို အာရုံခံမိသွားပြီး ဖန်တီးခြင်းကြာခုံက ဝင်းလက်တောက်ပလာကာ ကြာစိမ့်ပေါက် ၈၁ပေါက်ကနေ အစိမ်းရောင် အလင်းရောင်ခြည်များ လျှံထွက်လာပြီး ပါးလွှာသော ချည်မျှင်များအဖြစ် ပြောင်းလဲကာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကို ရစ်ပတ်၍ ကြာခုံနှင့် တွဲထားလိုက်၏။
ထိုသို့ဆိုလျှင်တောင် စုပ်ယူအားက အရမ်းကို သန်မာနေ၏။
ဖန်း.. ဖန်း…ဖန်း…
ခေတ္တမျှ လွန်ဆွဲပြီးနောက် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ပေါ်ရှိ အစိမ်းရောင် ချည်မျှင်များက ပြတ်ထွက်သွား၏။
ဖန်တီးခြင်းကြာခုံကပင်လျှင် ထိုစွမ်းအားကို မခုခံနိုင်ပေ။
ဟမ်..
ရုတ်တရက်ဆိုသလို…
ဆူဇီမို၏ အသိစိတ်ထဲမှာ ကျယ်လောင်သော ဂါထာမန္တန်အသံက ထွက်ပေါ်လာပြီး ရှေးဟောင်းဗုဒ္ဓများ၏ ပုံရိပ်ယောင်က ပေါ်ထွက်လာကာ ဗုဒ္ဓသုတ္တန်များကို ကျယ်လောင်စွာ ရွတ်ဆိုနေ၏။
အဲဒါသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်မှ စာလုံးများ ဖြစ်လေသည်။
ဂါထာမန္တန်စကားလုံးများက ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ပတ်လည်မှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ သူတို့က ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပနေပြီး ခံ့ညားကြော့ရှင်းကာ လျှို့ဝှက်ဆန်းကြယ်နေ၏။ သူတို့က ဂါထာမန္တန်စာလုံး အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
အဲဒါက ထူးဆန်းလေသည်။ ရှေးဟောင်းဗုဒ္ဓ ပုံရိပ်ယောင်များ ပေါ်ထွက်၍ သုတ္တန်ရွတ်ဆိုသံများ ထွက်ပေါ်လာပြီးနောက် ထူးဆန်းသော စုပ်ယူအားက တဖြည်းဖြည်း အားပျော့သွားပြီး တိုက်ခိုက်မှုက ယခင်ကလောက် မသန်မာတော့ပေ။
သို့သော်လည်း ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်က ပြီးပြည့်စုံမှု မရှိသေးပေ။ ခဏမျှ ရွတ်ဆိုပြီးနောက် ဂါထာမန္တာန်အသံများက ရပ်တန့်သွားကာ ရွှေရောင် သက္ကတစာလုံးများကလည်း အလျင်အမြန် မှိန်ဖျော့သွား၏။ ကြေးမီးအိမ်ထံမှ စုပ်ယူအားက တစ်ဖန်ပြန်တိုးလာခဲ့၏။
ဆူဇီမို၏ အသိစိတ်က ယာယီအားဖြင့် ပြန်လည်ရှင်းလင်းနေခဲ့ပြီဖြစ်၏။ သူက သူ၏ လက်ကို ခပ်မြန်မြန်ရုတ်ပြီး တုန်လှုပ်နေသော အမူအရာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။
ထိုရှေးဟောင်းကြေးမီးအိမ်က သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဝါးမျိုနိုင်လုနီးပါးပင်။
ဖန်တီးခြင်းကြာခုံပင်လျှင် သူ့ကို ကာကွယ်မပေးနိုင်ခဲ့ပေ။ သူက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်တစ်ဝက်ကို ကျင့်ကြံထားပြီး ရှေးဟောင်းဗုဒ္ဓ ပုံရိပ်ယောင်များကို ဆင့်ခေါ်နိုင်ခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူက အကြောင်းရင်းမရှိဘဲ ဤနေရာမှာ သေဆုံးသွားရနိုင်၏။
အဲဒါကို သူက ထိလို့ပင် မရပေ။ အဲဒါက တကယ့်ကို ထူးဆန်းနေ၏။
သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ဆူဇီမိုက ကြေးမီးအိမ်၏ ပတ်လည်ရှိ မြေကြီးများကို ဖယ်ရှားကာ ၎င်း၏ အစစ်အမှန်သွင်ပြင်ကို တဖြည်းဖြည်း ပေါ်ထွက်လာစေ၏။
“ဟမ်”
ဆူဇီမိုသည် မြေကြီးထဲမှာ မြုပ်နှံထားသော ကြေးမီးအိမ်၏ အောက်တစ်ပိုင်းကို ကြည့်ကာ မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
ကြေးမီးအိမ်၏ ပေါ်ထွက်နေခဲ့သော အပိုင်းက အစိမ်းရောင် အစက်အပြောက်များဖြင့် ပြည့်နှက်နေခဲ့၏။ သို့သော်လည်း မြေကြီးထဲမှာ မြုပ်နှံထားသော အပိုင်းက မည်သည့် အစိမ်းရောင် အစက်အပြောက်မှ မရှိဘဲ ကြေးဝါရောင်ဖြစ်လေသည်။
ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ရှိသော အရာရာတိုင်းက ကျိန်စာဖြင့် တိုက်စားခံထားရပြီး သူ၏ ခြေဖဝါးအောက်ရှိ မြေဆီလွှာကပင်လျှင် ချမ်းသာရာ မရပေ။
ပုံမှန်အားဖြင့်ဆိုလျှင် ဤရှေးဟောင်းကြေးမီးအိမ်ကို မြေကြီးထဲမှာ မြုပ်နှံထားသည်ဆိုလျှင်တောင် အဲဒါသည် ဧကရာဇ်ဂူသင်္ချိုင်းထဲရှိ ကျိန်စာဖြင့် တိုက်စားခံရပေလိမ့်မည်။
သို့သော်လည်း ကြေးမီးအိမ်၏ လက်ရှိအခြေအနေက အတော်လေးကို ထူးဆန်းနေ၏။
ဆူဇီမိုသည် ကြေးမီးအိမ်ပေါ်ရှိ အစိမ်းရောင် အစက်အပြောက်များကို ခဏမျှ စိုက်ကြည့်ပြီးနောက် တစ်စုံတစ်ရာ ထူးခြားနေသည်ကို တဖြည်းဖြည်း သတိထားမိလိုက်၏။
သူထင်တာ မမှားဘူးဆိုလျှင် ကြေးမီးအိမ်ပေါ်ရှိ အစိမ်းရောင် အစက်အပြောက်များက ဧကရာဇ်ဂူသင်္ချိုင်းထဲရှိ ကျိန်စာကြောင့် မဟုတ်ဘဲ ကြေးတက်နေခြင်းကြောင့် ဖြစ်ပေါ်လာခြင်းပင်။
တစ်နည်းအားဖြင့်ဆိုလျှင် ကြေးမီးအိမ်သည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ပြီးတာတောင် ကျိန်စာ၏ တိုက်စားခြင်းကို မခံခဲ့ရပေ။
ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ အသိစိတ်ရှိ ဓမ္မရတနာများပင်လျှင် ကျိန်စာ၏ တိုက်စားမှုကို မခုခံနိုင်ပေ။ ယခုအချိန်ထိကို ဆူဇီမို၏ ငရဲဖိနှိမ်မီးဖိုကသာလျှင် ကျိန်စာဖြင့် စွန်းထင်းမခံရခြင်းဖြစ်၏။
တစ်နည်းအားဖြင့်ဆိုလျှင် ဤကြေးမီးအိမ်သည် အသိစိတ်ရှိ ဓမ္မရတနာတစ်ခုထက် သေချာပေါက် ပိုကောင်းလေသည်။
အဲဒါသည် ကပ်ဘေးကိုးခုသန့်စင်ယန်စိတ်ဝိညာဉ်ရတနာ သို့မဟုတ် ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဉ်ရတနာတစ်ခုပင် ဖြစ်နေနိုင်၏။
ထိုသို့အတွေးဖြင့် ဆူဇီမိုက တိတ်တဆိတ် ကျေနပ်သဘောကျသွား၏။
အဲဒါသာ အမှန်ဆိုလျှင် ကြေးမီးအိမ်ကို ဝါးမျိုသန့်စင်ပြီးနောက် ငရဲဖိနှိမ်မီးဖို၏ စတုတ္ထမြောက်နံရံကို ပြန်လည်ပြင်ဆင်နိုင်ပေလိမ့်မည်။
ဆူဇီမိုက ဘေးပတ်လည်ကို လှည့်ကြည့်ပြီး ဤနေရာမှာ တခြားမည်သူမှ မရှိသည်ကို တွေ့မြင်သောအခါ သူက ငရဲဖိနှိမ်မီးဖိုကို ထုတ်ယူလိုက်၏။
ငရဲဖိနှိမ်မီးဖိုက သူ၏ အသိစိတ်ထဲမှာ ရှိနေခဲ့ပြီး သူက ကြေးမီးအိမ်ကို သူ၏ အသိစိတ်ထဲသို့ ပစ်မထည့်ရဲပေ။
တကယ်ဆို သူက ရှေးဟောင်းကြေးမီးအိမ်ကို နေရာရွှေ့ဖို့အတွက် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကိုပင် အသုံးမပြုရဲပေ။ စောစောက အန္တရယ်များသော အခြေအနေက ပြန်လည်ပေါ်ထွက်လာမည်ကို သူက စိုးရိမ်နေ၏။
ဆူဇီမိုက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ဂရုတစိုက် လှည့်ပတ်ပြီး သူ၏ အင်္ကျီလက်စနှစ်ဖက်ကို ရွှေရောင်အလင်းဖျော့ဖျော့တစ်လွှာက ဖုံးအုပ်သွား၏။
အဲဒီနောက် သူက သူ၏ အင်္ကျီလက်စနှစ်ဖက်ကို ဝှေ့ယမ်းပြီး မြေပြင်ပေါ်ရှိ ကြေးမီးအိမ်ကို သဲ့ယူကာ အဲဒါကို စတုရန်းကြေးမီးဖိုထဲသို့ ပစ်ထည့်လိုက်၏။
ဗွမ်းခနဲ မြည်သံနှင့်အတူ ရှေးဟောင်းကြေးမီးအိမ်က မီးဖိုအတွင်းရှိ အငွေ့တထောင်းထောင်းထနေသော သတ္တုရည်များထဲ ကျဆင်းသွားပြီး ပျောက်ကွယ်သွား၏။
ဆူဇီမိုသည် စိတ်သက်စွာ သက်ပြင်းချ၍ ငရဲဖိနှိမ်မီးဖိုကို သိမ်းဆည်းတော့မည့်ဆဲဆဲမှာပင် သူက အသံဗလံတချို့ကို ကြားလိုက်ရ၏။ မီးဖိုထဲရှိ သတ္တုရည်များက တလိပ်လိပ်ထိုးတက်လာပြီး ရှေးဟောင်းကြေးမီးအိမ်က တစ်ဖန်ပြန်လည်ပေါ်ထွက်လာ၏။
အဲဒီနောက် ငရဲဖိနှိမ်မီးဖိုက အဆက်မပြတ် ယိမ်းထိုးသွားပြီး သတ္တုရည်များက ပွက်ပွက်ဆူကာ ကြေးမီးအိမ်က မီးဖိုထဲကနေ ပြန်ကန်ထွက်လာခဲ့၏။
“အမ်”
ဆူဇီမိုက မှင်တက်၍ ကြောင်အနေ၏။
ငရဲဖိနှိမ်မီးဖိုက ကြေးမီးအိမ်ကို ထွေးထုတ်လိုက်တာလား။
ကြေးမီးအိမ်က ငရဲဖိနှိမ်မီးဖိုထဲမှာ ချာလပတ်လည်၍ ဆေးကြောသန့်စင်မှုကို ခံယူခဲ့၏။ သို့သော်လည်း အဲဒါက အကောင်းအတိုင်း ကျန်ရှိနေပြီး ယခင်ကထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်လာသည်ဟု ထင်ရ၏။
ကြေးမီးအိမ်ပေါ်ရှိ အစိမ်းရောင် အစက်အပြောက်များက သတ္တုရည်များဖြင့် ဆေးကြောသန့်စင်ခံလိုက်ရပြီး ၎င်း၏ မူလကြေးရောင်ကို ပြန်လည်ရရှိလာ၏။
“ငရဲဖိနှိမ်မီးဖိုကတောင် အဲဒါကို မဝါးမျိုနိုင်ဘူးလား”
ဆူဇီမိုက ကြေးမီးအိမ်ကို တည်ကြည်လေးနက်သော အကြည့်ဖြင့် စိုက်ကြည့်နေ၏။
ဤကြေးမီးအိမ်သည် သူတွေးထင်ထားသည်ထက်ပင် ပို၍အဖိုးတန်နေနိုင်၏။
ကြေးမီးအိမ်ပေါ်ရှိ အစိမ်းရောင် အစက်အပြောက်များကို ဖယ်ရှားရှင်းလင်းပြီးနောက် သူသည် မီးအိမ်အပေါ်ပိုင်းမှာ စာလုံးတစ်လုံး ရေးထိုးထားသည်ကို ခပ်ရေးရေး တွေ့မြင်လိုက်ရ၏။
ဆူဇီမိုက ရှေ့သို့ လျှောက်လှမ်းသွားပြီး အနီးကပ် တစ်ချက်ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
“ဝိညာဉ်…”
မီးအိမ်ထဲမှာ ဝိညာဉ်ဆိုသော စာလုံးတစ်လုံး ရှိနေ၏။ ဒါ့အပြင် အဲဒါကို သက္ကတဘာသာစကားဖြင့် ရေးထိုးထားပြီး ဆူဇီမိုက ချက်ချင်း မမှတ်မိနိုင်ခဲ့ပေ။
ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဆူဇီမိုက သိုလှောင်အိတ်အသစ်တစ်လုံးကို ထုတ်ယူကာ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို လှည့်ပတ်ပြီး ယခင်နည်းလမ်းအတိုင်း ပြုမူလိုက်၏။ သူက ကြေးမီးအိမ်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်ပြီး အဲဒါကို တစ်ခုတည်းသက်သက် သိမ်းဆည်းလိုက်၏။
ထိုပစ္စည်း၏ မူလဇာစ်မြစ်နှင့် ဘယ်လိုအသုံးဝင်သည်ကို သူက မသိရှိသေးပေ။
သို့သော်လည်း ငရဲဖိနှိမ်မီးဖိုက မဝါးမျိုနိုင်သည့် ပစ္စည်းသည် သေချာပေါက် တစ်မူထူးခြားနေရပေလိမ့်မည်။
ထိုစဉ်မှာပင် ပင်မခန်းမ ရှိရာဘက်ကနေ အုန်းအုန်းကျက်ကျက် အသံတချို့ ထွက်ပေါ်လာ၏။
ဝင်္ကပါက ပျက်ပြယ်သွားခဲ့လေပြီ။
ဆုံး သေကွင်းသေကွက်တိုက်ခိုက်မှုကို သူက မရှောင်တိမ်းနိုင်ခဲ့ပေ