← Chapters

အင်မော်တယ်ဧကရာဇ်၏ အကြွင်းအကျန်အသိစိတ်

Vol. 133 Ch. 1986

အင်မော်တယ်ဧကရာဇ်၏ အကြွင်းအကျန်အသိစိတ်

Vol. 133 Ch. 1986

ဖျတ်ခနဲဆို... ဆူဇီမိုက ပင်မခန်းမရှိရာသို့ ပြေးသွားလိုက်၏။

တစ်ချိန်တည်းမှာပင် နန်းတော်၏ နေရာတိုင်းမှာရှိ ကျင့်ကြံသူတိုင်းက ရုတ်ရုတ်သဲသဲအခြေအနေကို သတိထားမိသွားပြီး ပင်မခန်းမရှိရာသို့ ပြေးလာကြ၏။

ပင်မခန်းမ၏ ရှေ့မှာ လူအုပ်ကြီးက တဖြည်းဖြည်းသိပ်သည်းများပြားလာပြီး အဲ့ဒီမှာ လူအယောက်တစ်သောင်းပင် ကျော်လာခဲ့ပြီဖြစ်၏။ သူတို့က စိတ်လှုပ်ရှားတက်ကြွနေပြီး သူတို့၏ လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်နေကြ၏။

ဆူဇီမိုရောက်ရှိလာသောအခါ ယွင်ထင်က နက်ရှိုင်းသောအကြည့်တစ်ခုနှင့်အတူ လူအုပ်ကြီး၏ ရှေ့မှာ မတ်တတ်ရပ်နေသည်ကို ဆူဇီမိုက တွေ့မြင်လိုက်ရ၏။

သူ၏ လက်နှစ်ဖက်ကို အဆက်မပြတ်ဝေ့ယမ်းပြီး သူ၏ အဝတ်စများက တစ်မူထူးခြားသောပုံစံဖြင့် တဖျတ်ဖျတ်လှုပ်ရှားနေ၏။

အချိန်တိုအတွင်းမှာ ယွင်ထင်၏ လက်ချောင်းထိပ်ကနေ စိတ်ဝိညာဥ်အလင်းရာချီက ဖြာထွက်လာပြီး ပင်မခန်းမရှေ့ရှိ ဝင်္ကပါထဲသို့ ချက်ချင်းပင်ဝင်ရောက်သွား၏။

ဝင်္ကပါ၏ အလင်းက ရုတ်တရက်တဖျတ်ဖျတ်ပုံစံဖြင့် ပေါက်ကွဲထွက်သွားပြီး ယွင်ထင်ကို ချက်ချင်းပင်လွှမ်းခြုံကာ အံ့အားတသင့်ရေရွတ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

ယွင်ထင်သည် ကျရှုံး၍ ဝင်္ကပါ၏ ဝါးမျိုခြင်းခံလိုက်ရပြီဟု လူတိုင်းက တွေးထင်လိုက်ကြ၏။

သို့သော် မကြာခင် ယွင်ထင်၏ ပုံရိပ်က ဝင်္ကပါ၏ အလင်းရောင်များကြားမှာ မလှုပ်မယှက်ရပ်နေပြီး သူ၏ အော်ရာက ပို၍ပင် ထက်ရှလာသည်ကို လူတိုင်းက နားလည်သိရှိသွား၏။

“ပွင့်စမ်း...”

ယွင်ထင်က ဟိန်းဟောက်၍ ရှေ့သို့ စေညွှန်လိုက်၏။

ဒီရေလှိုင်းတစ်ခုကဲ့သို့ ဝင်္ကပါ၏ အလင်းရောင်က အလယ်ကနေ နှစ်ပိုင်းကွဲထွက်သွားပြီး ချက်ချင်းပင် ပျက်ပြယ်သွား၏။

ခဏမျှ ပစ်လွင့်ပေါက်ကွဲသွားပြီးနောက် အလင်းရောင်များအားလုံးက ပျောက်ကွယ်သွားလေသည်။

ပင်မခန်းမ၏ ဝင်ပေါက်ဝမှာရှိသော ဝင်္ကပါက လုံးဝပျက်ပြယ်သွားခဲ့လေပြီ။

ယွင်ထင်ကတော့ သူ၏ မျက်နှာက အနည်းငယ်သာဖြူဖျော့နေပြီး သူ၏ အော်ရာက လုံးဝအားနည်းခြင်းမရှိပေ။ သူက သိုလှောင်အိတ်ထဲကနေ ဆေးရနံ့ကြွယ်ဝသော ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး အဲ့ဒါကိုမျိုချလိုက်၏။ သိပ်မကြာခင် သူ၏ မျက်နှာက ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့၏။

ဝုန်းခနဲမြည်သံနှင့်အတူ ပင်မခန်းမ၏ တံခါးက သည်းထန်စွာပြိုကျသွားပြီး ဖုန်လုံးများက အဘက်ဘက်သို့ လွင့်စင်ထွက်လာခဲ့၏။

အဲ့ဒါကို တွေ့မြင်သောအခါ ကျင့်ကြံသူများစွာသည် စိတ်အားမာန်တက်ကြွလာပြီး သူတို့၏ အကြည့်များက တောက်လောင်ပြင်းပြလာ၏။ ခဏမျှငေးငိုင်သွားပြီးနောက် သူတို့သည် အခြေအနေကို စစ်ဆေးဖော်ထုတ်ဖို့အတွက် ပင်မခန်းမအတွင်းသို့ အတင်းဝင်ရောက်ချင်ကြ၏။

“နောက်ဆုံးတော့... မင်းတို့တွေက ဒီကိုရောက်လာကြပြီပဲ”

ရုတ်တရက်... ဝေးကွာလွန်းသော အတိတ်ကာလကနေ ရောက်ရှိလာသည့်အလား သက်ပြင်းချသံတစ်သံက နန်းတော်တစ်ခုလုံးကနေ ထွက်ပေါ်လာပြီး အချိန်၏ တိုက်စားမှုဒဏ်ဖြင့် ပြည့်နှက်နေ၏။

ထိုသက်ပြင်းချသံမှာ နန်းတော်ထဲရှိလူတိုင်းက နေရာမှာပင် အေးခဲတောင့်တင်းသွားကြ၏။

အဲ့ဒါသည် လေထဲမှာရှိနေသောယွင်ထင်နှင့် လူအုပ်ကြားထဲမှာရှိနေသော ဆူဇီမိုအတွက်လည်း ထို့အတူပင်။

ထိုစွမ်းအားက လူတိုင်း၏ စိတ်ကူးစိတ်သန်းထက် လုံးဝကို ကျော်လွန်နေခဲ့၏။

“အဲ့ဒီလူက ဘယ်သူပါလိမ့်”

ဤကဲ့သို့သောစကားကို ပြောဆိုနိုင်ရန် သူက ဤနေရာမှာ ရောက်ရှိနေခဲ့သည်မှာ ဘယ်လောက်တောင်ကြာသွားခဲ့ပြီလဲ။

ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ အချိန်ကြာမြင့်စွာနေထိုင်ခဲ့ပြီး အဲ့ဒီလူက သေဆုံးမသွားခဲ့ဘူးလား။

“ဒီနန်းတော်က အရင်တုန်းက ငါ့ရဲ့နန်းတော်တွေထဲကတစ်ခုပဲ... ကျောက်စိမ်းအဆောင်က ပင်မခန်းမထဲမှာရှိနေတယ်”

ခဏမျှငြိမ်သက်ပြီးနောက် အသံက တစ်ဖန်ထွက်ပေါ်လာ၏။

ဒါဆို... ထိုအသံပိုင်ရှင်က...။

အတိတ်ကာလတုန်းက အင်မော်တယ်ဧကရာဇ်... ။

အင်မော်တယ်ဧကရာဇ်က မသေသေးဘူးလား။

ကျင့်ကြံသူများစွာက အဲ့ဒါကိုတွေးမိသွားပြီး တုန်လှုပ်သွားကြ၏။

“ဟမ်...”

ယွင်ထင်၏ အမူအရာက တည်ငြိမ်နေပြီး လေးနက်သောအသံဖြင် ပြောလိုက်၏။

“ဒါက... ဝင်္ကပါထဲမှာ အဲ့ဒီအင်မော်တယ်ဧကရာဇ်ချန်ထားရစ်ခဲ့တဲ့... အကြွင်းအကျန်အသိစိတ်တစ်ခုသာသာပဲ...ဝင်္ကပါပျက်ပြယ်သွားတာနဲ့ အကြွင်းအကျန်အသိစိတ်က ပေါ်ထွက်လာလိမ့်မယ်...အဲ့ဒါက သိပ်ပြီး ပြောင်မြောက်တဲ့နည်းလမ်းတော့လဲ မဟုတ်ပါဘူး”

“မင်းတို့တွေထဲမှာ ငါချန်ထားခဲ့တဲ့ဝင်္ကပါကို ချေဖျက်နိုင်တဲ့လူရှိနေတာပဲ... ဒါပေမဲ့ ပင်မခန်းမထဲက ကျောက်စိမ်းအဆောင်ကို ဘယ်သူရမလဲ ငါသိချင်မိတယ်”

စကားလုံးအနည်းငယ်ပြောပြီးနောက် အသံကအားပျော့လာခဲ့၏။

နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာမြင့်ပြီးနောက် ထိုအကြွင်းအကျန်အသိစိတ်မှာ စွမ်းအားများစွာ မကျန်ရှိတော့သည့်အလားပင်။

“ဒါနဲ့... ပြောဖို့နောက်တစ်ခုကျန်သေးတယ်”

အင်မော်တယ်ဧကရာဇ်၏ အသံက နောက်တစ်ဖန်ထွက်ပေါ်လာသော်လည်း ပြတ်တောင်းပြတ်တောင်းဖြစ်နေ၏။

“အဲ့ဒီမှာ ကျောက်စိမ်းအဆောင်ထက် အများကြီးပိုကောင်းတဲ့.. ရတနာတစ်ခုကို ဒီနန်းတော်ထဲမှာ ကွယ်ဝှက်ထားတယ်... အဲ့ဒါကိုရဖို့ ဘယ်သူ့မှာ... ကံပါလာမလဲ...”

သူ့စကားမဆုံးသေးခင်မှာပင် သူ၏ အသံက ပျောက်ကွယ်သွားလေသည်။

“အဲ့ဒါက တကယ်ကို... အင်မော်တယ်ဧကရာဇ်ရဲ့ အကြွင်းအကျန်အသိစိတ်ပဲ”

“သူနောက်ဆုံးဘာပြောလိုက်တာလဲ ငါသေချာမကြားလိုက်ရဘူး”

“ဒီနန်းတော်ထဲမှာ နောက်ထပ်ရတနာတစ်ခုရှိနေသေးတဲ့ပုံပဲ... အဲ့ဒါက ကျောက်စိမ်းအဆောင်ထက်တောင် ပိုပြီးတော့အဖိုးတန်တယ်ထင်တယ်”

အင်မော်တယ်ဧကရာဇ်၏ အကြွင်းအကျန်အသိစိတ်က ပျောက်ကွယ်သွားပြီးနောက် လူအုပ်ကြီးထဲမှ ဆွေးနွေးပြောဆိုသံများက ပေါက်ကွဲထွက်ပေါ်လာ၏။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် အမူအရာကင်းမဲ့နေသော်လည်း သူ၏ ရင်ထဲမှာ ရူးသွပ်စွာ ခုန်ပေါက်နေ၏။

အင်မော်တယ်ဧကရာဇ်ပြောသည့် ရတနာသည် အဲ့ဒီအပေါ်မှာ 'ဝိညာဥ်..' ဟူသောစာလုံးကို ရေးထိုးထားသည့် ကြေးမီးအိမ်ဖြစ်ဖို့များလေသည်။

ပြောရမည်ဆိုလျှင် ကြေးမီးအိမ်ကို သတိထားမိဖို့ မလွယ်ပေ။

အဲ့ဒါကို နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများကိုသိုလှောင်ထားသည့် ဘေးဘက်ခန်းမထဲမှာ ထားခဲ့ခြင်းမဟုတ်ပေ။ ထိုအစား အဲ့ဒါသည် ဆေးလုံးများကိုသိုလှောင်ထားသည့် ဘေးဘက်ခန်းမထဲမှာ ​ရောက်ရှိနေခဲ့၏။

ဒါ့အပြင် အဲ့ဒါက သာမန်အလင်းပေးသည့် ပစ္စည်းတစ်ခုပုံစံသာဖြစ်ပြီး ကြေးများဖြင့်ပြည့်နှက်နေခဲ့၏။ တစ်ယောက်ယောက်က အဲ့ဒါကိုသတိထားမိခဲ့မည်ဆိုလျှင်တောင် သူတို့က အဲ့ဒါကို နှစ်ခါထပ်၍ကြည့်မိမည် မဟုတ်ပေ။

ငရဲဖိနှိမ်မီးဖို၏ ထူးဆန်းသောတုံ့ပြန်မှုကြောင့်သာမဟုတ်လျှင် ဆူဇီမိုသည် ထိုဘေးဘက်ခန်းမထဲမှာ ခေါက်တုံ့ခေါက်ပြန်ရှာဖွေမည်ဆိုလျှင်တောင် ကြေးမီးအိမ်ကို သတိထားမိလိမ့်မည် မဟုတ်ပေ။

တကယ်တော့... အဲ့ဒါက ဆူဇီမို၏ ခန့်မှန်းချက်သာဖြစ်၏။

အင်မော်တယ်ဧကရာဇ်ပြောသည့်ရတနာက ထိုကြေးမီးအိမ်ဟုတ်ချင်မှလည်းဟုတ်ပေလိမ့်မည်။

ကျင့်ကြံသူများစွာ၏ စိတ်အာရုံကို ပထမဆုံးဖမ်းစားလိုက်သည့်အရာက အင်မော်တယ်ဧကရာဇ်ပြောသည့် ဘာမှန်းမသိရသောရတနာဖြစ်၏။

သို့သော်လည်း လူတိုင်းက လျင်မြန်စွာတုံ့ပြန်လာနိုင်ကြ၏။

အင်မော်တယ်ဧကရာဇ်က ဘယ်ရတနာကို ရည်ညွှန်းပြောဆိုနေသလဲ မည်သူကမှ မသိရဘဲ အဲ့ဒါက ဖြစ်နိုင်ခြေတစ်ခုသာဖြစ်၏။ သို့သော်လည်း ကျောက်စိမ်းအဆောင်ကတော့ သူတို့ရှေ့တည့်တည့်ရှိ ပင်မခန်းမထဲမှာ ရှိနေ၏။

လက်ရှိအ​ခြေအနေအရ ကျောက်စိမ်းအဆောင်ကိုရယူဖို့က ပို၍အရေးကြီးနေလေသည်။

ခဏမျှငြိမ်သက်ပြီးနောက် ယွင်ထင်က အရင်စ၍ ပင်မခန်းမထဲသို့ ဝင်ရောက်သွား၏။

အဲ့ဒီနောက် ကျင့်ကြံသူများစွာက ပြေးလာကြပြီး တစ်ယောက်နှင့်တစ်ယောက် စုပြုံတိုးဝင်နေကြ၏။

ကျင့်ကြံသူအချို့သည် ပင်မခန်းမ၏ ဘေးပတ်လည်မှာရှိသော နံရံများဆီသို့ ပစ်တွန်းခံလိုက်ရပြီး အစီအရင်အဟန့်အတားများကိုနှိုးဆွမိကာ နေရာမှာပင် သေဆုံးသွားကြ၏။

ကျောက်စိမ်းအဆောင်က ပေါ်ထွက်မလာခင်မှာပင် သွေးနံ့က ဖြာထွက်လာခဲ့လေပြီ။

ဆန်းကြယ်တောင်ပံများကို ဆင့်ခေါ်ပြီး ဆူဇီမိုက လူတိုင်း၏ ဦးခေါင်းထက်ကနေပျံသန်းကာ ခန်းမထဲသို့ လှမ်းမျှော်ကြည့်ရှုလိုက်၏။

ခန်းမက လွင့်မျောနေသော ဖုန်လုံးများနှင့်အတူ မှောင်မည်းနေ၏။

သို့သော်လည်း အဲ့ဒါကအရမ်းကိုကျယ်ဝန်းပြီး ကျင့်ကြံသူအယောက်တစ်သောင်းကျော်ကို ကောင်းကောင်းဝင်ဆံ့စေနိုင်၏။

လက်တစ်ဖဝါးအရွယ် ကျောက်စိမ်းအဆောင်တစ်ခုက ခန်းမ၏ရှေ့ လေထဲမှာ လွင့်မျောနေ၏။ အဲ့ဒါက လှပသောအရောင်အဝါတစ်ခုဖြင့်တောက်ပနေပြီး ဘေးပတ်လည်မှာရှိသောလေထုက နီရဲနေ၏။

ကျောက်စိမ်းအဆောင်ကို လူတိုင်းက တွေ့မြင်သွားသော်လည်း မည်သူကမှ အလျင်စလိုမပြုမူရဲပေ။

ဤနေရာမှာ မဟူရာအင်မော်တယ် အယောက်တစ်သောင်းကျော်ရှိနေပြီး ရှေ့သို့တက်လှမ်းရဲသောမည်သူမဆို လူအများ၏ ဘုံရန်သူတစ်ယောက်ဖြစ်လာပေလိမ့်မည်။

အတင့်ရဲသော ဖန်းရွှမ်ပင်လျှင် သူ၏ ထက်ရှမှုကို ရုပ်သိမ်းကာ အခွင့်အလမ်းကို တိတ်တဆိတ်စောင့်ဆိုင်းနေ၏။

ဆူဇီမိုက လှည့်ပတ်ကြည့်ရှု၍ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်သော်လည်း သူက ထျန်ကျစ်ရီ၏ မည်သည့်အရိပ်အယောင်ကိုမှ ရှာမတွေ့ပေ။

ထျန်ကျစ်ရီက လူအုပ်ကြားထဲမှာ သေချာပေါက်ရှိနေသည်ကို သူသိထား၏။

သို့သော်လည်း ဤနေရာမှာကျင့်ကြံသူများစွာရှိနေပြီး ထျန်ကျစ်ရီ၏ ပုန်းကွယ်ခြင်းနည်းစနစ်က အလွန်တရာပြောင်မြောက်လေသည်။ ဆူဇီမိုပင်လျှင် သူမကို မရှာဖွေနိုင်ပေ။

ရုတ်တရက် ဆူဇီမိုသည် သန်မာသောရန်လိုမှုတစ်ခုကို ခံစားမိလိုက်ပြီး လှမ်းကြည့်လိုက်၏။

အခြားတစ်ဘက်မှာ အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းမှ ပညာရှင်များဖြစ်သော ကတုံးပြောင်ကိုယ်တော်၊ သံမဏိမျှော်စင်လူ၊ သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်နှင့် အပြာရောင်ဝတ်အမျိုးသမီးတို့ရှိနေ၏။

သူတို့လေးယောက်သည် စောစောက အတူပူးပေါင်း တိုက်ခိုက်စဥ်မှာတောင် သူ့ကို မဖိနှိမ်နိုင်ခဲ့ပေ။ ထိုအခိုက်အတန့်မှာ သူတို့က ဆူဇီမိုကို သူတို့၏ အကြီးမားဆုံး ပြိုင်ဘက်အဖြစ် ရှုမြင်ထားကြပြီဖြစ်၏။

“ဟဲဟဲ...”

ထိုစဥ်မှာပင် လူအုပ်ကြီး၏ ရှေ့ကနေ ရယ်မောသံတစ်သံထွက်ပေါ်လာခဲ့၏။

“ဘယ်သူကမှ ရှေ့ကိုမတက်လှမ်းရဲဘူးဆိုမှတော့ ငါကဝေ့လည်ကြောင်ပတ်လုပ်မနေတော့ဘူး”

လူတိုင်းကိုငုံ့ကြည့်ရင်း ယွင်ထင်၏ ရယ်မောသံမှာ လှောင်ပြောင်သရော်လိုမှုတစ်စွန်းတစ်စပါဝင်နေ၏။

သူက ရှေ့သို့မတက်ခင် ဖော်မပြတတ်သော အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုပင် နက်ရှိုင်းစွာစိုက်ကြည့်ခဲ့၏။

အဲ့ဒါက ရန်စခြင်းနှင့် ချီးကျူးခြင်းဖြစ်၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

သူသည် ယွင်ထင်ကို မသိရှိသလို... သူတို့နှစ်ယောက်ကြားမှာ မည်သည့်ထိတွေ့ဆက်ဆံမှုမှလည်း မရှိခဲ့ပေ။ ထိုသူက ရုတ်တရက် သူ့ကို ဘာ့ကြောင့်သတိထားမိလာသလဲ သူမသိပေ။

ယွင်ထင်က လေထဲကနေပျံသန်း၍ ကျောက်စိမ်းအဆောင်ရှိရာသို့ ဖြည်းဖြည်းချင်းတက်လှမ်းသွား၏။

သူက မာန်မာနကြီးသော်လည်း မဆင်မခြင်မပြုမူရဲပေ။

ဤခန်းမထဲမှာ တခြားအန္တရာယ်တစ်ခုခုရှိနေသလား မည်သူကမှ မသိရပေ။

ယွင်ထင်က ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းလိုက်စဥ်မှာပင် ခန်းမထဲကနေ ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာ၏။

All Chapters