အငှားဓားဖြင့်လူသတ်ခြင်း
Vol. 133 Ch. 1989
ဆူဇီမိုကို တားဆီးခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကမှ မှားယွင်းမနေပေ။ သို့သော်လည်း လူအိုကြီးကောသည် တစ်စုံတစ်ရာလွဲမှားနေသည်ဟု ခံစားရ၏။
ယခုအချိန်တွင်... ရုန်းရင်းဆန်ခတ်ဖြစ်နေသော တိုက်ပွဲနယ်မြေမှာ အခြေအနေက အန္တရာယ်များပြီး တင်းကျပ်လေးလံနေကာ သူသည် အဲ့ဒါကို ဂရုတစိုက်စဥ်းစားနေဖို့ အချိန်မရပေ။
ဒါ့အပြင် ဖန်းရွမ်ကရှေ့သို့ပြေးတက်သွားပြီဖြစ်ပြီး လူအိုကြီးကောက နောက်ကနေလိုက်ပါသွားရ၏။
လေထဲတွင်...။
ဧရာမရွှေငှက်၏ အဆုံးစွန်အလျင်အဟုန် နတ်ဘုရားစွမ်းအားကိုမှီခိုပြီး ဆူဇီမိုက အရှိန်လျှော့ချမှုလုံးဝမရှိဘဲ တမလွန်စစ်သားများစွာကို ဖြတ်ကျော်ကာ ရှေ့မှာရှိသော ယွင်ထင်နောက်သို့ လိုက်လာခဲ့၏။
ရုတ်တရက်ဆိုသလို... ။
သူ၏ ဘေးကနေ ပုံရိပ်တစ်ခုပေါ်ထွက်လာပြီး အလွန်တရာကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ သူ့ကို ပစ်ထိုးလိုက်၏။
ဘေးပတ်ဝန်းကျင်မှာရှိသောလေထုက ထိုထိုးချက်၏ ပွတ်တိုက်မှုဖြင့် ပူပြင်းလာခဲ့၏။
ထိုထိုးချက်မှာ မည်သည့်အပိုလှုပ်ရှားမှုမှ မပါရှိပေ။
အဲ့ဒါက ရိုးရှင်းသောထိုးချက်တစ်ချက်သာဖြစ်ပြီး ဆူဇီမို၏ ရှေ့တက်မည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ထိုထိုးချက်ကို လျစ်လျူရှုလိုက်၏။
သူကအားနည်းသည့် မည်သည့်လက္ခဏာကိုမှ မပြသဘဲ ရှေ့သို့ရက်ရက်စက်စက်ပစ်ဝင်လိုက်၏။
ဘုန်း...
သူတို့နှစ်ယောက်က ကျယ်လောင်သော မြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွား၏။
ဆူဇီမို၏ ပုံရိပ်က လေထဲမှာရပ်တန့်သွား၏။
ပညာရှင်တစ်ဦး....။
ဒါ့အပြင် အဲ့ဒါကထိပ်သီးပညာရှင်တစ်ဦးဖြစ်၏။
ယခုအချိန်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်-၉ ၏ အထွတ်အထိပ်ထိ ကြီးထွားလာခဲ့ပြီဖြစ်ပြီး သူ၏ သွေးချီကို အသုံးပြုခြင်းမရှိလျှင်တောင် မူလမဟူရာအဆင့် ဓမ္မရတနာများနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်၏။
သူ၏ တုန်လှုပ်စရာကောင်းသော ကိုယ်ကာယအပြင် အဆုံးစွန်အလျင်အဟုန် နတ်ဘုရားစွမ်းအားနှင့် ဆန်းကြယ်တောင်ပံများကို ထုတ်ဖော်ပြီးနောက် ထိုလူက သူ့ကိုပိတ်ဆို့တားဆီးနိုင်သည့်အချက်သည် ထိုသူမှာ အလွန်တရာထက်ရှသော မျက်လုံးများရှိနေဖို့လိုအပ်၏။
သူနှင့် ယခင်ကတိုက်ခိုက်ခဲ့သော အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ပြိုင်စံရှားများမှာပင်လျှင် ဤကဲ့သို့သောနည်းလမ်းများ မရှိပေ။
ဆူဇီမိုက ဘေးသို့တစ်ချက်ကြည့်ပြီး မလှမ်းမကမ်းလေထဲမှာ မတ်တတ်ရပ်နေသော အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်ကို တွေ့မြင်လိုက်ရ၏။ အဲ့ဒါသည် ယခင်က ထျန်ကျစ်ရီနှင့် တိုက်ခိုက်ခဲ့သောလူဖြစ်၏။
ဖန်းရွှမ်ကလည်း တုန်လှုပ်သွားပြ ပျက်ယွင်းနေသောအမူအရာဖြင့် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်၏။ သူ၏ လက်တစ်ဖက်ကို သူ၏ နောက်ကျောသို့ ပစ်ထားလေသည်။
အောက်ဘုံလောကမှ ပြန်ဝင်စားမွန်းစတားတစ်ယောက်အနေဖြင့် သူသည် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံရေးနည်းစနစ်တစ်ခု.. နတ်ဆင်အသက်ရှုခြင်းနည်းစနစ်ကို ကျင့်ကြံထားခဲ့ပြီး ပြိုင်ဘက်ကင်းခဲ့လေသည်။ သူတစ်ကြိမ်တိုက်ခိုက်တိုင်းမှာ နတ်ဆင်တစ်ကောင်၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး အရာရာတိုင်းကို ခြေမွှဖျက်ဆီးပစ်နိုင်၏။
ဤကျင့်ကြံရေးနည်းစနစ်ကို ၎င်း၏ အကန့်အသတ်ထိ ကျင့်ကြံသည့်အခါ အဲ့ဒါသည် နတ်ဆင်ထောင်ချီ၏ စွမ်းအားကိုရရှိပြီး ကုန်းမြေမှာပြိုင်ဘက်ကင်းကာ သက်ရှိများအားလုံးကိုပင် ဖိနှိမ်နိုင်မည်ဖြစ်၏။
သူသည် မဖျက်ဆီးနိုင်သောကိုယ်ကာယနှင့် ကောင်းကင်ဘုံကပ်ဘေး လေးခုကိုဖြတ်ကျော်ပြီး တက်လှမ်းလာနိုင်ခဲ့သည့်အချက်မှာ သူက ဘယ်လောက်သန်မာသလဲ သက်သေပြပေးနေ၏။
အထက်ဘုံလောကသို့ တက်လှမ်းလာပြီးချိန်မှာတောင် အနီးကပ်တိုက်ခိုက်ရည်မှာ သို့မဟုတ်... ကိုယ်ကာယခွန်အားမှာ ကျင့်ကြံမှုအဆင့်တူခြင်းတွင် သူ့ကိုယှဥ်နိုင်သောသူများစွာ မရှိပေ။
စောစောက ဆူဇီမိုနှင့် ထိတွေ့ရိုက်ခတ်ချိန်မှာ မည်သူကမှ သူတို့၏ သွေးချီကို အသုံးမပြုခဲ့ကြပေ။ အဲ့ဒါက ကိုယ်ကာယသက်သက်တိုက်ခိုက်မှုဖြစ်သော်လည်း သူကအရေးနိမ့်ခဲ့၏။
သူ၏ နောက်မှာရှိသောလက်ဖဝါးက အနည်းငယ်တုန်ယင်နေကာ စူးရှသောနာကျင်မှုတစ်ခုကို ခံစားနေရ၏။
သူက နာကျင်မှုကိုဖြေရှင်းပြီး သူ၏ လက်ဖဝါးပေါ်ရှိ ဒဏ်ရာကိုကုသဖို့အတွက် သူ၏ သွေးချီကို တိတ်တဆိတ် လှည့်ပတ်လိုက်ရ၏။
ဖန်းရွှမ်သည် ခဏမျှတွေးတောပြီးနောက် သူက သူ၏ သွေးချီကို အသုံးပြုမည်ဆိုလျှင်တောင် ဆူဇီမိုကို ယှဥ်နိုင်ချင်မှ ယှဥ်နိုင်မည်ဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်၏။
သူက သူ၏ မျိုးဆက်သွေးနယ်မြေကိုအသုံးချပြီး အသာစီးရယူနိုင်မည်ဆိုလျှင်တောင် သူ့အနေဖြင့် အချိန်တိုအတွင်းမှာ ဆူဇီမိုကို ဖိနှိမ်နိုင်ဖို့ လွယ်ကူလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် သူ၏ မျိုးဆက်သွေးနယ်မြေက သူ၏ အကြီးမားဆုံးဝှက်ဖဲများထဲမှတစ်ခုဖြစ်ပြီး သူကအခြားရွေးချယ်စရာမရှိသရွေ့ အဲ့ဒါကို ထုတ်ဖော်အသုံးပြုလိမ့်မည် မဟုတ်ပေ။
သူ၏ ဝှက်ဖဲကို ယွင်ထင်အတွက်ပြင်ဆင်ထား၏။
ထိုသို့အတွေးဖြင့် ဖန်းရွမ်က ဆူဇီမို၏ ဘေးသို့ ဖျတ်ခနဲရောက်ရှိလာ၏။
“ဒီလူ့ရဲ့ကိုယ်ကာယက အရမ်းကိုသန်မာတယ်... ကျုပ်က သူ့ကို ရှေ့ကနေထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မယ်... ခင်ဗျားက နောက်ကနေဝင်ပြီးတိုက်ခိုက်ပေး”
တစ်ဘက်မှာတော့... လူအိုကြီးကောက ရှေ့သို့ရောက်ရှိလာခါစဖြစ်ပြီး ဖန်းရွှမ်ပို့လွှတ်လိုက်သောအသံကို ကြားလိုက်ရ၏။
သူက ထပ်မံ၍ မစဥ်းစားနိုင်ခင်မှာပင် ဖန်းရွှမ်က တိုက်ခိုက်လိုက်ပြီဖြစ်၏။
ဘုန်း... ဘုန်း...
ဖန်းရွှမ်က သူ၏ သွေးချီကိုလှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ ဆူနာမီအသံက ထွက်ပေါ်လာ၏။
ဆူနာမီသွေး...။
ဖန်းရွှမ်၏ ခန္ဓာကိုယ်က သွေးချီဖြင့်ပြည့်နှက်လာပြီး အလျင်အမြန်ပြန့်ကားကာ အဆက်မပြတ်မြင့်တက်လာ၏။ တစ်ခဏချင်းမှာပင် သူက ပေသုံးဆယ်မြင့်မားသော ဘီလူးငယ်တစ်ကောင်အဖြစ် ကြီးထွားလာခဲ့၏။
ဘုန်း... ဘုန်း... ဘုန်း...
ဖန်းရွမ်က သူ၏ ကြီးမားသော ခန္ဓာကိုယ်ကိုယိမ်းထိုးပြီး လေထဲမှာ သူခြေလှမ်းတစ်လှမ်း လှမ်းတိုင်း ကျယ်လောင်သောမြည်သံက ပေါက်ကွဲထွက်ပေါ်လာ၏။
ရက်စက်ကြမ်းကြုတ်သော အော်ရာတစ်ခုဖြင့် ပြည့်နှက်နေပြီး သူက နတ်ဆင်တစ်ကောင်ကဲ့သို့ ပစ်ဝင်လာခဲ့၏။
နတ်ဆင်တစ်ကောင်၏ ပစ်တိုက်မှုက ကြောက်စရာအကောင်းဆုံးဖြစ်၏။ ကုန်းမြေမှာ မည်သည့်သက်ရှိကမှ သူ့ကို မတားဆီးနိုင်ပေ။
ဆူဇီမိုသည် ပြေးဝင်လာသောဖန်းရွှမ်ကို တောက်လောက်ပြင်းပြသောအကြည့်နှင့်အတူ အကြောက်အလန့်ကင်းမဲ့စွာကြည့်လိုက်၏။
သူက ခြေတစ်ချက်ဆောင့်ပြီး သူ၏ ဒူးနှစ်ဖက်ကို ရှေ့သို့ပစ်သွင်းလိုက်၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဒုန်းဆိုင်းပြေးဝင်လာသော မြင်းတစ်ကောင်ကဲ့သို့ ဆန့်ထွက်သွား၏။
အဲ့ဒါသည် သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီရကျင့်စဥ်မှ သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်၏။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေး ပေါက်ကြားသွားမည်ကိုစိုးရိမ်နေပြီး ဆူဇီမိုက သူ၏ သွေးချီကို အသုံးမပြုပေ။
ထိုသို့ဆိုလျှင်တောင် ထိုလှုပ်ရှားကွက်၏ အော်ရာက လုံးဝအားမနည်းပေ။
“အဆင့်မြင့်အင်မော်တယ်... တိုက်ခိုက်ဖို့ အချိန်ကျပြီ အခုပဲ..”
ဖန်းရွှမ်က သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်လိုက်၏။
လူအိုကြီးကောက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့အလိုလိုတက်လှမ်းကာ သူ၏ လက်နှစ်ဖက်ဖြင့် ဓမ္မချိပ်စည်းတစ်ခုကို ဆင့်ခေါ်၍ ဆူဇီမို၏ နောက်ကျောကို ပစ်ရိုက်ချလိုက်၏။
ဖန်းရွှမ်နှင့် ဆူဇီမိုက ထိတွေ့ရိုက်ခတ်တော့မည့်ဆဲဆဲမှာပင် ဖန်းရွှမ်၏ မျက်လုံးထဲမှာ မကောင်းဆိုးဝါးဆန်ဆန်အလင်းတစ်ခုဖျတ်ခနဲ ပေါ်ထွက်လာပြီး သူက သူ၏ သွေးချီကို ရုတ်တရက်ပယ်ဖျက်ကာ သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။
ဖန်းရွှမ်၏ ခန္ဓာကိုယ်က လေလျှော့လိုက်သောပူဖောင်းကဲ့သို့ လျင်မြန်စွာကျုံ့ဝင်သွားပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။
သူက ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမရှိတော့ဘဲ ရုတ်တရက်ရပ်တန့်ကာ နောက်သို့ဆုတ်ခွာသွား၏။
ဆူဇိမိုက အနည်းငယ်မှင်တက်သွား၏။
ထိုစဥ်မှာပင် လူအိုကြီးကော၏ တိုက်ခိုက်မှုက ရောက်ရှိလာခဲ့၏။
ဆူဇီမိုက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။ သူက စဥ်းစားခြင်း သို့မဟုတ် လှည့်ကြည့်ခြင်းမရှိဘဲ သူ၏ လက်တစ်ဖက်က နတ်ဆင်တစ်ကောင်၏ နှာမောင်းကဲ့သို့ ရုတ်တရက်ပျော့ပြောင်းသွားပြီး နောက်ဘက်သို့ လွှဲရိုက်လိုက်၏။
ထိုပြောင်းလဲမှုက အလွန်တရာရုတ်တရက်ဆန်လေသည်။
အစကတော့... ဖန်းရွှမ်နှင့် လူအိုကြီးကောသည် ဆူဇီမိုကို တားဆီးဖို့အတွက် အတူပူးပေါင်းထားကြ၏။
ဖန်းရွှမ်က ရုတ်တရက်နောက်သို့ဆုတ်ခွာသွားခြင်းနှင့်အတူ လူအိုကြီးကောကသာ ဆူဇီမိုနှင့်ရင်ဆိုင်လျက် ကျန်ရစ်ခဲ့၏။
လူအိုကြီးကောက ရှောင်တိမ်း၍ နောက်သို့ဆုတ်ခွာချင်သော်လည်း နောက်ကျသွားခဲ့လေပြီ။
သူသည် ထွက်ခွာသွားသောဖန်းရွှမ်ကိုကြည့်ရင်း သူ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွား၏။ အစကတော့ သူ၏ မျက်လုံးထဲမှာ အံ့အားသင့်မှု၊ သံသယဝင်မှုနှင့် တွေဝေရှုပ်ထွေးတို့က ပြည့်နှက်နေခဲ့၏။
နောက်ဆုံးမှာတော့ အရာရာတိုင်းက အမျက်ဒေါသအဖြစ်ပြောင်းလဲသွား၏။
“မင်း...”
လူအိုကြီးကောသည် အသံတစ်ချက်သာထွက်လိုက်နိုင်ပြီး သူ၏ လက်နှစ်ဖက်ဖြင့် ဆင့်ခေါ်ထားသော ဓမ္မချိပ်စည်းက ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ကြေမွသွား၏။
ထို့နောက် လူအိုကြီးကော၏ ဦးခေါင်းက လက်ဝါးရိုက်ချက်ဖြင့် ကြေမွသွားလေသည်။ သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံလိုက်ရပြီး နေရာမှာပင်သေဆုံးသွား၏။
လူအိုကြီးကော၏ အမြုတေစိတ်ဝိညာဥ်က ကမ္ဘာမြေအမြုတေနယ်ပယ်မှာရှိသော်လည်း သူ့တွင် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ဖို့ အခွင့်အရေးမရှိခဲ့ပေ။ လက်ရှိ ကျင့်ကြံသူများကြားမှာ ဆူဇီမို၏ တိုက်ခိုက်မှုကို ခုခံနိုင်သည့်သူက နှစ်ယောက်ထက်ပိုမရှိပေ။
ဆူဇီမိုက မျက်မှောင်ကြုတ်၍ သူက လက်နက်တစ်ခုအဖြစ်အသုံးချခံခဲ့ရသည်ကို အလျင်အမြန်နားလည်သဘောပေါက်သွား၏။
သို့သော်လည်း အဲ့ဒါက သူ့အပေါ် များစွာသက်ရောက်မှုမရှိပေ။
သူက ယန်ယန်းအင်မော်တယ်နိုင်ငံမှ အဆင့်မြင့်အင်မော်တယ် တစ်ယောက်ကို သတ်ဖြတ်လိုက်ရလျှင်လည်း ကိစ္စမရှိပေ။ သို့သော်လည်း ဖန်းရွှမ်၏ ကောက်ကျစ်သောသဘာဝက သူ့အတွက် သတိထားစရာဖြစ်လာခဲ့၏။
ဤလူက ကိုင်တွယ်ရမလွယ်ကူသည့်ပုံပင်။
“ဟဲဟဲ ကျေးဇူးပဲ”
လူအိုကြီးကော၏ ဘေးသို့ ရောက်ရှိလာပြီး ဖန်းရွမ်က ထိုသူ၏ သိုလှောင်အိတ်ကို ဖြုတ်ယူသိမ်းဆည်းလိုက်၏။ သူက ဆူဇီမိုကို မကောင်းဆိုးဝါးဆန်ဆန်ပြုံးပြပြီး ရှေ့သို့ဆက်လက်တက်လှမ်းသွားလေသည်။
ကောင်းကင်ဘုံကပ်ဘေး လေးခုကိုဖြတ်ကျော်၍ တက်လှမ်းလာသော အောက်ဘုံမှ ပြန်ဝင်စားမွန်းစတား တစ်ယောက်အနေဖြင့် သူကမာန်မာနကြီးပြီး အခြားသူများထက် အလွယ်တကူ အညံ့ခံလိမ့်မည်မဟုတ်ပေ။ ဒါ့အပြင် လူအိုကြီးကောသည် မင်းသား၏ အစေခံတစ်ဦးမျှသာဖြစ်၏။
သူ၏ ရင်ထဲမှာ လူအိုကြီးကောသည် တင်စီးလွန်းပြီး သူ့ကိုဘယ်တုန်းကမှ အလေးအနက်မထားခဲ့ပေ။
ဖန်းရွှမ်သည် အပေါ်ယံမှ ရိုသေလေးစားသယောင်ရှိသော်လည်း သူက စိတ်ထဲမှာကြိတ်၍ မကျေမနပ်ဖြစ်နေခဲ့၏။
သို့သော်လည်း သူက ဘယ်လောက်ပဲရဲတင်းသည်ဖြစ်စေ ဆူဇီမိုကဲ့သို့ လူတိုင်း၏ ရှေ့မှောက်မှာ အဆင့်မြင့်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ရဲခြင်းမရှိပေ။
ထို့ကြောင့်ပင်လျှင် စောစောကမြင်ကွင်းက ပေါ်ထွက်လာခဲ့ခြင်းဖြစ်၏။ သူ့အတွက်တော့ ဤအဖိုးကြီးက ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်၍ သုံးစားမရဖြစ်လာခဲ့သည်။
လူအိုကြီးကောသေဆုံးသွားပြီးနောက် ဖန်းရွှမ်က စိတ်လက်ပေါ့ပါးသွားပြီး ယွင်ထင်နောက်သို့ ပြေးလိုက်သွား၏။