လေဟာနယ်နေရာထပ်ခြင်း
Vol. 133 Ch. 1991
ဆူဇီမို၏ နောက်မှ တောင်ပံများက တဖျပ်ဖျပ်ခတ်သွားပြီး ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ တစ်ခဏချင်းမှာပင် ကျောက်စိမ်းအလင်းရောင်ရှိရာသို့ ဝင်ရောက်သွား၏။
နောက်ကနေ လိုက်လာသော တမလွန်စစ်သားများက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူတို့သည် ကျောက်စိမ်းအဆောင်ကနေ ဖြာထွက်နေသည့် အလင်းရောင်ကို စိုးရိမ်ပူပန်နေပုံရ၏။ သူတို့က သူတို့၏ ခြေလှမ်းများကို ရပ်တန့်ကာ ပြန်လည်ထွက်ခွာသွား၏။
ကျောက်စိမ်းအဆောင်က သူ၏ ရှေ့တည့်တည့်မှာရှိနေ၏။
ယခုအချိန်ထိကို ဆူဇီမိုသည် ကျောက်စိမ်းအဆောင်မှာ ဘာလျှို့ဝှက်ချက်တွေရှိနေသလဲ မသိရှိပေ။
သို့သော်လည်း အင်မော်တယ်နိုင်ငံ သုံးနိုင်ငံ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းနှင့် မရေမတွက်နိုင်သော ဂိုဏ်းများနှင့် အဖွဲ့အစည်းများက ၎င်းနောက်ကို တကောက်ကောက်လိုက်နေကြ၏။ ကျောက်စိမ်းအဆောင်က တစ်မူထူးခြားနေပေလိမ့်မည်။
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုက လေထဲသို့ခုန်တက်ပြီး အပေါ်မှာရှိသော ကျောက်စိမ်းအဆောင်ကို ဖမ်းဆွဲလိုက်၏။
သူက ကျောက်စိမ်းအဆောင်ကို ရယူနိုင်သည်နှင့် သူကအသာစီးရရှိသွားမည်ဖြစ်၏။
တိုက်ခိုက်မည်ဖြစ်စေ... ဆုတ်ခွာမည်ဖြစ်စေ... သူကလိုသလိုချိန်ဆနိုင်မည်ဖြစ်၏။
ဒါ့အပြင် သူ၏ လက်ထဲမှာ ကျောက်စိမ်းအဆောင်ရှိနေပါက သူသည် တမလွန်စစ်သားများကို စိုးရိမ်ပူပန်နေစရာ မလိုတော့ပေ။
ဆူဇီမိုက အရမ်းကိုမြန်ဆန်ပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။ သူက ကျောက်စိမ်းအဆောင်ကို ဖမ်းဆွဲတော့မည့်ဆဲဆဲမှာပင် အလွန်တရာအေးစက်၍ ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုက သူ၏ နောက်ဘက်ကနေ ပစ်လွင့်ထွက်ပေါ်လာ၏။
ဓားအလင်းတန်းတစ်ခုက အံ့မခန်းအမြန်နှုန်းဖြင့် လေထုကိုဆုတ်ဖြဲပြီး ဆူဇီမို၏ ဆန့်ထုတ်ထားသောလက်ကို ခုတ်ပိုင်းချလိုက်၏။
ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက အရမ်းကိုကြောက်စရာကောင်း၏။ ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ရေခဲမြစ်ထဲသို့ ကျဆင်းသွားပြီး သူ၏ ခြေလက်များက အေးစက်လာသည်ဟု ခံစားလိုက်ရ၏။
သူက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်ပြီး သူ၏ သွေးချီက သန်မာလွန်းသောကြောင့်သာ မဟုတ်လျှင် ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ သွေးချီကိုပင် အေးခဲသွားစေပေလိမ့်မည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အရမ်းကိုသန်မာပြီး သူကျင့်ကြံသူထားသော ကမ္ဘာမြေသတ်ဖြတ်ခြင်းနှင့် ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကပင်လျှင် အဲ့ဒါကို မယှဥ်နိုင်ပေ။
“ဖြစ်နိုင်တာက...”
ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ခု ဖျတ်ခနဲဝင်ရောက်လာ၏။
ယခုသူသည် သန်မာသောရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရပြီး အခြေအနေက သေရေးရှင်ရေးဖြစ်နေကာ သူက စိတ်အာရုံပျက်ယွင်းဖို့ မတတ်နိုင်ပေ။
ဓားချီက တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာဖြစ်၏။
အဲ့ဒါသည် လောကကိုပိုင်းဖြတ်ပြီး လေဟာနယ်ကိုထိုးဖောက်၍ အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည့်အလား အရမ်းကိုထက်ရှလွန်းနေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မူလမဟူရာအဆင့် ဓမ္မရတနာတစ်ခုကို ထိပ်တိုက်ရင်ဆိုင်နိုင်သော်လည်း သူက ထိုဓားချက်ကို မခုခံနိုင်ပေ။
သူက ကျောက်စိမ်းအဆောင်ကို ဆက်လက်၍ ဖမ်းဆွဲမည်ဆိုလျှင် သူ၏ လက်ဖဝါးတစ်ဖက်လုံးက အဲ့ဒါနှင့် မထိတွေ့ခင်မှာပင် ဓားချီဖြင့် ဖြတ်တောက်ခြင်းခံရလိမ့်မည်ဟု သူက ကြိုတင်တွက်ချက်မိလိုက်၏။
“အဲ့ဒါယွင်ထင်ပဲ”
လှည့်ကြည့်ခြင်းမရှိဘဲ ဆူဇီမိုက တိုက်ခိုက်လိုက်သူကို ခန့်မှန်းမိလိုက်၏။
ယွင်ထင်ကသာလျှင် ဤမျှအထိကြောက်စရာကောင်းသောဓားချီကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
ဆူဇီမိုသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို ထုတ်ဖော်ပြီး တမလွန်စစ်သားများ၏ အဟန့်အတားကို အရင်ဆုံးဖြတ်ကျော်ခဲ့သော်လည်း ယွင်ထင်ကလည်း အားနည်းမနေခဲ့ပေ။
အမြုတေချီကုန်ဆုံးမှုကို လျစ်လျူရှုပြီး သူက လေဟာနယ်ဖြတ်ကျော်ဓားကို အဆက်မပြတ်ထုတ်ဖော်ကာ တမလွန်စစ်သူကြီးများ၏ ဝန်းရံမှုကနေဖောက်ထွက်ပြီး ချက်ချင်းပင်ပြေးဝင်လာခဲ့၏။
ယွင်ထင်သည် ကျောက်စိမ်းအဆောင်ကို အရယူဖို့ဆုံးဖြတ်ထားပြီး အဲ့ဒါကို မည်သူ့ကိုမှ ရယူခွင့်ပေးလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် သူက လုံးဝထိန်ချန်ခြင်းမရှိဘဲ ဆူဇီမိုကိုတားဆီးဖို့အတွက် သူ၏ လူသားသတ်ဖြတ်ခြင်းဓားချီကို ထုတ်ဖော်ခဲ့လေသည်။
သည့်ယခင်က ယွင်ထင်ထုတ်ဖော်ခဲ့သောဓားချီများက ထက်ရှ၍ သတ္တုများ ကျောက်စိမ်းများကို လှီးဖြတ်နိုင်သော်လည်း ထိုအရာများက သူကျင့်ကြံထားသည့် သာမန်အကျဆုံးဓားချီများသာဖြစ်၏။
လူသားသတ်ဖြတ်ခြင်းဓားချီက ယခင်ဓားချီများထက် များစွာပို၍ကြောက်စရာကောင်းနေ၏။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ မျက်လုံးများက လှုပ်ရှားယိမ်းယိုင်သွားခြင်း မရှိပေ။
သူသည် ဤကဲ့သို့သော အခြေအနေများစွာကို တွေ့ကြုံဖြတ်ကျော်ခဲ့ဖူးပြီး သူ့အတွက်သိပ်ပြီး ထူးဆန်းမနေတော့ပေ။
သူက သူ၏ လက်ဖဝါးကိုရုပ်သိမ်းပြီး သူ၏ ပုံရိပ်က ဖျတ်ခနဲလက်ကာ နေရာကနေ ပျောက်ကွယ်သွား၏။
အဆင့်-၉ မဟူရာအမြုတေနယ်ပယ်၌ ဆူဇီမိုသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို အချိန်တိုအတွင်းမှာ သုံးကြိမ်ဆင့်၍ ထုတ်ဖော်နိုင်၏။
ဒါက... သူ၏ ဒုတိယမြောက်လျှပ်စီးဖြစ်၏။
ဆူဇီမို ပြန်လည်ပေါ်ထွက်လာသည့်အခါ သူကယွင်ထင်၏ နောက်ဘက်သို့ ရောက်ရှိနေခဲ့လေပြီ။
ဆူဇီမိုသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ လက်ဖဝါးကိုမြှောက်ပြီး ယွင်ထင်၏ ဦးခေါင်းကို အပေါ်ကနေ ပစ်ရိုက်ချလိုက်၏။
ဤတစ်ခေါက်မှာတော့ ဆူဇီမိုသည် လုံးဝထိန်ချန်ခြင်းမရှိဘဲ မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ထုတ်ဖော်လိုက်၏။
သူ၏ ဖြူဖွေးနုနယ်သောလက်ဖဝါးက ဧရာမကြိတ်ဆုံကျောက်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည့်အလား ချက်ချင်းပင်ပြန့်ကားလာခဲ့ပြီး ယွင်ထင်ကို ဖိနှိမ်လိုက်၏။ ၎င်း၏ အော်ရာက တုန်လှုပ်စရာကောင်းပြီး အဲ့ဒါက သန်မာလွန်းသောကြောင့် လေထုက ကျယ်လောင်သောမြည်သံဖြင့် ပေါက်ကွဲထွက်သွား၏။
သူသည် ယွင်ထင်၏ ဓားချီကို ရှောင်လွှဲနိုင်ခဲ့ရုံသာမက သူက အခြေအနေကိုပြန်ပြောင်းကာ တန်ပြန်တိုက်ခိုက်လိုက်လေသည်။
ဤပြောင်းလဲမှုက အရမ်းကိုရုတ်တရက်ဆန်လွန်း၏။
ဆူဇီမိုသည် ယွင်ထင်၏ နောက်ဘက်မှာ ဆိုင်းမဆင့်ဗုံမဆင့် ပေါ်ထွက်လာခဲ့ပြီး ထိုသူက အချိန်မီမတုံ့ပြန်နိုင်တော့ပေ။
သူက ထွက်ပြေးလွတ်မြောက်ဖို့နေနေသာ နောက်ပြန်လှည့်ဖို့ပင် အချိန်မရပေ။
“အချိန်ကိုက်ပဲ”
ထိတ်လန့်ကြောက်ရွံ့သွားရမည့်အစား ယွင်ထင်က ဟိန်းဟောက်၍ သူ၏ သွေးချီက အမျက်ဒေါသဖြင့် တလိပ်လိပ်ထိုးတက်လာ၏။
ရုတ်တရက်ဆိုသလို... ယွင်ထင်၏ အနက်ရောင်ဆံပင်များက ထောင်ထလာပြီး အလွန်တရာထက်ရှသော အော်ရာတစ်ခုကိုဖြာထုတ်ကာ မရေမတွက်နိုင်သောဓားများကဲ့သို့ ကောင်းကင်ထက်သို့ ပစ်လွင့်လာခဲ့၏။
“အထင်ကြီးစရာပဲ”
ထိုသည်ကိုတွေ့မြင်သောအခါ ဆူဇီမိုက စိတ်ထဲကနေကြိတ်၍ ချီးကျူးလိုက်၏။
ယွင်ထင်က ငယ်ရွယ်လွန်းသေးသော်လည်း ဓားတာအိုမှာ သူ၏ ကျင့်ကြံမှုက အရမ်းကိုနက်ရှိုင်းနေခဲ့ပြီဖြစ်၏။
သူသည် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ဓားတာအိုဖြင့် ပေါင်းစည်းထားပြီး သူ၏ ဆံပင်မွေးများကိုပင် အဲ့ဒါနှင့် ပေါင်းစည်းထားလေသည်။
သူ၏ ဆံပင်မွေးတိုင်းက အလွန်တရာထက်ရှသောသတ်ဖြတ်ခြင်းလက်နက်တစ်ခုဖြစ်နေ၏။ နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများပင်လျှင် အဲ့ဒါကို မယှဥ်နိုင်ပေ။
ယွင်ထင်၏ ဆံပင်ရှည်များက ထောင်ထလာပြီး အဲ့ဒါက မရေမတွက်နိုင်သော ဓားပျံများနှင့်ဆင်တူနေ၏။
မဟာကစဉ့်ကလျားအမြုတေလက်ဝါးက ဆင်းသက်လာပြီး ကျယ်လောင်သောမြည်သံနှင့်အတူ ယွင်ထင်၏ ဆံပင်ရှည်များနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ဆံပင်များက နူးညံ့ပျော့ပြောင်းသည့်ပုံပေါ်သော်လည်း ၎င်း၏ ထက်ရှမှုက ကြောက်စရာကောင်းပြီး သူ၏ ဦးခေါင်းထက်ရှိ ဧရာမကြိတ်ဆုံကျောက်ကို ထိုးဖောက်ချင်နေ၏။
ကျွိ... ကျွိ...
ကြိတ်ဆုံကျောက်က လည်ပတ်၍ ဖိခြေကျဆင်းလာပြီး စူးစူးရှရှမြည်သံနှင့်အတူ ယွင်ထင်၏ ဆံပင်ရှည်များနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ချွင်... ချွင်...
ယွင်ထင်၏ အနက်ရောင်ဆံပင်တစ်စိတ်တစ်ပိုင်းက ပြတ်ထွက်သွားပြီး လေးကြိုးပြတ်တောက်သွားသောအသံမျိုးက ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ၏ လက်ဖဝါးမှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
ထိုသူ၏ ဆံပင်ရှည်များက ဓားတစ်လက်ကဲ့သို့ဖြစ်နေပြီး မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ဖျက်ဆီးပစ်နေ၏။
ယွင်ထင်၏ လှုပ်ရှားကွက်မှာ ဆူဇီမိုပင်လျှင် မှင်တက်သွားရ၏။
ယွင်ထင်၏ ဆံပင်ရှည်က ပြတ်ထွက်သွားပြီး မဟာကစဉ့်ကလျားအမြုတေလက်ဝါးကလည်း တစ်ချိန်တည်းမှာ ပျက်ပြယ်သွားလေသည်။
ဆူဇီမိုသည် ဆက်လက်၍ မတိုက်ခိုက်တော့ဘဲ သူ၏ ပုံရိပ်က နောက်တစ်ဖန်ဖျတ်ခနဲလက်သွား၏။
တတိယမြောက်လျှပ်စီး... ။
ဤတစ်ခေါက်မှာတော့... ဆူဇီမိုပြန်လည်ပေါ်ထွက်လာသည့်အခါ သူက ကျောက်စိမ်းအဆောင်၏ ဘေးသို့ ရောက်ရှိနေပြီဖြစ်၏။
ကျောက်စိမ်းအဆောင်က သူ၏ လက်တစ်ကမ်းအတွင်းမှာဖြစ်၏။
ယွင်ထင်ပြသခဲ့သောနည်းလမ်းများအရ သူ့အနေဖြင့် အချိန်တိုအတွင်းမှာ အန်ိုင်ရလဒ်ကို ဖော်ဆောင်ဖို့မလွယ်ပေ။
ယွင်ထင်က တကယ့်ကို ကိုင်တွယ်ရခက်ခဲပြီး အထက်ဘုံလောကသို့ သူတက်လှမ်းလာပြီးကတည်းက သူတွေ့ကြုံဖူးသမျှထဲ စွမ်းအားအကြီးမားဆုံးပြိုင်ဘက်ဖြစ်နေ၏။
သူကဆက်လက်၍ တိုက်ခိုက်နေမည်ဆိုလျှင် ဖန်းရွှမ်နှင့် အခြားသူများရောက်ရှိလာသည့်အခါ အခြားသောအပြောင်းအလဲများက ပေါ်ထွက်လာနိုင်၏။
ထိုသို့အတွေးဖြင့် ဆူဇီမိုသည် နောက်သို့ဆုတ်ခွာပြီး ကျောက်စိမ်းအဆောင်ကိုအရင်ရယူဖို့ ဆုံးဖြတ်ချက်ချလိုက်၏။
“ငါရှိနေသရွေ့ အဲ့ဒီကျောက်စိမ်းအဆောင်ကိုရဖို့ စဥ်းတောင်မစဥ်းစားလိုက်နဲ့”
ဆူဇီမိုက လက်လှမ်းလိုက်သည့်ခဏမှာပင် ယွင်ထင်၏ အသံက တစ်ဖန်ထွက်ပေါ်လာ၏။
ဆူဇီမိုက ယွင်ထင်၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုလိုက်၏။
ထိုသူက ဘယ်လောက်ပင်မြန်ဆန်သည်ဖြစ်စေ... သူက အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို ယှဥ်နိုင်မည် မဟုတ်ပေ။ ဆူဇီမိုက လက်လှမ်းလိုက်ပြီးနောက် သူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။
သူက လွဲချော်သွားလေသည်။
ကျောက်စိမ်းအဆောင်က သူ့ရှေ့တည့်တည့်မှာရှိနေသော်လည်း သူကလွဲချော်သွားခဲ့၏။
ကျောက်စိမ်းအဆောင်သည် ထိုနေရာမှာ မလှုပ်မယှက်ရှိနေခဲ့သော်လည်း ဆူဇီမိုက အဲ့ဒါကို မရယူနိုင်ပေ။
သူ၏ လက်ဖဝါးနှင့် ကျောက်စိမ်းအဆောင်ကြားမှာ နောက်ထပ်လေဟာနယ်အလွှာတစ်ခုရှိနေသည့်အလားပင်။
“လေဟာနယ်နေရာထပ်ခြင်းလား..”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
လေဟာနယ်နေရာထပ်ခြင်းက သာမန်နတ်ဘုရားစွမ်းအားတစ်ခုဖြစ်သော်လည်း အဲ့ဒါက အလွန်တရာလျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ဆင်ခြင်နိုင်ဖို့ခက်ခဲ၏။
အာကာသနှင့် အချိန် နတ်ဘုရားစွမ်းအားများက နားလည်ဆင်ခြင်နိုင်ဖို့ အလွန်တရာ ခက်ခဲလေသည်။
အဲ့ဒါကိုနားလည်ဆင်ခြင်နိုင်ပြီး ထုတ်ဖော်လိုက်သည်နှင့် သူတို့သည်အလွန်တရာစွမ်းအားကြီးမားပြီး တုန်လှုပ်စရာကောင်းနေပေလိမ့်မည်။
ဆေဘာတစ်လက်ကဲ့သို့အချိန်လို အချိန်နှင့်ဆက်စပ်နေသည့် နတ်ဘုရားစွမ်းအားများသည် ဆူဇီမို၏ အသန်မာဆုံး သတ်ဖြတ်ကွက်များထဲမှတစ်ခု အမြဲတမ်းဖြစ်နေခဲ့၏။
စောစောက ယွင်ထင်ထုတ်ဖော်ခဲ့သည့် လေဟာနယ်နေရာထပ်ခြင်းက သေစေနိုင်စွမ်းအားမရှိသော်လည်း အဲ့ဒါက ဆူဖိမိုနှင့် ကျောက်စိမ်းအဆောင်ကြားမှာ လေဟာနယ်အလွှာတစ်ခုကို ဖြစ်ပေါ်စေပြီး သူ၏ ဖမ်းဆုပ်မှုက လွဲချော်သွားခဲ့၏။
ထိုလှုပ်ရှားမှုနှင့်အတူ ယွင်ထင်က ဆူဇီမို၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
ကျောက်စိမ်းအဆောင်က သူတို့နှစ်ယောက်၏ ရှေ့တည့်တည့်မှာ ရှိနေ၏။
သို့သော်လည်း ဆူဇီမိုက ကျောက်စိမ်းအဆောင်ကို ရယူချင်သည်ဆိုလျှင် သူကယွင်ထင်ကို အရင်ရှင်းထုတ်ပစ်ရပေလိမ့်မည်။
ယွင်ထင်အတွက်လည်း ထို့အတူပင်။