အလိုအလျောက်နားလည်မှု
Vol. 133 Ch. 1994
ဆူဇီမိုနှင့် ယွင်ထင်က တိုက်ခိုက်နေကြပြီး မည်သူကမှ စိတ်အာရုံမပျက်ယွင်းရဲပေ။ ဖန်းရွှမ်က တမလွန်စစ်သားများ၏ ဝန်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်ကာ ဝင်ရောက်လာသည်ကို သူတို့နှစ်ယောက်ထဲ မည်သူကမှ သတိမထားမိခဲ့ကြပေ။
ဖန်းရွှမ်က လိမ္မာပါးနပ်ပြီး သန်မာလေသည်။ သူ့ကို မဟူရာအင်မော်တယ်များကြားမှာ ထိပ်တန်း ပြန်ဝင်စားမွန်းစတားတစ်ယောက်ဟု သေချာပေါက်သတ်မှတ်ရမည်ဖြစ်ပြီး သူက ဆူဇီမို သို့မဟုတ် ယွင်ထင်နှင့်ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်၏။
ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင်တောင် သူက သူတို့နှစ်ယောက်ကို ရှုံးနိမ့်ချင်မှ ရှုံးနိမ့်ပေလိမ့်မည်။
သို့သော်လည်း ဖန်းရွှမ်က အကြံသမားဖြစ်လေသည်။
ရုန်းရင်းဆန်ခတ်နှင့် ရှုပ်ထွေးနေသော ဤအခြေအနေမှာ သူက ဆူဇီမိုကို တစ်ယောက်ချင်းတိုက်ခိုက်ဖို့ သေချာပေါက်ရွေးချယ်လိမ့်မည် မဟုတ်ပေ။
အကောင်းဆုံးနည်းလမ်းက ယွင်ထင်နှင့် ပူးပေါင်းတိုက်ခိုက်ဖို့ဖြစ်၏။
ယွင်ထင်မှာ မြင့်မြတ်သောအဆင့်အတန်းရှိလေသည်။ သူ၏ ခွန်အားအပြင် မင်းသားတစ်ပါးအနေဖြင့် သူ့မှာ တခြားသောအံ့မခန်းဝှက်ဖဲများရှိနေပေလိမ့်မည်။
သူက ယွင်ထင်နှင့် ပူးပေါင်းပြီး ဆူဇီမိုကို တိုက်ခိုက်မည်ဆိုလျှင် နောက်ပိုင်းအခြေအနေက သူ့အတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်မလာနိုင်တော့ပေ။
သူက... နောက်ဆုံးမှာ ကျောက်စိမ်းအဆောင်ကို မရနိုင်ဘူးဆိုလျှင်တောင် ယွင်ထင်နှင့် မိတ်ဆွေဖွဲ့နိုင်ခြင်း၏ အကျိုးအမြတ်က စဥ်းစားကြည့်၍ မရနိုင်အောင်ပင်။
အောက်ဘုံမှ တက်လှမ်းလာသူတစ်ယောက်အနေဖြင့် သူသည် မသမာသောနည်းလမ်းများကို သုံးရမည်ဆိုလျှင်တောင် သူ၏ ကံကြမ္မာကိုပြောင်းလဲနိုင်မည့် မည်သည့်အခွင့်အရေးကိုမဆို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဖန်းရွှမ်သည် ဤတစ်ခေါက်မှာ ပြင်းထန်ကြမ်းကြုတ်စွာတိုက်ခိုက်ခဲ့ပြီး ဆူဇီမိုကို မည်သည့်ထွက်လမ်းမှ မပေးပေ။
ဆူဇီမို၏ အာရုံခံသတိစိတ်က သူ့ကို သတိပေးလာခဲ့သော်လည်း ယွင်ထင်သူ့ကိုပေးထားသည့် ဖိအားနှင့် ခြိမ်းခြောက်မှုက အရမ်းကိုကြီးမားနေဆဲဖြစ်၏။
လက်ရှိအခြေအနေမှာ သူက နှစ်ယောက်တစ်ယောက်ရင်ဆိုင်တိုက်ခိုက်ရခြင်းနှင့် တူလာခဲ့၏။
ဒါ့အပြင် သူတို့နှစ်ယောက်စလုံးက မဟူရာအမြုတေနယ်ပယ်မှာ ထိပ်တန်းအဆင့် ပညာရှင်များဖြစ်နေ၏။
ဆူဇီမိုအပေါ် ဖိအားက ဆပွားတိုးလာခဲ့၏။
အဆင့်တူခြင်းမှာ ကျင့်ကြံသူတစ်ယောက်ယောက်ကနေ သူ့ကို ဤကဲ့သို့သော အန္တရာယ်များသည့်အခြေအနေထိ တွန်းမပို့နိုင်ခဲ့သည်မှာ အရမ်းကိုကြာသွားခဲ့ပြီဖြစ်၏။
ဆူဇီမိုသည် သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်ဖော်မည်ဆိုလျှင် သူသည် သူတို့၏ တိုက်ခိုက်မှုများကို ဖြေရှင်းနိုင်ပေလိမ့်မည်။
သို့သော်လည်း သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဆက်လက်၍ ဖုံးကွယ်ထားလို့ရတော့မည် မဟုတ်ပေ။
သူက သူ၏ သွေးချီကို အသုံးပြုလိုက်သည်နှင့် မင်းသားယွင်ထင်၏ အတွေ့အကြုံအရ ထိုသူက သူ့ကိုသေချာပေါက် မှတ်မိသိရှိသွားပေလိမ့်မည်။
သို့သော် ယခု... အခြေအနေက သေရေးရှင်ရေးဖြစ်လာပြီး သူက သူ၏ သွေးချီ သို့မဟုတ် သူ၏ မျိုးဆက်သွေးနယ်မြေကို အသုံးမပြုဘူးဆိုလျှင် သူက သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။
ဆူဇီမိုမှာ မည်သည့်ထွက်လမ်းမှ မရှိတော့ပေ။
ချက်ချင်းပင် ဆူဇီမို၏ စိတ်ထဲသို့ အတွေးပေါင်းများစွာက ဝင်ရောက်လာ၏။ ထို့နောက် သူ၏ မျက်လုံးထဲမှာ ပြတ်သားသောအကြည့်တစ်ခုက ပေါ်ထွက်လာပြီး သူ၏ ခွန်အားကုန်ဖြင့် တိုက်ခိုက်ဖို့ပြင်ဆင်လိုက်၏။
ထိုစဥ်မှာပင် လက်ရှိအခြေအနေမှာ အပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာခဲ့၏။
ဖန်းရွှမ်၏ ရုတ်တရက်ပေါ်ထွက်လာမှုက ဆူဇီမိုကို တုန်လှုပ်သွားစေရုံသာမက ယွင်ထင်ကိုပါ အနည်းငယ်မှင်တက်သွားစေခဲ့၏။
ချက်ချင်းပင် ယွင်ထင်၏ အမူအရာက ဒေါသချောင်းချောင်းထွက်လာခဲ့ပြီး သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်က တဖျတ်ဖျတ်လက်လာ၏။
သူက မာန်မာနကြီးပြီး အခြားသူများနှင့် ပူးပေါင်းတိုက်ခိုက်ရသည်ကို အထင်သေးစက်ဆုပ်လေသည်။
သူ့အနေဖြင့် ဆူဇီမိုကဲ့သို့ ပြိုင်ဘက်ကောင်းတစ်ယောက်နှင့် ကြုံတွေ့ရသည်မှာ တကယ့်ကို ရှားရှားပါးပါးဖြစ်၏။
သူက အနိုင်ယူချင်သည်ဆိုလျှင် သူ့ကိုယ်တိုင်အဲ့ဒါကို ပေါ်ပေါ်ထင်ထင် ရယူရပေမည်။
ဒါ့အပြင် ဖန်းရွှမ်သည် သူနှင့် အမှန်တကယ်ပူးပေါင်းခြင်းမဟုတ်ဘဲ အဲ့ဒါက ချောင်းမြောင်းတိုက်ခိုက်လိုက်ခြင်းဖြစ်၏။
တကယ်ဆို... ယွင်ထင်သည် သူ့ကို အသုံးချခံနေရသည်ဟုပင် ခံစားလိုက်ရ၏။
သူ၏ မာန်မာနအရ သူသည် ဤကဲ့သို့ပင် သူ့ရှေ့မှာ ဆူဇီမိုကို အသေခံလိမ့်မည် မဟုတ်ပေ။
ဖျတ်ခနဲဆို ယွင်ထင်က ဆူဇီမိုကိုတစ်ချက်ကြည့်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို စေညွှန်လိုက်၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှင့် ထိတွေ့တော့မည့်ဆဲဆဲ လူသားသတ်ဖြတ်ခြင်းဓားချီက အမြုတေချီများအဖြစ် ရုတ်တရက်ပျက်ပြယ်သွားပြီး ခန်းမထဲမှာ ပြယ်လွင့်သွားလေသည်။
ယွင်ထင်က နောက်ဆုံးအခိုက်အတန့်မှာ သူ၏ တိုက်ခိုက်မှုကို ရုပ်သိမ်းခဲ့၏။
ဤကဲ့သို့သော တိုက်ပွဲတစ်ခုမှာ တစ်ဘက်က ရုတ်တရက်ရပ်တန့်လိုက်ပြီး အခြားတစ်ဘက်က မရပ်တန့်လျှင် သို့မဟုတ် အချိန်မီမရပ်တန့်နိုင်လျှင် အဲ့ဒါက ကိုယ့်ကိုကိုယ်သတ်သေခြင်းနှင့် တူနေပေလိမ့်မည်။
သူ့ရွေးချယ်မှုက တကယ့်ကို အန္တရာယ်များလွန်း၏။
ယွင်ထင်သည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်သိန်းရှစ်ထောင်ကို ရင်ဆိုင်ရတော့မည်နှင့် တူညီလေသည်။
ယွင်ထင်က ကောင်းကင်သတ်ဖြတ်ခြင်းဓားအလင်းကို ပယ်ဖျက်လိုက်သည့်ခဏမှာပင် သူ၏ အခြားလက်တစ်ဖက်က အေးစက်စက်သတ်လိုစိတ်တစ်ခုနှင့်အတူ ဖန်းရွှမ်ရှိရာသို့ ခုတ်ပိုင်းချလိုက်၏။
လူသားသတ်ဖြတ်ခြင်းဓားချီက ဖန်းရွှမ်ကိုချိန်ရွယ်၍ ပစ်လွင့်ထွက်ပေါ်လာ၏။
“ခင်ဗျား...”
ဖန်းရွှမ်က အဲ့ဒါကို သတိထားမိသွားသောအခါ သူက တုန်လှုပ်၍ ဒေါသချောင်းချောင်း ထွက်သွားပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
သူက အကြံသမားဖြစ်ပြီး ဖြစ်နိုင်ခြေရှိသော အပြောင်းအလဲများကို ကောက်ချက်ချခဲ့သော်လည်း ယွင်ထင်က ဤကဲ့သို့သော ရွေးချယ်မှုတစ်ခုကိုပြုလုပ်လာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
တစ်ဘက်မှာတော့ ယွင်ထင်၏ လှုပ်ရှားမှုအပြောင်းအလဲက ဆူဇီမိုကိုလည်း အံ့အားသင့်သွားစေ၏။
အစကတော့ သူသည် ပညာရှင်နှစ်ဦး၏ ဝန်းရံတိုက်ခိုက်ခြင်းခံနေရပြီး အန္တရာယ်များသောအခြေအနေမှာ ရှိနေခဲ့၏။
သို့သော် ယခု... အခြေအနေက ယွင်ထင်၏ ရွေးချယ်မှုကြောင့် ပြောင်းပြန်ဖြစ်သွားခဲ့၏။
သူက အကြီးမားဆုံးအကျိုးအမြတ်ရရှိဖို့ပင် အခွင့်အရေးရှိလာခဲ့၏။
သူက သူ၏ လှုပ်ရှားမှုကို မရပ်တန့်သည်နှင့် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက တစ်သိန်းရှစ်ထောင်က ယွင်ထင်ကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင်တောင် ထိုသူကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ယွင်ထင်က ဖန်းရွမ်ကိုတိုက်ခိုက်၍ သူ၏ လူသားသတ်ဖြတ်ခြင်းဓားချီကို ထုတ်ဖော်ခဲ့ပြီးပြီဖြစ်၏။
ဆူဇီမိုက ဖန်းရွှမ်ဘက်ကိုလှည့်ပြီး တိုက်ခိုက်မည်ဆိုလျှင် ထိုသူကလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားဖို့ အခွင့်များလေသည်။
ထိုသို့ဖြင့် သူသည် သူ၏ အကြီးမားဆုံး ပြိုင်ဘက်နှစ်ယောက်ကို ရှင်းထုတ်ပစ်နိုင်မည်ဖြစ်၏။
ဆူဇီမိုသည် ဘေးကနေဝင်ရောက်လာသောဖန်းရွှမ်ကို လှည့်ပင်မကြည့်ပေ။
သူက ယွင်ထင်ကို အဓိပ္ပါယ်ပါပါကြည့်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို စေညွှန်လိုက်၏။ သူကလည်း သူ၏ တိုက်ခိုက်မှုကို ရပ်တန့်ဖို့ရွေးချယ်ခဲ့ပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်သိန်းရှစ်ထောင်ကို ပယ်ဖျက်လိုက်၏။
ယွင်ထင်က မာန်မာနကြီးမားသောကြောင့် အဲ့ဒါကိုရပ်တန့်ခဲ့ခြင်းဖြစ်၏။
ဆူဇီမိုက ဖြောင့်မတ်မှန်ကန်သော လူတစ်ယောက်ဖြစ်ပြီး သူက မလုပ်သင့်သောအရာကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။
သူတို့နှစ်ယောက်မှာ မတူညီသော စိတ်နေစရိုက်များနှင့် နောက်ခံများရှိပြီး တစ်ယောက်နှင့်တစ်ယောက် တစ်ခါမှမတွေ့ဖူးခဲ့ပေ။ စောစောကတင် သူတို့သည် အကြိတ်အနယ် တိုက်ခိုက်နေခဲ့ကြဆဲ ဖြစ်၏။
သို့သော်လည်း ဤအခိုက်အတန့်မှာ သူတို့ကြားတွင် ထူးဆန်းသော အလိုအလျောက် နားလည်မှုတစ်ခုရှိလာခဲ့၏။
အစကတော့... ဆူဇီမိုသည် သူ၏ အားနေသောလက်တစ်ဖက်ဖြင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ကို စုဖွဲ့ဖို့ပြင်ဆင်ထား၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက နှိုးဆွခံလိုက်ရ၏။
ဤဖန်ရွှမ်က တကယ့်ကို မကောင်းဆိုးဝါးဆန်လွန်း၏။
အဲ့ဒါက အမှောင်ထဲမှာပုန်းကွယ်နေသော မြွေပွေးတစ်ကောင်နှင့်တူနေ၏။ အဲ့ဒါက ဘယ်အချိန်မှာပေါ်ထွက်လာပြီး သေကွင်းသေကွက်ကိုတိုက်ခိုက်လာမလဲ မသိရပေ။
ချက်ချင်းပင် ဆူဇီမိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို စေညွှန်ပြီး သူ၏ လက်ဖဝါးထဲမှာ မီးခိုးရောင်မြူခိုးများက တလိပ်လိပ်ထိုးတက်လာကာ ချောက်ချားစရာကောင်းသောအော်ရာတစ်ခု ဖြာထွက်နေသည့် ဆေဘာတစ်လက်ကို ဖြစ်ပေါ်လာစေ၏။
အဆင့်မြင့်နတ်ဘုရားစွမ်းအား ဆေဘာတစ်လက်ကဲ့သို့အချိန်...။
ဖန်းရွှမ်၏ ထိုးချက်နှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုက ရှောင်တိမ်းခြင်းမရှိဘဲ အချိန်ကဲ့သို့ဆေဘာကို လက်ပြန်လွှဲ၍ ခုတ်ပိုင်းချလိုက်၏။
တစ်ခဏချင်းမှာပင် အခြေအနေက ပြောင်းလဲသွားပြီး ဖန်းရွှမ်သည် ပြန်ဝင်စားမွန်းစတားနှစ်ယောက်ဖြစ်သော ဆူဇီမိုနှင့် ယွင်ထင်၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။
ဖန်းရွှမ်၏ တိုက်ခိုက်မှုက တကယ်ပင်မြန်ဆန်လေသည်။
သို့သော်လည်း သူက ဆူဇီမိုကိုထိခိုက်အောင်တိုက်ခိုက်နိုင်မည်ဆိုလျှင်တောင် သူအနေဖြင့် သူ၏ နောက်ဘက်ကနေ ဝင်ရောက်လာသော သတ်ဖြတ်ခြင်းဓားချီကနေ လွတ်မြောက်နိုင်ဖို့မလွယ်ပေ။
ဖန်းရွှမ်သည် သူ၏ အသက်ကိုပုံထပ်၍ အလောင်းအစားပြုလုပ်ဖို့ သတ္တိမရှိပေ။
သူသည် ကောင်းကင်ဘုံကပ်ဘေးလေးခုကို ဖြတ်ကျော်၍တက်လှမ်းလာခဲ့ပြီး ဤနေရာမှာ မသေချင်သေးပေ။
ချက်ချင်းပင် ဖန်းရွှမ်က နောက်သို့ဆုတ်ဖို့ရွေးချယ်လိုက်၏။
ထိုစဥ်မှာပင် အချိန်ဆေဘာက ခုတ်ပိုင်းကျဆင်းလာ၏။
မီးခိုးရောင် ဆေဘာက ထူးဆန်းသော်လည်း ဖန်းရွှမ်သည် ခြိမ်းခြောက်မှုများစွာကို မခံစားရပေ။
ဒါ့အပြင် အခြားတစ်ဘက်မှလာသော သတ်ဖြတ်ခြင်းဓားချီနှင့်ယှဥ်ပါက မီးခိုးရောင်ဆေဘာက အတော်လေးကိုသာမန်ဆန်နေ၏။
ဖန်းရွှမ်၏ စွမ်းအင်အများစုကို လူသားသတ်ဖြတ်ခြင်းဓားချီကို ကိုင်တွယ်ဖို့အတွက် အသုံးချလိုက်လေသည်။
သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ ရှေ့မှာ သာမန်နတ်ဘုရားစွမ်းအားများကို စုဖွဲ့လိုက်ပြီး သူတို့ထဲမှအများစုက ခုခံရေးနတ်ဘုရားစွမ်းအားများဖြစ်၏။
တစ်ဘက်မှာတော့... သူသည် အင်္ကျီလက်စကိုဝေ့ယမ်းပြီး အချိန်ဆေဘာရှိရာဘက်သို့ နောက်ဆုတ်လိုက်၏။
ဘန်း..
ဆေဘာက သူ၏ ရိုက်ချက်ဖြင့် အလွယ်တကူကြေမွသွားပြီး သူ၏ အင်္ကျီလက်စနှစ်ဖက်က လုံးဝပျက်စီးထိခိုက်ခြင်း မရှိပေ။
“ဘယ်လိုဖြစ်ရတာလဲ”
သူသည် မီးခိုးရောင်ဆေဘာကို အလွယ်တကူချေဖျက်လိုက်နိုင်သော်လည်း အဲ့ဒါက ဖန်းရွှမ်ကို ပို၍ပင် ထိတ်လန့်သွားစေ၏။
သို့သော်လည်း အဲ့ဒါက နောက်ကျလွန်းသွားခဲ့လေပြီ။
အချိန်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်သွားခဲ့ပြီဖြစ်၏။
အစကတော့... ဖန်းရွှမ်၏ အသက်သည် နှစ်တစ်သောင်းကျော်ကျော်မှာသာရှိနေ၏။
ဘဝသက်တမ်းနှစ်တစ်သိန်းရှိသော မဟူရာအင်မော်တယ်တစ်ယောက်အတွက် သူက ငယ်ရွယ်သေးသည်ဟု ဆိုရပေမည်။
သို့သော်လည်း အချိန်ဆေဘာဖြင့်ခုတ်ပိုင်းခံလိုက်ရပြီးနောက် သူ၏ ဘဝသက်တမ်းက နှစ်ခြောက်သောင်းထိလျော့ကျသွားခဲ့၏။
အောက်ဘုံလောကမှာတုန်းက အချိန်ဆေဘာသည် ခုတ်ချက်တစ်ချက်ဖြင့် ဘဝသက်တမ်းနှစ်သုံးသောင်းကိုသာ ဖြတ်တောက်ပစ်နိုင်၏။
အထက်ဘုံမှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့်ပေါင်းစည်းသွားပြီး ၎င်း၏ စွမ်းအားက ဆပွားတိုးလာကာ ခုတ်ချက်တစ်ချက်ချင်းစီက ဘဝသက်တမ်းနှစ်ခြောက်သောင်းကို ဖြတ်တောက်ပစ်နိုင်လေသည်။
အစကတော့ ဖန်းရွှမ်သည် အနက်ရောင်ဝတ်လူငယ်တစ်ယောက်ဖြစ်နေခဲ့၏။ တစ်ခဏချင်းမှာပင် သူသည် သူ၏ အထွတ်အထိပ်ကနေ ကျဆင်းလာပြီး ယခုအခါ သူအသက်က နှစ်ခုနှစ်သောင်းကျော်ဖြစ်သွားခဲ့လေပြီ။
ဖန်းရွှမ်ထင်သည်မှာ မမှားပေ။
တကယ်ပင် အချိန်ဆေဘာက သူ၏ အသက်ကို မခြိမ်းခြောက်နိုင်ခဲ့ပေ။
သို့သော်လည်း ဘဝသက်တမ်း နှစ်ခြောက်သောင်း ရုတ်တရက်လျော့ကျသွားခြင်းက သူ့အပေါ်ကြီးမားသည့်ရိုက်ချက်တစ်ခု ဖြစ်လာခဲ့၏။
သူ့အနေဖြင့် အချိန်တိုအတွင်းမှာ ပြောင်းလဲမှုကိုလက်ခံဖို့ ခက်ခဲနေ၏။
ဒါ့အပြင် ယခုဖန်ရွှမ်က အသက်ခုနှစ်သောင်းကျော်ဖြစ်လာခဲ့ပြီး သူ၏ ကိုယ်ကာယ၊ သွေးချီနှင့် အမြုတေစိတ်ဝိညာဥ်တို့က အထွတ်အထိပ်ကနေ အောက်ကိုထိုးဆင်းလာခဲ့ပြီဖြစ်၏။