← Chapters

ဖန်းရွှမ်၏သေဆုံးမှု

Vol. 133 Ch. 1995

ဖန်းရွှမ်၏သေဆုံးမှု

Vol. 133 Ch. 1995

ဆူဇီမို၏ ခုတ်ချက်က ဖန်းရွှမ်ကို တိုက်ရိုက်မသတ်ဖြတ်နိုင်ခဲ့သော်လည်း သူ့အပေါ် ထိတွေ့ရိုက်ခတ်မှုက အရမ်းကိုကြီးမား၏။

ဖန်းရွှမ်၏ ပုံရိပ်က အနည်းငယ်ယိမ်းထိုးသွားပြီး ခဏကြာသည်အထိ သူ၏ ရှေ့မှာစုဖွဲ့ထားသော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များမှာ ဟာကွက်များစွာပေါ်ထွက်လာ၏။

အချိန်ဆေဘာကြောင့် သူ၏ ဘဝသက်တမ်း နှစ်ခြောက်သောင်းတိတိက ပျောက်ကွယ်သွားခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကလည်း ပြင်းထန်စွာ မတည်မငြိမ်ဖြစ်လာခဲ့၏။

သူထုတ်ဖော်ထားသည့် နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်များက နေရာမှာပင် ပျက်ပြယ်မသွားသည်မှာ တကယ့်ကို အံမခန်းဖြစ်နေခဲ့လေပြီ။ အဲ့ဒါသည် ဖန်းရွှမ်၏ ကြောက်စရာကောင်းသော ထိန်းချုပ်မှုကို ပြသပေးနေခြင်းလည်းဖြစ်၏။

သူသည် အချိန်ဆေဘာ၏ ထိခတ်ခြင်းခံရသည်ဆိုလျှင်တောင် သူက ချက်ချင်းပင် သူ၏ စိတ်ကို တည်ငြိမ်စေပြီး သူ၏ လက်ရှိခန္ဓာကိုယ်နှင့် အသားကျဖို့အတတ်နိုင်ဆုံး ကြိုးစားနေ၏။

အဲ့ဒါက အချိန်ဆေဘာသက်သက်သာဆိုလျှင် အဲ့ဒါသည် ဖန်းရွမ်ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ဖန်းရွှမ်၏ ဘဝသက်တမ်းလျော့ကျသွားသည့်အချိန်မှာပင် လူသားသတ်ဖြတ်ခြင်းဓားချီက ဆင်းသက်လာခဲ့လေပြီ။

ဖောက်.... ဖောက်... ဖောက်...

ဖန်းရွှမ်၏ အရှေ့မှာရှိသော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက တစ်ခုပြီးတစ်ခု ကြေမွသွားပြီး လူသားသတ်ဖြတ်ခြင်းဓားချီ၏ သတ်ဖြတ်ခြင်းစွမ်းအားကို မခုခံနိုင်ပေ။

ဖန်းရွှမ်သည် အချိန်ဆေဘာဖြင့် ထိခတ်ခြင်းမခံရလျှင် သူသည် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို စုဖွဲ့ပြီးနောက် ဆိုးဝါးသောအ​ခြေအနေသို့ ကျရောက်သွားလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း အချိန်ဆေဘာဖြင့် ထိခတ်ခြင်းခံရပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်က တည်ငြိမ်ခြင်းမရှိတော့ဘဲ သူ့ရှေ့မှာရှိသော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များတွင် အားနည်းချက်များပေါ်ထွက်လာ၏။

လူသားသတ်ဖြတ်ခြင်းဓားချီက အရမ်းကိုကြောက်စရာကောင်းပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒကလည်း ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိနေသည့်အတွက် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာက အလွယ်တကူထိုးဖောက်ခံလိုက်ရ၏။

လူသားသတ်ဖြတ်ခြင်းဓားချီ၏ ထက်ရှမှုက ဖန်းရွှမ်ထံသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ့ကိုတစ်စစီလှီးဖြတ်ပစ်ချင်နေ၏။

“အား...”

သေရေးရှင်ရေးအခိုက်အတန့်မှာ ဖန်းရွှမ်သည် ကြောက်မက်ဖွယ်ရာ အမူအရာတစ်ခုနှင့်အတူ ဟိန်းဟောက်ပြီး သူ၏ ဘယ်ဘက်လက်ကို ညာဘက်လက်ဝါးစောင်းဖြင့် ခုတ်ပိုင်းချလိုက်၏။

ဒုတ်...

ဖန်းရွှမ်၏ လက်ဝါးစောင်းက အလွန်တရာထက်ရှပြီး လှုပ်ရှားမှုတစ်ခုတည်းဖြင့် သူ၏ ဘယ်ဘက်လက်ကို ဖြတ်တောက်ပစ်လိုက်၏။

သွေးများက ပန်းထွက်လာပြီး လေထဲမှာ ရပ့်တန့်ခြင်းမရှိဘဲ လွင့်မျောနေ၏။

“ငါ့ကိုသတ်ဖို့ အဲ့လောက်လွယ်မှာ မဟုတ်ဘူး”

ဖန်းရွှမ်က မာန်ဖီအော်ဟစ်လိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ လက်တစ်ဖက်ကိုရင်း၍ နတ်ဆင်အသက်ရှုခြင်းနည်းစနစ်မှ လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။

ဘန်း...

ပြတ်တောက်သွားသောလက်က ပေါက်ကွဲထွက်သွားပြီး များစွာသော အသားစများနှင့် အရိုးစများက ဖန်းရွှမ်၏ ရှေ့မှာစုစည်းကာ သိပ်သည်းပြင်းထန်သောသွေးရနံ့နှင့်အတူ သွေးနီရောင်ဆင်စွယ်တစ်ချောင်းကို ဖြစ်ပေါ်လာစေ၏။

ဖန်းရွှမ်း၏ ထိန်းချုပ်မှုအောက်မှာ ဆင်စွယ်က လူသားသတ်ဖြတ်ခြင်းဓားချီနှင့် ပစ်တိုက်သွား၏။

ချွမ်း...

အဲ့ဒီမှာ ထက်ရှသောထိခတ်သံထွက်ပေါ်လာ၏။

သတ္တုချင်းထိခတ်သွားသကဲ့သို့ အသံက စူးရှလွန်းနေ၏။

ဖျောက်... ဖျောက်... ဖျောက်...

ခဏမျှရပ်တန့်ပြီးနောက် သွေးနီရောင်ဆင်စွယ်ပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

လူသားသတ်ဖြတ်ခြင်း ဓားချီက သိသိသာသာ ဖျော့တော့သွားသော်လည်း အဲ့ဒါသည် မည်သည့်မဟူရာအင်မော်တယ်ကိုမဆို သတ်ဖြတ်နိုင်သည့် ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ဖြာထုတ်ပေးနေဆဲဖြစ်၏။

ဖန်းရွှမ်၏ ပြတ်ထွက်သွားသောလက်နှင့် လျှို့ဝှက်အတတ်ကပင်လျှင် လူသားသတ်ဖြတ်ခြင်းဓားချီတစ်ခုကို မခုခံနိုင်ပေ။

သို့သော်လည်း ထိုနှောင့်နှေးကြန့်ကြာမှုက ဖန်းရွှမ်ကို အသက်ရှုခွင့်ရသွားစေ၏။

ရွှစ်...

ဖန်းရွှမ်က သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ ဆူနာမီသံက ထွက်ပေါ်လာ၏။

ထို့နောက်ချက်ချင်း ဧရာမနတ်ဆင်တစ်ကောင်က ဖန်းရွှမ်၏ နောက်မှာ ပေါ်ထွက်လာပြီး ၎င်း၏ နှာမောင်းကိုလွှဲယမ်းကာ ​ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။

နတ်ဆင်နှာမောင်း၏ ဘေးနှစ်ဘက်မှာ ကျောက်စိမ်းလိုချောမွတ်နေသော အဖြူရောင်ဧရာမဆင်စွယ်​ခြောက်ချောင်းရှိနေ၏။

အဲ့ဒါသည် ဖန်းရွှမ်၏ မျိုးဆက်သွေးနယ်မြေ... အစွယ်ခြောက်ချောင်းနတ်ဆင်ဖြစ်၏။

ဆူဇီမို၏ ပင်ကိုနတ်ဘုရားစွမ်းအားများထဲမှ တစ်ခုသည်လည်း အစွယ်ခြောက်ချောင်းနတ်ဆင်ထံမှ အရင်းခံလာလေသည်။

၎င်းသည် ခြိမ်းခြောက်မှုကို ခံစားမိသွားသည့်အလား နတ်ဆင်က ၎င်း၏ နှာမောင်းကို လွှဲယမ်းပြီး ဝင်ရောက်လာသော ဓားအလင်းကို လွှဲရိုက်ချလိုက်၏။

ဖောက်....

ဓားအလင်းက ထက်ရှပြီး ဆင်နှာမောင်းကို နှစ်ပိုင်းလှီးဖြတ်ပစ်လိုက်၏။

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက အရမ်းကိုကြမ်းကြုတ်ခက်ထန်လွန်း၏။

၎င်းသည် ဖန်းရွှမ်၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထိုးဖောက်ပြီး သူ၏ ပြတ်သွားသောလက်ကနေ စုဖွဲ့ထားသည့် လျှို့ဝှက်အတတ်ကို ဖျက်ဆီးကာ သူ၏ မျိုးဆက်သွေးနယ်မြေကိုပင် ကြေမွသွားစေ၏။

တကယ်တော့... မျိုးဆက်သွေးနယ်မြေနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် လူသားသတ်ဖြတ်ခြင်းဓားချီကလည်း ပျက်ပြယ်သွားခဲ့လေသည်။ သူ၏ လက်ပြတ်ဒဏ်ရာကို ဆုပ်ကိုင်ပြီး ဖန်ရွှမ်က နောက်သို့ဆုတ်ခွာကာ ယွင်ထင်နှင့် လူချင်းခွာလိုက်၏။

သူက ဝမ်းသာအားရဖြစ်သွားပြီး သူ၏ မျက်လုံးများက သေဘေးကနေလွတ်မြောက်လာသော ရွှင်မြူးအားရမှုဖြင့် ပြည့်နှက်နေ၏။

အဲ့ဒါသည် ဆူဇီမိုနှင့် ယွင်ထင်၏ ပူးပေါင်းတိုက်ခိုက်မှုဖြစ်၏။

ဖန်းရွှမ်သည် သူတို့၏ သတ်ဖြတ်ကွက်များကနေ ထွက်ပြေးလွတ်မြောက်လာနိုင်သည့်အတွက် ဂုဏ်ယူမိလေသည်။

ဖန်းရွှမ်ကလွဲလျှင် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ စောစောက သတ်ဖြတ်ကွက်နှစ်ကွက်ကို ခုခံနိုင်သည့်တခြားလူ မရှိလောက်တော့ပေ။

“ဟားဟားဟားဟား...”

ဖန်းရွှမ်က ကျယ်လောင်စွာရယ်မော၍ အော်ပြောလိုက်၏။

“ငါ့ကိုသတ်ဖို့မလွယ်ဘူးလို့ မင်းတို့ကို ပြောခဲ့သားပဲ”

သူက ဤတစ်ခေါက်မှာ လက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရသော်လည်း သူသည် ဤတိုက်ပွဲအပြီး၌ လုံးဝစိတ်ဓာတ်ကျမသွားခဲ့ပေ။ ထိုအစား သူက ပို၍ပင်ယုံကြည်မှုရှိလာခဲ့၏။

အဲ့ဒါသည် တုပ၍ မရနိုင်သော သေရေးရှင်ရေးအတွေ့အကြုံတစ်ခုဖြစ်၏။

သူသည် ယန်ယန်းအင်မော်တယ်နိုင်ငံသို့ ပြန်ရောက်သည်နှင့် သူသည် ကမ္ဘာ​မြေအမြုတေနယ်ပယ်သို့ သေချာပေါက်တက်လှမ်းပြီး ကမ္ဘာ​မြေအင်မော်တယ်တစ်​ယောက် သေချာပေါက်ဖြစ်လာပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူ၏ ဘဝသက်တမ်းက နှစ်နှစ်သိန်းထိ တိုးမြင့်သွားပြီး ဘဝသက်တမ်းနှစ်ခြောက်သောင်း ဆုံးရှုံးမှုက ပြောစရာမဟုတ်တော့ပေ။

ကမ္ဘာမြေအင်မော်တယ်များသည် ပြတ်တောက်သွားသော​​ခြေလက်များကို ပြန်ပေါက်နိုင်သည့်အတွက် သူ၏ ပြတ်နေသောလက်ကိုလည်း ပြန်လည်ရရှိမည်ဖြစ်၏။

သေခြင်းတရားနှင့် အနီးကပ်ဤပွတ်တိုက်မှုသည် တကယ့်ကိုရှားရှားပါးပါး အတွေ့အကြုံဖြစ်ပြီး သူ့ကို ပိုမိုရင့်ကျက်လာစေခဲ့၏။

သူသည် ဤနေရာကနေ အသက်ရှင်လျက်ထွက်နိုင်သည်နှင့်အမျှ သူ၏ တိုက်ခိုက်ရည်ခွန်အားက သိသိသာသာ တိုးလာပေတော့မည်။

အဲ့ဒါသည် အစစ်အမှန် ပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်၏။

သူတို့သည် သေခြင်းရှင်ခြင်း၏ စမ်းသပ်မှုကနေ လွတ်မြောက်လာသည်နှင့်အမျှ သူတို့က အလျင်အမြန်ကြီးထွားလာပေလိမ့်မည်။

ဆူဇီမိုက ဖန်းရွှမ်ကို မှင်သေသေဖြင့် တစ်ချက်ကြည့်ပြီး စိတ်ထဲကနေညည်းတွားလိုက်၏။

ဤလူက ထွက်ခွာသွားမည်ဆိုလျှင် သူက သေချာပေါက်သန်မာသောရန်သူတစ်ယောက် ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း... လောလောဆယ် သူ၏ ရှေ့မှာ မဟာရန်သူတစ်ယောက်ရှိနေပြီး သူက ​ဖန်းရွှမ်နောက်ကိုလိုက်ဖို့အတွက် သူ့ကိုယ်သူ နှစ်ကိုယ်ခွဲမထုတ်နိုင်ပေ။

ယွင်ထင်ကလည်း အဲ့ဒါကို သိရှိထား၏။ သူက ဖန်းရွှမ်ကိုကြည့်ပြီး ညင်သာစွာပြုံးကာ အော်ပြောလိုက်၏။

“မင်းက ငါ့ရဲ့လူသားသတ်ဖြတ်ခြင်းဓားချီကို ခုခံနိုင်တယ်ဆိုတော့... မဆိုးဘူးပဲ... ဒီနေ့ငါမင်းအသက်ကို ချမ်းသာပေးလိုက်မယ်... သွားတော့”

“ဟီးဟီး...”

ဖန်းရွှမ်က လှောင်ရယ်လိုက်၏။

“ဒီနေ့... ကျုပ်ရဲ့လက်တစ်ဖက်နဲ့ ဘဝသက်တမ်းဆုံးရှုံးရတဲ့ မျက်နှာသာပေးမှုကို မှတ်ထားပါ့မယ်... ကျုပ်တို့နောင်တစ်ချိန်ပြန်တွေ့တဲ့အခါ ခင်ဗျားတို့နှစ်ယောက်ကို သေချာပေါက် ကျေးဇူးကောင်းကောင်းပြန်ဆပ်မှာပါ”

ထိုသို့ပြောပြီးနောက် ဖန်းရွှမ်က ထွက်ခွာဖို့ပြင်လိုက်၏။

သူသည် သူ၏ လက်တစ်ဖက်ကိုဆုံးရှုံးခဲ့ရပြီး သူ၏ ဘဝသက်တမ်းကိုလည်း ဆုံးရှုံးခဲ့ရ၏။

စောစောက လူသားသတ်ဖြတ်ခြင်းဓားချီကို ခုခံဖို့အတွက် သူ၏ ဝှက်ဖဲများအားလုံးနီးပါးကို အသုံးပြုခဲ့ရပြီး သူက ကျောက်စိမ်းအဆောင်အတွက် ဆက်လက်၍ မတိုက်ခိုက်နိုင်တော့ပေ။

ယခုအချိန်မှာ သူ့အတွက်အရေးကြီးဆုံးအရာသည် ခွန်အားကျန်ရှိနေတုန်း ဤနေရာကနေထွက်ပြေးလွတ်မြောက်နိုင်ဖို့ဖြစ်၏။

သူလှည့်ထွက်လိုက်စဥ်မှာပင် အေးစက်စက် အလင်းက ဖျတ်ခနဲလက်သွား၏။

မြန်ဆန်၏။ အဲ့ဒါက အရမ်းကိုမြန်ဆန်၏။

အဲ့ဒီမှာ တုံ့ပြန်ချိန်လုံးဝမရလိုက်ပေ။

ဖန်းရွှမ်သည် သူ၏ လည်ပင်းက လုံးဝအေးစက်သွားသည်ဟု ခံစားလိုက်ရ၏။ ထို့နောက်... ပူနွေး၍ စေးကပ်နေသောအရည်များက ရဲရဲနီစွာဖြင့် အဆက်မပြတ်ပန်းထွက်လာ၏။

အဲ့ဒါက သူ၏ သွေးများဖြစ်လေသည်။

ထိတ်လန့်တကြားအမူအရာနှင့်အတူ ဖန်းရွှမ်က သူ၏ လည်ပင်းပေါ်မှဒဏ်ရာကို အလိုလိုအုပ်ကိုင်လိုက်၏။

သို့သော်လည်း သွေးများက သူ၏ လက်ချောင်းများကြားကနေ ဆက်လက်၍စီးကျနေဆဲ ဖြစ်ပြီး အဲ့ဒါကိုရပ်တန့်၍ မရနိုင်ပေ။

သူ၏ လည်ပင်းက ထက်ရှသောလက်နက်တချို့ဖြင့် ပြတ်ကျလုနီးပါးလှီးဖြတ်ခံလိုက်ရ၏။

ဖန်းရွှမ်၏ မလှမ်းမကမ်းမှာ ခရမ်းရောင်ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။

ထျန်ကျစ်ရီက အမူအရာကင်းမဲ့နေပြီး သူမ၏ လက်ကို ညင်သာစွာခါထုတ်လိုက်၏။

သူမ၏ ထက်ရှသော လက်သည်းချွန်များကနေ သွေးများက တစ်စက်စက်စီးကျနေလေသည်။

“နင်... အဟွတ်... အဟွတ်”

ဖန်းရွှမ်က ဒေါသထွက်နေသော အမူအရာဖြင့် ထျန်ကျစ်ရီကို လက်ညှိုးထိုးလိုက်၏။ သူက တစ်ခုခုကိုပြောချင်နေသော်လည်း ထူးဆန်းသောအသံတစ်ခုသာလျှင် ထွက်လာနိုင်၏။

“နင်ထွက်သွားလို့ မရဘူး”

ထျန်ကျစ်ရီက သူမ၏ လက်သည်းချွန်များကို လှုပ်ခါပြီး မှင်သေသေဖြင့် ပြောလိုက်၏။

လက်သည်းချွန်ငါးခုက ဘယ်တုန်းကမှ မပေါ်ထွက်ခဲ့သည့်အလား ဖြည်းဖြည်းချင်း ပြန်ဝင်သွားလေသည်။

သူမ၏ လက်ချောင်းများက ကြက်သွန်စိမ်းပင်များကဲ့သို့ သွယ်လျနေ၏။ ထိုလက်က လူတစ်ယောက်ကိုသတ်နိုင်သည့်ပုံ တကယ်မရှိပေ။

ဗွက်.. ဗွက်....

ဖန်းရွှမ်က ထပ်မံ၍ စကားပြောချင်၏။

သို့သော်လည်း သူ့ပါးစပ်ကို ဖွင့်ဟလိုက်သည့်အချိန်မှာပင် သွေးများကစီးကျလာပြီး အသံတစ်ချက်မှ ထွက်မလာနိုင်တော့ပေ။

ဖန်းရွှမ်၏ မျက်လုံးထဲရှိ အမျက်ဒေါသက တဖြည်းဖြည်းအကြောက်တရားအဖြစ် ပြောင်းလဲလာခဲ့၏။

သူ၏ ခန္ဓာကိုယ်ထဲရှိအသက်ဓာတ်အားက ဆုတ်ယုတ်လာနေပြီး အဲ့ဒါကို တားဆီး၍ မရနိုင်တော့သည်ကို သူကရှင်းလင်းစွာအာရုံခံမိနေ၏။

သူက အသက်မရှင်နိုင်တော့ဘူးဆိုတာကို နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်၏။

သူ၏ အမြုတေစိတ်ဝိညာဥ်က သူ၏ ခန္ဓာကိုယ်ထဲကနေထွက်ခွာမည်ဆိုလျှင်တောင် အဲ့ဒါက သိပ်ကြာကြာတောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

သူ၏ ရင်ထဲမှာ ပြင်းထန်သော မကျေမချမ်းခံစားချက်က လှိုက်တက်လာခဲ့၏။

သူသည် ဆူဇီမိုနှင့် ယွင်ထင်ထံမှ ပူးပေါင်းတိုက်ခိုက်မှုကိုပင် ခုခံနိုင်ခဲ့၏။ သို့သော်လည်း ဤနောက်

All Chapters