← Chapters

အခန်း (၃၀၁)

Vol. 21 Ch. 301

အခန်း (၃၀၁)

Vol. 21 Ch. 301

သူ့ရှေ့တွင် တစ္ဆေကဲ့သို့ ပေါ်ထွက်လာသော ကျန်းချန်ကို ကြည့်ရင်း ပထမမင်းသား ရှာလင်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ခန္ဓာကိုယ်အတွင်းမှ မူလဘူတ စွမ်းအင်ကို အလျင်အမြန် လှုံ့ဆော်၍ ကာကွယ်ရန် ပြင်ဆင်လိုက်သည်။

သို့သော် သူ၏ အင်အားက မူလဘူတ နယ်ပယ် အဆင့်၆၌သာ ရှိသောကြောင့် ကျန်းချန်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ တားဆီးနိုင်ပါအံ့နည်း။

ကျန်းချန်၏ ပြင်းထန်သော ကန်ချက်သည် မင်းသားကြီးရှားလင်း၏ ခန္ဓာကိုယ်မှ ကာကွယ်ရေး ချီအလွှာကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

"ဝုန်း"

ပထမမင်းသား၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး မီတာအတော်ဝေးဝေးကို လွင့်စင်ပြီးမှ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

ကျန်းချန်၏ တိုက်ခိုက်ခြင်းကို နှစ်ကြိမ် ဆက်တိုက်ခံရပြီးနောက်တွင် ပထမမင်းသားသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲသွားသကဲ့သို့ ခံစားလိုက်ရ၏။

ပြင်းထန်သော နာကျင်မှုများသည် သူ၏ အာရုံကြောများကို လှုံ့ဆော်နေခဲ့သည်။

သူက မြေပြင်မှ ရုန်းကန်၍ ထရန် ကြိုးစားခဲ့သော်လည်း ကျန်းချန်၏ ပုံရိပ်သည် သူ၏ ဦးခေါင်းထက်တွင် တစ္ဆေကဲ့သို့ ပေါ်ထွက်လာခဲ့ပြီး သူ့ကို နင်းထားလိုက်သည်။

ဤအချိန်၌ သေခြင်းတရား၏ အရိပ်အယောင်သည် မင်းသားကြီး ရှားလင်း၏ နှလုံးသားထဲသို့ ချဥ်းနင်း ဝင်ရောက်လာခဲ့၏။

"ငါ.. ငါ ဧကရာဇ် အကဲဖြတ်ခြင်းကို စွန့်လွှတ်ပါတယ်"

အသက်ဘေးနှင့် ရင်ဆိုင်နေရ၍ ပထမမင်းသားသည် အဆုံးသတ်တွင် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

ပထမမင်းသား၏ စကားသံ ဆုံးသည်နှင့် လေထဲမှ ခမ်းနားသော နေရာလွတ်စွမ်းအားသည် ပထမမင်းသားတို့ အဖွဲ့ကိုချက်ချင်းပင် သိမ်းယူသွားပြီး ကျန်းချန်နှင့် တတိယမင်းသား ရှေ့တွင် တခဏအတွင်း ပျောက်ကွယ်သွားစေခဲ့၏။

ပထမမင်းသားနှင့် အခြားသူများ ပျောက်ကွယ်သွားပြီးနောက်တွင် ကျန်းချန်သည် သူ၏ လက်ကို လှုပ်ရှားလိုက်ပြီး မြေပြင်ပေါ်မှ ဧကရာဇ်တံဆိပ်ပြား ငါးခုကို တိုက်ရိုက် ယူငင်လိုက်သည်။

"မထင်မှတ်ဘဲ ငါက ဧကရာဇ် အကဲဖြတ်ခြင်းမှာ တကယ်ပဲ အနိုင်ရရှိခဲ့တယ်"

တတိယမင်းသား ရှားရွှယ်က ကျန်းချန်၏ လက်ထဲမှ ဧကရာဇ် တံဆိပ်ပြားကို စိုက်ကြည့်ရင်း တုန်လှုပ်မှုကနေ သက်သာလာရန် အချိန်အတော်ကြာခဲ့သည်။

ပထမမင်းသား၏ လျှို့ဝှက်စွာ ပိတ်ပင်ခြင်းကို ခံရပြီးကတည်းက တတိယမင်းသား ရှားရွှယ်သည် ဤဧကရာဇ်အကဲဖြတ်ခြင်း၌ ယုံကြည်မှု လုံးဝ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည်။

သို့သော်လည်း အရေးကြီးသော အချိန်တွင် ကျန်းချန်သည် သူ၏ ဘေးတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ဧကရာဇ်အကဲဖြတ်ခြင်း၌ ပါဝင်ကာ နှုတ်ထွက်သွားသည့် အဖွဲ့ဝင်များ နေရာတွင် တစ်ဦးတည်း ပခုံးထမ်း တာဝန်ယူခဲ့၏။

ဤသို့ဖြင့် ကျန်းချန်သည် သူ့ကို ဤအဆင့်အထိ ဦးဆောင်လာခဲ့ပြီး မနှိုင်းယှဉ်သာသော အင်အားကြီးမားမှုကိုလည်း ပြသခဲ့သည်။

ယခုအခါ၌ ဧကရာဇ် တံဆိပ်ပြား ကိုးခုမှ ရှစ်ခုသည် သူ၏ လက်ထဲ၌ ရှိနေလေပြီ။

သူ၏ ရှေ့ရှိ ချိုင့်ဝှမ်းထဲမှ နောက်ဆုံးတစ်ခုကို ရယူပြီးသည်နှင့် ဧကရာဇ်တံဆိပ်ပြားများကို စုစည်းကာ မဟာရှားနိုင်ငံ၏ ထီးနန်းကို ဆက်ခံနိုင်တော့မည် ဖြစ်၏။

"ညီနောင် ကျန်းချန်.. မင်းကို အတိုင်းမသိ ကျေးဇူးတင်ပါတယ်.. ဒီတစ်ကြိမ် မင်းရဲ့ အကူအညီမရှိရင် ငါ ရှားလင်းကို အနိုင်ယူပြီး ဧကရာဇ်တံဆိပ်ပြား ကိုးခုကို အနိုင်ရနိုင်မှာ မဟုတ်ဘူး.. နောင်တစ်ချိန် မဟာရှားနိုင်ငံမှာ မင်းအတွက် အသုံးဝင်တဲ့ အရာတွေရှိရင် အချိန်မရွေးပြောပါ.. ငါသေချာပေါက် လုပ်ဆောင်ပေးပါ့မယ်"

တတိယမင်းသား ရှားရွှယ်က သူ၏ စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ဖိနှိပ်ကာ ကျန်းချန်ကို ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။

"ဟားဟား... ကျေးဇူးတင်စကားက နည်းနည်း စောနေသေးတယ်လို့ ထင်တယ် အရှင်မင်းသား.. ငါ့အထင် ဒီဧကရာဇ် အကဲဖြတ်ခြင်းက အခုထိ မပြီးသေးဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့လေး ပြုံး၍ ပြောလိုက်သည်။

"ညီနောင် ကျန်းချန်.. မင်း စကားက ဘာကို ဆိုလိုတာလဲ"

တတိယမင်းသား ရှားရွှယ်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။

ပထမမင်းသား ရှားလင်းက ဧကရာဇ် အကဲဖြတ်ခြင်းကို စွန့်လွှတ်ပြီးပြီ ဖြစ်၏။

နောက်ဆုံးကျန်ရှိသည့် ဧကရာဇ်တံဆိပ်ပြား သည်လည်း သူတို့ရှေတွင် ရှိနေသည်။

သို့ဖြစ်ရာ မည်သူက သူတို့ဆီမှ ဧကရာဇ်တံဆိပ်ပြားကို လုယူနိုင်ပါမည်နည်း။

ကျန်းချန်က ရှားရွှယ်၏ မေးခွန်းကို မဖြေကြားဘဲ ဘယ်ဘက် တစ်နေရာကို ကြည့်ကာ လေးနက်စွာ ပြောဆိုလိုက်သည်။

"သတ္တမ မင်းသား...မင်း ဘယ်အချိန်အထိ ပုန်းအောင်းနေဦးမှာလဲ"

"ကျန်းချန်.. မင်းက တကယ်ကို အံ့သြဖို့ကောင်းတာပဲ.. မင်းရဲ့ ကိုယ်ပိုင် အင်အားနဲ့ တတိယအကိုတော်ကို ဒီအဆင့်ထိ အမှန်တကယ် အကူအညီပေးနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး"

ကျန်းချန်၏ စကားသံ မဆုံးခင်မှာပင် အသံတစ်သံသည် ကျန်းချန်၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။

ချက်ချင်းဆိုသလို သတ္တမမင်းသား ရှားယဲ့သည် သူ၏ အဖွဲ့ကိုဦးဆောင်၍ ဘယ်ဘက်ရှိ သစ်တောထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်ကို တွေ့မြင်လိုက်ရသည်။

ရှားယဲ့တို့အဖွဲ့ ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်လျှင် တတိယမင်းသား ရှားရွှယ်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ရှားယဲ့... မင်း... မင်းက တော်ဝင်မိသားစု ဘိုးဘွားမြေထဲမှာ ရှိနေဆဲပဲလား"

အခန်း(၃၀၁) ပြီး၏

All Chapters